အိပ်ကပ်

ko sixMarch 25, 20161min1156

ဒီရေအကျမှာ
တိုက်စားခံလိုက်ရတဲ့
နှဲသမားပါးလို
အဆီအဆိမ့်စားလိုသောအခါ
သူ့မျက်နှာက မျက်နှာလွှဲခဲပစ်
ဘယ်သူယုံမတဲ့လဲ
ဗိုလ်ချုပ်ပုံပါတဲ့
ငါးပြားစေ့လေးတစ်စေ့
ညအိပ်ညဉ့်နေ
သုံးရက်လောက် ပျော်ပါးခဲ့ဖူးတာကလွဲလို့
ခေါင်မလုံတဲ့အိမ်ကလေးမှာ
ခဏခဏ လျှော်ဖွတ်နေရတုန်း။
ကိုစစ်

6 comments

  • Thint Aye Yeik

    March 25, 2016 at 9:02 pm

    အမှန်တော့ ကျနော့်ဘဝရဲ့ ” ကဗျာ သူရဲကောင်း” တွေ ထဲမှာ
    ခင်ဗျား ပါတယ်ဗျ

    • ko six

      March 28, 2016 at 11:29 am

      အာ့လိုတော့ မဟုတ်လောက်သေးပါဘူးဗျ

  • naywoon ni

    March 25, 2016 at 9:27 pm

    ကျုပ်​တို့ ဗမာ​တွေက အဲ့ အ​ခေါ်အ​ဝေါ် လွဲမှားမှု​တွေ​ကြောင်​့ သိပ်​စိတ်​ပျက်​စရာ​ကောင်​းတာ ” အိပ်​ကပ်​ ” ဆိုမှ​တော့ အိပ်​ထဲမှာ ကပ်​​နေရတာ​ပေါ့ ဗျ ။ အမှန်​က အိတ်​ကပ်​ ဖြစ်​မလားမသိဘူးရယ်​ ။ အိပ်​ ဆိုတာက အိပ်​စက်​တာကို သုံးတာထင်​ရဲ့ ။ တစ်​ခုခု ထည်​့စရာ အိတာကို ဆန်​အိတ်​ ၊ ​ငွေအိတ်​ ပလပ်​စတစ်​အိတ်​ ၊ ပီနံအိတ်​ စသည်​ဖြင်​့သုံးတာ ဖြစ်​မယ်​ ။ 🙂

    • ko six

      March 28, 2016 at 11:29 am

      ဆာ နေရေ
      ကျနော်များ မှားရေးမိသလား

  • manawphyulay

    April 8, 2016 at 3:22 pm

    လိုတရ အိတ်တော့ လိုချင်သား ကိုစစ်ရေ…

    • ko six

      April 8, 2016 at 11:29 pm

      ဆုတောင်းပေးလို့ရရင် ရစေချင်မိပါတယ် အစ်မရယ်

Leave a Reply