ကဝေတစ်ကောင်ရဲ့သီချင်း

alinsettMarch 28, 20161min1382

”ကဝေတစ်ကောင်ရဲ့ သီချင်း”

images(6)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

——————————————–

 

”ဖြောင်းဖြောင်းဖြောင်း”

လက်ခုပ်သံတွေ မပြီးသေးခင်မှာပဲ…

တချို့လက်တွေ ကွေးကောက်သွားတယ်…

ရေတွင်းထဲက လမင်းတစ်စင်း ငေါက်ခနဲ ထပျံပြီး

မိုးပေါ် တက်ချိတ်သွားတာကို မြင်ရတာ…

လက်ဖဝါးတွေ ယားလို့တဲ့။

 

 

ဝိဉာဉ်ဆိုတာ ရင်ဘက်တိုင်းမှာ ရှိပေမဲ့

ရင်ဘက်တိုင်းနဲ့ လက်ဆွဲ နှုတ်မဆက်ဖူးကြပါဘူးတဲ့…

သချင်္ ိုင်းကြီးက မီးခိုးတလူလူနဲ့ ဝှါးခနဲ သန်းပြီး ပြောတယ်။

တချို့တချို့ကတော့ သွေးစာမျက်နှာပေါ်မှာ ဓါးမှတ်စုကိုရေးပြီး

ဒဏ်ရာအဟောင်းတွေကို အတောင်ပံလုပ်

ခပ်သုတ်သုတ် ထ,ပျံတာတော့ မြင်ဖူးလား…မြင်ဖူးရဲ့တဲ့။

 

 

 

ဟိုမှာလည်း ကြည့်…

ရေတံခွန်ကြီးက ရေစက်ကလေးထဲကို ခုန်ချပစ်လိုက်တာလား…

ရေစက်ကလေးက ရေတံခွန်ကြီးကို ဆွဲချပေါင်းစပ်ပစ်လိုက်တာလား ဆိုတာ…

ကျောက်ဆောင်ကြီးက မတွက်ချက်တတ်ဘူးတဲ့

လာ…အဖြေ ကူထုတ်ပေးလိုက်ရအောင်…

ရလဒ်ဟာ သုည ဖြစ်ကြောင်း သိတဲ့အထိဆိုပါတော့။

 

 

 

တစ်၊ နှစ်၊ သုံး !!!

လင်းချည်မှောင်ချည် ဖြစ်နေတဲ့ အပြုံးတွေ အတုန်းအရုန်း ကျဆုံးသွားစေဖို့ ဆိုပြီး

ငါးမရှိတဲ့အရပ်မှာ သူတော်စဉ်လုပ်နေတဲ့ ဗျိုင်းဖြူတွေက ဂါထာ စ,ရွတ်တယ်။

ဂါထာက စာသားလေး တစ်ကြောင်းထဲ…

”ခလုတ်ကိုပိတ်၊ မျက်လုံးမှိတ်ပြီး၊ စက်ရုပ်ဆန်စွာ အိပ်” တဲ့။

 

 

——————————————-

 

သင့်အေးရိပ်

 

မတ်လ ၂၄၊ ၂၀၁၆

 

 

 

 

 

 

2 comments

  • naywoon ni

    March 28, 2016 at 7:54 pm

    ဟိုတုန်​းက ( ဆရာ ) ​ဖော်​​ဝေး ​ရေးခဲ့တာလား မသိ
    ” ခလုပ်​နှပ်​လိုက်​ရင်​
    တိတ်​ကြိုးထဲက သီချင်​း ထွက်​တယ်​
    မင်​းရဲ့ လက်​က​လေး ကိုင်​ထားပါရ​စေ ” တဲ့
    က​ဝေ ဆိုတာ ၁၂ ကြိုး​ကောတပ်​ရဲ့လား ​မောင်​သူရ ​လေး​ရေ ……

    • Thint Aye Yeik

      March 29, 2016 at 1:29 pm

      ပညာမစုံသေးတဲ့ ကဝေပျိုလေးပါ ခညာ

      :k:

Leave a Reply