​ပြေးလမ်​းတစ်​ခု​ပေါ်က အ​တွေး

naywoon niMarch 21, 20161min1292

​ပြေးလမ်​းတစ်​ခု​ပေါ်က အ​တွေး

ွဘဝဟာ
ဇာတ်​ညွှန်​း​ရေးသူအလိုကျ
အကန်​့လိုက်​ အကန်​့လိုက်​
နံပါတ်​စဉ်​တပ်​ထားတဲ့
ဇာတ်​ညွှန်​းတစ်​ပုဒ်​မဟုတ်​ဘူး ။
ဘဝဟာ
သူသူငါငါ အားပြိုင်​တဲ့ ဂိမ်​းကစားနည်​းတစ်​ခု ဆိုရင်​
လိုချင်​တာ ရယူခွင်​နဲ့
မလိုချင်​တာငြင်​းပယ်​ခွင်​့ ရှိရမှာ​ပေါ့ ။
ငါ့ မှာ​တော့
ဘဝမှာ
မလိုချင်​တာ​တွေ ငြင်​းပယ်​​နေရင်​း
လိုချင်​တဲ့အရာ​တွေနဲ့
လွဲခဲ့ရတာ ဘယ်​သူမှမသိလိုက်​ကြဘူး ။
ဘဝမှာ
မဖြစ်​ချင်​တာ​တွေ ​ရှောင်​ရှားရင်​း
ဖြစ်​ချင်​တဲ့အရာ​တွေနဲ့
​ဝေးကွာသွားတာလဲ လူသိနဲခဲ့ ။
ခရီးထက်​ဝက်​​ကျော်​မှ
​နောက်​ပြန်​လှည်​့ကြည်​့လိုက်​​တော့
​ရေဘူးလည်​းမပါ
ဘိနပ်​ကလည်​း ဗလာ
ထီးဆိုတာလည်​း နတ္ထိ
​ရှေ့ဆက်​​လျှောက်​​နေတဲ့ ​ခြေလှမ်​း
ရပ်​ပစ်​လို့ကလည်​းမဖြစ်​
လှမ်​းနိုင်​သ၍​တော့
​ရှေ့ဆက်​ကာလှမ်​းဦးမယ်​​ဟေ့ ။

​နေဝန်​းနီ
11:30
2016 Mar 20

2 comments

  • Thint Aye Yeik

    March 23, 2016 at 10:59 am

    .ခြေထောက်ရယ် လမ်းရယ် ရှိနေသ၍ ဆက် လျှောက်ရမှာပဲ
    ရပ်လိုက်လို့တော့ ဘယ်ဖြစ်မလဲ နော့

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 24, 2016 at 9:35 pm

    ဒဂါဂျီး

    မနက်တိုင်း မနက်တိုင်း ဦးပဇင်း ဂျီးဒေါ်ကြီး ကုန်စုံဆိုင်မှာ
    ရေဘူး ထီး ဖိနပ် အလိုရှိသလောက်ယူ၍ ကျသလောက်သာ
    ပေးချေခဲ့ပါလျင်
    ဒဂါဂျီး ရဲ့ ပြေးလမ်းတွေ ဆင်ပြေ ချောမွေ့မည်မှာ
    မလွဲအေကန် မုတ်ချ အမှန် ပင် ဖြစ်ချေတော့သည် ဒဂါဂျီး

Leave a Reply