ဆရာကြီး ဦးအောင်သင်း၏ စစ်မဲ့သူရဲကောင်း

padonmarMarch 17, 20161min26010

ကွယ်လွန်သူ ဆရာကြီး ဦးအောင်သင်းရဲ့ လှလိုက်တာနော် နှင့် ရသ စာတမ်းငယ်များ စာအုပ်ထဲက `စစ်မဲ့သူရဲကောင်း´ ဆောင်းပါးလေး ကောင်းလွန်းလို့ မိတ်ဆွေများကို မျှဝေပါတယ်။
ဆရာကြီးက စစ်မဲ့သူရဲကောင်းအဖြစ်

ရမည်းသင်းစား သီဟပတေ့က သူ့လက်ဖက်ခွက်ပေါ် ဖက်ဝန်း မအုပ်ပေးမိမှုအပေါ် အထင်လွဲပြီး ပုန်ကန်ရန်ကြံစည်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ငါးစီးရှင်ကျော်စွာ

ကို ရည်ညွှန်းပါတယ်။
သူနဲ့ နှိုင်းယှဉ်ပြတာကတော့

ငရမန်ကန်းနဲ့ ကြွေအံကစားရင်း မခံချင်စိတ်နဲ့ `နင်စွမ်းရင် ပုန်ကန်လေ´ လို့ ပြောခဲ့တဲ့ စောလူးမင်း

ရဲ့ မိုက်မဲမှုပါပဲ။
သမိုင်းမှာ စောလူးမင်းလို ညံ့ဖျင်းတဲ့ ခေါင်းဆောင်မျိုး မွှေလိုက်ပြီ ဆိုရင် နောက်ဆက်ခံရတဲ့ ခေါင်းဆောင်ဟာ ဖာလို့ ထေးလို့ မဆုံးနိုင်အောင်ဖြစ်တတ်တာ ဓမ္မတာပါတဲ့။
စောလူးမင်းနောက်က တက်တဲ့ ကျန်စစ်မင်းကြီးရဲ့ ဘဝဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဘဝကို မှေးမှိန်ထားပြီး ဒုက္ခအစုစုကနေ တိုင်းသူပြည်သားတွေ လွတ်မြောက်ဖို့ဟာ သူ့တာဝန်ပဲလို့ ပြဋ္ဌာန်းလိုက်ပုံပေါ်ပါတယ်။
ဒီသဘောကို မွန်ဘာသာနဲ့ ရေးထိုးထားတဲ့ ရွှေစည်းခုံ ကျောက်စာမှာ ဖော်ပြထားတာကတော့

`အရိမဒ္ဒနပူရသားတို့မှ ရေစုန်(အောက်ပြည်)တွင် အဖမ်းခံနေရသူများ၊အခြားတပါးသို့ ထွက်ပြေးနေရသူများအား ထိုမင်း(ကျန်စစ်မင်း)၏ တန်ခိုးစွမ်းအား ဝီရိယဖြင့် အလျင်အမြန် ရေဆန်( ပုဂံ)သို့ ပြန်၍ ရောက်လာကြစေအံ့။
ချစ်သူနှင့် ကွဲကွာရသူတို့၏ မျက်ရည်ကို (ချစ်သူနှင့် ပြန်ဆုံရခြင်းတည်းဟူသော အကျိုးကို ဖြစ်စေလျက်) ထိုမင်း၏ လက်နှင့်တူသော မေတ္တာစိတ်ဖြင့် သုတ်ပေးလတ္တံ့။
စိတ်နှလုံးပူဆွေးသောသူတို့၏ နှပ်ရည်ကို (စိတ်နှလုံး အေးချမ်းခြင်း ဖြစ်စေလျက်)ထိုမင်း၏ ရေနှင့်တူသော ကရုဏာဖြင့် ဆေးကြောလတ္တံ့။
ထိုမင်းသည် ကြမ်းတမ်းသောသူ အပေါင်းကိုလည်း နူးညံ့စေလတ္တံ့။
ကိုယ်၌ နှုတ်၌ စိတ်၌ မတူသောသူ တို့ကိုလည်း ထိုမင်းသည် တူအောင်ပြု လတ္တံ့။
ထိုမင်းသည် ကောင်းသော ဓမ္မသီလကို တည်ဆောက်လတ္တံ့။
အနံအစော်နှင့်တူသော အကျင့်ဆိုး အားလုံးတို့ကို အမွှေးအကြိုင်နှင့်တူသော အကျင့်ကောင်းနှင့် ထိုမင်းသည် ဖျက်ဆီးလတ္တံ့။
မစင်ကြယ်သော ကိုယ်၏ ဒုစရိုက်၊နှုတ်၏ ဒုစရိုက်၊စိတ်၏ ဒုစရိုက် အားလုံးတို့ကို ရေနှင့်တူသော စင်ကြယ်သော သီလဖြင့် ထိုမင်းသည် ဆေးကြောပစ်လတ္တံ့။´

ဒီကျောက်စာထဲမှာ
ရပ်ရွာအိုးအိမ်ပြန်လည်ထူထောင်ရေး၊
စီးပွားရေး ပြန်လည် တည်ဆောက်ရေး၊
မြို့ပြ နိုင်ငံ လှပအောင် မွမ်းမံရေး စသည်ဖြင့် ထောင့်စေ့အောင် ချထားတဲ့ ရေရှည်စီမံကိန်းကြီး
ကိုပါ တွေ့နိုင်ပါတယ်။
ဆရာကြီးကတော့ စောလူးမင်းမှားသမျှ ကျန်စစ်သားဖက်က လိုက်ပြီး ဖာလိုက်ထေးလိုက်ရတာ မနည်းပါလားလို့ အောက်မေ့လိုက်ပါသတဲ့။

ယခုခေတ်လည်း
ငါးစီးရှင်ကျော်စွာလို ကျန်စစ်မင်းကြီးလို
နှလုံးရည်ပါ ပြည့်ဝတဲ့ တိုင်းသူ ပြည်သားရဲ့ မျက်ရည်ကို သုတ်ပေးမယ့် စစ်မဲ့သူရဲကောင်းတွေ ပေါ်ပေါက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

U Ag ThinUAT 5

UAT4

UAT 2

UAT 3

10 comments

  • ခင်ဇော်

    March 18, 2016 at 7:03 am

    လက်နက်မဲ့ ပြည်သူ ကို
    လက်နက်နဲ့ ချိန် အုပ်ချုပ်တတ်မှ
    နိုင်ငံအုပ်ချုပ်ရေး အတွေ့အကြုံ ရှိတယ် လို့ ထင်တာတွေ လည်းး
    ရပ်သင့်ပြီပေါ့..
    အမှန်တော့ သူရဲကောင်းဆိုတာ စစ်ပွဲကချည်း ထွက်တာမှ မဟုတ်ပဲလေ…
    🙂

  • kai

    March 18, 2016 at 7:52 am

    မြန်မာ့အစောဆုံးကျောက်စာကို.. မြစေတီကျောက်စာလို့အသိအမှတ်ပြုထားရာက..တမြန်နှစ်က..
    ကျောက်စာတချပ်တွေ့တာမှာ.. စောလူးမင်းကျောက်စာလို့ဆိုကြတယ်…။
    မြစေတီက.. ကျန်စစ်သားမင်းကြီးရဲ့..သားတော်ရာဇကုမာရ် မင်းသား ရေးထိုးတာဆိုတော့… စောလူးမင်းက.. ကျန်စစ်သားရှေ့ကမင်းမို့ပိုစောတာသေချာပါတယ်..။

    ဘာသာလေးမျိုးနဲ့ကျောက်စာထားရစ်ဖို့.. အတွေးက.. အဲဒီခေတ်ကဆို.. နည်းနည်းနောနောအတွေးတော့မဟုတ်..။
    ..အဲဒါလေး…။

    • ခင်ဇော်

      March 18, 2016 at 9:12 am

      ရွာထဲမဝင်နိုင်လို့။
      အန်တီ့ စစ်မဲ့သူရဲကောင်းမှာ သဂျီးက မြစေတီ စောလူးမင်းကျောက်စာတွေပြောနေတယ်။
      ဆရာကြီးရေးတာ ရွှေစည်းခုံကျောက်စာပါလို့။မန့်ပေးကြပါ။

      ~~~~~~~~~~~~~~~~~~~~~~~~~~~

      အန်တီဒုံ ပြောခိုင်းလိုက်လို့။
      :mrgreenn:

      • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

        March 18, 2016 at 10:12 am

        အဲ့သဂျီး တယောက်လဲ မလွယ်ပါဘူးဗျာ
        🙂

      • kai

        March 18, 2016 at 12:07 pm

        အင်းလေ.. တွေ့သားပဲ.. အပေါ်မှာ ရွှေစည်းခုံကျောက်စာက.. မြန်မာကျော် မျက်ရည်သုတ်အံ့ကြီးကို…
        ကြိုက်လွန်းလို့.. အယ်ဒီတာ့အာဘော်တခုမှာတောင်.. ကိုးကားဖူးသေး..။

        ဆိုလိုရင်းက…
        စောလူးမင်းဆိုတာ.. အနော်ရထာသားအရင်း… လူညံ့မဟုတ်ဆိုတာ.. ပြောချင်တာဗျ..။ :k:

        • ခင်ဇော်

          March 18, 2016 at 12:24 pm

          အင်းလေ
          တော်ရင် တော်မှာပါ။
          မူးပြီး အပျော်အပါး အပေါ့အသွမ်း နေတာ များရင်ကျ ကိုယ်ရည်ကိုယ်သွေးကျတာပေါ့။

          :k:

  • “ယခုခေတ်လည်း
    ငါးစီးရှင်ကျော်စွာလို ကျန်စစ်မင်းကြီးလို
    နှလုံးရည်ပါ ပြည့်ဝတဲ့ တိုင်းသူ ပြည်သားရဲ့ မျက်ရည်ကို သုတ်ပေးမယ့် စစ်မဲ့သူရဲကောင်းတွေ ပေါ်ပေါက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။”….ဒီအဆုံးသတ်လေးသဘောကျတယ်ခီမျာ

  • Thint Aye Yeik

    March 18, 2016 at 1:33 pm

    . စောလူးမင်းမှားသမျှ ကျန်စစ်သားဖက်က လိုက်ပြီး ဖာလိုက်ထေးလိုက်ရတာ မနည်းပါလားလို့ အောက်မေ့ခဲ့ဖူးသလို… အဘတို့ ထင်တိုင်းကြဲခဲ့သမျှ… ဖာလို့ထေးလို့မဆုံး မီးခိုးလုံး ဖြစ်တော့တာပါပဲလား…လို့ မကြာခင် အောက်မေ့မယ့်သူက…တို့သမ္မတကြီး ဦးထင်ကျော် ဖြစ်လိမ့်မယ်။

  • ဦးကြောင်ကြီး

    March 20, 2016 at 9:17 am

    အာတီဒုံဂ ျီး ခိုနီဆိုတာ ဟုတ်ပါသရား ခညှာ…

  • naywoon ni

    March 20, 2016 at 9:07 pm

    ကျ​နော်​က​တော့ သမိုင်​းဆိုတာ ပုံပြင်​လို့ပဲ သ​ဘောထားတယ်​ ။ တစ်​ကယ်​့ဖြစ်​ရပ်​မှန်​လို့ ရာနှုန်​းပြည်​့ မယုံ ။ ပုဂံ​ခေါတ်​ ဆိုတာကိုထား မျက်​စိ​ရှေ့ ဖြစ်​ပျက်​ခဲ့တာ​တောင်​ က​ပြောင်​းကပြန်​ ဆို​တော့ကာ ………..

Leave a Reply