ငယ်ငယ်တုန်းရခဲ့တဲ့ သင်ခန်းစာ

Kabyar Phyu PhyuMarch 22, 20161min2018

ကျွန်မ ၁ဝတန်းတုန်းကပေါ့..

မျှော်လင့်ချက်က ဘာလဲဆိုရင် သချင်္ာမှာ အမှတ် ၁၀ဝ အပြည့် ရချင်တာပါ…

 

စာမေးပွဲဖြေတော့ ပထမ ၂၅ မှတ်ဖိုး Multiple Choice ဖြေတယ် အိုကေတယ်..

၃ မှတ်တန် ၅ပုဒ် ဖြေတော့ ၁ပုဒ်က လုံးဝမရဘူး…

 

အဲမှာ ငါ ၉ရ မှတ်ပဲရတော့မယ် ဆိုပြီး အာရုံထွေးပြား အရှုံးကို တည်တည်ငြိမ်ငြိမ် ရင်မဆိုင်မိတော့ ကျန်တဲ့ ၅ မှတ်တန်တွေပါမှားပြီး … ၈၂ မှတ်နဲ့ပဲ ဂုဏ်ထူးထွက်ခဲ့တယ်…

 

စာမေးပွဲခန်းထဲက ထွက်တာနဲ့ ငိုလည်းငိုရတယ်..

ဒီနှစ်ကိုဖြတ်ချပစ်မလားလို့တောင် တွေးခဲ့တယ်…

 

ကျွန်မ သင်ခန်းစာ ရသွားတာကတော့ …

လူတစ်ယောက်ဟာ ဘဝမှာ အရှုံးကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ မရင်ဆိုင်နိုင်ရင် ကိုယ့်ရမဲ့အခွင့်အရေးတောင် ကိုယ့်ရှိပြီးသားအရည်အချင်းတောင် လက်လွတ်ဆုံးရှုံးနိုင်တယ် ဆိုတာပါပဲ…

 

အဲဒီအချိန်ကစပြီး ကျွန်မဟာ အရှုံးတွေကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်အောင် စိတ်ကို practice လုပ်ခဲ့တယ်…

အကုန်လုံး မအောင်မြင်ပေမဲ့လို့ တော်တော်များတော့ အောင်မြင်ခဲ့တယ်…

 

ဘဝမှာ အရေးကြီးဆုံးက ကိုယ့်စိတ်ပါပဲ…

ကိုယ့်ရဲ့ရှုံးနိမ့်မှုတိုင်းက ကိုယ့်ကြောင့်သာဖြစ်တယ်…

 

သင့်ဘဝမှာ အရှုံးတွေ ခဏခဏ ကြုံနေရရင်တော့ ဖြေရှင်းဖို့ နည်းလမ်းမြန်မြန်ရှာပါ…

သင့်အရှုံးက သင့်ရဲ့အောင်မြင်မှုအတွက် အဖြေပါ…

 

☆ ဘဝထဲကနေ ဘာတစ်ခုမှ သင်ခန်းစာ မယူတတ်ရင်တော့ သင်အောင်မြင်နေလည်း အရှုံးသမားပါပဲ ☆

8 comments

  • ခင်ဇော်

    March 22, 2016 at 11:10 am

    အင်မတန်ကောင်းတဲ့ အတွေ့အကြုံနဲ့
    ကိုယ့်ကိုယ်ကို သိမြင်မှုပါ။
    ချီးကျူးပါတယ်။
    🙂
    တချို့က ဘယ်လောက်ပဲ အတွေ့အကြုံ စုံစုံ အဲဒီကနေ ကိုယ့်အတွက်ကို သင်ခန်းစာယူပြီး မပြုပြင်နိုင်သရွေ့
    အသက်ကြီးပြီး အချိန်မစီးတာပဲ အဖတ်တင်တာပါပဲ။

  • Thint Aye Yeik

    March 23, 2016 at 10:58 am

    ”အတွေ့အကြုံတိုင်းဟာ သင်ခန်းစာပဲ”
    (ဆရာတော် ဦးဇောတိက-မဟာမြိုင်တောရ)

    အဲ့စကားအတိုင်း လက်ခံထားသူမို့ ဒီပိုစ့်ရဲ့ ဆိုလိုချက်ကိုလည်း သဘောတူ သဘောကျပါကြောင်း

  • အယ်.. တူလိုက်တာ…
    ၁ဝ တန်းတုန်းက သင်္ချာကို အဲဒိလိုဖြစ်ခဲ့ဖူးတယ်.. စာမေးပွဲခန်းထဲကနေ မျက်နှာအပျက်ပျက်နဲ့ ထွက်လာတာ… အိမ်တောင်မရောက်သေးဘူး.. ချုံးပွဲချငိုတာပဲ…

    အမှန်အတိုင်းပြောရင် အရှုံးကို သိပ်လက်မခံနိုင်သေးတာ ခုချိန်ထိပဲ… :k:

    • Kabyar Phyu Phyu

      March 24, 2016 at 5:22 pm

      နောက်တစ်ခါ မရှုုံးဖို့ပဲ လိုတယ် … ခဏခဏ ပြန်စဉ်းစားလို့ မကောင်းတဲ့အရာတွေထဲမှာ အရှုံးတွေလည်းပါတယ် .. 🙂

  • uncle gyi

    March 24, 2016 at 3:36 pm

    အခ ျို့ကအရှုုံးကိုသင်ခန်းစာမယူလဲအောင်မြင်နေတဲ့သူတွေရှိတယ်
    အခုအထိပေါ့လေ

    • Kabyar Phyu Phyu

      March 24, 2016 at 5:23 pm

      ကံကောင်းသူတွေပေါ.

  • ဦးကြောင်ကြီး

    March 26, 2016 at 2:06 am

    ကြောင်သားစားဖူးလား ကဗ ျာဖြူ ဖြူ …

Leave a Reply