သေချာမှုထဲက မရေရာသော အလွမ်း

Kabyar Phyu PhyuMarch 20, 20161min1768

○ ၈နှစ်ကျော်တွဲခဲ့တဲ့လက်တွေရဲ့ နွေးထွေးမှုတွေက ခုချိန်မှာ အေးစက်သွားတာ သူမရဲ့ချွဲ့နွဲ့တဲ့ အသံလေး တစ်ခုတည်းကြောင့်လား မောင်။

ကျွန်မတို့ရဲ့ သံယောဇဉ်တွေက ကမ်းစပ်က သဲတွေလို အလွယ်တကူ တိုက်စားခြင်းခံခဲ့ရတာလား။

 

○ မောင်ကတော့ မေ့နိုင်ပေမဲ့ ကျွန်မအတွက်တော့ အထိနာလှတယ်။

ကျွန်မလည်း မောင့်လို မေ့နိုင်ချင်တယ်။ တခါတခါ မောင်ကို ယောင်ရမ်းတမ်းတမိလို့ ကျခဲ့တဲ့မျက်ရည်တွေအတွက် ကျွန်မနှလုံးသားက သက်သေတည်တယ်။

မောင်နဲ့ဆုံနိုင်ခွင့်ကို အိပ်မက်ထဲထည့်မက်ချင်ရင်တောင် ကျွန်မအိပ်မက်တွေက ကယောင်ချောက်ချားနိုင်လွန်းတယ်။

 

○ အချစ်တွေက ထပ်တူမညီခဲ့လေသလား … ကျွန်မက မမူနွဲ့ခဲ့လို့လား။ မောင် ကျွန်မဘဝကို ခါးသက်စေခဲ့တယ်။

 

○ မောင့်ကို ပြင်းပြင်းရှရှလွမ်းနေရတာကိုက နာကျင်ခံပြင်းစရာကောင်းတယ်။ အလွမ်းတွေကလည်း တဖက်သတ်ဆန်လွန်းတယ်။

ကျွန်မလည်း မမှားပါပဲနဲ့ ကံတရားရဲ့အမှားက ရူးကြောင်ကြောင်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ မောင့်ကို သတိရနေတုန်းပဲ။

 

○ မောင့်မှာ ရွေးချယ်ခွင့်ရှိတယ်ဆိုရင် ကျွန်မမှာလည်း လွမ်းနေခွင့်တော့ ရှိတယ်မလား မောင်။ ခေတ်သစ်မိန်းမတစ်ယောက်အတွက် အချစ်က မရှားပေမဲ့ သစ္စာတရားကတော့ ရှားပါးတယ်။

ကျွန်မရဲ့သစ္စာတရားကတော့ မောင့်အတွက် အသုံးမဝင်ခဲ့ဘူး။

 

○ အခုထိ အချစ်ရဲ့ဖြားယောင်းမှုအောက်မှာ မောင့်ကို လူမသိသူမသိ လွမ်းနေရတာကိုက ကျွန်မရဲ့ ယိုင်နဲ့နဲ့ မျှော့်လင့်ချက်ပါ။

 

○ တစ်ကြိမ်တခါလောက်တော့ မောင့်ကိုပြန်တွေ့ချင်သေးတယ်။

မောင့်ကို ချစ်နေတုန်းမို့ လွမ်းနေတာလား …. မိန်းမတစ်ယောက်ရဲ့မာန ထိရှသွားလို့ ခံပြင်းနေတာလား … ကိုယ့်ကိုယ်ကို သေချာချင်ရုံသက်သက်ပါ။


 

8 comments

  • kai

    March 20, 2016 at 5:41 pm

    သေချာချင်ယုံသက်သက်နဲ့တော့ မရေရာတာကို မရင်းနဲ့ပေါ့…။ :k:

  • ခင်ဇော်

    March 21, 2016 at 12:13 pm

    အဲ။
    အပေါ်ကလူကြီးပြောတဲ့ အတိုင်းပဲ။
    လိုက်နာဖို့မလွယ်ပေမဲ့ ပြောပါရစေ။
    ဒီလိုအချိန်ဆိုဘာမှမလုပ်ပဲနဲ့ ငြိမ်နေလိုက်တာ အကောင်းဆုံးပါ။

    :k:

    ရေးထားတာလေးကတော့ ခံစားချက်ကို ဖော်ပြနိုင်ပါတယ် ခည။

    🙂

  • uncle gyi

    March 21, 2016 at 3:05 pm

    မရေရာတာတွေမှေ ျာ်လင့်နေရင်
    ရေရာတာတွေလွင့်ပါးကုန်မယ်

  • ကိုယ့်ကို ချစ်တဲ့သူတစ်ယောက်ကို ပြန်ချစ်မိသွားရင် အရာရာဟာ အိပ်မက်လို ပြန်ဖြစ်သွားပါလိမ့်မယ်. . .

  • Kabyar Phyu Phyu

    March 22, 2016 at 10:22 am

    အဟီး .. စိတ်ကူးယဉ်ပြီး ရေးထားတာပါလို့ … 🙂

  • Thint Aye Yeik

    March 23, 2016 at 10:55 am

    ချစ်ရင်ရအောင်ယူ(ခွက်ဒစ် သူကြီး)
    မုန်းရင် သေအောင်သတ် (ပုံ ကျနော်)

    :k:

  • Foolish Girl

    October 13, 2016 at 5:13 pm

    ဟိုက်ရှားဘား တကယ်ထိတာ

    …အချစ်တွေက ထပ်တူမညီခဲ့လေသလား … ကျွန်မက မမူနွဲ့ခဲ့လို့လား။ မောင် ကျွန်မဘဝကို ခါးသက်စေခဲ့တယ်။
    …ကျွန်မရဲ့သစ္စာတရားကတော့ မောင့်အတွက် အသုံးမဝင်ခဲ့ဘူး။
    …မောင့်ကို ချစ်နေတုန်းမို့ လွမ်းနေတာလား …. မိန်းမတစ်ယောက်ရဲ့မာန ထိရှသွားလို့ ခံပြင်းနေတာလား …

Leave a Reply