ဓားပြ

ko sixMarch 28, 20161min1367

လူ့ဘဝက
ဘယ်ဈေးနဲ့ ဝယ်လို့ရမလဲတဲ့
မီးမလင်းတဲ့ လမ်းမှာ
လူတစ်ယောက်ရဲ့မေးခွန်းပါ။
အမှောင်ဟာ
မသန့်ရှင်းမှုပေါ်မှာ
ကွက်ပြီး လင်းတယ်လို့
အဲဒိအမြင်ကပဲ
ဘာမဆိုင်ညာမဆိုင်
အရောင်တွေထဲမှာ အလင်းဟာ နာမည်မရှိဘူးလို့ ဖြေလိုက်တယ်။
လက်ကနဲအရာတစ်ခုက
မောဟသာဆိုရင်
မှန်မှန်ဖြေပေတော့
ငါနဲ့မင်း ဘယ်သူကလူလဲတဲ့။
မသိနိုင်ခြင်းဆိုတာ
ပန်ကာပေါ်က ဝက်အူပါလို့ ဖြေလိုက်တယ်။
အဲဒီလိုနဲ့ပဲ
လူယုတ်မာတွေ
အစာဝနေတုန်း။
ကိုစစ်

7 comments

  • naywoon ni

    March 28, 2016 at 8:02 pm

    ဘယ်​ဇာတ်​လမ်​းမှာပဲ ဖြစ်​ဖြစ်​ ဗီလိန်​ဆိုတာ အ​စောပိုင်​းမှာ အသာရ​နေတတ်​တာပဲ ကို ဆစ်​ခ်​ ရဲ့ 🙂

    • ko six

      March 30, 2016 at 11:04 am

      ဟုတ်ကဲ့။
      မှတ်ထားပါ့မယ် ဆာရာနေ

  • Thint Aye Yeik

    April 2, 2016 at 2:35 pm

    ”နားမလည်ဘူးကဗျာ”တွေကို
    နားမလည်သလိုလို နားလည်သလိုလို ဖတ်ပြီး ခံစားရတဲ့
    ”နားမလည်ခြင်းရသ”ကို ကြိုက်နှစ်သက်မိကြောင်း ကိုယ့်ဖာသာကိုယ် နားလည်ထားတယ်
    :k:

  • kai

    April 2, 2016 at 3:36 pm

    ဖတ်ပြီးမသိခြင်းကိုလည်း.. ဝက်အူပေါ်က.. ကြက်ခြေခတ်တွင်းကလေးက… အပေါင်းပါလို့.. ပြောလိုက်တယ်..။
    တကယ်က.သူက ပန်ကာပေါ်က ဝက်အူထိပ်.. တွင်းနက်နက်တူးပြီး.. အိပ်နေ..။

    • Thint Aye Yeik

      April 2, 2016 at 7:40 pm

      အဆိုပါ သူကြီးမင်း၏ comment ”စာသား”များအား
      ”အံ့ဩမှု ရသ”မြောက်သော ကဗျာတစ်ပုဒ်ဟု
      ကျ ုပ်. . .
      သတ်မှတ်သည်။
      အဘယ်သူ
      အဘယ်သို့
      ထင်သနည်း

      .
      .

      .

      .

      .
      .
      ..

      .
      .

      .

      .

      .

      .
      .

      ..
      .

      .
      ..

      .

      ဟဲဟဲ(ဟီးဟီး မဟုတ်)

      • ko six

        April 8, 2016 at 11:27 pm

        အာ့ဂလိုဟု ထင်ပါသည်။

    • ko six

      April 8, 2016 at 11:26 pm

      ကျေးဇူးပါဗျာ။နားလည်ပေးတာကို အဟီး

Leave a Reply