ငါတို့က “ဝက်​” ​တွေမဟုတ်​ကြဘူး

naywoon niMarch 22, 20161min1508

ငါတို့က “ဝက်​” ​တွေမဟုတ်​ကြဘူး

ညက​ရေးတဲ့ကဗျာ
ဒီက​နေ့မနက်​မှာ
မလတ်​ဆတ်​​တော့ဘူး ။
( အ​ပြောင်​းအလဲ​တွေများလွန်​းလို့ )
ညက တက်​တဲ့သတင်​း
ဒီ​နေ့ မနက်​မှာ
ဘယ်​သူမှစိတ်​မဝင်​စား​တော့ဘူး ။
( အဖြစ်​အပျက်​​တွေက မြန်​ဆန်​လွန်​း​နေတယ်​ )
ညက ချက်​တဲ့ထမင်​း
ဒီက​နေ့မနက်​
စားမဖြစ်​​တော့ဘူး ။
(ရာသီဥတု သိပ်​ပူပြင်​း​နေတယ်​ )
ညက​ရေးတဲ့ ကဗျာ
ပြတိုက်​ဝမှာ
ဝင်​ခွင်​့ရဖို့တန်​းစီလို့ ။
ညကကြားတဲ့သတင်​း
သမိုင်​းစာအုပ်​ရှေ့မှာ
မှတ်​​ကျောက်​အတင်​ခံလို့ ။
ညကချက်​တဲ့ ထမင်​းက​တော့
ဝက်​စာ အိုးထဲ
ပက်​ကနဲ​ရောက်​ သွန်​ပစ်​လိုက်​ပြီ ။
ပြတိုက်​နဲ့ သမိုင်​းစာအုပ်​က​တော့
လူ့အဖွဲ့အစည်​း အ​ကြောင်​း​ပြောပြလိမ်​့မယ်​ ။
ဝက်​​တွေက​တော့
​ချေးကျရာမှာ
​ပျော်​လို့ …….. ။။

​နေဝန်​းနီ
6:40 PM
2016 Mar 22

8 comments

  • kai

    March 23, 2016 at 5:35 am

    လူလည်းလူ ဝက်လည်းဝက်..
    ရွှေနဲ့စက်တဲ့တန်ဖိုးကို
    အဆီအသားတထပ်စီတွေ့မှ နင်သိမယ်..။
    အဲဟို.. ကိုလက်စရောတော့ မပါနဲ့ပေါ့…။

    • naywoon ni

      March 23, 2016 at 9:28 pm

      ငပိ လုပ်​တာမမြင်​ရ​တော့ ဟို ငပိ​လေးက ​ကောင်​းတယ်​ ဒီငပိက ​အရသာ တစ်​မျိုး​ပေါ့​လေ ။ ဝက်​ခြံ​တွေနား ​နေလာရ​​တော့လည်​း ဝက်​သား စားချင်​စိတ်​မရှိ 🙂

  • ခင်ဇော်

    March 23, 2016 at 6:44 am

    နာ ဒို့ အားးလုံးး သည်
    ဝက်သားးဒုတ်ထိုးးများးသာာာာ
    ရှလွတ်..!!!!
    ??

  • Thint Aye Yeik

    March 24, 2016 at 8:22 am

    ဂဘာကြီးက ရွာ ဖြစ်သွားပြီးတဲ့နောက်. . .ဒန်တန့်တန်

    :k:

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 25, 2016 at 3:00 pm

    ထင်သားပဲ
    မဟုတ်လောက်ပါဘူးလို ့

  • ဦးကြောင်ကြီး

    March 26, 2016 at 2:14 am

    ဝက်မဟုတ် ငှက်စုတ် တက်လုပ် ဇက်ပြုတ်..

Leave a Reply