မချောကို ပြောလိုက်

ko sixMarch 22, 20161min18713

ခေတ်ထဲ
ညှို့ချက်ပြင်းပြင်းနဲ့ ပေါက်ဖို့
ကိုယ်ကျင့်တရားကို
အောက်ဈေးနဲ့ဖွင့်ချလိုက်ပြီဆို။
မချောကိုပြောလိုက်
ရုပ်ကတော့ ၁၆ ပဲရည်အပြည့်
စိတ်ဓာတ်က
ပေမမီကိုက်မမီ ထိုးသိပ်ထားမှတော့
ပန်းဆိုးတန်းသီချင်းကို
ငြီးတတ်တာ အဆန်းလား။
မချောကို ပြောလိုက်
ဒုက္ခက
ဆားနဲ့တိုးစားရုံနဲ့ အချဉ်ပြေတာမဟုတ်ကြောင်း။
မချောကို ပြောလိုက်
စာရိတ္တဆိုတာ
သုံးမိနစ်စောင့်ရုံနဲ့
စိုထိုင်းလာတာမဟုတ်ဘူး။
မချောကိုပြောလိုက်
ကိုစစ်ဆိုတာ
သံပုရာသီးသည်ရဲ့သားပါကွာဆိုပြီး
ချဉ်ချင်လည်းချဉ်ပေါ့။
ဓာတ်လိုက်ပြီဆိုမှ
ပလပ်ခေါင်းဖြုတ်လို့မရတော့ဘူးဆိုတာ
မချောကို ပြောဖြစ်အောင် ပြောလိုက်နော့။
ကိုစစ်

13 comments

  • naywoon ni

    March 22, 2016 at 12:26 pm

    ဟုတ်​ကဲ့ဗျ ာ​တွေ့ရင်​​ပြောလိုက်​ပါ့မယ်​ ဒါနင်​့ မ​ချောက ဘယ်​မှာ​နေတာလဲ သိချင်​သား 🙂

  • ko six

    March 23, 2016 at 6:56 am

    မချောက
    လိပ်စာပေးမထားဘူးဗျ။
    ဒီတစ်ခါ
    မဏ္ဍပ်မှာတွေ့ရင်
    ဖေ့ဘုတ် အကောင့်ချင်းအပ်ထားလိုက်မယ်။
    ငိငိ

  • Thint Aye Yeik

    March 23, 2016 at 11:01 am

    ပန်းဆိုးတန်းသီချင်းဆိုတာကို ကြားလည်း ကြားချင်တယ်
    .ကြားလည်း မကြားရဲဘူး။

    :k:

    • ko six

      March 24, 2016 at 9:11 am

      မွန်ဗမာကပြားလေးက ပန်းဆိုးတန်းသီချင်းကို နားထောင်ချင်တာလား။
      ရန်ကုန်ဘယ်နေရာမဆို နားထောင်းလို့ ရပါဂျောင်း

      • Thint Aye Yeik

        March 24, 2016 at 11:14 am

        ရခိုင်-ဗမာ ကပြား လို့တော့ ထားလိုက်

        :k:

        • ko six

          March 25, 2016 at 8:05 pm

          စောတီးပါဗျာ။ထာရလိုက်ပါ့မယ်

  • ဝင့်ပြုံးမြင့်

    March 24, 2016 at 12:30 am

    ကဗျာက မိုက်လှချည်လား 🙂

    • ko six

      March 24, 2016 at 9:11 am

      အာ့လိုမြှောက်တော့ မြောက်ပီပေါ့

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 24, 2016 at 9:44 pm

    မချောတော့ မသိဘူး ကိုချောတော့ ရှိတယ်
    မူးပြီး အိပ်ပျော်နေတယ်

    • ko six

      March 25, 2016 at 8:06 pm

      ဦးချောဆိုတော့ နောက်မကြမ်းလို့ပေါ့နော့

  • ဦးကြောင်ကြီး

    March 26, 2016 at 2:13 am

    မခေ ျာ လာဘ်ပေါ ယက်ထော ဇတ်မြော..

    • ko six

      April 8, 2016 at 11:30 pm

      ဟုတ်သလိုလို

Leave a Reply