အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၈ ( San Francisco ၊ Cable Car ၊ SF Bay Cruise & Lombard St ) ။

Foreign ResidentMarch 14, 201615min51317

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၈

( San Francisco ၊ Cable Car ၊ SF Bay Cruise & Lombard St ) ။

 

၁၃ – ဝ၅ – ၂၀၁၄ ။

 

ဒီနေ့ မနက်တော့ Hotel မှာ နေ့လည်စာစားပြီး ၊

ဝယ်ထားတဲ့ Airport Transfer က လာကြိုတဲ့ကားနှင့် ၊

LV လေဆိပ်ကို ထွက်လာခဲ့ပါတယ် ။

 

LV လေဆိပ် မှာ မှတ်မှတ်ထင်ထင်ရှိတာကတော့ ၊

လေဆိပ်ထဲ က Shoe Shine ဖိနပ်တိုက်တဲ့ နေရာလေးပါ ။

ဈေးလေးတွေကတော့ ဗဟုသုတ သိရတာပေါ့လေ ။

ပုံစံက ဟိုးရှေးရှေးထဲက လုပ်ခဲ့ပုံရတဲ့ ရှေးဟောင်းပုံစံလေးပါဘဲ ။

Leather Shoe သာ ဝတ်လာမိခဲ့ရင် အမှတ်တရ ဝင်တိုက်မိမှာဘဲ ။

 

  1. LV လေဆိပ်ထဲ က Shoe Shine ဖိနပ်တိုက်တဲ့ နေရာလေးပါ ။

    18. LV လေဆိပ်ထဲ က Shoe Shine ဖိနပ်တိုက်တဲ့ နေရာလေးပါ ။
    18. LV လေဆိပ်ထဲ က Shoe Shine ဖိနပ်တိုက်တဲ့ နေရာလေးပါ ။

 

လေယာဉ်က LV ကနေ ၁၁း၅၅ မှာထွက်ပြီး ၊

San Francisco ကို ဝ၁း၃ဝ မှာ ရောက်ပါတယ် ။

LV နှင့် SF ကို မောင်းချိန် ၁း၃ဝ လောက်ဘဲ ကြာပါတယ် ။

 

San Francisco မြို့ဟာ ၊ အမေရိကန်နိုင်ငံ ရဲ့ ၊

West Coast မှာတည်ရှိပြီး ၊ လူဦးရေ ၈ သိန်းလောက် နေထိုင်ကာ ၊

အမေရိကန်နိုင်ငံ ရဲ့ နေစရိတ် စားစရိတ် အကြီးဆုံး မြို့လို့ ပြောကြပါတယ် ။

San Francisco မြို့မှာ ထူးခြားတာ တစ်ခုကတော့ ၊

မြို့ကွက်တွေဟာ တကယ့် လေးထောင့်ကျကျတွေ ဖြစ်နေတာပါဘဲ ။

 

အဘတို့ တည်းတဲ့ Fusion Hotel က Civic Centre နားမှာရှိပြီး ၊

ဘေးနား ပါတ်ချာ မလှမ်းမကမ်း တွေမှာ ၊ လမ်း ၅ မိနစ်လျှောက် အတွင်းမှာ ၊

San Francisco ရဲ့ နာမည်ကျော် Cable Car / Tram ဂိတ်ဆုံး နှင့် ၊

West Field San Francisco Shopping Centre တွေရှိနေတော့ ၊

နေရ ထိုင်ရ တာ သွားရ လာရ တာ စားရ သောက်ရတာ အဆင်ပြေပါတယ် ။

 

  1. အဘတို့ တည်းတဲ့ Fusion Hotel က Civic Centre နားမှာရှိပြီး ၊

    18. အဘတို့ တည်းတဲ့ Fusion Hotel က Civic Centre နားမှာရှိပြီး ၊
    18. အဘတို့ တည်းတဲ့ Fusion Hotel က Civic Centre နားမှာရှိပြီး ၊

 

San Francisco က တည်းမယ့် Fusion ဟိုတယ်မှာ ပစ္စည်းတွေ ချပြီးတာနှင့် ၊

San Francisco ရဲ့ နာမည်ကျော် Cable Car / Tram စီးဖို့ သွားကြပါတယ် ။

Powell St & Market St ထောင့်က Cable Car / Tram ဂိတ်ဆုံး ကိုသွားပါတယ် ။

ကံက ကောင်းချင်တော့ အဲ့ဒီ့ Tram ကုမ္ပဏီက ဝန်ထမ်း တစ်ယောက်က ၊

သူမှာပိုနေတယ် ဆိုတဲ့ လက်မှတ်တွေ ဈေးလျော့ လာရောင်းပါတယ် ။

အဲ့ဒါနှင့်ဘဲ ၂ ယောက် ၂ ရက်စာ Ticket ကို 20 US$ နှင့် ဝယ်လိုက်ပါတယ် ။

 

ဂိတ်ဆုံးမှာတော့ Cable Car / Tram ၃ စီးလောက် တန်းစီ ရပ်ထားပါတယ် ။ 

၁ဝ မိနစ်ကို တစ်စီးလောက်လဲ ဟိုဘက်ကနေ ဆင်းချလာပါတယ် ။

 

San Francisco ရဲ့ နာမည်ကျော် မစီး မဖြစ် Tram ဆိုတော့ ၊

စီးမယ့် Tourist တွေက များလွန်းတော့ ၊

Tram ၃ စီးစာလောက် Tourist တွေ တန်းစီ စောင့်နေရပါတယ် ။

 

ထွက်ချိန်ရောက်ရင် ဂိတ်ဆုံးက Turn Table ကြီးမှာ ၊

လူအားနှင့် Tram ကို တွန်းပြီး ခေါင်းလှည့်လိုက်ပါတယ် ။

ရှေ့ဆုံးက တန်းစီနေတဲ့ Tourist တွေ ဝမ်းသာ အားရ လုတက်ကြပါတယ် ။

ထိုင်ခုံ မရတဲ့သူတွေကလည်း ဝမ်းသာ အားရ မတ်တပ် / တွယ်စီးကြပါတယ် ။

 

အဘတို့ Tram ပေါ်က အကုန်လုံး လိုလိုက Tourist တွေချည်းပါဘဲ ။

ဟုတ်တယ်လေ ၊ နာရီဝက်လောက် တန်းစီ စောင့်စီးရတာ ၊

San Francisco မြိုသား အစစ် အလုပ်သွားရမယ့်သူက ဘယ်စီးမလဲ ။

 

လူပြည့်တာနှင့် Tram ဟာ San Francisco Down Town ဘက်ထွက်လာပါတယ် ။

လမ်းမှာ အသွား အပြန် Tram အချင်းချင်း ဆုံရင် အော်ဟစ် နှုတ်ဆက်ကြပေါ့ ။ 

မြို့ထဲ Down Town က Fisherman’s Wharf ဆိပ်ကမ်းနားမှာ ဆင်းလိုက်ပါတယ် ။

 

  1. ဂိတ်ဆုံးမှာတော့ Cable Car Tram ၃ စီးလောက် တန်းစီ ရပ်ထားပါတယ်

    18. ဂိတ်ဆုံးမှာတော့ Cable Car  Tram ၃ စီးလောက် တန်းစီ ရပ်ထားပါတယ်
    18. ဂိတ်ဆုံးမှာတော့ Cable Car Tram ၃ စီးလောက် တန်းစီ ရပ်ထားပါတယ်

 

  1. ဂိတ်ဆုံးက Turn Table ကြီးမှာ လူအားနှင့် Tram ကို တွန်းပြီး ခေါင်းလှည့်လိုက်ပါတယ် ။

    18. ဂိတ်ဆုံးက Turn Table ကြီးမှာ လူအားနှင့် Tram ကို တွန်းပြီး ခေါင်းလှည့်လိုက်ပါတယ် ။
    18. ဂိတ်ဆုံးက Turn Table ကြီးမှာ လူအားနှင့် Tram ကို တွန်းပြီး ခေါင်းလှည့်လိုက်ပါတယ် ။

 

  1. ဒါကတော့ Tram မေါင်းတဲ့ Driver နေရာပါ ။

    18. ဒါကတော့ Tram မေါင်းတဲ့ Driver နေရာပါ ။
    18. ဒါကတော့ Tram မေါင်းတဲ့ Driver နေရာပါ ။

 

  1. လမ်းမှာ အသွား အပြန် Tram အချင်းချင်း ဆုံရင် အော်ဟစ် နှုတ်ဆက်ကြပေါ့ ။

    18. လမ်းမှာ အသွား အပြန် Tram အချင်းချင်း ဆုံရင် အော်ဟစ် နှုတ်ဆက်ကြပေါ့ ။
    18. လမ်းမှာ အသွား အပြန် Tram အချင်းချင်း ဆုံရင် အော်ဟစ် နှုတ်ဆက်ကြပေါ့ ။

 

အဲ့ဒီမှာ Golden Gate ( Sanfrancisco ) Bay Cruise ဆိုတဲ့ ၊

Golden Gate တံတားကြီး နှင် Sanfrancisco Bay တစ်လျှောက် ၊

သင်္ဘော နှင့် ပါတ်ကြည့်မယ့် Cruise ခရီးစဉ်ကို ၊

၂ ယောက်စာ ၅၆ ဒေါ်လှ နှင့် ဝယ်လိုက်ပါတယ် ။

 

ညနေ ၅ နာရီမှာ Bay Cruise သင်္ဘော စထွက်ပါတယ် ။

Sanfrancisco Bay တစ်လျှောက် Golden Gate တံတားကြီး

The Rock ရုပ်ရှင်ထဲက Alcatraz ကျွန်း စသဖြင့် လှည့်ပါတ်ပြပါတယ် ။

 

  1. ဒါကတော့ အဘတို့စီးတဲ့ Golden Gate ( Sanfrancisco ) Bay Cruise သင်္ဘောပါ ။

    18. ဒါကတော့ အဘတို့စီးတဲ့ Golden Gate ( Sanfrancisco ) Bay Cruise သင်္ဘောပါ ။
    18. ဒါကတော့ အဘတို့စီးတဲ့ Golden Gate ( Sanfrancisco ) Bay Cruise သင်္ဘောပါ ။

 

  1. ပြတိုက် လုပ်ထားတဲ့ စစ်သင်္ဘော အဟောင်းကြီး ပါ ။

    18. ပြတိုက် လုပ်ထားတဲ့ စစ်သင်္ဘော အဟောင်းကြီး ပါ ။
    18. ပြတိုက် လုပ်ထားတဲ့ စစ်သင်္ဘော အဟောင်းကြီး ပါ ။

 

  1. ဒါက နာမည်ကျော် Golden Gate တံတားကြီး အောက်က ဖြတ်နေစဉ်ပေါ့ ။

    18. ဒါက နာမည်ကျော် Golden Gate တံတားကြီး အောက်က ဖြတ်နေစဉ်ပေါ့ ။
    18. ဒါက နာမည်ကျော် Golden Gate တံတားကြီး အောက်က ဖြတ်နေစဉ်ပေါ့ ။

 

  1. The Rock ရုပ်ရှင်ထဲက Alcatraz ကျွန်း ။

    18. The Rock ရုပ်ရှင်ထဲက Alcatraz ကျွန်း ။
    18. The Rock ရုပ်ရှင်ထဲက Alcatraz ကျွန်း ။

 

လမ်းတစ်လျှောက်မှာတော့ ၊ ရွက်လှေ ကလေးတွေကော ၊

လေထီး နှင့် ၊ ရွက် နှင့် Surf လုပ်နေသူတွေကော အစုံတွေ့ရပါတယ် ။

သူတို့က တမင်အစွမ်းပြပြီး အဘတို့ သင်္ဘောလှိုင်းကို ကပ်ပြီးတောင် စီးပြနေပါတယ် ။  

Cruise ခရီးစဉ်က တစ်နာရီ အတိကြာပြီး ညနေ ၆ နာရီမှာ ပြန်ရောက်ပါတယ် ။

 

  1. ရွက်လှေ ကလေးတွေကော ၊ လေထီး နှင့် ၊ ရွက် နှင့် Surf လုပ်နေသူတွေကော ။

    18. ရွက်လှေ ကလေးတွေကော ၊ လေထီး နှင့် ၊ ရွက် နှင့် Surf လုပ်နေသူတွေကော ။
    18. ရွက်လှေ ကလေးတွေကော ၊ လေထီး နှင့် ၊ ရွက် နှင့် Surf လုပ်နေသူတွေကော ။

 

  1. သူတို့က တမင်အစွမ်းပြပြီး အဘတို့ သင်္ဘောလှိုင်းကို ကပ်ပြီးတောင် စီးပြနေပါတယ် ။

    18. သူတို့က တမင်အစွမ်းပြပြီး အဘတို့ သင်္ဘောလှိုင်းကို ကပ်ပြီးတောင် စီးပြနေပါတယ် ။
    18. သူတို့က တမင်အစွမ်းပြပြီး အဘတို့ သင်္ဘောလှိုင်းကို ကပ်ပြီးတောင် စီးပြနေပါတယ် ။

 

  1. Celebrity Cruise သင်္ဘောကြီး နှင့် San Francisco မြို့ ရဲ့ မြင်ကွင်းကျယ် ။

    18. Celebrity Cruise သင်္ဘောကြီး နှင့် San Francisco မြို့ ရဲ့ မြင်ကွင်းကျယ် ။
    18. Celebrity Cruise သင်္ဘောကြီး နှင့် San Francisco မြို့ ရဲ့ မြင်ကွင်းကျယ် ။

 

ဗိုက်ကလည်း အတော်ဆာလာတာမို့ အဲ့ဒီ Fisherman’s Wharf မှာဘဲ ၊

ရောင်နေတဲ့ Seafood & Fish & Chips ဘဲ ဝယ်စားလိုက်ပါတယ် ။

 

အဲ့ဒီ ဆိပ်ကမ်းက ဇင်ယော်တွေက အကောင်ကြီးပြီး ၊

လူလစ်ရင် လူ လက်ထဲက အစာတွေကိုပါ ဝင်လုစားတတ်ပါတယ် ။

ဒီပုံထဲမှာပါတဲ့ ၊ လူကောင်ငယ်တဲ့ တစ်ဦးတည်းလာတဲ့ Asian ကောင်မလေးရဲ့

စားစရာတွေကို ဇင်ယော်တွေက ဝိုင်းလုစားကြလို့ ကောင်မလေး ရှောင်ပေးရပါတယ် ။

 

ကမ်းနားမှာ ဖျော်ဖြေရေးသမား ( Street Performer ) တစ်ဦးက ဖျော်ဖြေနေပြီး ၊

အဲ့ဒီ  ဖျော်ဖြေရေးသမား ကို ပိုက်ဆံထည့်ပြီး ၊ Tourist လို့ ထင်ရတဲ့ ၊

အမျိုးသမီး သီးသန့် စက်ဘီးသမား အုပ်စု တစ်စုက ဝိုင်းကနေကြပါတယ် ။ 

လွတ်လွတ်လပ်လပ် ပျော်တတ်တဲ့ သူတို့လူမျိုးတွေရဲ့ ပျော်ရွှင်စရာလေး တစ်ခုပေါ့လေ ။

 

  1. တစ်ဦးတည်းလာတဲ့ Asian ကောင်မလေးရဲ့ စားစရာတွေကို ဇင်ယော်တွေက ဝိုင်းလုစားကြ

    18. တစ်ဦးတည်းလာတဲ့ Asian ကောင်မလေးရဲ့ စားစရာတွေကို ဇင်ယော်တွေက ဝိုင်းလုစားကြ
    18. တစ်ဦးတည်းလာတဲ့ Asian ကောင်မလေးရဲ့ စားစရာတွေကို ဇင်ယော်တွေက ဝိုင်းလုစားကြ

 

  1. လွတ်လွတ်လပ်လပ် ပျော်တတ်တဲ့ သူတို့လူမျိုးတွေရဲ့ ပျော်ရွှင်စရာလေး တစ်ခုပေါ့လေ ။

    18. လွတ်လွတ်လပ်လပ် ပျော်တတ်တဲ့ သူတို့လူမျိုးတွေရဲ့ ပျော်ရွှင်စရာလေး တစ်ခုပေါ့လေ ။
    18. လွတ်လွတ်လပ်လပ် ပျော်တတ်တဲ့ သူတို့လူမျိုးတွေရဲ့ ပျော်ရွှင်စရာလေး တစ်ခုပေါ့လေ ။

 

စားပြီးတဲ့ အချိန်မှာတော့ လင်းထိန်နေသေးတာမို့ ၊

ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်ပြီး Tram ဂိတ်ဆုံးကို သွားပါတယ် ။

အဲ့ဒီကနေ Tram စီးပြီး SF ရဲ့ နာမည်ကျော် Lombard Street ကိုသွားပါတယ် ။

 

Lombard Street ဟာ ကုန်းဆင်း တစ် ဘလောက် အတွင်းမှာ ၊

U Turn လောက်နီးနီး အကွေ့ ၈ ခု ရှိတဲ့အတွက် ကျော်ကြားနေတာပါ ။

အဲ့ဒီ Lombard Street မှာ တမင်လာမောင်းနေတဲ့ ၊

ကားတွေ ၊ မေါ်တော် ဆိုင်ကယ် တွေကလည်း မပြတ်ပါဘူး ။

 

Lombard Street ကနေ ပြန်ထွက်လာတော့ မှောင်စပြုနေပါပြီ ။

ဒါနှင့်ဘဲ Tram ကို ဂိတ်ဆုံး အထိစီးပြီး တည်းတဲ့ Hotel ကို ပြန်လာခဲ့ပါတော့တယ် ။

 

တော်သေးပြီ ။

 

အဘ ဖေါ ( F R ) ။

 

  1. ဒါက အကွေ့ ၈ ခုရှိတဲ့ Lombard Street ကို အပေါ်က မြင်ကွင်း ။

    18. ဒါက အကွေ့ ၈ ခုရှိတဲ့ Lombard Street ကို အပေါ်က မြင်ကွင်း ။
    18. ဒါက အကွေ့ ၈ ခုရှိတဲ့ Lombard Street ကို အပေါ်က မြင်ကွင်း ။

 

  1. ဒါက အကွေ့ ၈ ခုရှိတဲ့ Lombard Street ကို အောက်ဘက်က ပြန် ရိုက်ထားတာ ။

    18. ဒါက အကွေ့ ၈ ခုရှိတဲ့ Lombard Street ကို အောက်ဘက်က ပြန် ရိုက်ထားတာ ။
    18. ဒါက အကွေ့ ၈ ခုရှိတဲ့ Lombard Street ကို အောက်ဘက်က ပြန် ရိုက်ထားတာ ။

 

  1. Tram ပေါ်ကမြင်ရတဲ့ တောင်ကုန်း အနိမ့်အမြင့်တွေနှင့် San Francisco မြို့ မြင်ကွင်း ။

    18. Tram ပေါ်ကမြင်ရတဲ့ တောင်ကုန်း အနိမ့်အမြင့်တွေနှင့် San Francisco မြို့ မြင်ကွင်း ။
    18. Tram ပေါ်ကမြင်ရတဲ့ တောင်ကုန်း အနိမ့်အမြင့်တွေနှင့် San Francisco မြို့ မြင်ကွင်း ။

 

17 comments

  • ခင်ဇော်

    March 14, 2016 at 12:03 pm

    အဟိ။
    မြို့လေးထောင့်ဆိုတော့ မန်းလေးမြို့ ကို သတိရသွားပြန်ရော။
    လမ်းတွေ မှတ်ရတာ လွယ်မှာပေါ့။

    If you’re going to San Francisco
    Be sure to wear some flowers in your hair
    If you’re going to San Francisco
    You’re gonna meet some gentle people there

    For those who come to San Francisco
    Summertime will be a love-in there
    In the streets of San Francisco
    Gentle people with flowers in their hair

    အဲဒီ သီချင်းနားထောင်ကာစက အားကျတာ။
    ကိုယ့်မြို့လေးကို မြင်ယောင်လာချင်စိတ်ပေါက်အောင် ဆွဲဆောင်နိုင်တယ် ဆိုပြီး တေးရေးဆရာကို အားကျတာ။

    လှပါ့ဗျာ။။
    :chit:
    ခါတလေ နတ်ပြည်တို့ ငရဲတို့ ဟာ သေလွန်ပြီးမှ ရောက်နိုင်တာမဟုတ် ဆိုတာကို လက်ခံမိတယ်။
    :a:

  • kai

    March 14, 2016 at 2:53 pm

    အင်း..ဆန်ဖရန်ကိုချောင်းပေါက်အောင်သာသွားနေတာ…
    အဲဒီ ကေဘယ်ကားတွေမစီးဖူး…။ သင်္ဘောမစီးဖူး..။

    အင်မတန်လှတဲ့မြို့..
    အရှေ့နဲ့အနောက် ရောသွားတဲ့မြီု့..။
    ပန်းတွေပန်တဲ့မြို့..
    ဂေးတွေရဲ့မြို့..။ :k:

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      March 14, 2016 at 9:33 pm

      ဟုတ်ပ အိုင်ခုရာ
      ကျုပ်မလဲ အိုင်ခုလိုပါပဲ
      အလုပ်ဒေရှုပ်နေဒါနဲ့ ပဲ
      နီးလျက်နဲ့ ဝေး
      မစီး ဖြစ် မရောက်ဖြစ်ပါကောလားဗျာ

      • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

        March 14, 2016 at 9:40 pm

        ငင်
        စဒါဘာ စဒါဘာ
        မြေပုုံထဲ ဘယ်လောက်မှ ဝေးဘူး ငိငိ

        အူးလေးဖောနော်
        ဇင်ယော် အကြောင်းပြပြီး ကန်မလေးဂို
        ချောင်းရိုက်လိုက်ဒါ မား..
        သိနေဒယ် သိနေဒယ်
        တဂယ် မနိုင်ဒဲ့လူ

        ကျိလုပ်
        အဲဒါ အိုင်ခုခြံ ဂေါင်းရင်းက
        တရုတ်မ ဂုအောင်ပေး တဲ့
        အိုင်ခုလက်ထွက်ပဲ

        • kai

          March 15, 2016 at 12:32 am

          la to sf ကားနဲ့တောင်မိုင်၃၈ဝကျော်…..။ 😥

  • ခင်ခ

    March 14, 2016 at 3:45 pm

    (ညနေ ၅ နာရီမှာ Bay Cruise သင်္ဘော စထွက်ပါတယ် ။
    Sanfrancisco Bay တစ်လျှောက် Golden Gate တံတားကြီး
    The Rock ရုပ်ရှင်ထဲက Alcatraz ကျွန်း စသဖြင့် လှည့်ပါတ်ပြပါတယ် ။)……… မြစ်ထဲလှည့်ပြတာ အချိန်ဘယ်လောက်ကြာလဲဗျ။

    ဓာတ်ပုံတွေက အယူအဆကောင်းလို့လားမသိ လည်ချင်စဖွယ် လှပါရဲ့ဗျာ။

    • kai

      March 15, 2016 at 12:15 am

      အဲဒါပင်လယ်ကြီးဗျ.. မြစ်မဟုတ်..။
      ဆန်ဖရမ်ဆိုတာက.. ပင်လယ်ထဲ အစွယ်လေးလိုထွက်နေတဲ့ ကျွန်းစွယ်လေးထိပ်ပေါ်တည်ထားတာလေ..။ အဲဒါကြောင့် တံတားတွေကနေ မြို့ထဲဝင်ရင် ၅ဒေါ်လာကောက်တယ်…

      • ခင်ခ

        March 15, 2016 at 10:48 pm

        ဟုတ်ပါပြီ သဂျီးရေ။ သိဘူးလေဗျာ။

  • uncle gyi

    March 14, 2016 at 4:32 pm

    san francisco မြို့ကွက်ကမန်းလေးကိုလာကြည့်ပြီးတည်ဆောက်ထားတယ်ထင်တယ်နော်

    • kai

      March 15, 2016 at 12:07 am

      ဟုတ်မှာ…
      မန္တလေးက ဗျာဒိတ်ရမြို့ဆိုတော့လေ.. :k:

      The Yelamu group of the Ohlone people resided in a few small villages when an overland Spanish exploration party, led by Don Gaspar de Portolà, arrived on November 2, 1769, the first documented European visit to San Francisco Bay.[33] Seven years later, on March 28, 1776, the Spanish established the Presidio of San Francisco, followed by a mission, Mission San Francisco de Asís (Mission Dolores), established by the Spanish explorer Juan Bautista de Anza.[9]

  • Ma Ma

    March 14, 2016 at 11:21 pm

    ပုံထဲကြည့်ရတာ မြို့လေးက လှသားပဲ။
    အနောက်နိုင်ငံလို့ဆိုတာနဲ့ စိတ်ထဲမှာ စက်ရုပ်ဆန်ဆန်ပဲ မြင်မိနေတာ။

    • kai

      March 15, 2016 at 12:31 am

      ရောက်ရင် မပြန်ချင်ဖူးဖြစ်သွားမယ်..အမတော်..။ တကယ်ပြောတာ…. :k:

    • Foreign Resident

      March 16, 2016 at 2:00 am

      Ma Ma says:
      ” အနောက်နိုင်ငံလို့ဆိုတာနဲ့ စိတ်ထဲမှာ စက်ရုပ်ဆန်ဆန်ပဲ မြင်မိနေတာ ”

      အမှန်ကတော့ ၊ ဘာသာစကား မပေါက်တာနှင့် ၊
      ကြီးပျင်းလာတဲ့ ယဉ်ကျေးမှုတွေ ကွာလို့ပါ ။
      ( မဆလခေတ် ကတည်းက ရိုက်သွင်းထားတဲ့ ၊
      အရင်းရှင် စသဖြင့် အတွေးဆိုးတွေကြောင့်လဲ ပါသပေါ့ )

      သူတို့ဆီမှာလည်း သူ့နည်း သူ့ဟန် သူ့ဘာသာစကား နှင့် ၊
      လွမ်းမောစဖွယ်တွေ စိတ်လှုပ်ရှားစရာတွေ ကြည်နှုးစရာတွေ လှပမှုတွေ ရှိပါတယ် ။
      ဪ ၊ အားလုံးဟာ လူ တွေဘဲလေ ။

  • အောင် မိုးသူ

    March 15, 2016 at 4:37 pm

    နောက်ဆုံးပုံလေးကို The Princess Diary ရုပ်ရှင်းကားထဲမှာ မှတ်မိတယ်။ ရောက်ဖူးချင်တယ်လို့ပဲ နှုတ်ကရေရွတ်မိတော့တယ်။

    • Foreign Resident

      March 16, 2016 at 2:24 am

      အောင် မိုးသူ says:
      ” နောက်ဆုံးပုံလေးကို The Princess Diary ရုပ်ရှင်းကားထဲမှာ မှတ်မိတယ် ”

      အနု အလှ Drama ရုပ်ရှင်တွေကို ကြည့်သူ ခံစားတတ်သူတွေပေါ့ ။
      အဘက အနု အလှ Drama ရုပ်ရှင်တွေ ကြည့်ခဲတယ် ။ အိပ်ပျော်သွားလို့ ။
      အဲ့ဒဟာနှင့် ၊ Action ရုပ်ရှင်တွေဘဲ ကြည့်ဖြစ်တယ် ။
      San Francisco နှင့် ပါတ်သက်ပြီး အမှတ်မိဆုံး ရုပ်ရှင်ကတော့ ၊
      Sean Connery နှင့် Nicolas Cage ပါတဲ့ ” The Rock ” ရယ် ။
      အဲ့ဒဟာနှင့်ဘဲ ” The Rock ” or ” The Alcatraz ” ကို ၊
      မရောက်ရောက်အောင် သွားခဲ့တယ် ။

      The Rock ထဲက Navy SEAL ပြန်ပြောတဲ့ စကားလေး ။
      ” Commander Anderson:
      Sir, we know why you’re out here. God knows, I agree with you. But like you,
      I swore to defend this country against all enemies, foreign, sir… and domestic.
      General, we’ve spilled the same blood in the same mud.
      And you know god damn well I can’t give that order. “

  • Thint Aye Yeik

    March 18, 2016 at 1:20 pm

    နာမည်ကျော် Golden Gate တံတားကြီး ပေါ် အရမ်းရောက်ဖူးချင်တယ်…

    .လောလောဆယ် ခိုင်ထူး သီချင်း… အားလုံးကို ကျော်ဖြတ်ရမယ်…ဆိုတာကိုပဲ ဆိုနေတယ်…
    .
    ဘယ်လိုနေရာ ဘယ်လောက်ဝေး….
    တစ်နေ့တော့… နီးရမယ်…. စိတ်မလျှော့နဲ့လေ….
    အားလုံးကို ကျော်….ဖြတ်ရမယ်….

    😆

  • Shar Thet Man

    May 10, 2018 at 3:57 pm

    ရောက်ဖူးချင်တယ်

Leave a Reply