Increasing your vocabulary – Professor Myo Kyaw Myint

kaiMarch 23, 20161min1564

“အင်္ဂလိပ်ဝေါဟာရကြွယ်ဝလိုသော် ” ဆောင်းပါးလေးကို ရေးလာခဲ့တာ ဘာလိုလိုနဲ့တစ်နှစ်ခွဲတောင်ကျော်လာခဲ့ပါပြီ။ အင်္ဂလိပ်စကားကို ထိထိမိမိလှလှပပခန့်ခန့်ငြား ငြားယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့ပြောနိုင်ဖို့၊ ရေးနိုင်ဖို့လေးတွေ phrasal verb လေးတွေ၊ Euphemism လေးတွေ အကြောင်းနှင့် အခြားသိကောင်းစရာ Expression လေးတွေအကြောင်း တော်တော်လေးပြည့်စုံအောင် ဖော်ပြခဲ့ပြီးပါပြီ။ နောက်လကစပြီး “အင်္ဂလိပ် သဒ္ဒါတက်ကျွမ်းလိုသော်”ဆိုတဲ့ အမည်နဲ့ သဒ္ဒါအကြောင်း သိသင့်သိထိုက်တာလေးတွေကို ဖော်ပြဖို့ ရည်ရွယ်ထားပါတယ်။ ယခုလမှာတော့ စာရေးသူသိပ်ကိုသဘောကျတဲ့၊ အတွေးလှပတဲ့ဝေါဟာရလေးတွေ expression လေးတွေကိုဖော်ပြခွင့်ပြုပါ။

ဦးစွာပထမ intimate နှင့် intimacy ဆိုတဲ့လှပတဲ့ ဝေါဟာရလေးတွေကို ကြည့်ကြရအောင်။ လူရယ်လို့ဖြစ်လာရင် Intimacy ကိုမကြောက်မှ လူသားပီပီပျော်ရွှင်ချမ်းမြေ့စွာနေနိုင်မှာဖြစ်ပါတယ်။
Those who are afraid of intimacy are condemned to live in loneliness. လို့ဆိုပါတယ်။
Intimacy ဆိုတာကတော့ လူပုံအလယ်မှာ ဆောင်းထားလေ့ရှိတဲ့ မျက်နှာဖုံး mask ကိုချွတ်ပြီး ကိုယ်နဲ့ရင်းနှီး တဲ့သူတွေ၊ ကိုယ့်ရဲ့အိမ်သူအိမ်သားတွေကို မိမိရဲ့ပင်ကိုယ်စိတ်၊ ပင်ကိုယ်သဘောထားကိုဖော်ပြဝံ့ခြင်းကို ဆိုလိုပါတယ်။
Have you ever been intimate with anyone ?
အဓိပ္ပါယ်ကတော့ တစုံတယောက်ကို မိမိရဲ့စိတ်ရင်းကိုဖော်ပြပြီး ဟန်ဆောင်မှုကင်းမဲ့စွာ ဆက်ဆံဘူးသလားပေါ့။

နောက်ထပ် အလွန်လှပတဲ့ပြောလို့အရသာရှိတဲ့ ဝေါဟာရလေးတစ်ခုကတော့ Insatiable ပါ။ Insatiable ဆိုတာ”အားကိုအားမရဘူး။ လိုအင်ဆန္ဒမပြည့်ဝသေးဘူး” ဆိုပါစို့။ ဥပမာ ..
I have an insatiable appetite for work .
“အလုပ်လုပ်လို့ အားကိုအားမရဘူး။ အလုပ်တွေကအများကြီးထပ်လုပ်ချင်သေးတယ်ဆိုပါစို့ “။ ဒီထက်ပိုကောင်းတဲ့ ဝါကျလေးကတော့ I have an insatiable appetite for knowledge’ ဗဟုသုတတွေကို စုဆောင်းလို့ကို အားမရဘူး။ ထပ်မံစုဆောင်းချင်သေးတယ်ပေါ့ ‘။ အကောင်းဆုံးဝါကျလေးကတော့
I have an insatiable appetite for learning English ဘဲ။မန်မာပြည်က အရင်အစိုးရအဖွဲ့ရဲ့ လူကြီးအချို့က I have an insatiable appetite for corruption လို့ဆိုပါလား။ကောင်းမကောင်း တဖက်သူတို့စဉ်းစားကြည့် ့ကြပါခင်ဗျာ။ ဒီနေရာမှာ ကြုံကြိုက်လို့ သဘောကျစရာကောင်းတဲ့expression လေးတခုကိုဖော်ပြပါရစေ။

မြန်မာပြည်က အရင်အစိုးရအဖွဲ့ရဲ့ လူကြီးအချို့က I have an insatiable appetite for corruption လို့ဆိုပါလား။ကောင်းမကောင်း တဖက်သူတို့စဉ်းစားကြည့် ့ကြပါခင်ဗျာ။ ဒီနေရာမှာ ကြုံကြိုက်လို့ သဘောကျစရာကောင်းတဲ့expression လေးတခုကိုဖော်ပြပါရစေ။

ဒီနေရာမှာ ကြုံကြိုက်လို့ သဘောကျစရာကောင်းတဲ့expression လေးတခုကိုဖော်ပြပါရစေ။ bitter sweet တဲ့။ ဥပမာ ယခုအားလုံး ဝမ်းသာနေကြတဲ့ NLDအဖွဲ့ကြီးရဲ့အောင်ပွဲကို
“It was a bitter sweet victory at the polls .” လို့ပြောလို့ရပါတယ်။
Sweet ဖြစ်တာကတော့ ရှင်းပြနေဖို့လိုမယ်မထင်ပါ။ တတိုင်းပြည်လုံး မျှော်လင့်တောင့်တနေခဲ့ရတယ် အောင်မြင်မှုမလို့ သိပ်ကိုဖြစ်နေတာပါ။ ဒါပေမယ့် ဒီလောက်တောင်အချိန်ကြာမှ တိုင်းပြည်လုံးပါးပါးလုနီးနီး ဖြစ်မှရ လာတဲ့အောင်မြင်မှုမလို့ အတန်ငယ်ခါးသည်းနေတာ Bitter ဖြစ်နေတာအမှန်ပါ။ ဒီထက်စောစောလေးဆင်းပေးခဲ့ရင် တိုင်းပြည်အတွက်ကော ပြည်သူလူထုအတွက်ပါ ပိုကောင်းမှာ သေချာပါတယ်လေ။ ထားပါတော့လေ။ ဒီလိုလူမျိုးတွေအကြောင်းစဉ်းစားမိတိုင်း ရင်နာလွန်းလို့ အခြားဝေါဟာရလေးတွေကို ကြည့်ကြရအောင်။ dignity ဆိုတဲ့ စကားလေးကိုလည်း အရမ်းကိုသဘောကျမိပါတယ်။”ဂုဏ်သိက္ခာ” လို့ဘဲ ဆိုကြပါစို့။

dignity ဆိုတဲ့ စကားလေးကိုလည်း အရမ်းကိုသဘောကျမိပါတယ်။”ဂုဏ်သိက္ခာ” လို့ဘဲ ဆိုကြပါစို့။
“He is a dignified man” ဆိုရင် သူဟာ တကယ့်ကို အကျင့်သိက္ခာနဲ့ ပြည့်ဝတဲ့လူပေါ့။ သီချင်းလေးတစ်ပုဒ်ကပြောထားဘူးတယ် ။”No matter what they take from me””They can’t take away my dignity .” တဲ့ ။ ဘယ်လောက်လှပတဲ့အတွေးလေးလည်းနော်။ လူတယောက်ရဲ့ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပစ်လို့ရတယ်။ လူကိုတောင် အကျဉ်းခန်းထဲပို့ထားလို့ရတယ်။သူရဲ့ ဂုဏ်သိက္ခာကိုတော့ ဖြတ်ဆီးပစ် လို့မရပါဘူး။ သိပ်ကိုမှန်ပါတယ်။

စာရေးသူနှစ်သက်တဲ့ နောက်ထပ်ဝေါဟာရလေး ၂ ခုကတော့ Introvert နဲ့ extrovert တို့ပင်ဖြစ်ပါတယ်။တဖက်သူအားလုံးကိုလည်း တိတိကျကျနားလည်စေလိုပါတယ်။တချို့က introvert ဆိုရင်မကောင်းဘူး။ အရှက်အကြောက်ကြီးလွန်းသူ၊ လူတောထဲမတိုးရဲသူလို့ ထင်နေတက်တယ်။ လုံးဝမဟုတ်ပါ။ introvert ဆိုတာက တယောက်တည်းနေရတာကို သဘောကျတဲ့သူ၊တယောက်တည်းရှိနေစဉ်မှာ အကြံကောင်းတွေ၊အတွေး ကောင်းတွေပေါ်လာတတ်သူကို ဆိုလိုတာပါ။တနည်းအားဖြင့် တယောက်တည်းရှိနေစဉ်မှာ ပြသနာတွေကိုကျော်လွှားနိုင်မယ့် အကြံကောင်း၊ဉာဏ်ကောင်းတွေပေါ်လာတက်သူကို Introvert လို့ခေါ်လို့ရပါတယ်။ သူ့ရဲ့ဆန့် ကျင်ဘက် extrovert ကတော့ အများနဲ့ပြောဆိုဆက်ဆံနေရမှ ပျော်နေတတ်ပြီး၊ ဒီလိုအများနဲ့ ဆွေးနွေးတဲ့အခါမှ အကြံကောင်းဉာဏ်ကောင်းပေါ်လာတတ်သူပါ။ နှစ်မျိုးစလုံးကောင်းပါတယ်။ တကယ်အရေးကြီးတာက ကိုယ့်ကိုကိုယ်သိဖို့ပါ။ ပညာရှင်တစ်ယောက်ပြောဘူးသလို Know yourself , be yourself, and challenge yourself မြန်မာလိုတော့ မိမိကိုယ်မိမိသိပါ။သိတဲ့အတိုင်းလည်း လိုက်နာကျင့်သုံးပါ။ လိုအပ်တဲ့အခါမှာ မိမိစွမ်း ဆောင်နိုင်သည်လို့ သိထားတာထက် ပိုမိုစွမ်းဆောင်နိုင်အောင် ကြိုးစားပေးပါပေါ့။ စာရေးသူအထူးနှစ်သက်တဲ့ နောက်ဝေါဟာရလေးတခုကတော့ Religiously ပါ။ Religiously ဆိုလို့ religion ဘာသာရေးနှင့်ဆက်စပ် နေတယ်လို့ မထင်လိုက်ပါနဲ့။ မိမိဆောင်ရွက်ရမယ့် ကိစ္စတခုကိုအမြဲမပြတ် မေ့မလျော့ဘဲ ဆောင်ရွက်တယ်လို့ ဆိုလိုပါတယ်။ ဥပမာ

စာရေးသူအထူးနှစ်သက်တဲ့ နောက်ဝေါဟာရလေးတခုကတော့ Religiously ပါ။ Religiously ဆိုလို့ religion ဘာသာရေးနှင့်ဆက်စပ် နေတယ်လို့ မထင်လိုက်ပါနဲ့။ မိမိဆောင်ရွက်ရမယ့် ကိစ္စတခုကိုအမြဲမပြတ် မေ့မလျော့ဘဲ ဆောင်ရွက်တယ်လို့ ဆိုလိုပါတယ်။ ဥပမာ
He always does his exercises religiously
သူဟာ နေ့စဉ်လေ့ကျင့်ခန်းကိုအမြဲတစေ မမေ့မလျော့ဘဲ ဆောင်ရွက်တယ်ပေါ့။ ကျန်းမာရေးဘဲဖြစ်စေ၊ ပညာရေးဘဲဖြစ်စေ အလုပ်အကိုင်အတွက်ဘဲဖြစ်စေ အမေ့အလျော့မခံဘဲ၊အမြဲတစေလုပ်လေ့ရှိတဲ့ အခါ မျိုးဘဲ သုံးစွဲနိ်ုင်ပါသည်။ ဥပမာ..
I always take my medication religiously လှပတဲ့စကားလုံးလေးတွေ ဘဝကြောင်းပြောရင် poetry ကဗျာအကြောင်း မပါလို့ မရပါဘူး။ ဦးစွာပထမ Poetic license ဆိုတဲ့ expression လေးတွေကို ကြည့် ကြရအောင်။ကဗျာဆရာတယောက်လို အင်္ဂလိပ်ဘာသာကျွမ်းကျင်သွားပြီဆိုရင် သဒ္ဒါစည်းမျဉ်းစည်းကမ်းလေးတွေကိုချိုးဖောက်ပြီး ဆန်းဆန်းပြားပြားလေးတွေသုံးခွင့် ပြောခွင့်ရတယ့်သဘောပါ။ ဥပမာနာမည်ကျော်ကဗျာ ဆရာကြီး

လှပတဲ့စကားလုံးလေးတွေ ဘဝကြောင်းပြောရင် poetry ကဗျာအကြောင်း မပါလို့ မရပါဘူး။ ဦးစွာပထမ Poetic license ဆိုတဲ့ expression လေးတွေကို ကြည့် ကြရအောင်။ကဗျာဆရာတယောက်လို အင်္ဂလိပ်ဘာသာကျွမ်းကျင်သွားပြီဆိုရင် သဒ္ဒါစည်းမျဉ်းစည်းကမ်းလေးတွေကိုချိုးဖောက်ပြီး ဆန်းဆန်းပြားပြားလေးတွေသုံးခွင့် ပြောခွင့်ရတယ့်သဘောပါ။ ဥပမာနာမည်ကျော်ကဗျာ ဆရာကြီး ee Cummings ဆိုရင် ဝါကျအစ Capital letters ကိုမသုံးဘဲ lower case lettersလေးတွေသုံးလေ့ရှိပါတယ်။ ဥပမာ –
in the rain-
darkness,     the sunset
being sheathed i sit and
think of you
အဲ… စာဖတ်သူအနေနဲ့ License ကိုအသုံးမပြုမီ အင်္ဂလိပ်စာကို တကယ်တက်ကျွမ်းအောင် ကြိုးပမ်းပေးပါအုံး။

နောက်ဆုံး expressionကတော့ Poetry in motion တဲ့။မိန်းခလေးတယောက်ရဲ့လှပတဲ့ ငြိမ့်ညောင်းတဲ့အမူအရာ လေးတွေ၊ သွားလာလှုပ်ရှားပုံလေးတွေကို ကဗျာနဲ့ နှိုင်းထားတဲ့သဘောပါ။ ဥပမာ –
The movement of the dancer on the stage is like poetry in motion
စင်ပေါ်က ကခြေသည်လေးရဲ့ လှုပ်ရှားမှုလေးတွေကို ကဗျာရဲ့အလှနဲ့နှိုင်းထားတာပါ။ စာဖတ်သူအားလုံး ဝေါဟာရကြွယ်ဝလိုသော် ဆောင်းပါးလေးကိုဖတ်ပြီး မိမိတတ်ထားတဲ့ ဝေါဟာရလေးတွေကို မှန်မှန်ကန်ကန်သုံးတတ် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မှတ်ချက်။   ။ မြန်မာ့ဂဇက် ဧပြီ ၂၀၁၆တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

4 comments

  • ခင်ဇော်

    March 24, 2016 at 9:51 am

    Professor Myo Kyaw Myint ကို စာရေးသူတစ်ယောက်ထက် ပိုမြင်လာတယ်။
    ဒီ ပို့(စ) မှာ။
    :chit:

  • Thint Aye Yeik

    March 24, 2016 at 11:17 am

    ”ကျနော်သည် ဖွေးဖွေးကို အူလှိုက်သည်းလှိုက် သောက်ကျိုးနည်း ချစ်မိနေပါသည်”
    အဲ့ဝါကျကို အင်းဂလှိမ့်လို ဆိုရင် ဘိုရေးရမဲ

  • ဒါလေးတွေ ဖတ်ရတာ တကယ်အကျိုးရှိတယ်..
    တစ်ခုပဲ.. အသံထွက်တွေ မထွက်တတ်ဘူး.. အဘိဓာန်ထဲ သွားထွက်ခိုင်းရမှာပဲ.. :k:

Leave a Reply