​လှေ ချည်​ကြိုး

naywoon niMarch 28, 20161min2174

​လှေချည်​ကြိုး

ဓ​လေ့ ထုံးစံဆိုတာ
​ရှေ့ကိုထိုးမထွက်​နိုင်​​အောင်​
ခါးမှာလာချည်​ခံထားရတဲ့ ကြိုးတစ်​​ချောင်​း ။
အချိန်​ကာလ ကသာ
တစ်​​ရွေ့​ရွေ့ ​ရွေ့​နေခဲ့
ငါတို့က ​နောက်​မှာကျန်​ခဲ့တာ
နှစ်​နှစ်​ဆယ်​ သုံးဆယ်​ ​လေးဆယ်​ငါးဆယ်​
နှစ်​တစ်​ရာ နှစ်​ရာလည်​းဖြစ်​ချင်​ဖြစ်​မယ်​ ။
ပြတိုက်​ထဲ အထည်​့ခံထားရတဲ့ လူအဖွဲ့အစည်​း
အချိန်​ဘယ်​၍ ဘယ်​မျှ မတွက်​ဆတတ်​​တော့ဘူး​လေ ။
ခုမှ အိပ်​မက်​က လန်​့နိုး
​ခရီးဆက်​ကြရ​အောင်​ ​ဆောြ်​သ
​လှေချည်​ကြိုးမဖြုတ်​ပဲ
အားတက်​သ​ရော ​လှော်​​နေ​တော့
ငါတို့ ​လှေ
ကမ်​းစပ်​မှာပဲ တဝဲလည်​လည်​ ။

​နေဝန်​းနီ
7:28 PM
2016 Mar 28

4 comments

  • ko six

    March 30, 2016 at 11:12 am

    လှေကြိုးဖြုတ်ဖို့
    သူရဲကောင်းတစ်ယောက်
    သူမှာလည်း ဓားပျောက်နေလေရဲ့
    တစ်ကယ်ဆို
    ကမ်းဆိုက်ထားပုံက
    အချိမ်ပို မိနစ်သုံးဆယ်။

  • ဦးကြောင်ကြီး

    April 10, 2016 at 8:34 am

    လှေခ ျည်ကြိုး
    မြေဆီပ ျိုး
    နေခြည်ဖြိုး
    လေပြည်ထိုး.

  • ဝင့်ပြုံးမြင့်

    April 10, 2016 at 11:48 pm

    ဟိုအရင်ကတော့ ဘဝဆိုတာ တဖြည်းဖြည်းချင်းတည်ဆောက်ယူရတာလို့ ယုံခဲ့ဖူးတယ်။ အခုတော့ ဘဝဆိုတာ ဂိမ်းတစ်ခုလိုပါပဲ။ ဘယ်လောက်ပဲ နောက်ကျ နောက်ကျ၊ ဂိမ်းတစ်ခုလို ဖျပ်ခနဲ ခုန်ကူးဖို့ အခွင့်အရေးရှိတယ်။ အဲဒီလို ဖျပ်ခနဲ ခုန်ကူးလိုက်ဖို့ ပြောင်းလဲလိုက်ဖို့ ခေတ်ကိုအမီလိုက်ဖို့ ဆိုတာ ခေါင်းပြောင်းရင် ရတယ်လို့ ထင်နေမိပြီလေ။ ခေါင်းတွေက နောက်ကျနေတာ နှစ် ၁၅ဝ လောက်ရှိမယ်ထင်တယ်။

  • Thint Aye Yeik

    April 11, 2016 at 10:54 pm

    .လှေကို ကမ်းကပ်ချိန် ချည်စရာမလိုပဲ ပါကင်ထိုး
    ပြန်ထွက်ရင် အသာလေး ဝေါခနဲမောင်းထွက်သွားလို့ ရအောင် လုပ်ရမှာ

Leave a Reply