သို့သော်. . .

alinsettApril 2, 20161min1685

”ကျ ု ပ်”. . .

”ကျ ု ပ် ”ဆိုပါတော့ဗျာ

လွန်ခဲ့တဲ့တစ်နှစ်လောက်က . . .

သွားကိုက်ဝေဒနာ ခံစားရတယ်။

 

ဘယ်အရာကမှ အဲ့ဒီဝေဒနာလောက် သောက်ရေးမကြီးတော့ဘူးလို့ ယူဆမိတဲ့ မိနစ်ပိုင်းအတွင်းမှာပဲ. . .

 

ကျုပ်ဟာ. . .

သွား/ခံတွင်း ဆရာဝန်ဆီ ပြေးပြီး. . .

ဒုက္ခပေးနေတဲ့ အခေါင်းပေါက်နဲ့သွားတစ်ချောင်းကို နှုတ်ပေးသင့်ပါကြောင်း…တောင်းဆိုပစ်လိုက်တယ်။

 

 

”နှုတ်ခ”နဲ့”နှုတ်ပေးအပြီး” ”ကိုယ့်အင်္ဂါအစိတ်အပိုင်း သွားဖုံးမှာ”ကွက်လပ်ဖြစ်သွားချိန်မှာပဲ . . . ကျုပ်ရဲ့ဝေဒနာဟာ . . .               ယူပစ်သမျှ သက်သာသွားတယ်။

 

အဲ့ဒီနောက်ပိုင်း အချိန်အတော်ကြာတဲ့အထိ. . .

ကျုပ်. . .

ဆိုးရွားလှတဲ့ သွားကိုက် ”ဝေဒနာ”ကို မခံစားရတော့ဘူး။

 

ကျုပ်ရဲ့ ကွယ်ပျောက်သွားတဲ့ သွားတစ်ချောင်းရဲ့တန်ဖိုးကတော့. . .

”တချို့ အနာတရ ဝေဒနာတွေဟာ. . .

အပြီးအပိုင် ”ဆွဲနှုတ်ပစ်လိုက်ခြင်း”ကြောင့်သာ

သက်သာရာ ရနိုင်တယ်” ဆိုတဲ့ အသိတရားကို

ကျုပ်အသက် ၂၈ မှာ ရလိုက်ခြင်းပါပဲ။

 

———-

 

 

သင့်အေးရိပ်

ဧပြီလ ၂ရက်၊ ၂၀၁၆

 

5 comments

  • ခင်ဇော်

    April 4, 2016 at 1:21 pm

    အင်းးးး
    ခါတလေ ဒုက္ခ ဆိုတာမျိုးက
    တစ်ခုမဟုတ်တစ်ခုလာတတ်တော့ အနည်းဆုံး ဒုက္ခလေးကိုပဲ အမြစ်ပြတ် ဆွဲမနှုတ်နိုင်ပဲ ချော့မွေးနေရတဲ့ အခါတွေရှိသပေါ့။

    :a:

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    April 6, 2016 at 2:37 pm

    မိတ်ဆွေ
    သွားနုတ်ယုံနဲ ့ မပြီး မပြည့်စုံ ဝမ်းပါနုတ်ပါမှ သက်သာရာ ရပါလိမ့်မယ် အဆွေ

    အူးမြောက်
    ဂျိုဒု ဝမ်းနုတ်ဆေး ရောင်းဝယ်ရေး
    ဆယ်ထုပ်ဝယ် တစ်ထုပ် လက်ဆောင် ဖရီး

  • ဝင့်ပြုံးမြင့်

    April 7, 2016 at 3:01 am

    နောင် အသက်ရလာတဲ့အခါမှာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဝေဒနာ နဲ့အတူ နေထိုင်သွားဖို့ကို စဉ်းစားရတော့မယ်

  • ဦးကြောင်ကြီး

    April 10, 2016 at 8:31 am

    နားပြာကြီး သွားတချောင်းလွတ် စိုသလိုမိုးပေါ့..

Leave a Reply