အဏုစိတ်ရသ

warsojulyMarch 19, 20161min26717

ဆောင်းတွင်းဘက်ပုံထွက်မရိုက်ဖြစ်တာရယ်
ကင်မရာSensorဖုန်တက်နေတာမဆေးရသေးတာရယ်နဲ့
အတော်ကြာဘာမှသိပ်မရိုက်ဖြစ်ဘဲ…
ခုရက်ပြန်ရိုက်ဖြစ်တာတွေထဲက.

ဘုရားပန်း
ဘုရားပန်း

နေမကောင်းလို့ရုံးမတက်ဖြစ်တဲ့တစ်ရက်..
ပျင်းပျင်းနဲ့အိမ်မှာမရှိရှိတာရှာကြံရိုက်မိ

 

ဘုရားပန်းပေါ် စပရေးဘူးလေးနဲ့ရေဖျန်းပြီးရိုက်
တွဲရရွဲ..

အပေါ်ကဘုရားပန်းပဲ..
စပရေးဘူးထဲကရေလေးနဲနဲဖျန်းကြည့်ပြီးရိုက်

 

လမ်းဘေးကပန်း
လမ်းဘေးကပန်း

ထွေထွေထူးထူးမရှိ…
အဲဒီပန်းကိုနှစ်တိုင်းလိုလိုရိုက်ဖြစ်တယ်..
ဘာရယ်တော့မဟုတ်

 

Hoverfly & Sakura
Hoverfly & Sakura

ဆာကူရာကိုဘယ်လိုဖမ်းရင်ကောင်းမလဲစဉ်းစားနေတုန်း..
သူရောက်လာတော့သူပါထည့်ဖမ်းပစ်လိုက်တယ်..
Burnသွားတယ်…
အဲဒါနဲ့ပဲ…Post-ProcessingမှာပိုBurnအောင်လုပ်တယ်..
(လွယ်တော့မလွယ်ဘူး..စွတ်လုပ်ရတာပေ့ါ.. :D)

 

လေပြည်သယ်ရာလား.. ဖြုတ်ခနဲဆိုကြွေဆင်းသွား... မမြဲခြင်းပေလား.... ------------------------------------ ၅-၇-၅ ဟိုက္ကူတစ်ပုဒ်လောက်စပ်ကြည့်တာပေ့ါ.....
လေပြည်သယ်ရာလား..
ဖြုတ်ခနဲဆိုကြွေဆင်းသွား…
မမြဲခြင်းပေလား….
————————————
၅-၇-၅ ဟိုက္ကူတစ်ပုဒ်လောက်စပ်ကြည့်တာပေ့ါ…..

 

ရွာထဲရောက်.ပို့စ်တစ်ခုတင်..လနဲ့ချီပြီးပျောက်သွား..
ဘာမှထွေထွေထူးထူး…အသိနဲ့ပတ်သတ်ပြီးမရေးတတ်ပေမယ့်
ကိုယ်သိသလောက်…ရသလေးတွေ..တစ်ခုခုတော့ရမယ်မျှော်လင့်မိ…

17 comments

  • kai

    March 20, 2016 at 5:49 am

    ဆကူရာပုံတော့ ဆန်းလို့ကြိုက်တယ်..။
    ဘယ်နှာ့… ဘီးမျက်လုံးပေါ်တောင်.. ဝတ်မှုံတွေကြွေလို့…။

    • warsojuly

      March 21, 2016 at 6:02 am

      တစ်ခါတစ်လေလည်း..အဲဒီလို..ကံစွပ်ပြီး.ရတတ်တာ..အဟီး.

  • ခင်ဇော်

    March 20, 2016 at 6:39 am

    အတော် မိုက်တယ် လို့ပဲ ပြောနိုင်တော့တယ် ဆရာ..
    🙂

    • warsojuly

      March 21, 2016 at 6:03 am

      ကျေးဇူးပါ..ဆရာတော့မဟုတ်ပါဘူးခင်ဗျ..

  • ဦးကြောင်ကြီး

    March 20, 2016 at 9:32 am

    ဝါဆိုဂ ျူ လိုင်
    နှာယိုသူပြိုင်
    ကညှာပ ျိုအူစိုင်
    ဘာမဆိုလှူ နိုင်

    • warsojuly

      March 21, 2016 at 6:31 am

      မဟုတ်တော့ဘူးလားဗျ…..

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 20, 2016 at 10:40 am

    ကြိုက်ဒယ် ခိုက်ဒယ် မိုက်ဒယ်

    • warsojuly

      March 21, 2016 at 6:22 am

      မတောက်တခေါက်လေးပါခင်ဗျ..

  • Ma Ma

    March 20, 2016 at 6:49 pm

    ဆရာကြီးတစ်ပါးပါပေတကားးးးးးး

    • warsojuly

      March 21, 2016 at 6:05 am

      ဆရာကြီးမဟုတ်ရပါကြောင်း..
      တကယ့်ဆရာတွေမြင်ရင်..ရယ်နေကြလိမ့်မယ်ဗျ..

  • Foreign Resident

    March 21, 2016 at 2:45 am

    ဓါတ်ပုံ တွေ ကတော့ ရှယ်ဘဲ ။
    တဖြေးဖြေး နှင့် ကိုယ့်ဘာသာကိုယ် ရှက်လာပြီ ။
    DSLR ကိုင်လာတာဘဲ အိုသေတော့မယ် ၊
    အခုထက်ထိ Auto နှင့်ဘဲ ရိုက်တတ်သေးတယ် ။

    ဒါတောင် မရှက် မကြောက် Full Frame ( Canon 5Ds R ) ဝယ်ဖို့ ၊
    ဈေးမေးလိုက် သွားကြည့်လိုက် နှင့် စိတ်ကူးယဉ်နေမိသေးတယ် ။

    ဒီလို ဓါတ်ပုံမျိုးတွေ မြင်ရတာ ၊ ရှက်တောင် ရှက်လာပြီ ။

    • warsojuly

      March 21, 2016 at 6:19 am

      အဲဒီလောက်ကြီးတော့မဟုတ်ရပါဘူးဗျာ..
      ကျနော်လည်းသူများပုံတွေကြည့်ရင်တစ်ခါတစ်လေရှက်ပြီးရိုက်ချင်စိတ်ပျောက်တာမျိုးလည်းရှိတတ်တာပါပဲ..(ဘယ်သူမဆိုဖြစ်မှာပါပဲ)
      တစ်ခါတစ်လေအမြန်ရိုက်ရတာမျိုးဆိုAutoနဲ့ရိုက်တာလည်းမမှားပါဘူး(ပြန်မရနိုင်တဲ့တစ်ချို့အခိုက်အတန့်လိုဟာမျိုးကိုရုတ်တရက်ကြုံလာတဲ့အခါမျိုး)
      ကျနော်ထင်မြင်တာလေးအကြံပြုရရင်Exposure Triangle(Aperture/ShutterSpeed/ISO)နားလည်အောင်လုပ်ပြီးရင်
      P Mode,AV Mode,TV Modeတို့နဲ့စမ်းရိုက်ကြည့်ပါလား..
      အဲဒါတွေနဲ့အဆင်ပြေလာရင်Manualနဲ့ဆက်ချ..resourcesတွေထဲကတစ်ခုညွှန်လိုက်မယ်..
      http://digital-photography-school.com မှာရှာဖတ်..စမ်းရိုက်..လျောက်မေး…ကင်မရာကိုလဲများများသာကလိ..

  • uncle gyi

    March 21, 2016 at 3:40 pm

    ဓါတ်ပုံကိုဖလင်ခေတ်ကတည်းကစရိုက်လာတာအပေ ျာ်တမ်းမှတ်တမ်းအဆင့်
    ပြိုင်ပွဲဝင်ဖို့ဆိုတာလဲငွေကရှိအုန်မှ
    ဒီဂ ျစ်တယ်ခေတ်ရောက်တော့ပေါပေါရိုက်နိုင်ပါရဲ့
    အခ ျိန်ကမပေးနိုင်တော့
    တန်သမှ ျပေါ့လေနော်

  • Thint Aye Yeik

    March 25, 2016 at 9:41 am

    အသက်ရှူဖို့တောင် မေ့သွားတယ်
    ပုံတွေကို တအံ့တဩ ငေးကြည့်မိ. . .

  • Shar Thet Man

    June 15, 2017 at 4:47 pm

    တွဲရရွဲပုံကို အကြိုက်ဆုံးပဲ

  • Shar Thet Man

    May 10, 2018 at 2:20 pm

    ရေစက်လေးတွေပေါ်နေတာလေးအကြိုက်ဆုံးပဲ

Leave a Reply