အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁ရ ( Las Vegas Night Views & Mirage’s Volcano ) ။

Foreign ResidentMarch 10, 201612min23810

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁ရ

( Las Vegas Night Views & Mirage’s Volcano ) ။

 

၁၂ – ဝ၅ – ၂၀၁၄ ။

 

အဘလဲ Amusement Ride တွေကိုစီးပြီး ၊

ဓါတ်ပုံတွေရိုက်ပြီး အခန်းထဲကို ပြန်ဆင်းလာချိန်မှာ ၊

မဟေသီက အနားယူ ရေမိုးချိုး အဝတ်အစားလဲပြီး ၊

သူ Favourite ဖြစ်တဲ့ shopping သွားဖို့ Ready ဖြစ်နေပါပြီ ။

 

မနေ့က ညနေပိုင်း နေ့တစ်ဝက်လုံး အချိန်ကုန်ခံပြီး ၊

Las Vegas North Premium Outlet မှာ ဈေးဝယ်ခဲ့ပြီးပေမယ် ့ ၊

အားမရနိုင်သေးဘဲ Las Vegas South Premium Outlet သွားဦးမတဲ့ ။

 

ဒါနှင့်ဘဲ အဘတို့လည်း ထုံးစံအတိုင်း SDX Bus ကိုစီးပြီး ၊

Las Vegas ရဲ့ တောင်ဘက် အစွန်းကို ထွက်လာခဲ့ပါတယ် ။

SDX Bus ရဲ့ တောင်ဘက် ဂိတ်ဆုံးက Las Vegas South Premium Outlet ပါ ။

 

Las Vegas South Premium Outlet ဟာ ၊

Las Vegas North Premium Outlet ထက် နဲနဲ သေးပါတယ် ။

Brand တွေကတော့ နဲနဲစီ ကွဲ / ကွာ ကြပါတယ် ။

 

  1. Las Vegas South Premium Outlet

    17. Las Vegas South Premium Outlet
    17. Las Vegas South Premium Outlet

 

  1. Las Vegas South Premium Outlet အတွင်း မြင်ကွင်း ။

    17. Las Vegas South Premium Outlet အတွင်း မြင်ကွင်း ။
    17. Las Vegas South Premium Outlet အတွင်း မြင်ကွင်း ။

 

ထုံးစံအတိုင်းပါဘဲ မဟေသီဟာ မနေ့က ညနေပိုင်းမှာ ၊

Las Vegas North Premium Outlet မှာ ဈေး အများကြီး ဝယ်ခဲ့ပြီးပေမယ် ့ ၊

အခု Las Vegas South Premium Outlet မှာလဲ ထပ်ဝယ်နေတုန်းပါဘဲ ။

အဘကတော့ ထုံးစံအတိုင်းပါဘဲ ဆိုင်အပြင် ခုံတန်းမှာဘဲ စောင့်ပေါ့လေ ။

 

Las Vegas South Premium Outlet မှာ ၃ / ၄ နာရီ ဈေးဝယ်ပြီးချိန်မှာတော့ ၊

အဘတို့လဲ တည်းတဲ့ ဟိုတယ်ကိုဘဲ တန်းပြန်လာခဲ့ရပါတယ် ။

တခြားသွားချင်လို့လဲ မရဘူးလေ ၊ ပစ္စည်းတွေ တပြုံ ကြီးနှင့်ဟာကိုး ။

 

နေ့လည်စာကို skip လုပ်ထားတော့ ဗိုက်ကလဲ ဆာနေပြီလေ ။

ဒါနှင့်ဘဲ လွယ်လွယ်ကူကူ အဘတို့ တည်းတဲ့ Stratosphere Tower ဟိုတယ် မှာ ၊

ဖွင့်ထားတဲ့ Restaurent မှာဘဲ Buffet Dinner စားလိုက်ကြတယ် ။

 

  1. တည်းတဲ့ Stratosphere Tower ဟိုတယ် က Buffet Dinner ။

    17. တည်းတဲ့ Stratosphere Tower ဟိုတယ် က Buffet Dinner ။
    17. တည်းတဲ့ Stratosphere Tower ဟိုတယ် က Buffet Dinner ။

 

  1. Las Vegas Strip ရဲ့ နာမည်ကျော် Night View 1 ။

    17. Las Vegas Strip ရဲ့ နာမည်ကျော် Night View 1 ။
    17. Las Vegas Strip ရဲ့ နာမည်ကျော် Night View 1 ။

 

  1. Las Vegas Strip ရဲ့ နာမည်ကျော် Night View 2 ။

    17. Las Vegas Strip ရဲ့ နာမည်ကျော် Night View 2 ။
    17. Las Vegas Strip ရဲ့ နာမည်ကျော် Night View 2 ။

 

ညစာစားပြီးတဲ့ အခါမှာတော့ ၊ Las Vegas Strip ရဲ့ ၊

နာမည်ကျော် Night Life ကို လှည့်ပါတ်ကြည့်ကြတာပေါ့ ။

သိပ်ပြီးတော့ ထူးပြီးပြောမနေတော့ပါဘူး ၊ အရမ်း လှပါတယ် ၊ ဒါဘဲပေါ့ ။

ငွေကုန်ကြေးကျခံပြီး တစ်နေရာထဲမှာ စုပြုံပြင်ဆင် အလှပြိုင်နေကြတာကိုး ။

 

  1. Las Vegas Strip ရဲ့ နာမည်ကျော် Night View 3 ။

    17. Las Vegas Strip ရဲ့ နာမည်ကျော် Night View 3 ။
    17. Las Vegas Strip ရဲ့ နာမည်ကျော် Night View 3 ။

 

  1. Las Vegas Strip ရဲ့ နာမည်ကျော် Night View 4 ။

    17. Las Vegas Strip ရဲ့ နာမည်ကျော် Night View 4 ။
    17. Las Vegas Strip ရဲ့ နာမည်ကျော် Night View 4 ။

 

  1. Las Vegas Strip ရဲ့ နာမည်ကျော် Night View 5 ။

    17. Las Vegas Strip ရဲ့ နာမည်ကျော် Night View 5 ။
    17. Las Vegas Strip ရဲ့ နာမည်ကျော် Night View 5 ။

 

ညအလှတွေထဲက နာမည်ကြီးတာ တစ်ခုက ၊

Mirage Hotel ရှေ့က ရေကန်ထဲမှာ မီးတောင် ပေါက်ကွဲပုံ ပြကွက်ပါ ။

ည ၈ နာရီ နှင့် ၉ နာရီ တိုင်းမှာ ညစဉ် ပြသပါတယ် ။

လာကြည့်တဲ့သူတွေ ကြိတ်ကြိတ်တိုးကြားထဲမှာ စောင့်ကြည့်ရတာပေါ့လေ ။

 

  1. မီးတောင် ပေါက်ကွဲပြမယ့် Mirage Hotel ရှေ့က ရေကန် ။

    17. မီးတောင် ပေါက်ကွဲပြမယ့် Mirage Hotel ရှေ့က ရေကန် ။
    17. မီးတောင် ပေါက်ကွဲပြမယ့် Mirage Hotel ရှေ့က ရေကန် ။

 

  1. Mirage Hotel ရှေ့က ရေကန်ထဲမှာ မီးတောင် ပေါက်ကွဲပုံ ပြကွက် ။

    17. Mirage Hotel ရှေ့က ရေကန်ထဲမှာ မီးတောင် ပေါက်ကွဲပုံ ပြကွက် ။
    17. Mirage Hotel ရှေ့က ရေကန်ထဲမှာ မီးတောင် ပေါက်ကွဲပုံ ပြကွက် ။

 

  1. Treasure Island Hotel ရှေ့က ရွက်သင်္ဘောကြီး ။

    17. Treasure Island Hotel ရှေ့က ရွက်သင်္ဘောကြီး ။
    17. Treasure Island Hotel ရှေ့က ရွက်သင်္ဘောကြီး ။

 

ဟဲ ဟဲ ၊ ရွာသူားတို့ ဗဟုသုတရအောင် ပြောရရင် ၊

ညအခါ Las Vegas ရဲ့ လမ်းတွေပေါ်မှာ လျှောက်တဲ့အခါ ၊

ဒါမျိုး ကြော်ငြာ ကဒ်လေးတွေတော့ အများကြီး အကမ်းခံရတာပေါ့လေ ။

 

  1. ဒါမျိုး ကြော်ငြာ ကဒ်လေးတွေတော့ အများကြီး အကမ်းခံရတာပေါ့လေ ။

    17. ဒါမျိုး ကြော်ငြာ ကဒ်လေးတွေတော့ အများကြီး အကမ်းခံရတာပေါ့လေ ။
    17. ဒါမျိုး ကြော်ငြာ ကဒ်လေးတွေတော့ အများကြီး အကမ်းခံရတာပေါ့လေ ။

 

အဘမှာတော့ ၊ ဒါမျိုးတွေ စိတ်မဝင်စားသူမို့ မတုန်လှုပ်လှပါဘူး ။

( ဟဲ ဟဲ ၊ မဟေသီ ရဲ့ အနီးကပ် ထိမ်းကွပ်မှုအောက်မှာ ဆိုတော့ကာ )

 

သိပ်ပြီးလဲ အယုံအကြည် မရှိ / ကြောက်တာလဲ ပါသပေါ့လေ ။

ပုံတွေ ကြည့်ပါလား ။ ညာ အစွန် နှင့် ဘယ် အစွန် ကောင်မလေး ၂ ယောက်က ၊

ရုပ်တွေတူပြီး ၊ နာမည် နှင့် ဖုန်းနံပါတ်တွေက လွဲနေတယ်လေ ။

 

နောက်ပြီး ၊ ဈေးကကျတော့ No Hidden Fees 35 $ တဲ့ကွယ် ။

ဈေးက အရမ်းနည်းလွန်းနေတယ် ။ ဒါဟာ ပုံမှန် မဟုတ်ဘူး ။

ပိုပြီးတောင် ကြောက်စရာ ကောင်းသေး ။ တော်ပါပြီ ။

 

ညအလှတွေ လှည့်ပါတ်ကြည့်ပြီးတော့ Hotel ပြန်ရောက်တော့ ၊

Strato Sphere Tower အပေါ်ဆုံးကိုတက်ပြီး ၊

Las Vegas မြို့ကြီးရဲ့ ညမြင်ကွင်းကို ၊

အပေါ်စီးကနေ အေးအေးဆေးဆေး ကြည့်လိုက်ပါသေးတယ် ။

 

တော်သေးပြီ ။

 

အဘဖေါ ( F R )

 

  1. ယှဉ်ကြည့်လို့ရအောင် Las Vegas ရဲ့ နေဝင်ကာစ မြင်ကွင်း ။

    17. ယှဉ်ကြည့်လို့ရအောင် Las Vegas ရဲ့ နေဝင်ကာစ မြင်ကွင်း ။
    17. ယှဉ်ကြည့်လို့ရအောင် Las Vegas ရဲ့ နေဝင်ကာစ မြင်ကွင်း ။

 

  1. Las Vegas မြို့ကြီးရဲ့ ညမြင်ကွင်း 1 ။

    17. Las Vegas မြို့ကြီးရဲ့ ညမြင်ကွင်း 1 ။
    17. Las Vegas မြို့ကြီးရဲ့ ညမြင်ကွင်း 1 ။

 

  1. Las Vegas မြို့ကြီးရဲ့ ညမြင်ကွင်း 2 ။

    17. Las Vegas မြို့ကြီးရဲ့ ညမြင်ကွင်း 2 ။
    17. Las Vegas မြို့ကြီးရဲ့ ညမြင်ကွင်း 2 ။

 

10 comments

  • Foreign Resident

    March 10, 2016 at 2:44 am

    အဘ ရဲ့ တောလား – ၁၆ နှင့် ၁ရ ကြားမှာ ၊
    အချိန် တော်တော်ဟ သွားတဲ့အတွက် ၊
    ရွာသူားများ ကို တောင်းပန်ပါတယ်ကွယ် ။

    ဖြစ်ပုံက ၊ အဘလဲ ဩဇီပြန်ဖို့ သင်္ဘောက မဆင်းခင်မှာ ၊
    Owner က လူသစ် Capt အသားမကျသေးခင် ဖြစ်မှာ စိုးလို့ ဆိုပြီး ၊
    သင်္ဘောမှာ ရှိရှိသမျှ Survey မှန်သမျှ ၁ဝ ခုလောက်ကို ၊
    အဘ သင်္ဘောက မဆင်းခင်မှာ အားလုံး စုပြုံလုပ် ။

    သင်္ဘောက ဆင်းပြီးပြန်တော့လည်း ၊ ရန်ကုန်မှာ ( ဩဇီ မပြန်ခင် ) ၊
    ရှိရှိသမျှ Up-grading & Up-dating သင်တန်းတွေ စုပြုံတက်ရ ။
    ပြီးတာနှင့် ဩဇီကို အသည်းအသန်ပြန် ။

    ဩဇီ ရောက်ပြန်တော့လည်း အောက်တိုဘာ နိုဝင်ဘာ မှာ သွားမယ့် ၊
    တူရကီ နှင့် ဂရိ ခရီးစဉ်အတွက် Visa အချိန်မှီရအောင် အသည်းအသန်လျှောက် ။
    အောက်တိုဘာ နိုဝင်ဘာ မှာ တူရကီ နှင့် ဂရိ သွား ။

    တူရကီ နှင့် ဂရိ ကပြန်ရောက်တာနှင့် ၊
    အဘ မိဘတွေ ဩဇီလာလည်ဖို့အတွက် Visa ကိစ္စ များမြောင် လုပ် ။
    ဒီဇင်ဘာ နှင့် ဇန်နဝါရီမှာ ဩဇီလာလည်တဲ့ အဘ မိဘတွေ နှင့် ၊
    Great Barrier Reef ၊ Blue Mountain စသဖြင့် လျှောက်လည် ။

    မိဘတွေ ဩဇီက ပြန်သွားတာနှင့် အခု မတ် ဧပြီ မှာသွားမယ့် ၊
    ဘရာဇီး ၊ အာဂျင်တီးနား ၊ ပီရူး Visa ကိုလျှောက် ။

    ကြားထဲမှာ ဆေးရုံတက် မေ့ဆေးပေးပြီး ၊
    Minor Operation တစ်ခု ခွဲလိုက်ရသေးတယ် ။

    အခုမှဘဲ ဘရာဇီး ၊ အာဂျင်တီးနား ၊ ပီရူး Visa ကိစ္စတွေပြီး ၊
    ဆေးရုံတက် ခွဲတဲ့ ကိစ္စ ကလည်း ကောင်းကောင်း Recovery ဖြစ်လာလို့ ၊
    ဒီ တောလား ကိစ္စဖက်ကို ပြန်လှည့်နိုင်တော့တယ် ။

    ဝူးးးးးး ၊ လူ့ဘဝကြီး မလည်း ၊ နေရတာ မချောင်ပါလားကွယ် ။

  • ခင်ဇော်

    March 10, 2016 at 8:58 am

    အဲလို ပရီမီယမ် အောက်လက်တွေကျ ဈေးက ပြောပလောက်အောင် သက်သာသလား အဘ?

    • Foreign Resident

      March 10, 2016 at 11:43 am

      ပြောရမယ် ဆိုရင် အဲ့ဒီ Premium Outlet တွေကဈေးက ၊
      ဩဇီက ဈေးတွေထက်စာရင် ပုံမှန် / အနဲဆုံး ၃၀% သက်သာတယ် ။
      အဲ့ဒါအပြင် အထူး ထပ်လျှော့တာ ကြုံ ရင် ၅၀% လောက်သက်သာတယ် ။

      LV North PO တုန်းက ၊ အဘတို့ ညနေ ၅ နာရီ ပြန်ခါနီး ၊
      မောလို့ ခဏ ထိုင်နေတုန်းမှာ Coach က Extra Discount ဆိုပြီး ၊
      ၂၅ % ထပ်လျှော့တဲ့ ကူပွန်တွေ လာဝေတယ်လေ ။
      အဲ့ဒမှာ မပြန်ဖြစ်ဘဲ ဝက်ဝက်ကွဲ ထပ်ဝယ်ဖြစ်သပေါ့ ။

      Coach လက်ကိုင်အိတ် တစ်လုံးကို ဒေါ်လှ ၂၀ဝ အောက် နှင့် ရခဲ့တယ် ။
      ဩဇီမှာ ဒေါ်လှ ၂၀ဝ အောက် နှင့် ပိုက်ဆံအိတ်တောင် မရလောက်ဘူး ။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 11, 2016 at 9:29 am

    ကြော်ငြာဒေ ဘယ်လောက်ဘိုး မြည်းခဲ့လဲ တင်ပေးဦး
    ထိန်ချန်မထားနဲ့ ငြဲကျီးလိမ့်မယ်

    • Foreign Resident

      March 12, 2016 at 11:46 am

      ” ဘယ်လောက်ဘိုး မြည်းခဲ့လဲ ”

      ဟဲ ဟဲ ၊ မဟေသီ ရဲ့ အနီးကပ် ထိမ်းကွပ်မှုအောက်မှာပါဆို ။

  • Ma Ma

    March 11, 2016 at 2:47 pm

    အဘဖောရဲ့ တောလားကိုဖတ်ပြီး ခရီးသွားချင်တာထက်…….
    (အထူး ထပ်လျှော့တာ ကြုံ ရင် ၅၀% လောက်သက်သာတယ် ။) ဆိုတာကို ပိုပြီး သဘောကျသွားတယ်။ 🙂

  • kai

    March 12, 2016 at 10:50 am

    လပ်စ်ဗေးဂတ်က.. ပြည့်တန်ဆာတရားဝင်မြို့မို့.. အဲဒါနဲ့လုပ်စားနေကြသူတွေ.. လိမ်တာနည်းပါတယ်…
    အဲဒီမှာ ပြထားတဲ့ငွေက.. ပထမအဆင့်ဖြစ်ဖို့များပါတယ်…။
    lap dance ကရင်.. ၃၅၊ ထိကိုင်လို့ရင်. ..၇ဝ …။ စသဖြင့် ရာထောင်သောင်း.. တက်သွားမှာဗျ…။
    သူတို့က ပိုတောင်ကြောက်သေး.. သေသေချာချာ ဈေးအရင်ကြိုညှိပြောတယ်ဆိုပဲဗျ..။
    တကမ္ဘာလုံးက.. မတထောင်သားတွေလာနေကြတယ်ဆိုတော့လေ..။

    သူညားပြောပြတာ.. :k:

    • Foreign Resident

      March 12, 2016 at 11:54 am

      kai says:
      ” lap dance ကရင်.. ၃၅၊ ထိကိုင်လို့ရင်. ..၇ဝ …။ စသဖြင့် ”

      သူကြီးကတော့ တော်ပါပေတယ် ၊ သိပါပေတယ်ဗျာ ။

      သူတို့ ဈေးတွေကို မယုံသင်္ကာရှိလို့ ၊
      သူတို့ ရေးထားတဲ့ Web Page ကို ဝင်ကြည့်မိတယ် ။
      တကယ့် ဈေးအမှန်က around $250 per hour – per girl တဲ့ ။

      ” Escorts in Las Vegas are usually hesitant to quote exact rates because conditions almost always change. When inquiring to an escort service about rates the normal range is around $250 per hour – per girl requested – plus tips based on performance requested. ”
      —http://www.869girl.com/lasvegasescortsrates.html—

  • Shar Thet Man

    June 15, 2017 at 5:45 pm

    ခုလိုရေးပေးတာကျေးဇူးပါ မွန်လေးလည်းအဲရောက်ဖြစ်ရင် အဘဖောလိုလျှောက်လည်ပါဦးမယ်

Leave a Reply