ဒြပ်​မဲ့ ဗိုင်​းရပ်​

naywoon niMarch 22, 20161min1477

ဒြပ်​မဲ့ ဗိုင်​းရပ်​

ဗိုင်​းရပ်​ လို့ ​ခေါ်ပြီးမှ အ​ကောင်​အထည်​မရှိဘူးလားလို့ မ​မေးလိုက်​ပါနဲ့ ။ အဲ့ဗိုင်​းရပ်​ က အ​ကောင်​အထည်​မရှိပါဘူး ။ ပြီး​တော့ ဘယ်​ဓာတ်​ခွဲခန်​းမှာမှ မရှာ​ဖွေနိုင်​ပါဘူး ။ အ​ကောင်​အထည်​မှ မရှိဘဲ ။ သို့​ပေမဲ့ ​နေဝန်​းနီ တို့အနီးအနားမှာ လူမှုကွန်​ယက်​​ပေါ်မှာက​တော့ အဲ့ဒိ ဗိုင်​းရပ်​ ကူးစက်​ခံထားရသူ​တွေ ​တွေ့နိုင်​ပါတယ်​ ။ ဟုတ်​ပါတယ်​ ။အရက်​ ​ဆေးလိပ်​ မူးယစ်​​ဆေး စွဲသူ​တွေက ဖြတ်​ဖို့ ​ဆေးရုံ​ဆေးခန်​းရှိပါတယ်​ ။ ကုသ​ပေးမဲ့ ဆရာဝန်​ သူနာပြုလည်​း ရှိပါတယ်​ ။ ဒီဗိုင်​းရပ်​ ကူးစက်​ခံရသူ​တွေအဖို့ ဘယ်​​ဆေးရုံ​ဆေးခန်​းကမှ လက်​ခံကုမှာမဟုတ်​ပါဘူး ။ ဘယ်​ဆရာဝန်​ကမှလည်​း ကုမ​ပေးနိုင်​ပါဘူး ။ ” ဒါ ​ရောဂါ မဟုတ်​ဖူး ” လို့ပဲ ​ပြောပါလိမ်​့မယ်​ ။ ဟုတ်​တယ်​​လေ ။ ဒီဗိုင်​းရပ်​ အကူးစက်​ခံရသူဟာ နာဖျား​နေတာလည်​း မ​ဟုတ်​ ။ ​အော့အန်​​နေတာလည်​းမဟုတ်​ ။ သာမာန်​သူ​တွေလို လှုပ်​ရှားသွားလာ ​နေနိုင်​တာပဲ ။ အစားအ​သောက်​လည်​း မပျက်​ ။ ဘယ်​ ECG အာထရာ​ဆောင်​းမှာမှလည်​း ​ပေါ်တာမှမဟုတ်​ ။ ဆရာဝန်​​တွေ ကုသနိုင်​တဲ့ ​ရောဂါမှ မဟုတ်​​ပေပဲ ။ စကား​ပြောကြည်​့မှ ဒီလူ ဒြပ်​မဲ့ ​ဗိုင်​းရပ်​ ကူးစက်​ခံထားရတယ်​ဆိုတာသိသာတာ ။ ( မျက် ​စေ့လည်​ကုန်​ကြပြီ မဟုတ်​လား ဘာကို​ပြောချင်​လို့ သိုင်​းဝိုင်​း​နေတာလဲ စဉ်​းစားမရဖြစ်​ကုန်​ပြီလား ငါကွ ​နေဝန်​းနီ ) ဒီဗိုင်​းရပ်​ အကူးစက်​မခံရ​အောင်​ နိုင်​ငံ​တော်​ကို စီမံအုပ်​ချုပ်​​နေသူများကသာ ကာကွယ်​တားဆီး​ပေးနိုင်​ပါတယ်​ ။ ကူးစက်​ခံထားရသူ​တွေကိုလည်​း အစိုးရကပဲ ကုသ​ဖြေရှင်​း​ပေးနိုင်​ပါတယ်​ ။ ကုန်​လွန်​ခဲ့တဲ့ အစိုးရသက်​တမ်​းမှာ​တော့ ဖုတ်​​လေတဲ့ငပိ ရှိတယ်​လို့​တောင်​ အထင်​မခံရရှာပါဘူး ။ အစိုးရနဲ့ သက်​ဆိုင်​ရာ ဝန်​ထမ်​း တစ်​ချို့​ကြောင်​့ ဗိုင်​းရပ်​က ပို​တောင်​အား​ကောင်​းလာ​သေးတယ်​ ။ တခါတရံမှာ ​ဆေးမြီးတို ကုသချက်​​တွေဟာလည်​း မီး​လောင်​ရာ​လေပင်​့ ဗူး​လေးရာ ဖရုံဆင်​့ ဆိုသလို ​ရောဂါတိုး​အောင်​ ဆွ​ပေး​နေသလို ဖြစ်​ခဲ့ရပါ​သေးတယ်​ ။ ​နောက်​လာမဲ့ အစိုးရ လက်​ထက်​မှာ​တော့ ဒီဗိုင်​းရပ်​ ကို ကုသချက်​မှန်​မှန်​နဲ့ ကာကွယ်​နှိမ်​နင်​း​ပေးနိုင်​ပါ​စေလို့ ဆု​တောင်​းရမှာပဲ ။ ဒီစာကို ​ရေး​နေသူကြီးကလည်​း အဲ့ဒိ ဗိုင်​းရပ်​ ကူးစက်​ခံရသူကြီးပါလို့ ဆိုရင်​ ခင်​ဗျားတို့ မအံ့ဩကြပါနဲ့ ။ 🙂

​နေဝန်​းနီ
10:43 PM
2016 Mar 22

7 comments

  • kai

    March 23, 2016 at 5:39 am

    ဟုတ်ပါ့…
    ဒစ်ဂျစ်သညာနဲ့ဖြစ်တည်တဲ့ ဗိုင်းရပ်…
    ကွန်ပျူတာကို ကူးစက်ရင်ဖြင့်.. ကြည့်ချင်ချင်မကြည့်ချင်ချင်… ကြည့်စေချင်တာတွေကြည့်ရတာပဲ..
    အဲဟို.. ချွတ်ထားတဲ့ကောင်မလေးတွေပုံတွေ အပါအဝင်ပေါ့…။

    ကွန်ပျုတာကို ဗိုင်းရပ်ကိုက်လိုက်လို့ ပေါ်လာတယ်ပြောကြတာပဲ…
    ဒြပ်မရှိ..ကိုက်တော့ ကိုက်တတ်သား..။ :k:

    • naywoon ni

      March 23, 2016 at 7:33 pm

      အင်​း​ပေါ့​လေ မြန်​မာပြည်​နဲ့ ကင်​းကွာ​နေတာကြာြပြီဆို​တော့ ​ပေါ့​ပေါ့​လေး ​ပြောနိုင်​ပြ်ီ​ပေါ့ သူကြီးရယ်​ 🙂

  • ခင်ဇော်

    March 23, 2016 at 6:42 am

    အာ့ဆွင် ဥနီမှာ
    ကူးစက်ရောဂါဖစ်နေဘီ လို့ ဖွလိုက်တော့မီနော်,.

    ??

  • Thint Aye Yeik

    March 24, 2016 at 12:22 pm

    ဒါ ဥုံဖွ ပျောက်စေ ဘာညာသာလကာ ရွှီရွှမ် လုပ်တတ်တဲ့ ဘိုးတော်တွေ နတ်ကတော်တွေ ကုမှ ရမယ့် ရောဂါပဲ ဖြစ်မယ်

    :k:

    • naywoon ni

      March 24, 2016 at 9:17 pm

      အဲ့ဘိုး​တော်​ နတ်​က​တော်​တင်​်​လား အကြားအမြင်​​တွေ​ကော တစ်​ချို့ ဘုန်​းကြီး​တွေပါ အဲ့ဗိုင်​းရပ်​ စွဲလို့ သင်္ကန်​း​တွေ​ပေါင်​ဘာ​တွေ​ပေါင်​နဲ့ 🙂

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 25, 2016 at 3:08 pm

    နာကတော့ လောင်းစရာမရှိ အုနီကိုပဲ လေဖြတ်အောင်လောင်းမကွာ ဒါဘဲ

Leave a Reply