ပြီးတာပဲ….

 

 

 

 

 

ပိုစ့်မတင်တာကြာလွန့်လွန်လွန်းလို့
ဘယ်လိုတင်ရမှန်းတောင် ခပ်မေ့မေ့…
မနည်း ပြန်သင်ယူရတယ်…


ကျုပ်တို့ပြည်သူတွေရွေးတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက
ပြည်သူ့ကိုယ်စား  သမ္မတလောင်းကို ရွေးပေးလိုက်တာအပေါ်မှာ အင်မတန်အားရကျေနပ်မိတယ်..
(အဲဒါမျိုး ကိုယ့်သက်တမ်း ငါးဆယ်စွန်းစွန်းမှာ အခုမှ စကြုံရတာ..)
အဲဒါ.. ပီတိလေး ဖြစ်မယ်မှမကြံသေး –
မလိုတမာ သတင်းဌာနတွေက နာမ်နှိမ်ပြီးခေါ်ကြရေးကြကြောင်း ကြားရတော့
တော်တော်စိတ်ကသိကအောက်ဖြစ်မိတယ်..
ဒီထဲက တစ်ခုက-  အရင်ဒရိုင်ဘာလုပ်ဖူးသူ  လို့ ဆိုတော့
ဘယ့်နှယ် … ဒီလူကြီး ဘယ်တုန်းက ဒရိုင်ဘာလုပ်လိုက်ပါလိမ့်မလဲ  လို့တောင် ခေါင်းခြောက်မိသေး…
ပြီးတော့မှ- ဒေါ်စုကားကို မောင်းဖူးတာကို ဆိုလိုတာကိုး…

အော်…လောကကြီးနှယ်…
ဟိုးအရင်  သူ့အမေလင်တစ်ယောက်တုန်းက  အဘကြီးကလေးထိန်းဖူးတာကျတော့
ကလေးထိန်းဟောင်းလို့ ဘာလို့ မခေါ်ပါလိမ့်နော်…
အမ်း… အမ်း…
ထားပါတော့…
ကြိုက်သလိုသာခေါ်ပါ…
ကျုပ်တို့အဖို့တော့ ပြည်သူ့ကိုယ်စားလှယ်(တွေ)ကရွေးတဲ့သူဟာ
ဒရိုင်ဘာမကလို့  ဆိုက်ကားသမားဖြစ်ခဲ့စေဦးတော့ ဘာမှအရေးမဟုတ်
..

….

……..

သူခိုး မဖြစ်ခဲ့ဘူးရင် ပြီးတာပဲ …. !!!!!!!!!!!!!!!!!

 

 

 

(ဦးဦးပါလေရာ)

18 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 11, 2016 at 12:17 am

    ပေါက်လွတ်ပဲစား သတင်းရေး
    ပေါက်လွတ်ပဲစား သတင်းကူး မတတ်တော့
    တစ်နိုင်ငံလုံးကို သိက္ခာ ချလိုက်သလိုပဲ
    အဆင့်မရှိတဲ့ သတင်းဠာနတွေ
    ထမင်းစားပြီး လူလိုနားလည်ရင်
    နိုင်ငံတစ်ခုရဲ့ အသစ်စက်စက် တက်လာမဲ့ အကြီးကဲကို
    ခုလို လက်လွတ်စပယ် မနှိမ့်ချဘူး
    ကိုယ့်သောက်ဆင့် ကိုယ်သိလိုက်ကျ
    ဟွင်း
    အိ်းပဲ

    • ဦးဦးပါလေရာ

      March 12, 2016 at 11:11 pm

      မဟုတ်မှန်းသိရက်နဲ့
      စော်ကားရတာ အရသာတွေ့တဲ့သူမျိုးတွေပေါ့ကွယ်…

  • naywoon ni

    March 11, 2016 at 1:23 am

    ဘာပဲဖြစ်​ဖြစ်​ NLD ကတင်​တဲ့ သမ္မတ ဟာ ပြည်​သူ့ သမ္မတ ပါပဲ ။

    • ဦးဦးပါလေရာ

      March 12, 2016 at 11:14 pm

      NLD ဆိုတာက ကျုပ်တို့ကိုယ်စားစီမံပေးဖို့ ကျုပ်တို့ကိုယ်တိုင် စိတ်ပါလက်ပါ ရွေးထားတာလေ..နော..

  • kai

    March 11, 2016 at 3:11 am

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးဆွဲရာကမယ့်သူဆိုတာ ပေါ်လွင်စေလိုရင်းဖြစ်တယ်လို့ထင်တယ်..။
    ဒါမှကမ္ဘာက.. သူ့ကိုအသိအမှတ်ပြုကြမှာပါ..။
    ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေမှာတော့.. သမ္မတရဲ့ အရင်ကအလုပ်က.. ဒရိုင်ဘာဖြစ်တာ.. ဘာဘာ ဘာမှမဖြစ်…။

    အခုကိစ္စမှာတော့.. ဦးထင်ကျော်က.. အဲဒီတုံးကကားမရှိတဲ့ဒေါ်စုကို.. သူ့ကားသူမောင်းပြီးလိုက်ပို့ခဲ့တာတဲ့..။

    • ဦးဦးပါလေရာ

      March 12, 2016 at 11:19 pm

      ကျုပ်တော့ ဒီတသက် ဘယ်တော့မှ သမ္မတအရွေးမခံတော့ဖို့ ဆုံးဖြတ်လိုက်ပြီ..
      လူက အသက်ကြီးလာတော့ မေ့က မေ့တတ်သနဲ့…..
      ဘယ်သူ့ကိုများ ကုန်းပိုးဖူးသေးလား တယ်..သတိမရချင်တော့ဘူး…

      ..

  • kai

    March 11, 2016 at 4:15 am

    ဦးထင်ကျော်

    ၁၉၆၂-၆၃ ရန်ကုုန်တက္ကသိုုလ်

    ၁၉၆၆-၆ရ စီးပွားရေးပညာဘွဲ့၊ B.Eco

    ၁၉၆၈ M.Eco

    (part 2- တက်ရောက်စဉ် တက္ကသိုုလ်နည်းပြ အဖြစ် တာဝန်ထမ်းဆောင်)

    ၁၉၇ဝ University of Computer Centre သိုု့ ပြောင်းရွှေ့ပညာသင်

    (Programmer / Analyst)

    ၁၉၇၁-၇၂ Institute of Computer Science, University of London

    ၁၉၇၄ Asia Electronic Union, Tokyo

    ၁၉၇၄-၇၅ M.Sc., Computer Science (RASU)

    ၁၉၇၅ ဌာနခွဲမှူး ( အကြီးစားစက်မှုလုုပ်ငန်း)

    ၁၉၈၀-၁၉၉၂ နိုုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန (FERD)

    ၁၉၈ရ Arthur DeLittle, Management Education Institute, Cambridge, Massachusetts တွင် ပညာသင်ယူခဲ့

    ၁၉၉၂ ဒုုတိယညွှန်ကြားရေးမှူး ရာထူးမှနှုတ်ထွက်

    till now Daw Khin Kyi Foundation တွင် စတင်တည်ထောင်စဉ်မှ ယနေ့အထိ

    Executive Committee Member, အလုုပ်အမှုဆောင် အဖြစ် တာဝန်ယူ

    ဆောင်ရွက်လျက်ရှိ

  • kai

    March 11, 2016 at 4:26 am

    “ဝါ ကိုကြည့်ပြီးရွေးချယ်တာ မဟုတ်သလို၊ ဂုဏ်ပကာသနကိုကြည့်ပြီး ရွေးတာလည်း မဟုတ်ပါဘူး။ ကျမတို့ရွေးချယ်တဲ့ သမ္မတလောင်းတွေကို ပြည်သူလူထုက သဘောကျလိမ့်မယ် ထင်ပါတယ်”

    ဒေါ်အောင်ဆန်းစုကြည်

    အချက်(၃)ချက်ကို အခြေခံကာ ဒုသမ္မတလောင်းများကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဦးစားပေးအနေဖြင့် သစ္စာတရားကို အခြေခံရွေးချယ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

    “ကျမတို့ရွေးတဲ့ သမ္မတ၊ ဒုသမ္မတတွေဟာ နံပါတ် (၁) အဖွဲ့အပေါ်မှာ သစ္စာရှိရမယ်။ သစ္စာရှိတဲ့နေရာမှာ အဖွဲ့ထဲမှာ ဘယ်လောက်ကြာကြာလုပ်တယ်ဆိုတာ ဘာမှမဆိုင်ဘူး။ ပြီးတော့ ဗီဇပေါ့။ တချို့လူတွေက ဗီဇအရကို အင်မတန်မှ သစ္စာတရားကို အလေးထားတယ်။ တချို့က ခပ်ပေါ့ပေါ့ထားတယ်။ ကျမတုို့က သစ္စာတရားကို အလေးထားတဲ့ပုဂ္ဂိုလ်များကို နံပါတ် (၁) ဦးစားပေးတယ်”

    ဒုတိယအချက်အနေဖြင့် စည်းမျဉ်း၊ စည်းကမ်းများအား လေးစားလိုက်နာသူကို အခြေခံကာ ရွေးချယ်ခဲ့သည်ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုသည်။

    “နံပါတ် (၂) ကတော့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာရမှု။ ကျမတို့အဖွဲ့ချုပ်ရဲ့ စည်းကမ်းများကို လေးစားပြီးတော့ တိတိကျကျလိုက်နာတဲ့လူ ဖြစ်ရမယ်” ဟု သူမက ပါတီဝင်အမတ်များကို ရှင်းပြသည်။

    နောက်ဆုံးအချက်အနေဖြင့်မူ နိုင်ငံသူ၊ နိုင်ငံသားများကသာမက နိုင်ငံတကာကပါ လေးစားလောက်သည့် အရည်အချင်းရှိသူကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

    ဒုတိယသမ္မတလောင်းများကို ဒေါ်အောင်ဆန်းစုကြည်က အဓိကရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု NLD၏ ပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင်က မဇ္ဈိမကို ပြောသည်။

    “ကျွန်တော်တို့လည်း ခက်ခက်ခဲခဲ ရှာခဲ့ရတာပါ။ ဘယ်သူရွေးသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ရွေးတယ်။ ကျွန်တောတို့အားလုံး ထောက်ခံတယ်။ ပြည်သူတွေလည်း ထောက်ခံလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”

    ဒေါက်တာဇော်မြင့်မောင်

    Ref; Mizzima

  • ခင်ဇော်

    March 11, 2016 at 6:23 am

    ဟုတ်ပါ့
    ဟုတ်ပါ့
    သူခိုး မဟုတ် ပြီးတာပဲ..!!!
    ဒရိုင်ဘာမကလို့ မာလီဖြစ်ဖြစ်..!!
    ဒီလို ဘွဲ့မျိုးး အရင် ၁ဝ ယောက်ပေါင်းတောင် မရတာ…

    ????

    • ဦးဦးပါလေရာ

      March 12, 2016 at 11:23 pm

      ဒီလိုလူမျိုးက သူ့ချည်းပဲကို အင်မတန်လျှော်ကန်တဲ့သူမျိုးပါ..
      ဒေါ်စု ရွေးလိုက်တာ ဆိုတော့ အတိုင်းထက်လွန်ပေါ့…
      သတင်းထွက်တဲ့သူတွေထဲမှာ အကြိုက်ဆုံးပဲ…

  • kai

    March 11, 2016 at 7:32 am

    ချင်းလူမျိုးက… ဂျူးဇာတိနွယ်တွေ… ။

    http://www.chinlandguardian.com/index.php/cartoons/item/1980-hundreds-of-mizo-and-manipuri-jews-to-settle-in-israel

    28 October 2013: A total of 899 people from Mizoram and Manipur states of India, who claim to be descendants of one of the lost Jewish tribes, are to immigrate to Israel.

    The Israeli cabinet agreed that they would be allowed to come to their ‘Promised Land’ in different batches, with the first being expected before the end of 2013.

    Michael Freund, Founder and Chairman of the Shavei Israel Organization that assists for the immigration, was quoted as saying that the first batch would include 200 people, the second 400 next year and the third 300 in 2015.

    The new immigrating group will be an addition to some 2,000 members of the Bnei Menashe from the two northeast Indian states, who already live in Israel.

    • ဦးဦးပါလေရာ

      March 12, 2016 at 11:28 pm

      ချင်း…. ဆိုတာကတော့ ကနဦးမှာ ပြသနာနဲနဲရှိနိုင်တယ်..
      ဘုရားရှင်က သာကီဝင်မင်းသားတွေကို ရဟန်းပြုပေးမယ့်အခါမှာ
      အရှင်ကောဏ္ဍညကို အရင်ပြုပေးတဲ့ ထုံး လေး သတိရမိတယ်..
      လောလောဆယ်မှာ အလိုအပ်ဆုံးက တိုင်းရင်းသားတွေ ယုံ ကြဖို့ပဲ…
      အဲဒါကို ချက်ကျလက်ကျ ဖြေရှင်းလိုက်တာပါပဲ…
      သူ(တို့)မှာ တကယ့် မာစတာပလင် ရှိနေပုံပေါ်တယ်…

  • Thint Aye Yeik

    March 11, 2016 at 8:06 am

    .ဒေါ်စုကို ကိုယ့်ကားကိုယ်မောင်းပြီး သွားလိုရာ လိုက်ပို့ပေးတဲ့သူကို Driver လို့ အဆင့်နှိမ့်ခေါ်ဆိုချင်တယ်ဆိုတဲ့ အဲ့ဒီသတင်းဌာနတွေကို မီဒီယာလောကကနေ မှုန်ဝါးပျောက်ကွယ်သွားအောင် လုပ်ရမှာ။
    လူထု အားနဲ့ ကြဉ်ကြပေါ့။

    😆

    • ဦးဦးပါလေရာ

      March 12, 2016 at 11:31 pm

      တချို့သတင်းဌာနတွေဟာ ဒီလိုပါပဲ…
      သူတို့လုပ်ရပ်ကပဲ သူတို့အဆင့်ကို ဖေါ်ပြသွားကြတာပေါ့..

  • Niknayman Niknayman added 4 new photos.
    16 hrs ·

    AFP သတင်းဌာနနှင့် လှလှဌေး သိစေရန်။

    ဒီနေ ့ ဒုတိယသမ္မတလောင်းများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်က အမည်တင်သွင်းလိုက်တဲ့ ဦးထင်ကျော်နဲ ့ ဦးဟင်နရီဗန်ထီးယူတို ့နဲ ့ ပတ်သက်ပြီး မြန်မာ့သတင်းလောကမှာရော ကမ္ဘာ့သတင်းလောကမှာပါ သတင်းတွေပြောဆိုနေကြတာ သိရပါတယ်။

    သူတို ့ နှစ်ဦးအကြောင်းကို အချက်အလက်မှန်ကန်စွာနဲ ့ ကောင်းမွန်စွာ ပြောဆိုမှုတွေ များပြားပေမယ့် မလိုလားကြတဲ့ အစုအဖွဲ ့ ဒါမှမဟုတ် မလိုလားသူ အထူးသဖြင့် အာဏာရှင်အုပ်စုနဲ ့ အပေါင်းအပါ လက်ပါးစေတွေကရော ဘယ်လိုများ တုန် ့ပြန်ကြမလည်းဆိုတာလည်း သတိထားနေမိပါတယ်။

    ဒီအချိန်မှာဘဲ ဦးဦးဖြားဖြား မလိုလားသော မကောင်းသော မသင့်တော်သော အသုံးအနှုန်းနဲ ့ မြန်မာ့သတင်းလောကမှာတင်မဟုတ်ဘဲ ကမ္ဘာ့သတင်းလောကကိုပါ ရည်ရွယ်ချက်ရှိရှိနဲ ့ အပုပ်ချ စော်ကားလိုသော ရေးသားမှုတစ်ခု ပြန် ့နှံ ့နေပါတယ်။

    AFP သတင်းဌာနက လှလှဌေး ဆိုတဲ့သူ ရေးသားချက်ပါ။

    ဒုတိယသမ္မတလောင်း ဦးထင်ကျော်ကို မလိုအပ်ပဲ (ဒေါ်အောင်ဆန်းစုကြည်ရဲ ့ ကားကို တစ်ချိန်က ကားမောင်းပေးခဲ့ဘူးယုံမျှနဲ့) ကားမောင်းခဲ့သူ former driver ဆိုတဲ့ အသုံးအနှုန်းနဲ ့ စော်ကားမှုပါ။ စော်ကားမှုလိ်ု ့ ပြောရတာကတော့ ကားမောင်းသူကို ဒရိုင်ဘာ၊ ကားမောင်းဖူးခဲ့သူကို former driver လို ့ သုံးတာမှာ သာမန်အားဖြင့်ကြည့်ရင်တော့ စကားလုံးအနှုန်းလို ့ ပြောပြီး ရိုးရိုးသားသား ရေးတာဖြစ်လိမ့်မယ်လို ့ တွေးမိကြပါလိမ့်မယ်။

    ကားမောင်းသူမို ့ ဒရိုင်ဘာခေါ်တာ ဘာဖြစ်လည်းလို ့ မေးရင်တော့ ကားမောင်းသူတိုင်းကို ဒရိုင်ဘာအဖြစ် ပြောလို ့ရတာ၊ စော်ကားတဲ့အသုံးအနှုန်း စကားလုံး မဟုတ်ဖူးလို ့ ဆိုလို ့ရပေမယ့်၊ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ ့ ရေးတာလည်း၊ ရေးသားသူ ဘယ်သူလည်း၊ သူ ့ရဲ ့ နောက်ခံသမိုင်းက ဘာလည်းဆိုတာရယ်၊ ယခုလိုအချိန်ကာလမျိုးမှာ ဘာလို ့ ဒီစကားလုံးကို သုံးရတာလည်းဆိုတာအပေါ် သုံးသပ်ကြည့်တဲ့အခါမှာ လှလှဌေးဟာ ဒုတိယသမ္မတ ဦးထင်ကျော်ရဲ ့ ကိုယ်ပိုင်အရည်အချင်းရှိမှုတွေကို မှေးမှန်သွားအောင် တမင်သက် နှိမ်တဲ့အနေနဲ ့ သူရေးတဲ့သတင်းခေါင်းစဉ်မှာကို အစပြုပြီး “Suu Kyi’ s former driver nominated for Myanmar President” ဆိုပြီး သုံးစွဲရေးသားခဲ့တာပါ။

    AFP လို နာမည်ကြီး ကမ္ဘာ့သတင်းဌာနမှာ ဝင်ရောက်လုပ်ကိုင်နေပြီး အခွင့်သင့်တာနဲ ့ ပြည်သူ ့ဘက်တော်သား ပြည်သူ ့ခေါင်းဆောင်ကောင်းတွေကို မသိမသာ ပညာသားပါပါနဲ ့ ထိုးနှက်တိုက်ခိုက်လိုတဲ့ ယုတ်မာတဲ့ လှလှဌေးကြောင့် AFP သတင်းဌာန ဂုဏ်သိက္ခာကျရရုံတင်မက ဒီသတင်းကို ပြန်လည်ပြီး ကိုးကားဖော်ပြကြတဲ့ ကမ္ဘာ့သတင်းဌာနတွေအထိပါ ဒီသတင်းပါ ရေးသားသုံးနှုံးမှု စကားလုံးကြောင့် မြန်မာနိုင်ငံရဲ ့ ဒုတိယသမ္မတလောင်းဟာ သာမန်ကားမောင်းသမားဖြစ်ခဲ့သူအဖြစ်နဲ ့ ရောက်ရှိသွားစေအောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ရေးသားခဲ့တာပါ။

    AFP သတင်းဌာနမှာ လှလှဌေးရဲ ့ “former driver” လို ့ သုံးစွဲရေးသားမှုဟာ ဒုတိယသမ္မတလောင်း ဦးထင်ကျော်ကို တမင်သက်သက် စော်ကားရေးသားမှုပါလို ့ ပြောလိုပါတယ်။ အထူးသဖြင့် ပြည်သူလူထုက ရွေးချယ်ပေးလိုက်တဲ့ ပြည်သူ ့ပါတီရဲ ့ ဆုံးဖြတ်ချက်အရ ကိုယ်ပိုင်အရည်အချင်းရှိသူ ပြည်သူ ့ ကိုယ်စားလှယ်တစ်ယောက်ကို ပုဂ္ဂိုလ်ရေးဆန်ဆန် နှိမ်ပြီး စော်ကားလိုက်တာပါ။

    လှလှဌေးဟာ ဘယ်သူလည်း၊ သူ ့ရဲ ့နောက်ခံသမိုင်းက ဘာလည်းဆိုတာ ယခုလို သိကြရင်တော့ သူဟာ AFP သတင်းဌာနကို ခုတုံးလုပ်ပြီး သတင်းလောကအတွင်း၊ မြန်မာ့ဒီမိုကရေစီရရှိရေးနဲ ့ ပြည်သူ ့အစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် အာဏာရှင်စနစ် ပြောင်းလဲပစ်ဖို ့ ဆောင်ရွက်နေကြသူတွေကို လစ်ရင် လစ်သလို ချောင်းမြောင်းကာ ယခုလို အခြေအနေ အချိန်ကာလနှင့် မသင့်တော်သော၊ လက်ရှိအကြောင်းအရာနှင့် တိုက်ရိုက် မသက်ဆိုင်သော စကားလုံးအရေးအသားကို တမင်သက်သက် သုံးစွဲခဲ့တာလို ့ သုံးသပ်မိနိုင်ကြမှာပါ။

    ၂၀၁ဝ ခုနှစ်၊ အောက်တိုဘာလတုန်းက နစ်နေမန်းရဲ ့ အီးမေးလ်လိပ်စာကို တိုက်ရိုက် ပို ့ပေးလာခဲ့တဲ့ သတင်းတစ်ခုမှာ ဒီ နာမည်ဖြစ်တဲ့ လှလှဌေးဆိုတာရယ်၊ AFP က ဆိုတာရယ်ကို စိတ်ထဲမှာ တစ်ခုခု သိနေသလို ဖြစ်တာကြောင့် ချက်ခြင်းဘဲ ပြန်ပြီး မှတ်တမ်းတွေကို ရှာကြည့်လိုက်တော့ လှလှဌေးဆိုတာ ဘယ်လိုပါလည်းဆိုတာ ပြန်ပြီး သိလိုက်ရပါတယ်။

    နစ်နေမန်းရဲ ့ မိတ်ဆွေ ပြည်သူ ့ဘက်တော်သားတစ်ယောက် ပေးပို ့လာခဲ့တဲ့အထဲမှာ ဓါတ်ပုံတစ်ပုံနဲ ့အတူ ယခုလို အောက်ဖော်ပြပါအတိုင်း ရေးသားသတိပေးခဲ့တာပါ။

    “ရန်ကုန်မြို့မှာ နာမည်ကြီးနေတဲ့ နိုင်ငံခြားသတင်းထောက် လှလှဌေး AFP နဲ့ ရဲထောက်လှမ်ရေး မြင့်ဦးတို့ အကြည်ဆိုက်နေပုံ။ လှလှဌေးဟာ ရဲထောက်လှမ်းရေး သတင်းပေးလဲ ဖြစ်တယ်။ ပြည်တွင်းက ဘဝတူ သတင်းသမားတွေ သတိထားကြပါ” ။

    အဲ့ဒီစာ ရရှိချိန်မှာ လှလှဌေးနဲ ့ ပတ်သက်လို ့ ရဲထောက်လှမ်းရေးနဲ ့ဘာဘဲဖြစ်ဖြစ်၊ ရဲထောက်လှမ်းရေးမကလို ့ အာဏာရူး ဗိုလ်ချုပ်တစ်ယောက်နဲ ့ဘဲဖြစ်ဖြစ် သူ ့ရဲ ့ ကိုယ်ရေးကိုယ်တာအပိုင်းလို ့ သဘောထားခဲ့ပေမယ့်၊ ယခုလိုအချိန်မှာ ဒုတိယသမ္မတလောင်း ဦးထင်ကျော်ကို ရည်ရွယ်ချက်ရှိရှိနဲ ့ တိုက်ခိုက်ရေးသားလာမှုကတော့ လွန်ကျူးလာတာမို ့ သူမရဲ ့ ဇာတိရုပ်ကို ဆက်စပ်ဖော်ထုတ်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

    ဒုတိယသမ္မတလောင်း ဦးထင်ကျော်ကို ရည်ရွယ်ချက်ရှိရှိနဲ ့ တိုက်ခိုက်ရေးသားမှုနဲ ့ပတ်သက်ပြီး လှလှဌေးအနေနဲ ့ ဒုတိယသမ္မတလောင်း ဦးထင်ကျော်ကိုတင်မက မြန်မာပြည်သူပြည်သားများကိုပါ တရားဝင် တောင်းပန်ဖို ့ တောင်းဆိုပါတယ်။

    AFP သတင်းဌာနအနေနဲ ့ လည်း ဒီကိစ္စနဲ ့ ပတ်သက်ပြီး လှလှဌေးရဲ ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ရေးသားမှုအပေါ် တိကျသော အရေးယူဆောင်ရွက်မှု လုပ်ပေးဖို ့ တောင်းဆိုပါတယ်။

    ဒီသတင်းရေးသားချက်ကိုလည်း ပြန်လည်ရုပ်သိမ်းပေးဖို ့ AFP သတင်းဌာနနဲ ့ သတင်းရေးသားသူ လှလှဌေးကို တောင်းဆိုပါတယ်။

    နစ်နေမန်း။

    • ဦးဦးပါလေရာ

      March 12, 2016 at 11:33 pm

      သူတို့စော်ကားတာက အကြောင်းအရာအမှားကြီးဖြစ်တဲ့အတွက် သူတို့ပဲ သိက္ခာကျရတာပေါ့ဗာျ..

  • Ma Ma

    March 11, 2016 at 2:38 pm

    ဖွမှ ဖော်မှပဲ သူ့ရဲ့ ပေးဆပ်ခဲ့မှုတွေကို သိရလို့ ပိုတောင် လေးစားမိသေး။

  • ဦးဦးပါလေရာ

    March 12, 2016 at 11:35 pm

    ဟုတ်ပါ့ မမ ရေ
    ပတ္တမြားဂူကို ညစ်ပေအောင် ရွှံ့နဲ့ပွတ်တိုက်မှ
    ပိုအရောင်ထွက်လာတဲ့ ဥပမာကို သတိရမိတယ်..

Leave a Reply