ခံစားမိသမျှ (၁)

Kabyar Phyu PhyuMarch 23, 20161min29913

ကိုယ်တိုင်အားထုတ်မှု မပါဝင်သော ဖြစ်ချင်စိတ် သက်သက်သည် မျှော်လင့်ချက် မဟုတ်ပါ တဲ့ ..

ကျွန်မကတော့ ကိုယ်တိုင်အားထုတ်ခဲ့ပါရက်နဲ့ မျှော်လင့်ချက်တွေ ကြေမွကျိုးပျက်ပြုတ်ကျကုန်လို့ …. တစ်စစီ ပြန်လိုက်ကောက်နေရတယ်

မျှော်လင့်ချက်တွေ မရှှိတော့ .. အသက်ရှင်ရတာ ခက်ခဲပင်ပန်းလွန်းတယ် ..

ကိုယ့်ကိုယ်ကို ပြန်ရှာဖွေနေရတာကိုက … လျော့တိလျော့ရဲ  နိုင်လွန်းတယ် ..

 

အထင်အမြင်တွေကို မုန်းခဲ့တဲ့ကျွန်မ .. အထင်အမြင်တွေကိုပဲ ဂရုစိုက်နေမိတယ်

အထင်အမြင်ဆိုတာ အမှန်တရား မဟုတ်မှန်း သူတို့သိရင် ကောင်းမယ်

သူတို့ရဲ့ခပ်ညံ့ညံ့အတွေးတွေနဲ့ ရင်ဆိုင်နေရတာကိုက … နာကျင်စရာကောင်းတယ်

မေးခွန်းတိုင်းကို ကျွန်မ မဖြေလည်းရတယ်မလား .. ကိုယ့်ဘဝနဲ့ကိုယ် နေပါရစေ

 

အများ နဲ့ တစ်ယောက် ဆိုတိုင်း အများ က အမှန်တရား မှ မဟုတ်တာ

အများက ဆိုတော့လည်း Orange က လိမ္မော်သီး ဖြစ်သွားတာပဲလေ

အမှန်တရားတွေကို ဘယ်သူ မှားအောင်လုပ်ခဲ့သလဲတော့ ကျွန်မ မသိဘူး

ကိုယ့်အမှန်တရားကိုပဲ အလုအယက် ကာကွယ်နေရတယ်

 

ကျွန်မဟာ တစ်ဖက်က အမှန်တရား တစ်ဖက်က ကိုယ်ချင်းစာတရား ကို ဆုပ်ကိုင်ထားဖို့ ကြိုးစားနေပေမဲ့

ကျွန်မကို ဘယ်သူမှ နားလည်မပေးကြပါဘူး

ကျွန်မဟာ အစဉ်အလာတွေ နဲ့ လွဲခဲ့တယ်

 

ခုချိန်မှာ တကိုယ်ကောင်းဆန်သူတွေနားမှာ မနေချင်ဘူး

လေထဲမှာ နေရာယူတဲ့သူတွေနဲ့လည်း စကားမပြောချင်တော့ဘူး

ဖြစ်နိုင်ရင် အဆီများတဲ့သူတွေနဲ့ မတွေ့ချင်ဘူး

 

နောက်ဆုံးတော့လည်း … ကျွန်မဟာ ဖြစ်ချင်တာတွေကို မြိုချလို့

ဖြစ်သင့်တာတွေ နဲ့ နာကျင်စရာတွေကို အပေးအယူလုပ်ရင်း နဲ့

မျှော်လင့်ချက်တွေ တစ်စစီ ပြန်ဆက်နေတယ်

13 comments

  • Thint Aye Yeik

    March 24, 2016 at 8:26 am

    အဆီများတဲ့သူတွေနဲ့ ကျနော်လည်း မတွေ့ချင်ဘူး။

    ဥပမာ ပြောရရင်
    ပွင့်တို့ ကြူ ကြူ သင်းတိူ့နဲ့ တွေ့ရဖို့ထက်စာရင်
    .ဖွေးဖွေးတို့ ဝတ်မှုန်ရွှေရည်တို့နဲ့သာ ပြေး တွေ့လိုက်ချင်တယ်

    :k:

    အတည်ပြောရရင် ခင်ဗျား စာရေးကောင်းတယ်. . .
    ဝတ္ထုတွေ ကဗျာတွေ ဖတ်ဖို့ စောင့်နေတယ်နော့

    • Kabyar Phyu Phyu

      March 24, 2016 at 5:24 pm

      ကြိုးစားကြည့်ပါမယ်…

  • သိပ်စိတ်မပူပါနဲ့.. အစဉ်အလာတွေကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေ ဒီရွာထဲမှာ အများကြီးပဲ… Fighting!

  • Kaung Kin Pyar

    March 24, 2016 at 5:09 pm

    အဆီများတယ်ဆိုရင်တော့.. နာလဲ မလွတ်လောက်ဖူး… အဟေးးဟေးးးး :k:

    ဒါနဲ့ သဂျီးက ကျွန်မလို့ သုံးရင် အလက်ဂျစ်ရှိတယ်…၊ ကျမသုံးမှ အမြင်ရှင်းသတဲ့… (ဒါက သတင်း..)။
    စကားလုံးတွေက အစားအသောက်တွေမြိုချသလို လျောလျောရှုရှု ဝင်မသွားတာတော့ ခက်စ်တယ်…။ စာများများရေးပါလို့…

    • Kabyar Phyu Phyu

      March 24, 2016 at 5:20 pm

      သဂျီးက အာဏာရှင်စနစ် မသုံးဘူးမလား ..

      ( အဆီများတယ်ဆိုတာ ဝတဲ့သူတွေကို ပြောတာမဟုတ်ပါဘူးလို့ 🙂 )

      • ခင်ဇော်

        March 24, 2016 at 5:26 pm

        တဂျီးးများး ကြောက်မနေနဲ့..!!
        စာထဲ မှာ ကိုလက်စတော များးသူတွေ နဲ့ မတွေ့ချင်ဘူးးလို့ထည့်ရေးးလိုက်..

        ခွိခွိခု
        :k:

        • kai

          March 25, 2016 at 7:25 am

          အခုဆေးပြန်စစ်တာ ကိုလက်စတောတွေကျသွားပြီတဲ့..။
          ခုခုခွိ..။

  • Kaung Kin Pyar

    March 24, 2016 at 5:35 pm

    အချမ်းသာဆုံးက ကိုလှစောဘာဆို… :k:

    • Kabyar Phyu Phyu

      March 25, 2016 at 2:27 pm

      ဘာမှမပြောတော့ဘူးလို့ ပြောပြတာကိုက တော်တော်ကောင်းနေပါပြီ 😀

  • ဦးကြောင်ကြီး

    March 26, 2016 at 2:12 am

    ဖြူ ဖြူ ့ကို ယဉ်ဂွင်ထဲ ထွေးပွေ့ပီး နှစ်သိမ့်ခြင်ရိုက်တာ..

    • Foolish Girl

      October 13, 2016 at 5:11 pm

      ဦးကြောင်ကတော့ နာမည်နဲ့လိုက်အောင်ကို အရမ်း………………….
      ပြောတော့ပါပု

Leave a Reply