နားဦးတည့်ရာ(နိုင်ငံသစ် အတွက် အထူး) ရေး၊ ဆို၊ တီး၊ ဖမ်း – ဆောင်းဦးလှိုင် (ခရီးအစ)

မြစပဲရိုးMarch 31, 20161min19810

နားဦးတည့်ရာ(နိုင်ငံသစ် အတွက် အထူး) – ရေး၊ ဆို၊ တီး၊ ဖမ်း ဆောင်းဦးလှိုင်

(ခရီးအစ)

ယုံကြည်မှု တွေ အမြင့်ဆုံးမှာ
မျှော်လင့်ခြင်းတွေ အမြင့်ဆုံးမှာ
သတ္တိခွန်အား ခြေလှမ်းများညီညာ
ထလော့ မြန်မာ။

ပြိုနေသမျှ ပြန်တည်ဆောက်မယ်
ယိုင်နေသမျှ ပြန်တည့်နိုင်ပါတယ်
ငါတို့ရဲ့ အနာဂါတ်
အိမ်မက်များ ရဲ့ ဆုံမှတ်
ညီညွတ်တော့ မြန်မာ

တို့ရဲ့အမိမြေ အတွက်ဆို တို့ပေးဆပ်မယ်
စည်းကမ်းလိုက်နာ ရိုးသားပါ သူငယ်ချင်းရယ်
ဒီကမ္ဘာပေါ် တစ်နေ့တော့ ခေါင်းမော့ကာပြုံးနေနိုင်ဖို့
တောင့်တခဲ့တဲ့ အိမ်မက်ရထားကြီး ထွက်ခွါ
ခရီးအစ အဆုံး ကို စေတနာ မေတ္တာထား
ခရီးသွားချင်းလဲ စာနာဖေးကူမ
မွန်မြတ်တဲ့ စိတ်ထား

10 comments

  • မြစပဲရိုး

    March 31, 2016 at 11:53 pm

    ဒီကမ္ဘာပေါ် တစ်နေ့တော့ ခေါင်းမော့ကာပြုံးနေနိုင်ဖို့ … တောင့်တခဲ့တဲ့ အိမ်မက်ရထားကြီး ထွက်ခွါ
    ခရီးအစ အဆုံး ကို စေတနာ မေတ္တာထား ..ခရီးသွားချင်းလဲ စာနာဖေးကူမ .. မွန်မြတ်တဲ့ စိတ်ထား

    https://www.youtube.com/watch?v=yLVUhOCtmDE

  • မြစပဲရိုး

    March 31, 2016 at 11:56 pm

    နက်ဖြန် Post တင်ရင် မှတ်ချက်ပေးရင် သူကြီး က point ဘောက်ဆူး အများကြီး ပေးမယ် ဆိုလားဘဲ။
    🙄

  • kai

    April 1, 2016 at 2:26 am

    ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဂုဏ်ပြုတဲ့အနေနဲ့.. MG Press Pass တွေစထုတ်ပေးနေပါပြီ…။ :k:

  • ခင်ဇော်

    April 1, 2016 at 6:42 am

    အမေ့ ကို တလေးတစား ဝန်းရံ ခဲ့ ကြတဲ့
    အနုပညာရှင် အားလုံး ကိုလည်း ကျေးဇူးတင်ပါတယ်
    :chit:

  • မြစပဲရိုး

    April 1, 2016 at 10:44 pm

    သူကြီးမင်း စကား ကို ဟိုက်လိုက် လုပ်ထားတယ်။
    ဒီနေ့မှာ April fool လုပ်တာ တော့ မဟုတ်ပါဘူး မဟုတ်လား။

    ဒါပေမဲ့ သူကြီး ပြောတာကြီး က ဖြစ်သလို ပေါ့ပေါ့ဆဆ ကြီး။
    ” MG Press Pass” ဆိုတာ
    – ဘယ်လို အဓိပ္ပါယ်လဲ
    – ဘာကြောင့် ပေးတာလဲ
    – ဘယ်သူတွေကို ပေးတာလဲ
    – ဘာလုပ်ဖို့ပေးတာလဲ
    – ဘာတာဝန်ယူရမှာလဲ
    – ဘယ်လို အကျိုးအမြတ် ရမလဲ
    စသဖြင့် …. ဒါတွေ ရှင်းပြချက် မပါဘဲ စတုဒီသာကျွေးသလို အလှူပေးတာလား။
    လူတိုင်း ကို ပေါပေါပေးနေတဲ့ Pass ဆိုရင်တော့ တန်ဖိုးကိုရှိမှာ မဟုတ်ဘူး။ 🙄

    စိတ်ဝင်စားသူများ အကောင်းအထည် ဖော်ကြပေတော့။
    သများ ကတော့ ကြားဖဲ ကိုရအောင် စောင့် နေတာမို့ ဖဲဝိုင်းထဲ က မထွက်နိုင်သေးတဲ့ ဘဝ။ lol:-)))

    • Thint Aye Yeik

      April 2, 2016 at 8:17 am

      ကိုယ်ရေးအချက်အလက်တွေတော့ တောင်းထားပြီး အရီးပြောသလို မေးခွန်းတွေတော့ ရှင်းမပြသေးသမို့
      သကြီးရဲ့ အဝွှာကတ်ကြီးအကြောင်း ကျနော်လည်း သိချင်နေတာ

  • ဝင့်ပြုံးမြင့်

    April 7, 2016 at 3:10 am

    အရီးလတ် ရွာထဲပြန်ရောက်လာပြီ။ ဒါဆို ရွာတော့စည်ဦးတော့မှာပဲ။

    • မြစပဲရိုး

      April 7, 2016 at 4:05 am

      ♬♪♭ ♫ ♩ မင်း ဆိုးလို့ ဝ ရင် မင်းမိုက်လို့ ဝ ရင် ဘုရားကျောင်းထဲ မင်းလဲလိုက်လာနော် ♬♪♭ ♫ ♩

      ပြုံးညီမရေ အပြင်မှာ ဆိုးလို့ မိုက်လို့ မဝ သေးတာမို့ …….
      ပြောသာပြော တစ်ခြားသိုးမဲဟောင်းကြီး တွေလဲ ယိုင်ထိုးထိုး နဲ့။ lol:-))) 😉

      (လောလောဆယ် ခေတ်စားနေတဲ့ သီချင်းလေးမို့)

  • ဦးကြောင်ကြီး

    April 10, 2016 at 8:25 am

    မြစပဲရိုး လှဆဲဖြိုး သ..ရဲမ ျိုး င..သလဲထိုး

Leave a Reply