အရောင်ရင့်မှတ်တမ်း – ဧပြီ ၂၀၁၆

kaiApril 3, 20161min3904111

စီးပွားဖြစ်ဆောက်လုပ်မယ့် သင်္ကြန်မဏ္ဍပ်တွေကို ခွင့်မပြု

2 April 2016 18:51(+0630)

သင်္ကြန်ကို ယဉ်ကျေးမှုနဲ့အညီ ကျင်းပနိုင်ဖို့အတွက် စီးပွားဖြစ်ဆောက်လုပ်မယ့် သင်္ကြန်မဏ္ဍပ်တွေကို ခွင့်ပြုမှာ မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလိုပြောတာဖြစ်ပါတယ်။

မဏ္ဍပ်တွေကို စိစစ်ကြပ်မတ်ထားတဲ့အတွက် ကမာ္ဘအေးဘုရားလမ်းမှာ ဆောက်လုပ်ခွင့် လျှောက်ထားတဲ့ မဏ္ဍပ် ၃၀ဝ ကျော်ကို ခွင့်ပြုချက်မပေးထားကြောင်းလည်း ပြောပါတယ်။

သံချပ်စာသားတွေကို စိစစ်မှာမဟုတ်ဘဲ အမုန်းပွားစေတဲ့ စကားလုံးတွေပါခဲ့ရင် ဥပဒေကြောင်းအရ အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ပန်းသဉ္စာမျိုး က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လာမယ့် သင်္ကြန်ကာလမှာ မဏ္ဍာပ်ဆောက်လုပ်ခွင့် လျှောက်ထားသူတွေကို စည်းကမ်းချက် ၄၄ ချက်နဲ့ ကိုက်ညီမှသာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ခွင့်ပြုမှာ ဖြစ်ပြီး မဏ္ဍပ်တွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ မရှိဆိုတာတွေကို ဝင်ရောက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သင်္ကြန်ကာလအတွင်း စည်းကမ်းကြီးကြပ်ရေး ကော်မတီ အဆင့်ဆင့်ကိုလည်း ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပါအဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ တခြား ကြီးကြပ်ရေး ကော်မတီတွေကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

====

မန္တလေး ရေကစားမဏ္ဍပ်များအား ရဲနှင့်မှုးယစ်တပ်ဖွဲ့ အပါအဝင် အဖွဲ့ ၄ ဖွဲ့ဖြင့် နေ့စဉ် စစ်ဆေးမည်

2 April 2016 18:55(+0630)

မန္တလေး ဧပြီ ၂

ယခုနှစ်မန္တလေးသင်္ကြန်ပွဲဆင်နွှဲကြမည့် ရေကစားမဏ္ဍပ်များအား မန္တလေးမြို့ တော်စည်ပင်သာ ယာရေးကော်မတီက စည်းကမ်းတင်းကြပ်ထားရာ လိုက်နာမှုရှိမရှိကိုတော့ အဖွဲ့ ၄ ဖွဲ့ပူးပေါင်းပြီး နေ့စဉ်ဝင် ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“စည်ပင်ပါမယ်ဗျာ၊ နောက်ပြီးတော့ နယ်စပ်ရေးရာကတာ ဝန်ရှိသူတွေပါမယ်၊ ရဲတပ်ဖွဲ့ပါမယ်၊ မူးယစ်(နှိမ်နှင်းရေး)အဖွဲ့ပါမယ်၊ အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး သင်္ကြန်ရက်ငါးရက်စလုံးလိုက်စစ်မယ်၊ စည်းကမ်းဖောက် တာတွေ့ရင် မဏ္ဍပ်ပိတ်သိမ်းမယ်” ဟု မြို့တော်စည်ပင် တာဝန်ရှိသူတစ်ဦးကပြောသည်။

အဖွဲ့ ၄ ဖွဲ့ပူးပေါင်းမှုဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးမှာဖြစ်ပြီး မဏ္ဍပ်ပရဝုဏ် အတွင်းအရက် သေစာရောင်းချခြင်း၊ မူးယစ်ဆေးဝါးသုံး စွဲခြင်း၊ ဒုတ်ဓားလက်နက်ကိုင်ဆောင်ခြင်း၊ ယဉ်ကျေးမှု နှင့်ဖီလာ ဆန့်ကျင်နေခြင်း၊ မဏ္ဍပ်တစ်ခု၏ကြံ့ခိုင်မှုအပါအဝင်သတ်မှတ်စည်းကမ်းချက် ဖောက်ဖျက်ထားခြင်းအစရှိသဖြင့် မြို့တော်စည်ပင်ကထုတ်ပြန်ထားသည့်စည်းကမ်း ချက်များအား လိုက်နာခြင်းမရှိပါက သက်ဆိုင်ရာဌာနအသီးသီး၏ဥပဒေတစ်ခုချင်းဆီဖြင့် အရေးယူသွားမှာဖြစ်ကြောင်းလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဦးခင်မောင်တင့်ကပြောထားသည်။

ယခုနှစ်မန္တလေးသင်္ကြန်ပွဲတော်၌ မန္တလေးမြို့တော်မဏ္ဍပ်အပါအဝင်ကျုံးတောင်ဘက်ခြမ်းတွင် ရေကစားမဏ္ဍပ် ၁ဝ ခု၊ အရှေ့ဘက်ခြမ်းတွင် ၁၁ ခု၊ အနောက်ဘက်ခြမ်တွင် ၈ ခု၊ မြောက်ဘက်ခြမ်းတွင် ၄ ခု နှင့် မြို့တွင်း ၈ ခုရှိမှာဖြစ်ကြောင်းသိရသည်။

ကျော်ထွေး(china.com)
china.com Myanmar
http://myanmar.china.com

111 comments

  • kai

    April 3, 2016 at 1:34 am

    ဥပဒေကျူးလွန်သောရဟန်းသာမဏေများကို အရပ်ဘက်ဥပဒေများဖြင့်အရေးယူမည်ဖြစ်ပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်က တားဆီးခြင်းမပြုရန် ညွှန်ကြားထား
    By
    ညီညီဇော်

    No.1057 Saturday, April 2, 2016

    ဥပဒေများ ဖောက်ဖျက် ကျူးလွန်သော ရဟန်းသာမဏေ များကို အရပ်ဘက်တည်ဆဲဥပဒေ များဖြင့် အရေးယူဆောင်ရွက်ရ မည်ဖြစ်ပြီး ထိုသို့အရေးယူဆောင် ရွက်ရာတွင် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အနေဖြင့် တားဆီး ဟန့်တားခြင်းမပြုရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ညွှန်ကြားထားကြောင်း သတင်းရရှိ သည်။

    ဗုဒ္ဓသာသနာတော် ဂုဏ် ကျက်သရေညှိုးမှိန်စေသော အမှု များကို ကျူးလွန်သည့် ရဟန်း သာမဏေများကို အရေးယူ ဆောင်ရွက်ရေးအတွက် တိုင်း ဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကျေး သံဃနာယကအဖွဲ့များ မှတစ်ဆင့် သာသနာတော်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့များ အား တာဝန်ပေးအပ်၍ ကြပ်ကြပ် မတ်မတ်ထိန်းသိမ်းဆောင်ရွက် ရေး ညွှန်ကြားခဲ့ပြီးဖြစ်သော်လည်း ယခုအခါ ရဟန်းသာမဏေများ ကိုယ်တိုင် ကား၊ ဆိုင်ကယ်များ မောင်းနှင်ခြင်းဖြင့် ယာဉ်တိုက်မှု များ မကြာခဏဖြစ်ပေါ်ခဲ့ပြီး လူ သေဆုံးသည်အထိ ဖြစ်ပွားခြင်း၊ မာတုဂါမမှုများ ဖြစ်ပွားခြင်း၊ အ ရက်သေစာ သောက်စားမူးယစ် ခြင်းများကြောင့် သာမဏသာ ရုပ္ပမဖြစ်သည့် ဖြစ်စဉ်များ ပိုမိုဖြစ် ပွားလျက်ရှိသည်ကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်သာသနာရေးမှူးများ၏ သတင်းပေးမှုအရသိရှိရာ သာသနာရေးဝန်ကြီးဌာနရုံးမှတစ်ဆင့် သာသနာရေးဦးစီးဌာနက တင်ပြလာခဲ့ကြောင်း မတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

    နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့က ညွှန်ကြားလွှာများ၊ လုပ်ထုံးလုပ်နည်းများကို ပြည့်စုံစွာ ညွှန်ကြားပြဋ္ဌာန်းထားပြီးဖြစ် ခြင်းကြောင့် ညွှန်ကြားလွှာ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေများအတိုင်း ဆောင်ရွက်ရန် အသိပေးထားသည်။

    ‘‘အရင်ကတော့ ဝန်ခံကတိ ထိုးတာတို့၊ လူဝတ်လဲတာတို့ပဲ လုပ်တာပါ။ အခုတော့ ညွှန်ကြား တဲ့အတိုင်း လုပ်ရတော့မယ်’’ဟု ချမ်းအေးသာစံမြို့နယ် သာသနာ တော်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဝိဓူရ က မိန့်ကြားသည်။

    ထို့အပြင် မန္တလေးမြို့ပေါ်ရှိ အချို့သော ဘုန်းကြီးကျောင်းများ တွင် ဥပဒေနှင့် ငြိစွန်းစေမည့် ကိစ္စရပ်များဖြစ်သော တရားမဝင် လောင်စာဆီ သိုလှောင်ရောင်း ဝယ်ခြင်း၊ သစ်များသိုလှောင်ထား ရှိခြင်းနှင့် ချဲထီ၊ ဘောလုံးစသည့် လောင်းကစားမှုများ လက်ခံ ဆောင်ရွက်နေမှုများကို အရေး ယူဆောင်ရွက်တော့မည်ဖြစ်ပြီး ယင်းအပြုအမူများ ဆောင်ရွက် ခြင်းမပြုကြရန် ချမ်းအေးသာစံမြို့ နယ် သံဃနာယကအဖွဲ့က အသိပေးကြေညာထားကြောင်း သတင်းရရှိသည်။

  • kai

    April 3, 2016 at 1:35 am

    ဟနွိုင်း၊ ဧပြီ၊ ၁ ။ ။ မဲခေါင်မြစ်အထက်ပိုင်းတွင် တရုတ်နိုင်ငံကတည်ဆောက်ထားသည် ဆည်များက အရှေ့တောင်အာရှဒေသတွင် လက်ရှိကြုံတွေ့နေရသော မိုးခေါင်ရေရှားမှုကို ပိုမိုဆိုးရွားစေသည်ဟု ဝေဖန်မှုများထွက်ပေါ်လျှက်ရှိသည်။

    အရှေ့တောင်အာရှနိုင်ငံများတွင် မိုးခေါင်ရေရှားမှုနှင့်ဆိုးဆိုးရွားရွားကြုံတွေ့နေရခြင်းကို ကူညီရန်အတွက် တရုတ်နိုင်ငံက မဲခေါင်မြစ်အထက်ပိုင်းရှိ ၎င်း၏ဆည် ၆ ခုအနက်မှ တစ်ခုကို ပြီးခဲ့သောလအတွင်းက ဖွင့်ပေးခဲ့သည်။

    ထိုကဲ့သို့ တရုတ်နိုင်ငံက ၎င်း၏ဆည်မှရေဖွင့်ချပေးခဲ့ခြင်းက နှစ်ပေါင်း ၂ဝ ကျော်အတွင်းအဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရသည့် အရှေ့တောင်အာရှနိုင်ငံများအတွက် အထောက်အကူ ဖြစ်သည်မှာ မှန်သော်လည်း ယင်းဆည်များ ကြောင့်ပင်အရှေ့တောင်အာရှဒေသ၌ ရေနှင့်အခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများပိုမိုဆိုးရွားလာခဲ့ရသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့မှအရာရှိများက ဝေဖန်လျှက်ရှိသည်။

    လက်ရှိအချိန်တွင်အရှေ့တောင်အာရှရှိ သန်းဆယ်နှင့်ချီသောလူများမှာ မဲခေါင်မြစ်ရေလျော့ကျမှု၏နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ရေပြတ်လပ်မှုဒဏ်ကိုခံစားနေကြရပြီး လာအို၊ထိုင်း၊ ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့တွင် ဆန်စပါးစိုက်ပျိုးရန် ရေလုံလုံလောက်လောက်မရရှိသည့်ပြဿနာနှင့်ပါရင်ဆိုင်နေရသည်။

    ထိုကဲ့သို့ နှစ်ပေါင်းများစွာအတွင်း စံချိန်တင်မိုးခေါင်ရေရှားမှုပြဿနာအတွက် အယ်လ်နီညိုဖြစ်စဉ်မှာ အဓိကတရားခံ ဖြစ်သည်ကို လက်ခံထားကြသော်လည်း တရုတ်ဆည်များက အယ်လ်နီညိုကြောင့် မဲခေါင်မြစ်ရေလျော့ကျမှုကို ပိုမိုဆိုးရွားစေသည်ဟု ဝေဖန်သံများပါ ထွက်ပေါ်လျှက်ရှိသည်။

    လက်တလောဖြစ်ပေါ်နေသည့် အယ်လ်နီညိုသည် နှစ်ပေါင်း ၆ဝ ကျော်အတွင်းအဆိုးရွားဆုံးဖြစ်ပြီး ယခုတိုင်လည်း ပြီးဆုံးခြင်းမရှိသေးဘဲ အရှေ့တောင်အာရှမိုးခေါင်ရေရှားမှုအတွက် အဓိကလက်သည်ဖြစ်သည်မှာ မှန်သော်လည်း မဲခေါင်မြစ်တစ်လျှောက်ရှိ ဆည်များကြောင့် ဖြစ်ပေါ်နေသောပြဿနာများလည်းရှိနေကြောင်း ကုလသမဂ္ဂအစားအစာ နှင့် စိုက်ပျိုးရေးအဖွဲ့အစည်းမှ အကြီးတန်းအရာရှိတစ်ဦးကပြောကြားသည်။

    ထို့အတူ ထိုင်းနိုင်ငံမှတက်ကြွလှုပ်ရှားသူများကလည်း ဆည်ရေဖွင့်ချပေးသည့် တရုတ်နိုင်ငံ၏လုပ်ရပ်မှာ ကိုယ်ကျိုးမဖက် သည့်လုပ်ရပ်ဟု လက်မခံကြောင်းနှင့် ထိုဆည်ရေများကြောင့် တရုတ်နိုင်ငံအတွက်လည်း အကျိုးကျေးဇူးရှိသည်သာ ဖြစ်ကြောင်း ဝေဖန်ထားသည်။

    တရုတ်နိုင်ငံသည် ဗီယက်နမ်၏တောင်းဆိုမှုအရ မဲခေါင်မြစ်ပေါ်ရှိ ၎င်း၏ဆည်တစ်ခုမှနေ၍ ဧပြီလ၊ ၁ဝ ရက်နေ့အထိ ရေတိုးမြှင့်ထုတ်လွှတ်ပေးသွားရန် သဘောတူထားသည်
    – See more at: http://mizzimaburmese.com/article/13030#sthash.3kv8qOf3.dpuf

  • ခင်ဇော်

    April 3, 2016 at 2:08 am

    အေ့လေ ….!!
    မှန်တာပဲ..
    ဘာတွေ ကြို ပြီး အဆီဗူးခါနေကြမှန်းမသိ..
    စာလည်းသေချာ မဖတ်ကြပဲနဲ့.. !!
    :k:

  • မြစပဲရိုး

    April 3, 2016 at 3:21 am

    ကမ္ဘာအေးလမ်း တင်မဟုတ်ပါ။ ကန်တော်ကြီးပတ်လမ်း မှာလဲ မလုပ်ရပါ။ အင်းလျားလမ်း ကိုတော့ ဘာမှ ပြောမထားဘူး။
    အခုတော့ ပြည်လမ်းပေါ်က ခြံတွေ (တစ်ချို့) ကို ငှားပြီး လုပ်မယ်ကြားတာဘဲ။
    ကိုယ့်အိမ်ရှေ့ကိုယ်လုပ်တဲ့ သဘောပေါ့။ တကယ် ဟုတ်မဟုတ်တော့မသိ။
    တစ်ချို့ က စကားနာထိုးသေး။ ဦးသိန်းစိန်အစိုးရ က ဒါမျိုးတားရင်တော့ ဝိုင်းအော်မှာဘဲတဲ့။
    ပြောချင်ပါတယ်။
    သူတို့ ဒီလို မလုပ်ဘဲ လူတစ်စု အတွက်ကြည့် နေခဲ့လို့ ပြုတ်တာ လို့။
    အများ ကောင်း အောင် လုပ်ခဲ့လို့ကတော့ ဒေါ်အောင်ဆန်းစုကြည် တောင် နောက်ဆုတ်နေရမှာ။
    “အခုမှတော့ ငို မနေနဲ့တော့” လို့ဘဲ ပြောတော့မယ်။
    မပြောလို့ တွေးထားလဲ ပြောမိပြန်ပြီ။ 😛

    • kai

      April 3, 2016 at 4:52 am

      လုပ်မှာပေါ့..။ အပေါက်လိုက်ရှာပြီးကို လုပ်မှာ…။
      အစိုးရက.. အစိုးရအလုပ်ပဲလုပ်သင့်တယ်လို့.. ထင်တယ်..။
      FB မှာတော့ အောက်ကအတိုင်းရေးခဲ့တယ်..။

      =
      အမေရိကားမှာ ခရစ်စမတ်၊ နှစ်ကူး..။ လွတ်လပ်ရေးနေ့၊ ဟောလိုးဝင်းနေ့.. ပွဲနေ့မျိုးစုံ.. တနိုင်ငံလုံးပျော်ပါတယ်။
      ဝင်ကြေးထောင်သောင်းပေးပြီး သီးသန့်လုပ်တဲ့ပါတီတွေရှိသလို.. လမ်းမကြီးတွေပိတ်ပြီး တညလုံးတီးမှုတ်ကခုန်ကြတဲ့.. ဟောလိုးဝင်းနေ့လိုမျိူုးတွေလည်းရှိပါတယ်။
      အစိုးရက ဝင်ရောက်စွက်ဖက်.. တားမြစ်ခွင့် … ပိတ်ပင်ခွင့်မရှိပါ။

      Visit West Hollywood | West Hollywood Halloween Carnaval
      http://www.visitwesthollywood.com/halloween-carnaval
      The largest Halloween street party in the world happens in West Hollywood! Every year on October 31st, 500,000 people take to the streets of Santa Monica Blvd. to enjoy the wild costumes and uninhibited crowds at the West Hollywood Halloween Carnaval. The Carnaval features live …

      ဒီလိုအမျိုးသားပွဲတော်မျိုးမှာ လုပ်ထုံး၊စည်းကမ်းတွေပဲ ကန့်သတ်ချက်ထုတ်ရမှာဖြစ်ပြီး လိုက်နာနိုင်ဖို့လည်း ထိုက်သင့်တဲ့အချိန်ကာလတခုလည်း ပေးရတာပါ။
      လပေါင်းများစွာ ပြင်ဆင်ထားတဲ့ လူတွေစုပေါင်းလုပ်ထားတဲ့ အလုပ်တခုကို အစိုးရအနေနဲ့ အာဏာသုံးပြီး (အချိန်ကာလမပေးပဲ) ပိတ်ပင်ပစ်တာမျိုးသဘောမတူပါ။ ယဉ်ကျေးမှုခေါင်းစဉ်နဲ့ ဝင်ကြီးကြပ်တာမလုပ်သင့်ပါ။
      ဒါဟာ အာဏာရှင်အစိုးရသဘောပါပဲ..။

      အစိုးရက နေရာတကာဝင်စွက်ဖက်တာဟာ ဆိုရှယ်လစ်၊ ကွန်မြူနစ်ဆန်လွန်းပါတယ်။ ဘယ်အစွန်းရောက်ပါတယ်။
      လူထုလွတ်လပ်စွာ ပျော်ပါစေ။
      လွတ်လပ်မှုကို အလွဲသုံးစားမလုပ်နိုင်အောင်ပဲ လုပ်ထုံး၊စည်းကမ်းထားပါ။
      စည်းကမ်းအတိုင်းလိုက်နာနိုင်အောင် စောင့်ကြည့်ပါ။ ဒဏ်ကြေးချပါ။

      သင်္ကြန်မှာ ရေသုံးစွဲမှုကို အချိန်နဲ့ကန့်သတ်ပြီး ညှိယူလို့ရသလို. ..အရက်သေစာသောက်စားရန်ဖြစ်ကြတာကို လည်း စောင့်ကြည့်အရေးယူလို့ရပါတယ်။
      ငွေကြေးလည်ပါတ်နေမှု.. အလုပ်အကိုင်အခွင့်အလန်းတွေထွက်လာတာကိုတော့ ဒီမိုကရေစီအစိုးရ(ဆိုရင်) .. ပိတ်ခွင့်မရှိပါ ကြောင်း..။

      • Mg Yit Htoke

        April 3, 2016 at 9:05 am

        kai says:

        လုပ်မှာပေါ့..။ အပေါက်လိုက်ရှာပြီးကို လုပ်မှာ…။

        ဘာကိုဆိုလိုတာလဲ သဂျီး

        • kai

          April 3, 2016 at 3:40 pm

          ဒီလိုတွေဖြစ်လာမှာကိုဆိုလိုတာပါ…။

  • မြစပဲရိုး

    April 3, 2016 at 2:44 pm

    အိုး … မိုင် … ဂေါ့
    သူကြီး ဆီ က ဒီ စကားကြား ရ အံ့ဩမိရဲ့။

    kai says: { လပေါင်းများစွာ ပြင်ဆင်ထားတဲ့ လူတွေစုပေါင်းလုပ်ထားတဲ့ အလုပ်တခုကို အစိုးရအနေနဲ့ အာဏာသုံးပြီး (အချိန်ကာလမပေးပဲ) ပိတ်ပင်ပစ်တာမျိုးသဘောမတူပါ။ }

    Really !!!!!!!!
    လပေါင်းများစွာ = သူတို့ ပါဝါ အာဏာ ရှိနေ့နေ့မျှ အတောမတတ်နိုင်တဲ့ လောဘများအတွက် စက္ကန့်တိုင်း ဒီ တစ်လ ထဲ အတွက်တင်မဟုတ်။
    လူတွေစုပေါင်း = သူကြီး မင်း ဒီမိုကရေစီ ဖတ်စာ ကြီး တင်ထားတာ ရာသီ ပေါ်ပင် ကို လိုက်ဖို့လား။ တကယ် နားလည် လို့လား။ လူ လေး လက်ချိုး ရေ လို့ ရတဲ့ လူ တွေ ရဲ့ စီးပွါးဖြစ်ပွဲ ကို လူအများ က မကြိုက်လို့ ဝမ်းသာ နေကြတာ မသိတာလား ရှင့်။
    အာဏာသုံးပြီး = ဒီလို အာဏာ သုံးနိုင်ဖို့ ကျွန်မ တို့ အများစု မဲ ပေးခဲ့ကြတာ ကို မမေ့စေချင်ပါ။
    ပိတ်ပင်ပစ်တာမျိုး = မပိတ်ပင်ပါ။ လုပ်နိုင်ပါတယ်။ ထင်တိုင်းကြဲ ချင်လို ကြဲနေတဲ့ လုပ်ရပ်များ ကို သာ ခွင့်မပြုတာပါ။

    သူကြီး ရယ်။ အမေရိကား မှာတော့ ဘယ်လို ဘယ်ပုံ ဆိုပြီး သိပ်သိပ်ပြီး တော့ ချဲ့ မပြောစေလိုပါ။
    ကျွန်မ က အဲဒီမှာနေတာ မဟုတ်လို့ အမေရိကား နဲ့ ယှဉ်ပြီး တော့ မပြောနိုင်ပါ။ (သိသူရှိလို့ မဟုတ်ရင် အဟားခံ ရမှာ ကို သတိရပါ)
    ဒါပေမဲ့ ကျွန်မနေတဲ့ အင်္ဂလိပ် တိုင်းပြည် မှာတော့ အဲဒီမှာလဲ လမ်းပေါ်မှာ မူးယစ်ဆေးသုံး ရမ်းကားပြီး ထင်တိုင်းကြဲ တာ လူပုံ အလည် မှာ လုပ်လို့ မရပါ။
    မြူးဇစ်ပွဲတွေ အတွက် နေရာသီးခြားပေးပါတယ်။ အသက် ကန့်သတ်ပါတယ်။ အဲဒီလို ပွဲမျိုးတွေ မှာတောင် စင်ပေါ်တက်ပြီး ပရိတ်သတ် ကို ဆက်ဆီဒန့်စ် ဆွဲမပြကြပါ။
    စင်အောက်မှာဘဲ သီချင်း တွေ လိုက်ဆိုပြီး မူးကြ ရူးကြ တာပါ။
    ပြောရရင် ဒီလို လူတွေမှာတောင် လူလို စောင့်ထိန်းရတဲ့ ကျင့်ဝတ် အဆင့်အတန်း ကို သိပါတယ်။

    ကျွန်မ အနေနဲ့ ကတော့ အစိုးရက ဒီလို လုပ်တာ အင်မတန် လုပ်သစ်တာ ကို လုပ်လိုက်တာ လို့ ဘဲ ထင်ပါတယ်။
    မကျေနပ်ရင် မဲ ခွဲ ကြည့်ပါလား။ တစ်သိန်း ရ ရင် ကံကောင်း မှတ်။
    ဒါဟာ “ဒီမိုကရေစီ” ပါဘဲ။
    အများပြည်သူ အကျိုး ကို ရှေ့ရှု ပြီး အလုပ်လုပ်ဖို့ အတွက် ကျွန်မ တို့ ကိုယ်တိုင် ရွေးထားတာပါ။
    အများပြည်သူ အကျိုး အတွက်ဘဲ အလုပ်လုပ်ရပါမယ်။

    အခုလို လုပ်ခြင်းဖြစ်ဖြစ် ရပ်ကွက် နေရာ အနှံ့ ပိုပြီ ပျော်ဖို့ ကောင်းသွားမှာပါ။
    အဲဒီ အတွက် ဝိုင်းဝန်း ကူညီမည့် အဖွဲ့အစီး တွေ ရှိနေပါပြီ။ ဥပမာ – မြန်မာနိုင်ငံ ဟော်ကီအသင်းချုပ် လိုမျိုး

    နောက်ပြီး ပြောလိုတာက ဒီအစိုးရ ကို “အာဏာရှင်” ဆိုပြီး သုံးချင်ရင် “အာဏာရှင်” ရဲ့ သွင်ပြင်လက္ခဏာ များ ကို အရင် လေ့လာ ဖတ်ရှူ စမ်းစစ် ပြီး မှ ပြောကြပါလို့။
    မဟုတ် ဘဲ ဇွတ်ကြီး ဒီ နာမည်ခေါ် နေတာ ကတော့ အတော် ပညာမဲ့လွန်းလို့ပါ။

    • kai

      April 3, 2016 at 3:50 pm

      အင်း..
      အရီးလတ် ဒီမိုကရေစီဖတ်စာကြီးရေးပြီး.. ငွေကြေးရှင်တွေကို နှိပ်ကွပ်ချင်တဲ့.. ဆိုရှယ်လစ်နို့နံ့ကြီးမစင်လို့သာပြောချင်တယ်…။
      အခုအချိန်မှာ .. NLD ကအစိုးရဖြစ်နေပြီမို့.. သူတို့.. ငါတို့မရှိ…။ နိုင်ငံသူ/သားတိုင်းကို …တပြေးညီ တန်းတူညီမျှ.. ဆက်ဆံရမည်ဖြစ်ပါ၏..။
      တပြိုင်ထဲ.. ပြည်နယ်..မြို့.. ရပ်ကွက်တို့လည်ပါတ်နိုင်အောင်.. ဘက်ဂျက်ကိုရှာ/ညှိသုံးရမည်ဖြစ်ပါ၏..
      အစိုးရဟူသည်.. ကုမ္မဏီအကြီးစားကြီးတခုသာလျှင်ဖြစ်ပါ၏..။ ဝင်ငွေထွက်ငွေ မျှတရပါ၏..။

      ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဒီလို”ထ”မလုပ်ဖူးလို့ ပြောချင်တယ်….။
      ဒီတခါမှာဒေါ်စုနဲ့အနီးစပ်ဆုံး.. တွေးပြီးလုပ်ပြသွားတာက.. မန္တလေးပဲ…။
      ဒေါက်တာဇော်မြင့်မောင်တွေးတာ..လုပ်တာ.. ပိုမှန်တယ်..။
      ဝါနဲ့ သဘာ… စကားပြောသွားတယ်လို့ပဲ..။ :k:

  • မြစပဲရိုး

    April 3, 2016 at 2:50 pm

    {{{ငွေကြေးလည်ပါတ်နေမှု.. အလုပ်အကိုင်အခွင့်အလန်းတွေထွက်လာတာကို}}}
    ဘာ အလုပ်အကိုင် အခွင့်အလမ်း တွေ လဲ လူတိုင်း သိပါ တယ် သူကြီး ရယ်။
    ဝင်ပြီး လက်လျှို ပြီး ပွဲဆူ စကားမပြောပါ နဲ့။
    ဟိုးတုန်းကလို ရပ်ကွက် တွေ တွေ အနှံ့ သံချပ်ပြိုင်ပွဲ တွေ၊ စတုဒီသာပွဲ တွေ အများကြီး ရှိလာရင် အဲဒီကနေ အလုပ်အကိုင် ရှိပါတယ်။
    အခုဟာက လူအများ က သင်္ကြန်ဆို ကိုယ် နဲ့ မဆိုင်သလို နေလာကြတာ နှစ်ပေါင်းကြာပါပြီ။
    လူတစ်စု အတွက် ပျော်ပွဲ ရမ်းကားပွဲ ဖြစ်နေတာ ကြာပေါ့။
    လူအများ စု အတွက် ဒီတစ်ခါ အလှည့် ပေးလိုက်ပါတော့။

    • kai

      April 3, 2016 at 3:57 pm

      ငွေရှိသူတွေလည်း.. ငွေရှိသူအလျှောက်ပျော်စေ… ဖြုန်းစေ….။
      ဆင်းရဲသူလည်း.. ဆင်းရဲသူအလျှောက်.. ပျော်စေ.. ဖြုန်းစေ…။
      အဲ.. စည်းကမ်းတွေကတော့.. ဒါတွေ.. ဒါတွေ…
      ဒီစည်းကမ်းတွေဖောက်ရင်တော့.. တပြေးညီအရေးယူမယ်..။ အဲလိုဖြစ်ရမှာပါ..။
      အရေးယူမယ်ဆိုတာမှာလည်း.. ထောင်ချည်းလှိမ့်ချနေရတာမဟုတ်..။ အစိုးရပိုက်ဆံရအောင်… ဘက်ဂျက်ရအောင်.. ဒဏ်ငွေကောက်ရတာဖြစ်ပါတယ်..။ ဒဏ်ငွေကောက်တာမှာ.. ဆင်းရဲသားသွားကောက်ရင်တော့ ခက်ပါတယ်..။ ဘာမှမထွက်လာတဲ့အပြင်.. ကံဆိုးရင်.. သူ့ကိစ္စဖြေရှင်းနေတာနဲ့.. ရဲလို.. စည်းကမ်းထိမ်းသူလိုလူ၂ယောက်စာရဲ့.. ၃-၄နာရီဝင်ငွေလောက်.. အစိုးရက.. လူထုဘဏ္ဍာထဲက..ပေးလိုက်ရသမို့.. ရှုံးတောင်ရှုံးသွားနိုင်တာပါ…။
      (ထောင်သွားချလို့ကတော့..လူတယောက်စာ.. ထောင်ဖိုးတရက်..တလ.. အစိုးရကုန်ကျစရိပ်ဘယ်လောက်လဲ.. တွက်ကြည့်စေချင်..)

      အခုလို”ထ”လုပ်တော့.. သူဌေးတွေ.. နိုင်ငံအပြင်ထွက်ပြီး ငွေတွေသွားဖြုန်းတော့မပေါ့…။
      ပိုက်ဆံရှိသူတွေအတွက်က.. ဒါလေးများ… ပေါ့ကွယ်….

      • မြစပဲရိုး

        April 3, 2016 at 5:16 pm

        ဘာ အထောက်အထားနဲ့ ပြောတာလဲ။ ဟိုး အရင်နှစ်တွေ တုန်းက သင်္ကြန်တိုင်း စိတ်ပျက်လွန်းလို့ နိုင်ငံ အပြင်ထွက် လည်နေကျ ကျွန်မ သူငယ်ချင်းတစ်ချို့ က ဒီနှစ် ရန်ကုန် မှာ ပိုက်ဆံဖြုန်းကြပါလိမ့်မယ်။
        ဒီနှစ် ရန်ကုန်သင်္ကြန် ဟာ ပိုစည် မယ်/ မစည်ဘူး လောင်းမလား သူကြီး။

      • Mg Yit Htoke

        April 3, 2016 at 5:31 pm

        အတိုချုံး ​ပြောရရင်​ မန်​း​လေး သင်္ကြန်​ က ဗုံး မ​ပေါက်​ဖူးဘူး​လေ
        အဲလို ဖွင်​့​ပေးလို့ ဗုံး​တွေ​ပေါက်​ လူ​တွေ​သေရင်​ ဘာ​တေဖြစ်​လာမလဲ သဂျီး

        • kai

          April 4, 2016 at 1:56 pm

          အတိုချုံးပြန်ပြောရရင်.. ဗုံးတွေပေါက်တော့… ရဲတွေ.. ထောက်လှမ်းရေးတွေ.. အလုပ်ရတာပေါ့…။
          ရှည်ရှည်ပြောရရင်.. ဒါက ဘာသာရေးမှိုင်းပါလို့…။

          မလုပ်မရှုပ်..ငုတ်တုတ်ထိုင်နေ….
          ဆင်းရဲတွင်းထဲ ငိုက်၍လှိုက်ငို..
          နောက်ဘဝကျ သာဝတိ ံလို…..။

  • မြစပဲရိုး

    April 3, 2016 at 5:12 pm

    သူကြီး ရယ် ပိုပြီး လက် တွေ့ကျအောင် အခု မြန်မာပြည် မှာရှိတဲ့ ခရိုနီများ အလုပ်လုပ် ပုံကို ကြည့်ပါ။
    မြန်မာပြည် ထဲ အလုပ်လုပ်နေတဲ့ ခရိုနီ တွေထဲ မှာ ကိုယ့်အစွမ်းအစ နဲ့ အောင်မြင်အောင် လုပ်နေသူတွေ ရှိသလို ကိုယ့်အစွမ်းလုံးဝ မရှိဘဲ ပါဝါ အာဏာ က နေ အခွင့်အရေး ယူပြီး အလုပ်ဖြစ်နေတာတွေ ရှိပါတယ်။
    သူတို့ အစွမ်းအစ နဲ့ အလုပ်လုပ်နေနိုင်ဖို့ အတွက် အာဏာရှင် တွေ အကြိုက် လုပ်ပေးနေတဲ့ ခရိုနီတစ်ချို့ ကို ကျွန်မ ဘယ်တုန်းက မှ အပြစ်မပြောခဲ့ပါ။
    ကျွန်မ သူငယ်ချင်း အရင်းကြီးများ ခရိုနီကြီး များပါ။
    သူတို့ အသံ ကို ကျွန်မ အမြဲကြားပါတယ်။
    သူတို့ က တစ်ဖက်မှာ အဘ ခေါ်ရင်း တစ်ဖက်မှာလဲ ပြည်သူတွေ အတွက် လုပ်ပေးတာ မြင်နိုင်ပါတယ်။
    အမြင်သာဆုံး ကတော့ တရားဝင် အခွန်ဆောင်ပြခြင်းပါဘဲ။
    သူတို့ နဲ့ အတူ တွဲပြီး ကြီးပွါးနေတဲ့ တစ်ချောက် ခရိုနီများ ကတော့ ကိုယ့်ဘို့က လွဲလို့ အပြင် တိုင်းပြည်ဘဏ္ဍာ ကိုပါ ထိပါး ပါတယ်။
    သူတို့ ကတော့ အာဏာရှင် တွေ အတွက် သီးသန့် လုပ်ပေး တဲ့ လုပ်ငန်းရှင်များပါ။
    ဒီလူတွေ ဟာ ချစားမှု လာဘ်ပေးမှု ပြည်သူပိုင်ပစ္စည်း အလွဲ သုံးမှု နဲ့ တင် စည်းအပြင်ရောက်နေပါပြီ။
    အခု သင်္ကြန်မဏ္ဍပ် ကိစ္စမှာ တိုင်းပြည်စီးပွါးကို ဖြည့်ပေးနေတဲ့ ခရိုနီများ ပါဝင်တယ် ဆို ရင်ပြော။
    ကျွန်မ တောင်းပန်ပါ့မယ်။
    မဟုတ်ဘဲ ဒီ ကိစ္စ ကို စီစဉ်သူတွေ ဟာ နိုင်ငံတော် ရဲ့ နေ့ရက်ကြီး ကို သုံးစွဲပြီး ကိုယ့်ကိုယ်ကျိုး အတွက် သီးသန့် သက်သက် ပါမစ်ရောင်း ပြီး အိတ်ထဲ ထည့်တဲ့/ လူအများ အကျိုးမပါ လူတစ်စု သီးသန့် ထင်တိုင်းကြဲ တဲ့ ပွဲ မို့ ကျွန်မတို့ ထောက်ပြခြင်းပါ။
    မြန်မာပြည် အရေးကို ဒီမိုကရေစီ စနစ် အခြေခိုင်ပြီး နိုင်ငံတွေ နဲ့ ယှဉ်ကြည့်ဖို့ မကြိုးစားပါနဲ့ ဦး သူကြီးမင်းရယ်။
    အခု သင်္ကြန်မဏ္ဍပ် အကြောင်း ကြည့်ပြီး ငွေကြေးရှင်တွေကို နှိပ်ကွပ်ချင်တယ် လို့ အဝေးက ရမ်းမပြောစေလိုပါ။
    Box ထဲ က ထွက်ပြီး အမြင် ကို ကျယ်ကျယ် ကြည့်ပါ။
    လက်ရှိ အခြေအနေ ကို အနီးဆုံး တိုးတက်ပြီး အာရှနိုင်ငံ စကာင်္ပူ နဲ့ စပြီး နှိုင်းပြောပါဦး။
    စကာင်္ပူ လောက် အရင်တိုးတက်ပါစေဦး။
    စကာင်္ပူ လို စည်းကမ်းရှိပါစေဦး။
    နောက်မှ ပိုပြီး မြင့်တဲ့ ဒီမိုကရေစီ စနစ် အဆင့် ကို တက်ကြတာပါ့။

    PS – ဒီချုပ် နိုင်စေဖို့ အပြောင်းအလဲ လိုချင်နေတဲ့ ခရိုနီကြီးများ ရဲ့ တွန်းအားပါကြောင်း ကျွန်မ ပြောဖူးပါတယ်။
    သူတို့ က သူတို့ ကို ဖိနှိပ်မဲ့ အစိုးရ ကို လိုချင်မလား သူကြီးမင်းရှင့်။

    • kai

      April 3, 2016 at 5:32 pm

      NLD က အတိုက်အခံမဟုတ်တော့ဘူး.. အစိုးရဖြစ်နေပြီ..။
      အစိုးရတောင်မှ.. မဏ္ဍိုင် ၃ရပ်လုံးထဲ.. Supermajority
      အခုတော့.. ဒီတင်ရပ်တော့မယ်..။ :k:

      • မြစပဲရိုး

        April 3, 2016 at 8:02 pm

        ရပ်တာကောင်း ပါတယ် သူကြီးမင်း ရယ်။
        ဒီမှာလဲ သက်သေ တွေ ထပ်ရှိလာလို့ပါ။
        အိပ်လို့ ပျော်ပါစေ။ 😉
        +++++++
        Phyo Zaw
        4 hrs · Yangon, Myanmar ·
        အင်း စီးပွားဖြစ် မဏ္ဍပ် မဆောက်ရတာနဲ. မြန်မာရိုုးရာသင်္ကြန်ကိုု ထိခိုု်က်မယ် tourist attraction ဘာညာ ပြောတော့ ဝင်ပြောလုိုက်ဦးမယ်
        ကျတော်တိုု. Green Myanmar Travel က Inbound နဲ. အဓိက ရပ်တည် တာပါ သင်္ကြန်ဆိုု အကုုန်လုုံး မူးရူးပြီး အစစ အရာရာ မူခင်း အမြင့်မားဆုုံး အချိန်ဖြစ်လိုု.
        တုိုင်းပြည်ထဲမှာ နေတဲ့ နုိုင်ငံ ခြားသား တောင် တခြား နုိုင်ငံ ခနသွား ရှောင်နေတာပါ ။ Inbound tour တွေ အတွက် အလုုပ် မဖြစ်ဆုုံး လထဲမှာပါပါတယ် ။ အသုုံးမချပါနဲ.လိုု…….
        Lwin Lay မှန်ပပြောပလိုက်းးးမြန်မာလူမျိူးတွေးတောင်မြန်မာသင်္ကြန်မှာမြန်မာမှာမပျော်လိုအပြင်ထွက်လည်နေကြတာလေယာဉ်လက်မှတ်တောင်ကုန်

        Sabei Aung
        7 hrs ·

        သင်္ကြန်က tourist attraction ဆိုတဲ့စကား…
        မဏ္ဍပ်စီးပွားရေးသမားတွေက ပြောလေတော့…
        ခရီးသွားလုပ်ငန်းကျွမ်းကျင်သူ တစ်ဦးအနေနဲ့
        ရီချင်ပြုံးချင်လှပါတယ်….
        ……..
        ၁၉၉၆ လောက်က မန္တလေးက ငွေငန်းကြီးရဲ့ ဓာတ်ပုံပေး ပို့လာပြီး..ရိုးရာသင်္ကြန် လာချင်တယ်ဆိုတဲ့ စာတစ်စောင် သာ ရရှိဘူးပါတယ်…

        မြန်မာမဆန်တဲ့ မြန်မာသင်္ကြန်က tourist attraction. ဖြစ်ခဲ့ရင်တောင်..မြန်မာပြည်မှာရှိနေသူနိုင်ငံခြားသားတွေ အများစုသာ အပျော်သဘော ပါဝင်ပျော်ရွှင်ဆင်နွဲလေ့ရှိတာပါ…
        …..
        မိုင်ပေါင်းများစွာ အဝေးက တိုးရစ်စ်တွေ လာလည်ဖို့ ဈေးကွက်မြင့်တင်တိုင်း..စိတ်ဝင်စားမှု အင်မတိအင်မတန်နည်းပါတယ်…
        ……
        သင်္ကြန်တွင်းကားခတွေဈေးကြီးလို့ဆိုပြီး သင်္ကြန်ကိုတောင်ရှောင်ပြီး လာကြပါတယ်
        ……..
        မြန်မာသင်္ကြန်က tourist attraction.ဆိုတဲ့ ဒီစကားဟာ အခြေအမြစ် မရှိပါဘူးရှင်..။
        ……..
        စပယ်အောင်
        ခရီးသွားလောကတွင် ၁၉၉၄ မှ ၂၀၁၆ ထိလုပ်ကိုင်နေဆဲ

        Thaung Htike ရန်ကုန်တိုင်းဝန်ကြီးရဲ့ဆုံးဖြတ်ချက်ကို…လုံးဝ..လုံးဝ..လုံးဝထောက်ခံပါတယ်၊
        ++++++++++++++++++++++++++++++++++++++++++++++++++
        ကျွန်တော်တို့ရပ်ကွက်တွေတိုင်းမှာရေကစားမဏ္ဍပ်ပါမစ်မရခဲ့ကြလို့၊ပါမစ်ရဖို့
        ပေးရတဲ့ငွေကြေးမတတ်နိုင်လို့၊ရေမကစားခဲ့ရတာကျွန်တော့်ဘဝသက်တမ်း
        ၄၅နှစ်-ထက်ဝက်နီးပါးပါပဲ၊အခုတော့ရပ်ကွက်ကလူကြီးတွေအစစအရာရာ
        တာဝန်ယူနိုင်ရင်ကျွန်တော်တို့မျိုးဆက်တွေရေကစားနိုင်ပါပြီ၊အားလုံးညီတူညီမျှ
        နှင့်ရေပြန်ကစားနိုင်ပြီဖြစ်လို့…………..

        (ဒီ မှတ်ချက် ကို ဖတ်ကြည့် သူကြီး။ မြန်မာပြည် ရဲ့ ပုံရိပ်ဘဲ။ လူတိုင်း လူတိုင်း ညီအောင် လုပ်တဲ့ ဆိုရှယ်လစ် လား။
        လူတစ်စု က ဘဲ လုပ်ချင်တာလုပ်နေပြီး ကျန်သူတွေ ကို လုပ်ပိုင်ခွင့် မရအောင် ပိတ်ထားတာ မြင်လိမ့်မယ်။)

        • ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ သင်္ကြန်ရက်ဆို စားသောက်ဆိုင်တွေပိတ်တယ် . . . ကားလမ်းတွေပိတ်တယ် . . . .လည်ရတာ အဆင်မပြေဘူး .. . ကားငှားခ ၂ ဆ ပေးရတယ် . . . . ဒါကြောင့် ဖြစ်နိုင်ရင် သင်္ကြန်ပြီးမှလာတာ ပိုကောင်းပါတယ် . . .

          အဲဒါ ကိုယ်တွေပြန်ဖြေနေကျ စာတွေပဲ . . . ဘာ Tourist Attraction တုန်း . . . Water Festival package ကို သူ့ကိုပဲ စီစဉ်ခိုင်းလိုက်တော့မယ် . . .

          လုံမလေးမွန်မွန်
          (ဟိ.. အတင်းဝင်ပြောတာ..)

        • ကထူးဆန်း

          April 4, 2016 at 5:53 pm

          🙂 🙂

        • ဘူ့ကို ရယ်ပြတာတုန်း…
          သများပြောတာ inbound ကို ပြောတာ.. ပြည်တွင်းခရီးသွားမပါပုစ်.. 🙂 🙂

        • kai

          April 5, 2016 at 9:54 am

          လုံမ.. မလုံတော့ဘူးဖြစ်နေပုံ… :k:

  • kai

    April 3, 2016 at 5:32 pm

    ဧပြီလ ၂ ရက်နေ့ ကြေးမုံသတင်းစားပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်က “အမျိုးသားဒီမိုကရေစီအဖွဲ့မှာ ပါဝင်မှု ဖြစ်စဉ်” မေးခွန်းကို အခုလို ပြည့်စုံစွာ ဖြေကြားခဲ့ပါတယ်။
    ~~~~~~~~~~~~

    ဦးဝင်းထိန် ။ ။ ကျွန်တော်က ၁၉၄၁ ခုနှစ် ဒီဇင်ဘာလမှာ မိတ္ထီလာမြို့နယ် အလယ် ရွာမှာ မွေးဖွားခဲ့ပါတယ်။ မိတ္ထီလာ အထက ၁ ကနေ အထက်တန်းအောင်မြင် ပြီးတော့ DSA စစ်တက္ကသိုလ် အပတ်စဉ် ၅ တက်ရောက်ခဲ့ပါတယ်။ စစ်တက္ကသိုလ်ကနေ အောင်စစ်သည်ဆု၊ စာပေးထူးချွန် ရွှေတံ ဆိပ်ဆု နှစ်ခုရရှိခဲ့တယ်။ စစ်တက္ကသိုလ် သမိုင်းမှာ အောင်မြင်မှု ရရှိခဲ့တဲ့ မှတ်တမ်းတစ်ခုပေါ့။

    တာဝန်ထမ်းဆောင်တဲ့အခါ မြစ်ဝကျွန်းပေါ် တပ်ကို ရောက်တယ်။ ဒီအချိန်မှာ တော်လှန်ရေးကောင်စီ တက်တဲ့အတွက် အသက်ငယ်ငယ်နဲ့ကို တာဝန် ကြီးကြီးတွေ ထမ်းဆောင်ခဲ့ရ တယ်။ ခြေလျင် တပ်မှာ ငါးနှစ် တာဝန်ထမ်းဆောင် ခဲ့ပြီးတော့ မြစ်ဝကျွန်းပေါ်၊ ပဲခူးရိုးမ၊ အရှေ့မြောက်ဒေသ စစ်ဆင်ရေးတွေမှာ ပါဝင်ထမ်းဆောင်ခဲ့ရတယ်။ အသက်မသေရုံ အန္တရာယ်ကြား ကျရောက် ခဲ့တာတွေ ရှိပါတယ်။

    အဲဒီကမှာ လူကြီးတွေ ရွေးချယ်လို့ စစ်ရုံးရောက်ပြီး ၁၉၆၉ ခုနှစ်ကနေ ၁၉၇ရ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့တယ်။ ဒီကနေ တပ်ရင်း ပြန်ပြီး တာဝန်ထမ်းဆောင် ချင်တယ်ဆိုတော့ လူကြီးတွေက ခွင့်မပြုဘူး။

    နောက်ဆုံးကျတော့ အုန်းကျော်မြင့်နဲ့ အပေါင်းအသင်းတွေက လူကြီးတွေကို လုပ်ကြံမယ်ဆိုတဲ့အထဲမှာ ကျွန်တော်ပါတယ်ဆိုပြီး ခြောက်လ အချုပ်နဲ့ တပ်ကနေ ထုတ်ခံရတယ်။ တကယ်တော့ သူတို့ရဲ့ လုပ်ဆောင် ချက်တွေ သဘောမကျလို့ မပါဝင်ခဲ့ဘူး။ ဒါပေမယ့် သူတို့ လုပ်မယ်ဆိုတာတော့ သိတယ်။ သိတဲ့ဟာကို သတင်းမပို့ခဲ့ဘူး။

    ဥပဒေအရ အပြစ်ရှိတယ်။ နိုင်ငံတော် လုပ်ကြံမှုကို ကြားရင်ကို သတင်းပို့ရမယ်၊ မပို့ရင် ကြံရာပါဆိုတာကို မသိခဲ့ဘူး။ နောက်တစ်ချက်က ကိုယ်ပြောလိုက်လို့ သူတို့တွေလည်း ဒုက္ခရောက်မလား ဆိုပြီး စာနာမှုကြောင့် လည်း ပါတယ်။
    ၁၉၇ရ ခုနှစ်ကနေ တပ်ကထွက်ပြီး ၁၉၈၈ ခုနှစ်ထိ စီးပွားရေး လုပ်တယ်။ စီးပွားရေးက အောင်မြင်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ပြည်သူလူထု အုံကြွတဲ့အခါ အဲတုန်းက မျိုးချစ်ရဲဘော်ဟောင်းများ ခေါ်တဲ့ အဖွဲ့ထဲကနေ အရေးတော် ပုံထဲ ပါခဲ့တယ်။

    နောက် NLD ဖွဲ့တဲ့ အချိန်ကစပြီး ပါခဲ့တယ်။ အဲဒီကနေ
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တိုင်းမှာ ပါဝင်ခဲ့တယ်။ ဘာလို့လည်းဆိုတော့ အဲအချိန်တုန်းက နဝတခေတ်ဖြစ်တဲ့အတွက် တပ်ပိုင်းဆိုင်ရာနဲ့ ဆက်ဆံဖို့ အတွက် ကျွန်တော်ကို တာဝန်ပေး ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကို ခေါင်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်မယ်ဆိုတာ သူ့ရဲ့ အရည်အချင်းတွေကနေတစ်ဆင့် ယုံကြည်လို့ ရာထူးမပါ ဘဲနဲ့ ရုံးဝန်ထမ်းအနေနဲ့ အစအဆုံး ပါဝင်ဆောင်ရွက်ပေးခဲ့တယ်။ ၁၉၈၉ ခုနှစ် ဇူလိုင် ၂ဝ မှာ ထောင်ချခံရတယ်။ ငါးနှစ်ခွဲ ကြာခဲ့တယ်။ ၁၉၉၅ ခုနှစ် ပြန်လွတ်တဲ့ အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ပြန်ပြီး လုပ်ဆောင်ပေးတယ်။

    ၁၉၉၆ ခုနှစ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့အချိန်မှာ NLD အားလုံး အဖမ်းခံရတဲ့အတွက် ထောင်ထဲ ပြန်ရောက် သွားတယ်။ ၁၉၉၆ ခုနှစ်ကနေ ၂၀၁ဝ ခုနှစ်အထိ ၁၄ နှစ်အတွင်း အင်းစိန်၊ မိတ္ထီလာ၊ မြင်းခြံ၊ မန္တလေးနဲ့ ကသာထောင်ငါးခု ပြောင်းရွှေ့ခံရတယ်။ ထူးခြားတာတစ်ခုက ၂၀၀၈ ခုနှစ် စက်တင်ဘာမှာ ကသာ ထောက်ကနေ ကျွန်တော်ကို လွှတ်ပြီဆိုပြီးတော့ အပြင်က တည်းခိုးခန်းမှာ ထားတယ်။ နောက်နေ့မှာ ဆွေးနွေး စရာရှိတယ်လို့ လာခေါ်သွားပြီး ထောင်ထဲ ပြန်ရောက်သွားခဲ့တယ်။

    ကျွန်တော် ထူးခြားပြီး စိတ်ထိခိုက်မှု မဖြစ်ပေါ်ခဲ့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာ အဲလို လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ကျွန်တော်သိပြီးသားမို့ပါ။ ကျွန်တော့် မိသားစုက စိတ်ထိခိုက်တာပေါ့လေ။ လူတစ်ယောက်ကို ဒီနေ့ ထောင်ကလွှတ်ပြီး နောက်နေ့ ထောင်ထဲ ပြန်ထည့်တယ်ဆိုတာ အင်မတန်မဖြစ်သင့်တဲ့ ကိစ္စပါ။ နိုင်ငံရေး အရ ကြည့်ရင် ဆိုးဝါးပေမယ့် စိတ်ထိခိုက်မှု နည်းခဲ့တယ်။

    သူတို့ ထောင်ချတာ ၁၄ နှစ် ဆိုပေမယ့် ၁၄ နှစ်ကျော် နေခဲ့ရပြီးတော့ ၂၀၁ဝ ခုနှစ်မှာ ထောင်က လွှတ်တယ်။ လွှတ်တဲ့ အခါမှာလည်း ဒေါ်အောင်ဆန်း စုကြည်ဆီပဲ ပြန်ပြီးလုပ်တယ်။ သူတို့ကတော့ အမှတ်မရှိဘူး ပြောကြ တယ်။ နိုင်ငံရေးသမားတွေ ထောင်ကျပြီး ပြန်လွှတ်လာတဲ့အခါ စီးပွားရေး၊ လူမှုရေး စသဖြင့် ဆုံးရှုံးမှုတွေ အများကြီး ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်မှာကို ကျွန်တော့်ဆီ မောင်နှမသားချင်းတွေ မလာရဲကြဘူး။ လာရင် ပြုတ်မှာ ကို။ နိုင်ငံရေးသမားတွေ ထောင်က ထွက်တဲ့အခါ နိုင်ငံရေး ယုံကြည် ချက်တွေ ပြောင်းသွားတာ၊ စီးပွား ပျက်သွားတာ၊ ရူးသွားတာ အများကြီးရှိပါတယ်။

    ကျွန်တော်ကတော့ ကံအားလျော်စွာ ဘာသာရေးအမြင်၊ နိုင်ငံရေးအမြင်နဲ့ လူမှုရေး အမြင်တွေနဲ့ ယုံကြည်မှုကို ထိန်းသိမ်း နိုင်တဲ့ အတွက် ပြန်လွှတ် တိုင်း ဒေါ်အောင်ဆန်းစုကြည်ဆီမှာပဲ ကူညီခဲ့တယ်။ ၂၀၁၂ ရွေးကောက်ပွဲ ဝင်တဲ့အထိ ကျွန်တော်တို့ NLD ဟာ အချိန်မရွေး ခြိမ်းခြောက်ခံရနိုင်တဲ့ အနေအထား၊ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့တယ်၊ လိုချင်တဲ့အချက်တွေ ပြင်ပေးတယ်။ ၂၀၁၂ ကြားဖြတ်ကနေ လွှတ်တော်ထဲ ဝင်တဲ့အခါ အစိုးရနဲ့ ပေါင်းသွားပြီဆိုပြီး ပြောခံရတာတွေ ရှိတယ်။

    ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောကိုသိတယ်။ သူရဲ့ အနာဂတ်မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို မမှိတ်မသုန်ဆောင်ရွက်တယ်ဆိုတာ သိတယ်။ ဒါ့ကြောင့်သာ လွှတ်တော်မှာရော အစိုးရအဖွဲ့မှာရော အများစုပါဝင်နိုင်တဲ့ အနေအထားနဲ့ တာဝန်ယူနိုင်ခဲ့တယ်။

    ဒီလိုတာဝန်ယူတဲ့အခါ အမျိုးသားရင်ကြားစေ့ရေးရေး၊ ငြိမ်းချမ်းရေး ရရှိရေးနဲ့
    ပြည်သူ လူထုရဲ့ စားဝတ်နေရေး အခြေအနေ မြင့်မားတိုးတက်ဖို့ ရည်မှန်း ချက်ထား ဆောင်ရွက်သွားမယ်။

    ========== ဦးဝင်းထိန်

    Ref – Mirror Daily

    The Ladies News (3 April 2016)

  • kai

    April 3, 2016 at 5:41 pm

    7Day News Journal
    40 mins ·

    “ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးဌာနနှစ်ခုပြန်လွှဲမည်”

    ဒေါ်အောင်ဆန်းစုကြည်သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနနှစ်ခုတို့ကို ဝန်ကြီးသစ်နှစ်ဦး အား ပြန်လည်လွှဲပြောင်းတာဝန်ပေးသွားရန်ရှိသည်။
    “ပညာရေးဝန်ကြီးအဖြစ်ဦးမျိုးသိန်းကြီး၊လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးအဖြစ်ဦးဖေမြင့်ထွန်းတို့ကိုတင်မှာ”ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထိပ်ပိုင်းခေါင်းဆောင်ဦးဝင်းထိန်ကပြောသည်။
    နိုင်ငံတော်သမ္မတက ပညာရေးဝန်ကြီး အဖြစ်ဦးမျိုးသိန်းကြီး ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး အဖြစ် ဦးဖေမြင့်ထွန်း တို့ကို ခန့်အပ်တာဝန်ပေးသွားရန် လွှတ်တော်သို့အဆိုပြုတင်ပြသွားမည်ဖြစ်သည်။

  • မြစပဲရိုး

    April 4, 2016 at 2:15 pm

    U Ravika
    Yesterday at 00:00 · Aurora, CO, United States ·

    ဗဟိုချုပ်ကိုင်မှု ဖြေလျှော့လိုက်တဲ့ သင်္ကေတတစ်ခု

    NLD အစိုးရမှာ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့သွားတဲ့ အဖြစ်တစ်ခုကို သက်သေပြပါဆိုရင် သင်္ကြန်မဏ္ဍာပ်ကိစ္စပါ။

    ဒီနှစ် ရန်ကုန်ဝန်ကြီးချုပ်သစ်က ရန်ကုန်မှာ စီးပွားဖြစ်မဏ္ဍာပ်ကို ခွင့်မပြုတော့ဘူး။ မိသားစုမဏ္ဍာပ်တွေကိုပဲ ခွင့်ပြုမှာ ဖြစ်တယ်။ ဒါပေမဲ့ မန္တလေးမှာတော့ ခွင့်ပြုဆဲ ဖြစ်တယ်။

    ဒီနှစ်ရန်ကုန်ဝန်ကြီးချုပ်က ဦးဖြိုးမင်းသိန်းဖြစ်ပြီး မန္တလေးဝန်ကြီးချုပ်က ဒေါက်တာဇော်မြင့်မောင်ပါ။ အမှန်မှာ ဒီနှစ်ဦးကတော့ NLD မှာ ကီးပလေယာတွေပါပဲ။ ဒါပေမဲ့ သူတို့အုပ်ချုပ်တဲ့ တိုင်းတွေမှာ မူဝါဒ မတူကြပါဘူး။

    ဒီတော့ မန္တလေးမှာတော့ လုပ်သေးတယ်၊ ရန်ကုန်မှာတော့ ခွင့်မပြုဘူးဆိုတော့ တပြေညီမဖြစ်ဘူးလို့ ဝေဖန်သံကြားရသလို အချို့ကလည်း စီးပွားဖြစ်မဏ္ဍာပ်တွေကို သိန်းစိန်အစိုးရတုန်းကလိုပဲ ခွင့်ပြုဖို့ စာတောင် တင်ကြပါတယ်။

    ဒီတော့ ဒီနှစ်မှာ ဒီအတိုင်း လွှတ်ထား။ နောင်နှစ်ဆိုရင် ဦးဖြိုးမင်းသိန်းအယူအဆက မှန်သလား၊ ဒေါက်တာဇော်မြင့်မောင်အယူအဆက မှန်သလား အဖြေပဲ။ ဒီအဖြေက ပြည်ထောင်စုတည်ဆောက်ရေးမှာလည်း အထောက်အကူ ဖြစ်တယ်။

    ကျုပ်တို့ပြောပြောနေတဲ့ ဖက်ဒရယ်စနစ်ဆိုတာ ဒီလိုမျိုးပဲ။ အစွယ်တကားကားနဲ့ မဟုတ်ဘူး။ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်။

  • kai

    April 4, 2016 at 3:37 pm

    Myanmar President Office added 4 new photos.
    21 mins ·

    ■ နိုင်ငံတော်သမ္မတရုံးက လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွန်ချက် ထုတ်ပြန် ■

    နေပြည်တော်၊ ဧပြီ ၄

    မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများကြောင့် အကျင့်စာရိတ္တပျက်ပြားမှု (corruption) များစွာဖြစ်ပေါ်နေပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်နေသဖြင့် အဂတိလိုက်စားမှုအလေ့အထကို အချိန်တိုကာလအတွင်း လုံးဝပျောက်သွားစေရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားသော “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဗဟိုရုံးများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်း အစိုးရများအား ဧပြီလ ၁ ရက်(သောကြာနေ့) ရက်စွဲဖြင့် ပေးပို့ဖြန့်ဝေလိုက်သည်။

    အဆိုပါလမ်းညွှန်ချက်၌ လက်ဆောင်ပစ္စည်းတွင် ငွေကြေးနှင့်တန်ဖိုးရှိသည့် ပစ္စည်းအပါအဝင် ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့တည်းခိုခ၊ အခမဲ့စားသောက်ခ၊ ဧည့်ခံကျွေးမွေးခြင်း၊ ဂေါက်သီးအသင်းဝင်ကြေး စသည်တို့ အကျုံးဝင်ပြီး မိမိရာထူးလုပ်ပိုင်ခွင့်၏ အကျိုးခံစားနိုင်သည့် လုပ်ရပ်တစ်ရပ်ကို လိုလား တောင်းခံသော အဖွဲ့အစည်း/ပုဂ္ဂိုလ်၊ မိမိတာဝန်ယူရသော အဖွဲ့အစည်း၊ ကြီးကြပ်ကွပ်ကဲရသော အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကို်င်သော၊ လုပ်ကိုင်ရန်ကြိုးပမ်းနေသော အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူးတာဝန်အရ လုပ်ဆောင်ရမည့် ကိစ္စ ရပ်တစ်ခုကို လုပ်ဆောင်ခြင်းကြောင့် အကျိုးခံစားမှုရှိသွားမည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူး တာဝန်အရ လုပ် ဆောင်ရမည့် ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ခြင်းမပြုသဖြင့် အကျိုးခံစားခွင့်ရှိသွားမည့် အဖွဲ့အစည်း/ လူပုဂ္ဂိလ် များ ထံမှ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားသည်။

    ကျပ်ငွေ ၂၅၀၀ဝ ထက် မပိုသော လက်ဆောင်ပစ္စည်း၊ (အဖွဲ့အစည်း တစ်ခု/လူပုဂ္ဂိလ် တစ်ဦးထံမှ လက်ခံ ရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀ဝ /- တန်ဖိုး ထက် မပိုစေရ)၊ မိသားစုဆက်ဆံရေး နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုအရ (တားမြစ်ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ နှင့် အကျုံးမဝင်သူများ) ပေးသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီးမျးတွင် ဂါရဝပြုပေးအပ်သည့် ကျပ်ငွေ ၁၀၀၀၀၀/- ထက်မပိုသော လက်ဆောင် ပစ္စည်းများကိုသာ ခြွင်းချက်ဖြင့် လက်ခံခွင့်ပြုထားသည်။

    လက်ခံခွင့်မရှိသော လက်ဆောင်ပစ္စည်းများ ပေးအပ်လာပါက ပေးအပ်သောလက်ဆောင်ပစ္စည်းကို ပြန်လည် ပေးအပ်ရန်၊ ပစ္စည်းကိုလက်ခံလိုပါက ကာလပေါက်ဈေးကို ပေးအပ်သူထံ ပြန်လည်ပေးအပ်ရန်၊ ကြာရှည် အထား မခံသောပစ္စည်းဖြစ်ပါက ဌာနတွင်းဝန်ထမ်းများအား ဖြန့်ဝေပေးရန်လည်း လမ်းညွှန်ထားသည်။

    နိုင်ငံခြားအစိုးရက ပေးအပ်သောလက်ဆောင်ပစ္စည်းများအနက် ငွေတန်ဖိုး ကျပ် ၄၀၀၀၀၀/- မပိုသော လက်ဆောင်ပစ္စည်း၊ တရားဝင်ကိစ္စအတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသစရိတ်များကိုသာ လက်ခံနိုင်ပြီး ထိုအချက်များနှင့် မကိုက်ညီသော်လည်း လက်ဆောင်ကိုငြင်းဆန်ခြင်းဖြင့် နှစ်ဖက်မျက်နှာပျက်ရမည့် ကိစ္စများတွင် လက်ဆောင်ပစ္စည်းကို လက်ခံနိုင်ပြီး ယင်းပစ္စည်းအား ဝန်ကြီးဌာန/ဌာနသို့ ပေးအပ်ရန် ဖြစ်သည်။

    အထွေထွေညွှန်ကြားချက်အနေဖြင့် လက်ဆောင်ပစ္စည်းများကို သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက် သော်လည်းကောင်း တောင်းခံခြင်းမပြုရန်၊ မိမိရာထူးတာဝန်လုပ်ဆောင်မှုအပေါ် ဩဇာလွှမ်းမိုးစေမည်ဟု ယူဆရ သောကိစ္စရပ်များအတွက် မည်သည့်လက်ဆောင်ပစ္စည်းမှ လက်ခံခြင်း မပြုရန်၊ လက်ခံခွင့်ရှိသော လက်ဆောင် ပစ္စည်းကိုပင် အကြိမ်ကြိမ်လက်ခံခြင်းမပြုရန်၊ လက်ဆောင်ပစ္စည်း ပေးအပ်လာပါက လက်ခံသည်ဖြစ်စေ၊ ငြင်းပယ် သည်ဖြစ်စေ အထက်အကြီးအကဲထံ အမြန်ဆုံးတင်ပြရန်၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအား ပေးအပ် သည့် လက်ဆောင်ပစ္စည်းများကိစ္စကို ဦးစီးရုံးများ၏ ဒုတိယညွန်ကြားရေးမှူးချုပ်များက နိုင်ငံတော်သမ္မတရုံးဝန်ကြီး ထံ အမြန်ဆုံးတင်ပြရန်ဟု ပါရှိသည်။ (နိုင်ငံတော်သမ္မတရုံး)

      • kai

        April 4, 2016 at 4:24 pm

        အဲဒါမျိုး.. ရွာသူားတွေလည်း.. အတုယူကြနော…။
        မြန်မာပြည်လာဖြစ်ရင်… လက်ဆောင်များများပေးဖို့မလိုတော့ဘူးပေါ့..။
        ကောင်းပါလေ့…။ :k:

        • မြစပဲရိုး

          April 4, 2016 at 4:31 pm

          သူကြီး လဲ ပြန်ပြီး သယ်ဖို့ စိတ်မကူးနဲ့တော့။
          ကောင်းပါလေ့…။ :k:

    • kai

      April 5, 2016 at 9:54 am

      FB မှကူးယူသည်။

      ===
      Lin Htin

      လက်ဆောင် နှစ်သောင်းခွဲ.. တစ်နှစ်ကို ၄ခါယူ တစ်သိန်းက အကျင့်ပျက် ခြစားမှု တိုက်ဖျက် နိုင်ဖို့ အဝေးကြီးလို့ ထင်တယ်…။ လက်ဆောင်ခြင်းတွေနဲ့ မြင်မကောင်း ရှုမကောင်း မိန့်မိန့်ကြီး အရှက်မရှိ လက်ခံတတ် ယူတတ် ပေးတတ်တဲ့ အကျင့်တွေကိုတော့ ဟန့်စေမယ်။

      သို့ပေသိ သူဌေးဖြစ် ခိုးတာကတော့ လက်ဆောင် ၃ သိန်း ၂သောင်းခွဲ ဘာဖြစ်ဖြစ်နဲ့ မဆိုင်ဘူး။ စစ်သား အယုတ်တမာတွေက နိုင်ငံတော် ဘတ်ဂျက်ထဲက ရာခိုင်နှုန်း လိုက်ကို ဖြတ်ယူကြတာ။ တံတားတစ်စင်း ဆိုပါတော့ သိန်း၁ထောင်ဆို ဘယ်ဗိုလ်ချုပ် အတွက်က ဘယ်လောက်၊ ဝန်ကြီးက ဘယ်လောက် ပရောဂျက် အင်ဂျင်နီယာက ဘယ်လောက် တခါတည်း ဖြတ်ယူတာ..။

      တခါတလေ အခုနှစ် ဘတ်ဂျက်ထဲ ပါမှာ သေချာတယ် ဆိုပြီး ဗိုလ်ချုပ် တစ်ကောင်ကောင်နဲ့ လက်ဝါးချင်း ရိုက်ပြီးသား အရာရှိက ငွေမရခင်ကတည်းက ဆပ်ဘ်ကန်ထရိုက်တွေနဲ့တောင် လုပ်ငန်း စထားသေးတာ။

      ဗမာပြည်မှာ ဆင်းရဲ ချမ်းသာ မဟားဒယားကွာသွားတာ အဲဒီ့ ခရိုနီအစ်ဇင်မ် ကြောင့်.. ဘိန်းကနေ ငွေရနေတဲ့ ကောင်တွေကြောင့်… ဆင်းရဲသားဆီက မြေသိမ်းပြီး လက်လွှဲရောင်းစား နေတဲ့ စစ်တပ်ကြောင့်၊ သယံဇာတ မုဒိန်းသမားတွေကြောင့်၊ စားအုန်းဆီက စလို့ ကားတွေ ဖုံးတွေ ဈေးကွက်ကိုပိတ် လက်ဝါးကြီး အုပ် တဲ့ ကောင်တွေကြောင့်။

      ဒီတော့ အောင်ဆန်းစုကြည်နဲ့ NLD အနေနဲ့ စစ်ဗျူရိုခရက် အရင်းရှင် စနစ်ကို ထိဖို့တို့ဖို့ အသာထားဦး၊ ခရိုနီ တွေနဲ့ ကင်းကင်း နေမယ် ဆိုတဲ့ စာရိတ်တ တရားကို ကိုယ်တိုင် အရင်ထူထောင်ပြီး အရှက်အကြောက် ရှိတတ်လာမှ ခြစားမှု တိုက်ဖျက်ရေးတွေ ဘာတွေ လုပ်… နို့မို့ဆို လက်ဖက်ရည်ဖိုး တောင်းတဲ့ ရုံးစာရေး၊ ထမင်းစားဖို့ လာဘ်စားတဲ့ ဝန်ထမ်း လောက်ကို ပစ်မှတ်ထားပြီး၊ ကုမ်ပဏီထောင် သားသမီးကို နိုင်ငံခြားပို့ ကျောင်းထား ဆေးကု ဈေးဝယ်ထွက်တဲ့ သူခိုး အကြီးစားတွေနဲ့ကျ နိုင်ငံရေး မိတ်ဖက်ဆို ဟီလာတိုက်မယ်ဆို ရွံစရာပဲ။ လင်းထင်

      • မြစပဲရိုး

        April 5, 2016 at 1:44 pm

        {{ ခရိုနီ တွေနဲ့ ကင်းကင်း နေမယ် ဆိုတဲ့ စာရိတ်တ တရားကို ကိုယ်တိုင် အရင်ထူထောင်ပြီး }}
        လင်းထင်

        kai says:
        အင်း..
        အရီးလတ် ဒီမိုကရေစီဖတ်စာကြီးရေးပြီး.. ငွေကြေးရှင်တွေကို နှိပ်ကွပ်ချင်တဲ့.. ဆိုရှယ်လစ်နို့နံ့ကြီးမစင်လို့သာပြောချင်တယ်…။

        +++++++++++++++++++++++++

        သူကြီးမင်း ပြောပါဦး။ lol;-))))))))))))))))

        စပလင် တွေမှန် မှ စာရေးရမယ်လို့ ကျွန်မ မပြောဘူးနော်။ ဒါပေမဲ့သူပြောတာ အဲဒီ သဘောလို ဖြစ်နေရော။

        • kai

          April 5, 2016 at 2:44 pm

          အင်းလေ…
          သူရေးတာသူလေ..။ ကျုပ်ရေးတာကျုပ်လေ..။ အရီးလတ်ရေးတာ အရီးလတ်လေ..
          တူချင်တူမယ်..။ မတူချင်မတူဖူးပေါ့ကွယ်..။
          အဲဒီအထဲက.. ကြိုက်သူယူ.. မကြိုက်သူပယ်..။ ကြိုက်သလိုလို.. မကြိုက်သလိုလို လုပ်ချင်လုပ်ကြ..
          ဖတ်သူ့သဘော..။ လုပ်သူ့သဘော..။

          ဒါကမှ…. ဒီမိုကရေစီရဲ့ အရသာ..။ :k:

        • မြစပဲရိုး

          April 5, 2016 at 10:05 pm

          ကျွန်မ ကတော့ ကိုယ်ပြောလိုက်တဲ့ စကား ကိုယ်တာဝန်ခံ ပြီး အချိန်ပေး ရှင်းပြထားပါတယ်။ မှားရင် လာပြောလို့ ရပါတယ်။ ပြောရင် စိတ်မဆိုးဘဲ ကျေးဇူးတောင်တင်ပါမယ်။
          တာဝန်မခံတတ်ဘဲ လက်လွတ်စပယ်ပြောတတ် တဲ့သူတွေ များလွန်းလာရင် လဲ ဒီမိုကရေစီ ရဲ့ အလှ ကို ပျက်စီးစေပါတယ်။

      • မြစပဲရိုး

        April 5, 2016 at 1:57 pm

        အတည်ပြောရရင်
        ဒီလို မပြောဆိုကြခင် နိုင်ငံကြီးတွေမှာ သုံးတဲ့ Professional Ethics တွေထဲမှာ Gift and Bribery ဆိုတာလေး တွေ အတူ နှိုင်းပြပြီး ထည့် ရေးထားရတဲ့ အကြောင်းကို အရင် လေ့လာပေးကြပါ။

        ငါ့နှယ်။ ဝဋ်ဘဲ။ ပါးစပ်က ဘယ်လိုပိတ်မရ။ နောက်တစ်ခါ ရွာထဲ ဝင်ရင် ကျွန်မကို မောင်းထုတ်ပေးကြပါ။ 😛

      • မြစပဲရိုး

        April 5, 2016 at 2:10 pm

        ” ရေပက်တဲ့ ကိစ္စကြီးပဲ တဝဲလည်လည်
        ဖြစ်နေမယ်ဆိုရင်တော့ ကျနော် ပြန်တော့မယ်
        ဘာဖြစ်လို့လဲ ဆိုတော့ …………..
        တိုင်းပြည်ကြီးက ရေပက်တဲ့ကိစ္စတစ်ခုတည်းမဟုတ်ဘူး ။
        ပထမဆုံးအားစမ်းတဲ့ပွဲလို့ပဲ ကျနော် မြင်တယ်
        ဒါ အစိုးရသစ်အတွက်ပေါ့ ”

        ကိုမင်းကိုနိုင် (4-4-16)
        ( ရန်ကုန်တိုင်း ဝကခ အစည်းအဝေး )
        ++++++++++++++++++++++++

        အခုလဲ လာပြန်ပြီ။ အလုပ်မှ စ မလုပ်ရသေးဘူး။ စကားလုံး တွေ ကို ပုံကြီးချဲ့ ကြပြီ။
        တကဲ့ ကဏန်း ကောင် တွေ ဘဲ။
        အလုပ်လုပ်ဖို့ တက် နေရတဲ့ အပေါ်လူတွေ ကို အလုပ်တောင် မစ ရသေးဘူး။
        ဆွဲချဖို့ စောင့်နေတော့တာဘဲ။
        တကယ်လုပ်ရင်တောင် အချိန်ကာလ တစ်ခု စောင့်ရမှာဘဲ။
        အမှားပါလို့ စေတနာအမှား ဆိုလဲ ခွင့်လွှတ်ရမှာဘဲ။
        မကျေနပ်ရင် အခု လမ်းပွင့်နေပြီ။
        ကိုယ့် ကိုယ်ကို သွေးလို့ ထိပ်ရောက်အောင် လုပ်ပြီး ပြည်သူ ကို ဆွဲဆောင်ပြ။
        မဟုတ်ဘဲ ကန့်လန့်တိုက်နေရင်တော့ နိုင်ငံတိုးတက်မှု မှာ အနှောက်အယှက်ဘဲ။
        နှစ်ပေါင်း ရွှေရတုမက အဖျက်စီးခံလာရတဲ့ နောက်ကြောင်း အရှည်ကြီး ကို မမြင်နိုင်တော့ဘဲ ရှေ့ရက်ပိုင်းလေး ကို အဖျက်လုပ်နေတဲ့ စိတ်ဓာတ်တွေ။
        ရွံစရာပဲ။ (သူ့ စကားလိုပါ)
        I don’t know who he is.

        • kai

          April 5, 2016 at 2:47 pm

          အခြေခံအားဖြင့်… အတွေးအခေါ်တို့ရဲ့ အမြုတေ… ဘာသာရေးအယူဝါဒတွေ.. သွားမပြင်နိုင်ရင်.. မြန်မာပြည်က.. အရာရာမှာ တဝဲလည်လည်နဲ့.. နောက်ဆုံး.. မူလနေရာပြန်ရောက်မှာပဲ..။
          ဒါကို.. အကြိမ်တထောင်လောက်ပြောဖူးတယ်..။

          ကြိုက်တဲ့စနစ်လာခဲ့..။ ပလုံပလုံပဲ..။
          အမေရိကားလို.. တရားဥပဒေလွှမ်းမိုးတဲ့.. ဒီမိုကရေစီစနစ်မှာလည်း မရရေးချ..မရ..။
          မရဘူးဆိုတာ.. အခုတင်ကိုယ်တိုင်ပါဝင်ပါတ်သက်နေတဲ့.. ရာစုနှစ်တစိတ်ခရီးမှာ.. မြင်နေရတာပဲ..။
          လက်တွေ့.. ကိုယ်တွေ့.. ။

          …. အာမခံပါကြောင်း..။ :k:

        • မြစပဲရိုး

          April 5, 2016 at 10:08 pm

          {{ kai says: ဒါကို.. အကြိမ်တထောင်လောက်ပြောဖူးတယ်..။ }}
          ပြောတဲ့ အလွဲ က ၉၉၉။ 😉

    • kai

      April 5, 2016 at 1:19 pm

      တနှစ်တခါ.. ဘုန်းကြီးဝတ်ပြီး အလှူခံရင်တော့ လွတ်မယ့်ပုံပဲ..။
      ဟိုမှာ.. ဟိုလူကြီး လုပ်ပြနေတယ်လေ…။ :k:

  • မြစပဲရိုး

    April 4, 2016 at 4:30 pm

    နောက်ဆုံးသတင်း အရတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် အမှတ် ရတော့ မဲ့ အကွက်ပါဘဲ လား။
    မလို သူ တွေ ပိုပြီး ဂျေ ရတော့ မဲ့ ဖဲချိုး ဘဲလား မသိ။ 😉
    ဘာဘဲဖြစ်ဖြစ် အေးအေးချမ်းချမ်း ဖြစ်ဖို့ ကို ဘဲမြင်ချင်ပါတယ်။

    • kai

      April 4, 2016 at 4:38 pm

      အချိန်က စကားပြောပါလိမ့်မယ်..။ :k:

      • မြစပဲရိုး

        April 4, 2016 at 4:52 pm

        သူကြီးပြောသလို ဒီရွာထဲမှာ သမိုင်းတွေ ကျန်နေတာ ဂုဏ်ယူပါ။
        မှန်သည် မှားသည် ကတော့ အကြောင်းမဟုတ်။
        ဘယ်သူမှ ဘယ်တော့မှ စင်းလုံးချော မရှိမှု သာဓက ပါဘဲ။
        သင်ခန်းစာယူတတ်ရင် “ငါစွဲ” တွေ ကို (လုံးဝ တော့ ဖြုတ်လို့ မရတာ ပေမဲ့) နဲအောင် ဖြုတ်နိုင်ပါတယ်။ :-))

        • kai

          April 4, 2016 at 5:05 pm

          အင်းပေါ့နော…။
          ကော်မန့်ပေါင်း.. (380,526)
          ပို့စ်ပေါင်း.. 32,332 တဲ့..။ အခုကြည့်လိုက်တာ…။ ဒီနေ့.. ဒီဝက်ဘ်ဆိုက်.. ၁ဝနှစ်တိတိပြည့်တယ်လေ..။

        • kai

          April 5, 2016 at 6:07 am

          …. ပွိုင့် ၅သောင်းအထက်ရှိသူ…..Contributor , ရွာသူားတွေပွဲတွေမှာ ပါလေ့ရှိသူတွေကို.. Press Pass ထုတ်ပေးမလားလို့..။ ဒီတရက်ပဲ..။
          editor@MyanmarGazette.net ကို…
          ၁။ အမည်ရင်း။
          ၂။ DOB
          ၃။ အမြဲတန်းလိပ်စာ
          ၄။ NRC # ပို့ပေးပါ..။

          ဘာအကျိုးရှိကြမလဲဆိုတော့..
          မီဒီယာကိစ္စနဲ့.. အဖမ်းခံရရင်..တခုခုဖြစ်ရင်တော့…US Media အနေနဲ့ ရှိသမျှကမ္ဘာတန်းအဆင့်မီဒီယာဌာနတွေ… တိုင်စာတော့ပို့ပေးလို့ရတယ်..။
          အလုပ်လျှောက်ဘာညာ.. ခရက်ဒစ်အနေနဲ့ရမယ်.။ :k:

        • မြစပဲရိုး

          April 5, 2016 at 10:16 pm

          {{ kai says: မီဒီယာကိစ္စနဲ့.. အဖမ်းခံရရင်..တခုခုဖြစ်ရင်တော့…US Media အနေနဲ့ ရှိသမျှကမ္ဘာတန်းအဆင့်မီဒီယာဌာနတွေ… တိုင်စာတော့ပို့ပေးလို့ရတယ်..။}}
          ဟုတ်ရော။ အတော်ကြီး အားကိုးရမဲ့ ပုံဘဲ။ ဘာလုပ်ပေးမှာလိုက်လို့။
          အဖမ်းခံ ရတယ် လို့ အဆိုးမြင်မဟုတ်ဘဲ ဒါထက် ပိုကောင်း တဲ့ ဟာလေး တစ်ခု လောက် ထပ်ဖြည့် ပါဦး သူကြီးမင်းရယ်။
          စိတ်ဝင်စားဖို့ မကောင်းလိုက်တာ။

          တကယ်တော့ ပွိုင့် ငါးသောင်း နဲ့ ပွဲတိုင်းပါနိုင်ဖို့ ဆိုတာ ရွာထဲ မှာ တော်ရုံ သံယောဇဉ်နဲ့ မရဘူး။
          “ကလေးတွေ ပိုပြီး အခွင့် ရကြ ပါစေ ကိုသခင်ခိုင်ဘွား ရယ်”။ 😉

        • ကထူးဆန်း

          April 6, 2016 at 9:44 am

          ဟင့် .. .အနော်လဲ ရဝူး …. သုံးသောင်းကေ ျာ် ဘဲ ရှိ တယ် ..
          နို့ မို့ ဝန်ကြီး အရွေးခံ ဖို့ … သုံး မ လို့ ကို .. CJ / MG/LA.(USA) ဆိုပြီး ..
          🙂 🙂

        • မြစပဲရိုး

          April 6, 2016 at 1:50 pm

          ဟုတ်တယ် သူကြီး။ ကထူးဆန်းပြောတာလဲ စဉ်းစားသင့်ပါ့။
          တစ်ချို့ မှတ်ချက် တွေချည်းပေးပြီး ပို့စ်မတင်ရင် လဲ ပွိုင့် နဲတာကိုး။
          ကထူးဆန်း ကတော့ လူရင်းမို့ တိုးတိုးပြောမယ်။
          ကျွန်မ ကို ရှင့် Password အပ်လိုက်။ ကျွန်မ ကို တစ်ပွိုင့် ကို ၁၀ဝ ဘဲ ပေးပါ။ Pass ထွက်လာအောင် လုပ်ပေးပါ့မယ်။
          ဒေါ်အောင်ဆန်းစုကြည် မကြားစေရ။ 😉 :-)))))

  • kai

    April 4, 2016 at 5:07 pm

    တီရှပ်ဒီဇိုင်းတခု လုပ်ကြည့်တယ်..။
    မြန်မာအကသင်တန်းသူတွေ.. နှစ်ကူးလက်ဆောင်ပေးဖို့..။ ဆရာနေမျိုးဆေးပန်းချီကို ကလိထားတာ.. :k:

  • မြစပဲရိုး

    April 4, 2016 at 10:28 pm

    မြန်မာနိုင်ငံရေးမှာ တကယ်တော်တဲ့ ပွဲစား တွေ လို ကြောင်း / ရှိလဲရှိနေကြောင်း အကျွန်ုပ် ကောင်းကောင်းကြီး သိလိုက်ရပါပြီ အသင်လောက။ 😉

    • kai

      April 6, 2016 at 5:31 am

      ထိုင်းနိုင်ငံက.. ဒီအဖြစ်ကိုကြည့်ရင်.. ထေရာဝါဒက.. ခရစ်ယန်ရိုမန်ကက်တလစ်ကို အားကျအတုယူနေတာ ပိုသေချာလာတယ်…။
      မြန်မာပြည်မှာတော့.. မဟနပေါ့…။
      ဗုဒ္ဓသာသနာထက်..နှစ် ၆၀ဝ လောက်နောက်ကျပြီးမှ ကျော်တက်သွားတဲ့.. ဘာသာ..သာသနာတခုရဲ့လွှမ်းမိုးနိုင်မှုလို့ပဲ.. ဆိုချင်..။ :k:

  • မြစပဲရိုး

    April 5, 2016 at 9:36 pm

    Gifts and hospitalities & The Bribery Act 2010
    မနှစ်က စာမေးပွဲဖြေတုန်း က ကျက်ခဲ့ရတာလေး ကိုပြန်မျှပါတယ်။
    ကျွန်မ က ဒီအကြောင်းကို မှား ပြောတယ်၊ ဖာပြောတယ် ထင်ရင် အားမနာတမ်း လာပြီး ပြောဆိုဝေဖန်ပေးပါ။
    နိုင်ငံတကာနဲ့ ကျယ်ကျယ် ပြန့်ပြန့်ဝင်ဆန့်ပြီး အလုပ်လုပ်ကြတော့မှာမို့ သူများ တွေ ဆီမှာ လုပ်ကိုင်နေတာ တွေ ကို ပြောပြခြင်းပါ။
    တစ်ချို့ သော လက်တွေ့မသိသော လေဆရာများ ရဲ့ လေမုန်တိုင်းတွေ က စိတ်ပျက်ဖို့ ကောင်းလွန်းလှလို့။

    လုပ်ငန်းတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ ဆိုင်ရာလုပ်ငန်းပေါ်မူတည်ပြီး ဝန်ထမ်းများလိုက်နာရမဲ့ ကျင့်ဝတ်များ ကို ချထားပေးရပါတယ်။
    ဝန်ဆောင်မှုပေးတဲ့ နေရာမျိုးတွေ မှာ စားသုံးသူတွေ နဲ့ တိုက်ရိုက်ဆက်ဆံရချိန် မကင်းနိုင်တဲ့ လူမှုဆက်ဆံရေးများ အတွက်လဲ အသက်ရှူပေါက် ဖောက်ပေးထားရပါတယ်။
    တစ်နေရာ နဲ့ တစ်နေရာ၊ အဖွဲ့အစည်း တစ်ခု နဲ့ တစ်ခု မတူနိုင်ကြပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်းက က ဂိုက်လိုင်း သတ်မှတ်လိုက်တဲ့ သဘောပါ။
    (ဦးသိန်းစိန် ရဲ့ ၃သိန်းကလဲ ဒီလိုမျိုးပါ။ ဒါပေမဲ့ ကာလ လစ်မစ် မထားခဲ့ပါဘူး။ အခု တစ်နှစ် ကာလ အတွင်း အများဆုံး ကန့်သတ်ထားပါတယ်)
    အောက်က နမူနာက စာရင်းကိုင်/စစ်များအတွက် လိုက်နာရမဲ့ ကျင့်ဝတ်ပါ။
    အဲဒီ ဘောင်ထဲ မှာ ကိုယ်ပိုင် အသိ နဲ့ ချင့်ချိန်ပြီး လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
    တစ်ချို့ ရုံးကျင့်ဝတ်က ချိုးဖောက်ရင် ရုံးတွင်းမှာဘဲ ဖြေရှင်းနိုင်တာမျိုး ဖြစ်ပေမဲ့ တစ်ချို့ (gifts and hospitalities လိုမျိုး) က ချိုးဖောက်ရင် ဥပဒေကို ထိပါးတာမို့ ပြစ်မှုကျူးလွန်ရာရောက်ပါတယ်။

    အခု ဒေါ်အောင်ဆန်းစုကြည် ချပြလိုက်တဲ့ စည်းကမ်း က လူရီဖွယ်ဖြစ်နေရင် မြန်မာပြည် က ပညာရှင်ကြီးများ ပါးစပ်ပိတ်ပြီး နေကြမှာ မဟုတ် လို့ လဲ ယုံပါတယ်။

    အရေးကြီးတာကတော့ ရွှေပြည် ထဲ နေရာအနှံ့ ပညာပေး အစီအစဉ် တွေ၊ တာဝန် နဲ့ ပြစ်ဒါဏ် တွေ ကို မပြတ်အောင် တစ်တို့တို့ နဲ့ သတိပေးနေဖို့ပါဘဲ။
    အဲဒီအတွက် “ခေါင်လုံ နေနိုင်ဖို့” က ထိပ်တန်းက အရေးပါဆုံးပါ။
    ++++++++++++++++++++++++++++++++++++++++++++++
    Gifts and hospitality
    Members in practice
    Section 260
    260.1
    A member in practice, or a close or personal relation, may be offered gifts and hospitality from a client. Such an offer ordinarily gives rise to threats to compliance with the fundamental principles.
    For example, self-interest threats to objectivity may be created if a gift from a client is accepted; intimidation threats to objectivity may result from the possibility of such offers being made public.

    260.2
    The existence and significance of such threats will depend on the nature, value and intent behind the offer. Where gifts or hospitality which a reasonable and informed third party,
    having knowledge of all relevant information, would consider clearly insignificant are made, a member in practice may conclude that the offer is made in the normal course of business
    without the specific intent to influence decision-making or to obtain information. In such cases,
    the member in practice may generally conclude that there is no significant threat to compliance with the fundamental principles.

    260.3
    If evaluated threats are not clearly insignificant, safeguards must be considered and applied as necessary to eliminate them or reduce them to an acceptable level.
    When the threats cannot be eliminated or reduced to an acceptable level through the application of safeguards, a member in practice shall not accept such an offer.

    260.4
    A member in practice should also consider potential criminal offences under the Bribery Act 2010 which may be relevant.

  • မြစပဲရိုး

    April 5, 2016 at 9:59 pm

    စောစော က သတင်းတွေ ဖတ်နေရင်း ဘယ်က ရေးတယ်တော့ မမှတ်မိဘူး။ သူပြောတဲ့ သဘောက “လာဘ်ပေးလာဘ်ယူ ကို မီဒီယာ တွေ ကသာ စုံစမ်းပြီး ချေဖျက်ပေးနိုင်တယ်” လို့ဆိုပါတယ်။
    မှားတယ် မပြောလိုပါဘူး။ မှန်ပါတယ်။
    ဒါပေမဲ့ မီဒီယာ က နေရာတိုင်း မှာ အတွင်းက အဖြစ်တွေ ကို သိဖို့ မလွယ်ပါဘူး။
    ဒါကြောင့် လုပ်ငန်းတွင်းမှာ အရေးကြီး တဲ့ ကျင့်ဝတ် နဲ့ ထိန်းကျောင်းပေးရပါတယ်။
    အဲဒါကို Whistleblowing လို့ ခေါ်ကြပါတယ်။ အတွင်းသတင်းပေးပေါ့။
    မဟုတ်တာ လုပ်နေတာ ကို သိရက် နဲ့ မပြောရင် လဲ ပြစ်မှုကျူးလွန်တာမို့ သိရင် သတင်းပေးဖို့ အရေးကြီးပါတယ်။
    အဲဒီလို သတင်းပေးဖို့ အတွက် ကိုလဲ ဘယ်သူကို ဘယ်လို သတင်းပေးသင့်တယ် လို့ ရှင်းလင်းတဲ့ လမ်းညွန်ချက်ပေးရပါတယ်။
    ထိပ်က လူက ဖောက်နေရင် ရဲ ကို တိုက်ရိုက်သတင်းပို့ လို့လဲ ရပါတယ်။
    (မဟုတ်ဘဲ တိုင်ရင် ၊ တမင်ချောက်တွန်းရင် ကိုယ့်ရှူးကိုယ်ပြန်ပတ်ပါတယ်)
    လူအများစုကျင့်ဝတ်လိုက်နာ နေတဲ့ နေရာမှာ အလုပ်ဖြစ်ပေ မဲ့ မြန်မာပြည် လို အဆင့်ဆင့် ကျင့်ဝတ် ပျက်နေတဲ့ နေရာမှာတော့ တော်တော်ကြီး ကို ပြုပြင်ယူရမဲ့ ကျော်လွှားရမဲ့ အတားအဆီး အခက်အခဲပါဘဲ။
    ဒါကြောင့် ကိုယ်တစ်ကိုယ်စာ က စပြီး လာဘ် မပေးဖို့ ကို ကြိုးစားကြရမှာပါ။
    လုပ်ငန်းရှင်များ ကလဲ ဖြစ်နိုင်သ၍ သိပ်ပြီး လောဘ မတက်ဘဲ နိုင်ငံတိုးတက်ရေးမှာ ဝိုင်းဝန်းကူညီဖို့ လိုပါတယ်။
    မီဒီယာများ ကလဲ ကောင်းသော ပူးပေါင်းခြင်း နဲ့ ဘက်မလိုက်ဘဲ သတင်းယူတတ်ရင်တော့ တစ်နေ့မှာ ချစားမှု လုံးဝပျောက်မသွားတောင် မှ နည်းသွားမယ် မှန်းပါတယ်။
    ပြစ်မှု ထက် အများကြီးပို တဲ့ ပြစ်ဒါဏ် ကလဲ ထိန်းကျောင်းရာမှာ အစွမ်းရှိတဲ့ လက်နက် တစ်ခု ဖြစ်နိုင်ပါတယ်။
    ++++++++++++
    Whistleblowing is the term used when a worker passes on information concerning
    wrongdoing
    . In this guidance, we call that “making a disclosure” or “blowing the whistle”.
    The wrongdoing will typically (although not necessarily) be something they have witnessed
    at work.
    To be covered by whistleblowing law, a worker who makes a disclosure must reasonably
    believe two things. The first is that they are acting in the public interest. This means in
    particular that personal grievances and complaints are not usually covered by
    whistleblowing law.
    ++++++++++++++++++++++++++
    The ethics of whistleblowing
    As a professional, you have ethical responsibilities to speak up. If the matter relates to suspected money laundering or some taxation issues, you may have a legal obligation to report an issue. You may also be required to report other issues as a member of other professional bodies. This guide seeks to assist you if such a situation arises and can be used in conjunction with your code of conduct.

    • kai

      April 6, 2016 at 3:32 am

      ခုလောလောဆယ်တော့..NLD ကနေဝင်ပြိုင်အနိုင်ရ.. အမတ်ဖြစ်.. ဝန်ကြီးဖြစ်.. အစိုးရဝန်ထမ်းဖြစ်ကုန်သူ.. RIT BE ဘွဲ့ရတွေကို ဂုဏ်ပြုပွဲလုပ်ဖို့.. ကျန်တဲ့ကျောင်းသားဟောင်းတွေက စီစဉ်ကြပုံပေါ်တယ်..။
      အဲဒါ.. ငွေတွေကောက် ဘက်ဂျက်လည်းရပြီမို့.. ငွေထုတ်ကိုင်ပြီး ဘယ်လို ဆုပေးရပါ့… ဖြစ်နေပုံပေါ်တယ်..။
      ဒါတွေ.. ဒီတွေ.. သေသေချာခာျသိဖို့လိုသပေါ့နော…။

      တကယ်တော့…
      မီဒီယာအလုပ်က..whistleblower ထက်လည်းအများကြီးပိုပါတယ်..။
      whistleblower က.. ထုတ်လိုက်တဲ့ အချက်အလက်ကို.. ကမ္ဘာသိ.. လူသိအောင်မီဒီယာကတဆင့်လုပ်ရသာတာဖြစ်ပါတယ်..။
      စနိုဒမ်ကိစ္စမှာဆိုရင်တော့.. ဝါရှင်တန်ပို့စ်.. ဂါဒီးယမ်းသတင်းစာ စသဖြင့်ပေါ့..။
      ဒါကြောင့်..မီဒီယာကို.. မဏ္ဍိုင်၃ခုကို ထိန်းကြောင်းတဲ့.. စတ္တုထ္တမဏ္ဍိုင်အဖြစ်တင်စားတာပါ…။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    April 6, 2016 at 11:42 am

    ဒိုးဂဒေါ့ မန်းဒပ်မစိရင် ဘုန်းကြီးဝတ်မယ်

  • Wow

    April 6, 2016 at 12:16 pm

    သံရုံး ၂ ရုံးက သတင်းရလာတာကတော့ ASSK က ဂျပန်သံရုံးကို City plan ဆွဲခိုင်းပြီး British သံရုံးကို water way အတွက် အကြံတောင်းထားပါတယ်တဲ့

    • မြစပဲရိုး

      April 6, 2016 at 1:53 pm

      ဘိလပ်က လူ တွေ က ပညာရေး အတွက်လဲ ကူညီမယ်လို့ ပြောတာ ကြားတာဘဲ။ :-))

      • Wow

        April 6, 2016 at 1:58 pm

        လောလောဆယ် BC သင်တန်းတွေကတော့ စီးပွားရေးဆန်လွန်းလို့ ဝေဖန်ခံနေရတယ် :mrgreen:

  • မြစပဲရိုး

    April 6, 2016 at 1:59 pm

    China says business spats with Myanmar can be resolved
    China is confident it can resolve business disagreements with Myanmar through friendly talks, Foreign Minister Wang Yi said after meeting his counterpart Aung San Suu Kyi, amid pressure from China to resume a stalled US$3.6-billion (2.54 billion pounds) dam project.
    Posted 06 Apr 2016 10:35
    http://www.channelnewsasia.com/news/asiapacific/china-says-business-spats/2669762.html#.VwSol1yhsZo.facebook

    • kai

      April 6, 2016 at 3:35 pm

      ချိုင်းနားက.. လောလောဆယ်မှာ ထိုင်ဝမ်ရဲ့သမ္မတသစ်ပေါ်လစီနဲ့ပါတ်သက်ပြီး အကြီးအကျယ်ဖြစ်နေတယ်..။ South China Sea မှာ အာစီယံနိုင်ငံတော်တော်များများနဲ့လည်း ထိပ်တိုက်ဆိုင်ထားရတယ်..။ အဲဒီပြဿနာတွေထဲ ယူအက်စ်ကဝင်ပါနေသလို.. မြောက်ကိုရီးယားအရေးကျ.. ယူအက်စ်နဲ့ မလွှဲသာပဲစကားပြောနေရပြန်တယ်..။

      ဒီလိုအခြေအနေမျိုးမှာ.. မြန်မာဟာ ယူအက်စ်နဲ့လည်း”စ”အဆင်ပြေ.. သူတို့နဲ့လည်းအဆင်ပြေနေတဲ့ တခုတည်းသောနိုင်ငံလာဖြစ်နေတာမို့.. ..ဘယ်လိုမှ လက်လွှတ်မယ်မထင်ပါ။
      ဒေါ်နယ်ထရမ့်ပြောသလိုပြောရရင်.. Deal လုပ်ရင်လုပ်တတ်သလောက် မြန်မာအမျိုးသားအကျိုးစီးပွားအတွက်.. အကျိုးရှိမယ်ထင်ပါတယ်..။
      ဒါပေမယ့်.. ဒါမျိုးအခွင့်အလန်းက.. ရတဲ့အချိန်သိပ်မရှိပါ…။ တဖက်အကြပ်တွေ့နေတုံးမျိုး မြန်မြန်ဆုံးဖြတ်ပြီး Deal ရတာဖြစ်ပါတယ်..။

  • kai

    April 7, 2016 at 2:38 am

    Myanmar President Office
    Page Liked · 2 hrs · Edited ·

    ■ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အမေရိကန်ပြည်ထောင်စုသမ္မတ
    မစ္စတာ အိုဘားမား တယ်လီဖုန်းဆက်၍ ချီးကျူးဂုဏ်ပြု ■
    ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

    နေပြည်တော် ဧပြီ ၆

    နိုင်ငံတော်သမ္မတကြီးဦးဆောင်သော အစိုးရအား မြန်မာပြည်သူလူထုက အားပေး ထောက်ခံ နေသကဲ့သို့ အမေရိကန်ပြည်ထောင်စုကလည်း အားပေး ကူညီ ပံ့ပိုးပေး သွား မည်ဖြစ် ပါကြောင်း နိုင်ငံတော် သမ္မတဦးထင်ကျော်ထံ အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ အိုဘားမားက ယနေ့ ည ၉ နာရီ တွင် တယ်လီ ဖုန်း ဆက်၍ ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ မစ္စတာ အိုဘားမားက နိုင်ငံတော်သမ္မတအဖြစ် စတင် တာဝန် ထမ်းဆောင်မှုအပေါ် အထူးပင် ဂုဏ်ယူ ဝမ်းမြောက်မိ ပါကြောင်း၊ မြန်မာနိုင်ငံ ၏ ဒီမို ကရေစီ ပြုပြင်ပြောင်းလဲမှုများမှာ သမိုင်း ဝင်ဆောင် ရွက် မှုများဖြစ်သည့်အတွက် ချီးကျူး ပါကြောင်း၊ အထင်ကြီး အားကျ ဖွယ်လည်း ဖြစ်ပါကြောင်း၊ နိုင်ငံရေးတွင် အားလုံး ပါဝင်သည့် နိုင်ငံရေး၊ သာယာ ဝပြောသော၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်သော၊ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာ စေရန်အတွက် ကြိုးပမ်း သွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ သမ္မတကြီး အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်အား ကောင်းမွန်စွာ ပုံဖော်ရန်အတွက် အခွင့် အရေး ရရှိလာသည့်အတွက် ဝမ်းမြောက်ပါကြောင်း။

    မြန်မာနိုင်ငံအတွက် အမေရိကန်ပြည်ထောင်စုမှ ပံ့ပိုးကူညီနိုင်မည့် အလားအလာများကို ပွင့်လင်းစွာ အသိပေးနိုင်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် မိမိအနေဖြင့်လည်း မြန်မာနိုင်ငံအား ပံ့ပိုးကူညီသွားရန် အသင့်ရှိသည်ကို အသိပေးလို ပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်အစီအမံများကိုလည်း ကြားသိလိုပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ်အဖြစ် အဆိုပြုထားသူနှင့်လည်း ရင်းနှီးပွင့်လင်းစွာ အသေးစိတ် ဆွေးနွေးသွားနိုင်ပါကြောင်း၊

    မိမိအနေဖြင့် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်လည်း ဆက်သွယ်ပြောကြားရန် ရှိပါကြောင်း၊ မကြာမီ ကျရောက်တော့ မည့် မြန်မာရိုးရာ နှစ်သစ်ကူး သင်္ကြန်အခါသမယအတွက် ဆုမွန်ကောင်းများ ပို့သပါကြောင်း ပြောကြားသည်။

    နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မြန်မာပြည်သူလူထု၏ အားပေး ထောက်ခံ မှုဖြင့် ယခုကဲ့သို့ ကြီးလေးသောတာဝန်များကို ထမ်းဆောင်ရခြင်း ဖြစ် ပါကြောင်း၊ ပြည်သူ လူထု၏ အားပေးထောက်ခံမှုကို များစွာ တန်ဖိုးထား ပါကြောင်း၊ အမေရိကန်နိုင်ငံ သမ္မတကြီးနှင့် အမေရိကန်ပြည်ထောင်စု မှ မြန်မာနိုင်ငံအပေါ် ဆက်လက်၍ ပံ့ပိုးကူညီမှု များ ပြုလုပ်သွားလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ ရင်းနှီးမြှုပ်နှံမှုများ၊ USAID အပါအဝင် အမေရိကန်ပြည်ထောင်စု၏ ကဏ္ဍအသီးသီးတွင် ပူးပေါင်းကူညီမှုများကို လိုလားပါကြောင်း၊

    အမေရိကန်ပြည် ထောင်စုအပါအဝင် မိတ်ဆွေနိုင်ငံ များ၏ ပံ့ပိုး ကူညီ မှုဖြင့် မြန်မာနိုင်ငံ အနေဖြင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို များမကြာမီ ရောက် ရှိ မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိအား ယခုကဲ့ သို့ နွေးထွေး စွာဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုများအပေါ် အားပေးထောက်ခံကြောင်း ဆက်သွယ် ပြောကြားသည့် အတွက် ကျေးဇူးအထူး တင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် တွေ့ကြုံနေရသော် လည်း ယင်းစိန်ခေါ်မှုများကို အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားခဲ့သည်

  • kai

    April 7, 2016 at 2:43 am

    News Watch(စောင့်ကြည့်သတင်းဂျာနယ်)
    7 hrs ·

    ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူနေသည့်
    သမ္မတရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် မှူးဇော်ကိုခန့်အပ်
    =================================

    ဒေါ်အောင်ဆန်းစုကြည်ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူနေသည့် သမ္မတရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးဇော်ဌေး (ခ)မှူးဇော်အားခန့်အပ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

    သမ္မတရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ်ခံရသူ ဦးဇော်ဌေးက “ ကျွန်တော်တို့ဆီမှာတော့ နည်းနည်းထူးဆန်းတာပေါ့။ တခြားနိုင်ငံမှာလည်းအစိုးရတွေကအပြောင်းအလဲရှိနေတယ်။ကျွန်တော်တို့နိုင်ငံမှာအစိုးရအပြောင်းအလဲကအခု၂၀၁၅ ရွေးကောက်ပွဲအပြီးမှ တွေ့ရတာကိုး။၅ နှစ်တကြိမ်ရွေးကောက်ပွဲက ရှိနေမှာပဲ။

    အစိုးရအဖွဲ့တွေကလည်း၅ နှစ်တစ်ကြိမ် ပြောင်းနေမှာပဲ။ နိုင်ငံဝန်ထမ်းတွေကတော့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် အငြိမ်းစားမယူခင်ထမ်းဆောင်သွားဖို့ပါပဲ။ဒါတွေက နိုင်ငံတကာမှာတော့ မထူးဆန်းဘူးပေါ့။ဒီမှာတော့ အခုမှ NLD အစိုးရအပြောင်းအလဲမှာ နည်းနည်းထူးဆန်းသလိုဖြစ်နေတယ်။

    ပရောဖက်ရှင်နယ် နိုင်ငံဝန်ထမ်းအရကြည့်မယ်ဆိုရင်တော့ နောင်လည်း ဒီပုံစံအတိုင်းသွားမှာပေါ့” ဟု ဆိုသည်။၎င်းအနေဖြင့် ချမှတ်ထားသည့် မူဝါဒများနှင့်အညီတာဝန်ကျေပွန်အောင်ဆောင်ရွက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုပါတီဥက္ကဌတာဝန်ယူထားသည့်NLDပါတီပါတီကိစ္စများကို ပြောဆိုခွင့်မရှိသကဲ့သို့ နိုင်ငံခြားဝန်ကြီးဌာန နှင့်ဆက်စပ်သည့်အရေးကိစ္စများကိုလည်း ပြောရေးဆိုခွင့်မရှိကြောင်းသမ္မတရုံးဝန်ကြီးဌာန၏ကိစ္စရပ်များကိုသာ ပြောဆိုသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးကပြောသည်။

    ထိုပြင် သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အရ သမ္မတအိမ်တော်သတင်းထောင်များနှင့်လည်း ၂ ပတ်တစ်ကြိမ်တွေ့ဆုံကာ ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

    ၎င်းသည်ယခင်သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတရုံး၏ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးအဖြစ်ထမ်းဆောင်ခဲ့သည်။

    လင်းလင်းအောင်

    • မြစပဲရိုး

      April 7, 2016 at 5:07 am

      ဒုက္ခဘဲ။ မှူးဇော် ရဲ့ မျက်နှာငယ်လေး ကို ကြည့်ပြီးလဲ သနားနေမိပြန်ပြီ။
      မနေ့ကလဲ ထိုင်ရမလို၊ ထရမလို ကိုယ်တော်တွေ ကို သနားမိသေး။
      ထမင်းအိုး ကွဲမှာတော့ လူတိုင်းကြောက်ကြမှာပါဘဲ။

      သူများလို တို့မရိုင်းတယ် တိုင်းသိပါရဲ့လို့ သာ အော်ချင်တော့တယ်။

      • kai

        April 7, 2016 at 1:21 pm

        ကယ်ရီယာ.. အောက်ခြေကတက်လာတဲ့.. အစိုးရဝန်ထမ်းဆို.. အစိုးရသစ်တက်တိုင်းဖြုတ်ထုတ်သတ် နေရတာတော့မဟုတ်..။
        အစိုးရယန္တယားထိခိုက်မှာပေါ့….။ ဝန်ထမ်းဘဝရှေ့ရေး လုံခြုံမှုလည်းထိခိုက်ပါတယ်..။ အဲလိုဖြစ်ဖြစ်နေရင်..ဘယ်ဝန်ထမ်းက.. အလုပ်လုပ်ချင်တော့မှာလည်း..။
        အစိုးရဖြစ်သူက.. ဘဝအာမခံချက်ပေးဖို့လိုပါတယ်..။

        အခု မှုးဇော်က.. တပ်က.. ဒါပေမယ့်ဝန်ထမ်း..။
        ဦးထင်ကျော်သမ္မတမဖြစ်ခင်ထဲက.. နောက်မှာလိုက်လိုက်နေတဲ့ဓာတ်ပုံတွေတွေ့မိတယ်..။

        မှုးဇော်က.. သမ္မတရုံးအလုပ်တွေအားကြိုးမာန်တက်လုပ်တတ်သူလို့.. ထင်ပါတယ်..။ စစ်သားမို့ အမိန့်နာခံတတ်တယ်လည်းထင်ပါတယ်..။
        ဒါကြောင့်ပြန်ခန့်တာနေမှာပါ..။ သူ့Boss က ဒေါ်အောင်ဆန်းစုကြည်ပဲ..။ ဘာမှဖြစ်မယ်မထင်..။
        ဂုဏ်ယူပြီးလုပ်မယ်ထင်ပါတယ်..။ သစ္စာပိုတောင်ရှိလာမယ်ထင်ပါတယ်…။
        လောလောဆယ်မြင်သလောက်.. သမ္မတကတောင်လွှတ်တော်မှာ စာမတင်ရသေး..။
        ထိပ်တန်းလျှိုု့ဝှက်သတင်းတွေ.. စာရွက်လိုက်..နေ့စွဲတောင်မတပ်ရပဲ.. ဘီဘီစီလို ကမ္ဘာ့မီဒီယာတွေပေါက်ကြားနေတာ.. အားလုံးအမြင်ပါ..။
        အမျိုးသားလုံခြုံရေးပါ..။ လုံးဝမဖြစ်သင့်ပါ…။

        ယူအက်စ်မှာဆိုရင်တော့.. အိမ်ဖြုူတော်မှ သမ္မတလဲရင်.. စာဖိုမှုးတောင်လဲပစ်ပါတယ်..။
        သမ္မတရွေးပွဲကန်င်ပိန်းလုပ်တဲ့အချိန်က လူတွေက.. အိမ်ဖြူတော်ဝန်ထမ်းတွေဖြစ်တာပေါ့..။
        သိသလောက်တော့. ကိုယ်ရံတော် (SS )တွေကျ.. မူလလူတွေပဲ..။ နည်းနည်းပါးပါးပဲအပြောင်းမလဲရှိမယ်ထင်တယ်..။

  • မြစပဲရိုး

    April 7, 2016 at 3:51 am

    ကမ္ဘာ့လျှို့ဝှက်ဘဏ်စာရင်းတွေထဲမှာ မြန်မာနဲ့ပတ်သက်တဲ့ ၁၆ ဦးပါဝင်
    RFA Burmese TV Channel·Wednesday, 6 April 2016
    ကမ္ဘာတလွှားက နိုင်ငံရေးခေါင်းဆောင်တွေ၊ မိသားစုဝင်တွေနဲ့ ထင်ရှားသူတွေရဲ့ အမည်တွေနဲ့၊ ဘဏ်ငွေစာရင်းတွေကို ဖွင့်ချထားတဲ့ Panama Papers လို့ အမည်ပေးထားတဲ့ လျှို့ဝှက်ဘဏ်စာရင်းတွေထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ ကုမ္ပဏီ ၁ ခု ပါဝင်နေပါတယ်။
    အဲဒီအထဲမှာ အရင် မဆလ တပါတီ အာဏာရှင်- ဗိုလ်ချုပြ်ကီးဟောင်း ဦးနေဝင်းရဲ့ သားမက်ဖြစ်သူ ဦးအေးဇော်ဝင်း၊ စစ်အစိုးရခေတ် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ယုဇနဦးဌေးမြင့်၊ ရွှေသံလွင်ဦးကျော်ဝင်း၊ ဦးမိုက်ကယ်မိုးမြင့် … စတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ စာရင်းတွေ ပါဝင်တယ်လို့ နိုင်ငံတကာ သတင်းထောက်များအဖွဲ့ ICIJ က ရေးသားထားပါတယ်။
    ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင် ၁၄ဝ ကျော်ရဲ့ အခွန်ရှောင် လျှို့ဝှက်ဘဏ်စာရင်းတွေကို ပနားမားနိုင်ငံက Mossack Fonseca ရှေ့နေအဖွဲ့က ကူညီလုပ်ဆောင်ပေးထားတာ ဖြစ်တဲ့အတွက် Panama Papers လို့ အမည်တွင်လာတာ ဖြစ်ပါတယ်။ ဒီစာရင်းတွေထဲမှာ ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ မိသားစုပိုင် လျှို့ဝှက်ငွေစာရင်းတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
    (ပြင်ဆင်ဖြည့်စွက်ချက်)
    https://offshoreleaks.icij.org/
    စာမျက်နှာမှာ ဖော်ပြထားချက်အရ… အဲဒီ လျှို့ဝှက်ဘဏ်စာရင်းတွေထဲမှာ မြန်မာနိုင်ငံကဆိုပြီး ဖော်ပြထားတဲ့ ပုဂ္ဂိုလ် ၁၅ ယောက် ပါဝင်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကတော့…
    ၁။ ဒေါက်တာအောင်ကျော်မြင့် – Director of Chief Target Overseas Ltd
    ၂။ အေးဇော်ဝင်း – Shareholder of Compass Point Finance Limited and Sky-link Communications Ltd.
    ၃။ ဒေါက်တာ ဥမ္မာမိုးမြင့် – Shareholder of MPRL E&P Pte Ltd
    ၄။ Ernest Howard Bolton II – Shareholder of Compass Point Finance Limited and Sky-link Communications Ltd.
    ၅။ Jonathan W. Smith – Shareholder of Siam Canadian (China) Limited
    ၆။ ကျော်ဝင်း – Director/Shareholder of Chance Best Development Limited
    ၇။ မောင်မောင်ဆွေတင် – Shareholder/ Director of Master Timber Corporation
    ၈။ မြမြစိုး

    – Director of Myint & Associates Company Limited
    Authorised Person & Signatory of MPRL E&P Pte Ltd
    Director of ASIA Drilling Pte Ltd

    ၉။ မြသီတာဆွေတင် – Shareholder/ Director of Master Timber Corporation
    ၁ဝ။ Quamruddin Ahmed – (???)
    ၁၁။ သုတ – Shareholder/ Director of Compass Point Finance Limited and Sky-link Communications Ltd.
    ၁၂။ ဦးဌေးမြင့် – Shareholder/ Director of High Returens Trading Ltd
    ၁၃။ ဦးမိုးမြင့် (ခ) မိုက်ကယ်မိုးမြင့် -Shareholder/ Director/ Beneficial Owner of ASIA Drilling Pte Ltd
    – Shareholder/ Beneficial Owner of Auto Transportation Ltd
    – Shareholder of Cairnhill Management Limited
    – Director/ Shareholder of Myint & Associates Company Limited
    – Nominee Shareholder Financecorp Limited
    – Director/ Bank Signatory of MPRL E&P Pte Ltd
    ၁၄။ ဦးမြင့်ဆွေ – Director/ Shareholder of Myint & Associates Company Limited
    ၁၅။ ဦးမျိုးတင် – Director/ Bank Signatory of MPRL E&P Pte Ltd
    – Director of Myint & Associates Company Limited
    – Director of ASIA Drilling Pte Ltd
    ၁၆။ William Mark Hilsman – Shareholder of Sky-link Communications Ltd.
    – Shareholder of Compass Point Finance Limited
    – Shareholder/ Director of Global Business Development Limited
    ~~~~~~

    • မြစပဲရိုး

      April 7, 2016 at 4:11 am

      မိုက်ကယ်မိုးမြင့် ဆိုတာ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်လောက် ကထဲ က မြန်မာပြည်မှာ ပုဂ္ဂလိက အာမခံလုပ်ငန်း တွေ အတွက် ကြိုးစားနေခဲ့တာ ထင်တာဘဲ။
      တကယ်တော့ အတော်လေး တော်တဲ့ စီးပွါးရေးသမားကြီး။

      ဒီသတင်းတွေ ကို အလဲဗင်း က လွဲလို့ ကျန်သူတွေ မထည့်ရဲဘူး။
      ဘယ်သူ တွေ အတွက် မီဒီယာတွေ လဲ ဆိုတာ ထင်ရှားသွားသပေါ့။

      • kai

        April 7, 2016 at 1:09 pm

        ယူအက်စ်ဆိုပိုတောင်ပြတ်…(အခုထိ) တီဗီသတင်းတွေထဲ မပါသလောက်…။
        အယ်ဂျာဇီရာ-အမေရိကမှာပဲနည်းနည်းပါတယ်..။

        မိုက်ကယ်မိုးမြင့်က.. မြန်မာပြည်မယ်အချမ်းသာဆုံးတယောက်..။ ယူအက်စ်မှာလည်း ဘလက်လစ်မတက်…။
        ဒေါ်စုဘေးမှာ.. ဒေါက်တာဥမ္မာမိုးမြင့်လည်း ရှိနေတော့လေ…။
        လူတော်ပေါ့..။ မြစ်ဆုံဆည်ကို… သူဦးစီးဆောက်ရင်တော်တော်ကောင်းမယ်..။ :k:

  • kai

    April 7, 2016 at 3:54 am

    7Day News Journal added 2 new photos.
    8 hrs ·

    “ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်ပြီ”

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအား ဧပြီ ၆ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုး၍ အတည်ပြု ပြဋ္ဌာန်းလိုက်ပြီဖြစ်သည်။ ထိုဥပဒေကြမ်းကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ကလည်း အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သွားပြီ ဖြစ်သည်။

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      April 7, 2016 at 10:21 am

      အတိုင်ပင်ခံ တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်နဲ ့ တာဝန်က ဘယ်လိုတွေလဲဆိုတာ မီးစက်နိုးပေးကြပါ လားခင်ညာ

      • kai

        April 7, 2016 at 1:28 pm

        ယူအက်စ်မှာကျ.. အကြံပေးက.. ပညာရှင်တွေ..။ သမ္မတကသေသေချာချာနားထောင်ပြီး လုပ်တယ်..။
        တယောက်ထဲမရှိ.. ဆိုင်ရာဘာသာဗေဒအလိုက်.. အများးးးကြီးရှိပါ၏။
        မြန်မာပြည်ကျ.. ရှင်းရှင်းလေးပဲ..။ ဒေါ်အောင်ဆန်းစုကြည်လို.. တိုင်းပြည်ဖခင်သမီးကို.. သစ္စာရှိ/မရှိမှုစစ်ဆေးတာဆိုတဲ့.. ၅၉(စ) နဲ့သွားချုပ်တော့…
        ဒေါ်စုက..မဖြစ်.. ဖြစ်အောင်ပြန်လုပ်တာပေါ့..။

        ဒေါ်စု လုပ်ပိုင်ခွင့်နဲ ့ တာဝန်က .. တိုင်းပြည်အုပ်ချုပ်ဖို့လို့ပဲ.. အကြမ်းမှတ်ပေါ့..။
        သူ့နေရာက..ပြည်ထောင်စုလွှတ်တော်ကိုတာဝန်ခံပြီး.. သမ္မတရုံးမှာသွားထိုင်ကြီးကြပ်ပေးနေတော့.. သမ္မတထက်တော့မြင့်တာသေချာတယ်..။ :k:

  • မြစပဲရိုး

    April 7, 2016 at 5:28 am

    တရုတ်နံနံ နဲ့ မြန်မာနံနံ အကြောင်း နားထောင်ပြီးကြပြီလား။
    မကြည့်ရသေးရင် ကြည့်ကြည့်ကြပါ။ lol:-)))
    အကြွေး ကိစ္စ ကိုတောင် မေ့သွားလယ်။ 😛

    https://www.facebook.com/amazingvideoshow/videos/1742681385952849/?fref=nf

    • ပျင်းတကာ့ ထိပ်ခေါင်တင်

      April 7, 2016 at 3:41 pm

      နံနံချစ်ကြည်ရေး ပေါ်လစီပဲ ထပ်တလဲလဲပြောနေပုံ ကြည့်ရတာ မြှုပ်ကွက်တစ်ခုခုများ ရှိလေမလားလို့

  • kai

    April 7, 2016 at 2:25 pm

    “ဒေါ်အောင်ဆန်းစုကြည် ထံသို့ သမ္မတအိုဘားမား ဖုန်းခေါ်ဆို”
    ——— ——– ——–
    အိမ်ဖြူတော်
    သတင်းထုတ်ပြန်ရေးရုံး
    ချက်ချင်းထုတ်ပြန်ရန်
    ဧပြီ ၆၊ ၂၀၁၆

    သမ္မတအိုဘားမား ၏ ဒေါ်အောင်ဆန်းစုကြည် ထံသို့ တယ်လီဖုန်းခေါ်ဆိုခြင်း

    သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည် ထံသို့ ယနေ့ တယ်လီဖုန်းခေါ်ဆိုကာ ပြည်သူ့ဆန္ဒကို ထင်ဟပ်စေသည့် အရပ်သားဦးဆောင်သော အစိုးရတစ်ရပ်အား ဒီမိုကရေစီ နည်းလမ်းတကျ အာဏာ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံ၏ ဤသမိုင်းဝင်ဖြစ်စဉ်အတွက် ဂုဏ်ယူဝမ်း မြောက်ကြောင်း ပြောကြားခဲ့ ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခိုင်မာပြတ်သားသည့် ကြိုးစားအားထုတ်မှုများ၊ နှစ်ပေါင်းများစွာအတွင်း ကြီးမြတ်သည့် ကိုယ်ကျိုးစွန့်လုပ်ရပ်၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှုတစ်ရပ်အောင်မြင်ပြီးမြောက်ခဲ့ခြင်းနှင့် အမျိုးသား ရင်ကြားစေ့ရေး ရှေ့ဆက်ဆောင်ရွက်မှုတို့ အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို သမ္မတအိုဘားမားက ကြိုဆိုပြီး ပိုမို၍ အားလုံးပါဝင်သော ငြိမ်းချမ်းစည်ပင်ဝပြောသည့် အနာဂတ်တည်ဆောက်ရာတွင် အောင်မြင်ရေးအတွက် မြန်မာနိုင်ငံသားများနှင့် မြန်မာအစိုးရအား ကူညီသွားမည့် အမေရိကန်၏ ကတိကဝတ်ကိုလည်း အလေးပေး ပြောကြားခဲ့ပါသည်။

    ###

    THE WHITE HOUSE
    Office of the Press Secretary
    FOR IMMEDIATE RELEASE
    April 6, 2016

    Readout of the President’s Call with Daw Aung San Suu Kyi of Myanmar

    President Obama spoke by phone today with Daw Aung San Suu Kyi to offer his congratulations on Myanmar’s historic democratic transfer of power to a civilian-led government. The President commended Daw Aung San Suu Kyi’s determined efforts, over the course of many years and at great personal cost, to achieve a peaceful transfer of power and advance national reconciliation. The President welcomed Daw Aung San Suu Kyi’s leadership and underscored the commitment of the United States to help the people and Government of Myanmar achieve a more inclusive, peaceful, and prosperous future.

    ###

    U.S. Embassy Rangoon (7 April 2016)

  • မြစပဲရိုး

    April 7, 2016 at 9:39 pm

    Eleven Media Group
    နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အမှုရင်ဆိုင်နေရ သည့် ကျောင်းသားကျောင်းသူများ ပြစ်မှုမှ အမြန်ဆုံးလွတ်မြောက်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကြေညာချက် ထုတ်ပြန်

    မြန်မာနိုင်ငံ၏ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရ သည့် ကျောင်းသားကျောင်းသူများ ပြစ်မှုမှ အမြန်ဆုံးလွတ်မြောက်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယနေ့ (ဧပြီ ရ ရက်) တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည် လတ်မှတ် ရေးထိုးထားသည့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။

    အဆိုပါကြေညာချက်တွင် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသည့် ကျောင်းသားကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်သည့်အပြင် ယင်းသို့ ဆောင်ရွက်နိုင်ရန် နည်းလမ်း သုံးသွယ်ကို ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

    (က) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်ကျခံနေရသူ တစ်ဦးဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ၊ တစ်စုတစ်ဖွဲ့ကို ဖြစ်စေ၊ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပေးနိုင်ပါကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်အရလည်း နိုင်ငံတော် သမ္မတက ပြစ်ဒဏ်ကျခံနေရသူအား စည်းကမ်းချက်ထား၍ ဖြစ်စေ ၊ စည်းကမ်းချက် မထားဘဲဖြစ်စေ လွတ်ငြိမ်းသက်သာခွင့်ပေးနိုင်ကြောင်းကို ဖော်ပြထားပါသည်။

    (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပုုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိရာတွင် ပြစ် မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများ၊ ပြစ်မှုဖြင့် အမှုရင်ဆိုင်နေရသူများအားလုံး အကျုံးဝင်ကြောင်းနှင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဖြစ်ကြောင်းကို ဖော်ပြထားပါသည်။

    (ဂ) ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ မည်သည့် အစိုးရရှေ့နေမဆို စစ်ဆေးစီရင်သော အမှုများတွင် စီရင်ချက်မချမီ လူတစ်ယောက်ကို ၎င်းအပေါ် စွဲဆိုထားသော အမှုမှ ယေဘုယျအားဖြင့်ဖြစ်စေ၊ ၎င်းကို ကြားနာစစ်ဆေးနေသည့် ပြစ်မှုများအနက် ပြစ်မှုတစ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပြစ်မှုအများနှင့် စပ်လျဉ်း၍ ဖြစ်စေ တရားရုံး၏ သဘောတူညီချက်ဖြင့် ရုတ်သိမ်းနိုင်ကြောင်းကို ဖော်ပြထားပါသည်။

    ထို့ကြောင့် နှစ်သစ်ကူး အခါသမယတွင် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသည့် ကျောင်းသား၊ ကျောင်းသူများ ပြစ်မှုမှ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းမှာ အပိုဒ် ၁၊ အပိုဒ်ခွဲ (က) နှင့် (ဂ) တို့ ဖြစ်ပါသဖြင့် ယင်းနည်းလမ်းများကို အသုံးပြု၍ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

    • မြစပဲရိုး

      April 7, 2016 at 9:40 pm

      ကျောင်းသား နဲ့ နိုင်ငံရေးအကျဉ်းသား တွေ အတွက် (အလိုက်ကန်းဆိုး မသိနိုင်အောင်) တစ်ချိန်လုံး တစ်ကျည်ကျည် နားပူနားဆာ တိုက်ပြနေခဲ့ ကြသော လူ တစ်ချို့ ဆီက ဒီအချိန်မှာ ဝမ်းသာအားရ စကားသံ တွေ မကြားရပါလား။
      မောကုန်ကြလို့ ထင်ရဲ့။ ပါးစပ် တွေ ကိုပိတ်လို့။ 🙄
      လာဦးမှာပါ။ မြစ်ဆုံ အတွက် မီးထိုးဦးဖို့။

      • kai

        April 8, 2016 at 3:34 am

        မြစ်ဆုံကို.. ဒေါ်စုက.. စိစစ်ပြန်လုပ်ဖို့ဖက်က.. အားသာနေတာ..အသိသာကြီး..။
        အဲဒါကို..မလျှော်နိုင်တဲ့ငွေကို.. လျှော်ဖို့ငွေတွေစုကြ.. ဘာညာဖွနေတော့ကာ… တိုင်းပြည်ချင်းစစ်ထဖြစ်ရင်.. ဘယ်သွားနေဖို့များ.. ကြံနေတယ်မသိ…။
        စစ်ဖြစ်ရင်.. မေတ္တာသုတ်ရွတ်ပြီး နိုင်အောင်လုပ်လို့ရတယ်များ.. ထင်သလားတော့မသိ…။
        ဒေါ်စုလုပ်ရကိုင်ရခက်အောင်သာ.. လုပ်နေကြပါ၏..။
        အနိစ္စ… ဒုက္ခ..

    • kai

      April 8, 2016 at 3:29 am

      အပိုဒ်ခွဲ(ခ) ကို ကျော်ထားတာမို့.. ကာလုံသဘောတူညီချက်မစောင့်တော့တာလား.. တင်ကိုမတင်တာလား… သဘောမတူတာလားဆိုတဲ့ အဖြေ၃ခုထုတ်လို့ရတယ်..။
      ကာချုပ်က.. အရင်အစိုးရဝန်ကြီးဟောင်းတွေနဲ့ တွေ့တယ်သတင်းလည်း တက်နေတော့ကာ…..

      ဒေါ်စု .. အဲဒီအတွက်.. ထိပ်တန်းဦးစားပေးပြင်ဆင်သင့်တယ်…. လို့… နိုင်ငံတော်အကြံပေးကို.. အကြံပေးလိုပါကြောင်းရယ်..။

    • kai

      April 8, 2016 at 7:45 am

      ကာလုံအကြောင်းတွေးနေတာ… ကာချုပ်ကို ကာလုံသဘောတူညီချက်နဲ့ သမ္မတကခန့်ရမယ်လို့ ခြေဥမှာပြထားပါတယ်…။
      ဆိုတော့.. ကာလုံမှာ ကာချုပ်လူက သူအပါအဝင် ၆ယောက်။ အဖွဲ့ချုပ်လူက ၅ယောက်..။
      ခုလောလောဆယ်အခြေအနေအရ.. ကာချုပ်လူဖြစ်နေရမယ့် ဒုသမ္မတကဒုဗခကမြင့်ဆွေက.. စာဖတ်နေသူကြီးဖက်ကဆိုတော့.. ဒေါ်စုဖက်ပိုယိမ်းလာတယ်…။
      တပ်မတော်ကို.. စိန့်ပြည်ရယ်…။ စာဖတ်နေသူကြီးရယ်ဖက်ကနေ.. သိမ်းသွင်းရမှာလို့ထင်တယ်..။
      စစ်တပ်ဆိုတာ တိုင်းပြည်အတွက်မရှိမဖြစ်…။ တပ်နဲ့အတိုက်အခံသွားဖြစ်နေလို့မရ..။ တပ်က ပြည်ခိုင်ဖြိုးပါတီဖက်သွားကပ်နေရင်လည်း ခွဲထုတ်ရမှာက.. အစိုးရတာဝန်..။

    • ကထူးဆန်း

      April 8, 2016 at 9:32 am

      First Applause … မတ်တပ်ထ ၍ လက်ခုပ်တီးပါသည် ။
      နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂို လ် အနေနဲ့ ဘဲ ဒီလို လုပ် လို့ ရတယ် ပြောတယ် .. သမ္မတ က လိုက် လုပ်ပေး မယ်။

      • မြစပဲရိုး

        April 8, 2016 at 12:33 pm

        ကထူးဆန်း။
        ဒီလောက်ဆိုရပါပြီ။ ပြန်ထိုင်ပါ။ 😉 lol:-)))

  • မြစပဲရိုး

    April 8, 2016 at 12:34 pm

    ကလေး တွေ တကယ်လွတ် ကုန်ပါပြီ။
    အားလုံး အတွက် တကယ်ဘဲ ဝမ်းသာပါတယ်။
    အဓိက တစ်ခုခုများ နှောက်မလား တွေးမိသူ တွေ မနှောက်လို့ သူတို့ ကိုလဲ ကျေးဇူးတင်ရပါတယ်။
    ဒီလောက် မြန်မယ်တောင် မထင်မိဘူး။

    လက်ရှိအစိုးရ ဟာ စစ်အစိုးရ မဟုတ်တော့ဘူး ဆိုတာလေး သိကြပါ။
    ပညာရေး အတွက် လိုတာ တွေ ကို သက်ဆိုင်သူများ တာဝန် ယူပါလိမ့်မယ်။
    ဦးစားပေးအလိုက် ကောင်းအောင် လုပ်ပေးသွားမယ် လို့ ယုံကြည်ကြပါ။
    ကိုယ့်ဘဝ ကို ဒီထက် ပိုပြီး မြင့်အောင်၊ အရည်အသွေး ရှိအောင် လုပ်စရာတွေ ကို အရင်လုပ်ကြပါ။
    ဒါမှသာ တိုင်းပြည်အတွက်၊ ပြည်သူလူထု အတွက် ခွန်အားရှိရှိ၊ အစွမ်းရှိရှိ လက်တွေ့ ကူညီပံ့ပိုး နိုင်ကြမှာပါ။
    အားလုံး အနာဂါတ်အတွက် တန်ဖိုးရှိပြီး ချင့်ချိန် ဝေဖန်တတ်တဲ့ ခေါင်းဆောင်ကောင်း တွေ ဖြစ်လာကြပါစေ။
    အခါမနှောင်းသေးပါ။
    ကိုယ့် အတွက် ကို ပထမ ဦးစားပေးထားပြီး အရင်ဆုံး ကြိုးစားကြပါ။

    • မြစပဲရိုး

      April 8, 2016 at 12:45 pm

      မဟုတ်သေးဘူး တဲ့။
      ဓာတ်ပုံတွေ က ရုံးချိန်း မှာ ရိုက်တာတဲ့။
      ရွှေဇီးကွက် တင်တာ Bus တွေ ပါ တွေ့တာလဲ။
      မဟုတ်သေးဘူး ဆိုတော့ လဲ စိတ်မကောင်းပြန်ဘူး။

      သတင်းတစ်ခု က လွတ်ဝရမ်းထုတ်ပေးပြီ တဲ့။ သတင်း တစ်ခု က မဟုတ်ဘူး။ စီစစ်ဆဲတယ်။
      မစောင့်နိုင်ဘဲ အလောတကြီး ဝင်ပါနေတဲ့ အထဲ ကိုယ်ပါ ပါ နေရော ။
      ကွကိုယ်ဘဲ ကွအလုပ်ကို လုပ်တာ ပိုကောင်းမယ်။ 🙄

      • kai

        April 8, 2016 at 1:03 pm

        သမ္မတအမိန့်မှ မထွက်သေးတာ…
        ကျုပ်ပဲ မမြင်တာလားတော့မသိ..။ ဒေါ်စုကလွှတ်လို့မရ..။ ဒေါ်စုကညွှန်ကြား..။ သမ္မတကလက်မှတ်ထိုးထုတ်…။ အဲလို..။ :k:

      • ကထူးဆန်း

        April 8, 2016 at 6:52 pm

        ညနေ ၃.၄၅ မှာ လွတ်ပါပြိ အရီး .. စိတ်ချလက်ချ အိပ်ပါ တော့ … 🙂 🙂

  • kai

    April 8, 2016 at 1:02 pm

    အင်ကြင်းနိုင်။ ။ ဒီနေ့ရုံးထုတ်မယ့် ကျောင်း သူ၊ ကျောင်းသား ဘယ်နှစ်ရောက်လောက် လွတ်လာဖို့ရှိမလဲရှင့်။
    တရားသူကြီး။ ။ အကုန်ပေါ့ဗျာ။ စွဲထားသူအကုန်ပေါ့။

    =
    ~ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်နိုင်ဖို့ သာယာဝတီတရားရုုံးပြင်ဆင် ~
    အင်ကြင်းနိုင်
    08.04.2016 08:44
    နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက စာထွက်လာတဲ့အတွက် သာယာဝတီ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ သူတွေကို လွှတ်ေ့ပးဖို့ အဆင်သင့် ပြင်ဆင်ထားတယ်လို့ သာယာဝတီ ခရိုင် တရားသူကြီး ဦးကျော်စွာငြိမ်းက VOA မြန်မာပိုင်းကို အခုလေးတင် ပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်း ထားပါတယ်။

  • ဘာလို့ အရမ်းလောနေကြပြီး. ဘာလို့ အသံမျိုးစုံထွက်နေကြမှန်း နားမလည်ဘူးရယ်..
    အော်တဲ့သူတွေ ကြည့်ပြန်တော့လည်း မေမေ မေမေ ဆိုတဲ့သူတွေ ပါနေတယ်…
    နားကိုမလည်တော့ဘူး..

  • မြစပဲရိုး

    April 8, 2016 at 10:21 pm

    Best (Facebook ) Status of the Day
    ++++++++++++++++++++
    Aung Myaing Thin
    3 hrs ·
    ညီလေးတို့ . ညီမလေးတို့ လွတ် လာကြပြီတဲ့ . . ဝမ်းသာလိုက်တာ. . . . ကြည်နူးလိုက်တာ. . ပျော်လိုက်တာ. . အပြစ်မဲ့ ကလေးတွေကိုး . . ဒုက္ခ ခံနေခဲ့ရတာ. . ရင်နာစရာ. .
    ရွှေတိဂုံ ဘုရားလဲ. . . သွား ဦးခိုက်မတဲ့ . . ကောင်းပါပေ့ . . မကောင်းသော မသန့်ရှင်းသောနေရာက ထွက်လာတဲ့ အခါ မှာ အခုလို မျိုး သာသနာ ရဲ့ အမြင့်မြတ်ဆုံး နေရာ မှာ သွားပြီး စိတ် နဲ့ ရုပ် သန့်ရှင်းခြင်းကို လုပ်သင့် လုပ်ထိုက်တာ အမှန်ဘဲ . . .
    အကို့တုန်းကလဲ လုပ်ခဲ့ ဘူးသဗျ. .
    … .
    အဲ . . ဒါပေမယ့် ညီလေးတို့.ကို အရေးကြီးလို့ မှာစရာတစ်ခု ရှိသေးတယ်. . . ဘုရားရှစ်ခိုး ဝတ်ပြု… တာဘဲ လုပ်ခဲ့ကြနော် . .

    သပိတ်. . သပိတ် မှောက်မှောက် တို့ ၊ အရေးတော်ပုံ အောင်ရမည်တွေ ဘာတွေတော့ ထ မလုပ်ကြနဲ့နော် ညီလေးတို့. အခုက သပိတ် က မှောက်စရာမလိုတော့ဘူး . . .အရေး တော်ပုံကလဲ အောင်ပြီးပြီ သိလား. . .
    သပိတ်ထဲမှာ . ဆွမ်းဟင်းတွေရော ဆွမ်းထမင်းတွေရော အပြည့် .ရှိနေပြီဟ . . . လောင်းလှူမဲ့ ဒကာ . ဒကာမတွေကလဲ ကြည်နူးမှူ့အပြည့် နဲ့ နောက်နေ့ အာရုဏ် အတွက် ဆွမ်းချက် နေကြပြီသိလား .

    အိုကေနော် ညီလေး. ၊ညီမလေးတို့ . သာဓု.. ခေါ်ပေးလိုက်တယ်နော် . .ကဲ. . ကဲ လက်ဝါးခြင်းရိုက်ပြီး ရှိတ် လိုက်ပါအုန်း

    ဒေါင်းအိုကြီး
    အန်ကယ်မြိုင်

  • မြစပဲရိုး

    April 9, 2016 at 2:16 am

    သိနေပြီး သား အောက်တန်းစား စိတ်ဓာတ်တွေ ကို သိပ်ပြီး ထုတ်မပြကြစေလို။
    ဖြစ်ညှစ်ထုတ်ပေးထားရတဲ့ သနားစိတ်လေး တွေ ကို အားနာမိနေပြီ။

    ကျန်တဲ့သူတွေတော့မသိ၊
    ကိုယ့်အသိုင်းအဝိုင်း မှာတော့ ကိုယ်တစ်ယောက် ဘဲ အရေးလုပ်ပြီး ဒီသတင်းတွေ ရှာဖတ်နေမိလားဘဲ။

    မြင်နေရတာတော့ နင်းဇီမေ တို့၊ စောလားတို့ ရဲ့ နံပါတ် ရ နဲ့ ၃ အတွက် သန်းခေါင်ထိ အားပေးနေတာတွေ။
    မင်းတို့ရဲ့ ရွှေတိဂုံ ည အကြောင်း တွေ အများစု က စိတ်မဝင်စားကြဘူး ကလေးတို့။
    ကိုယ်တွေ ဘာအဆင့်လဲ ဆိုတာ ကို ဆင်ခြင်ဉာဏ်လေး သုံးကြစေလိုရဲ့။
    မြှောက်ပေးသူရှိတိုင်း ကြွမနေကြနဲ့။
    မဟုတ်ရင် အရှိန်နဲ့ သွားမဲ့ တိုင်းပြည်အပြောင်းအလဲမှာ ခလုပ်တွေ၊ အမှိုက်တွေ ဖြစ်နေမယ်။

    စေတနာနဲ့ ပြောပါတယ်။
    ကိုယ့်အတွက်ကိုယ်သာ ပညာရှာကြတော့။
    တစ်ချို့ နှစ်ချို့ကျောင်းသားတွေ လဲ မရှိသေးတဲ့ ဆင်ခြင်တတ်တဲ့ အသိ ရှိအောင် ပညာ ရှာကြပါဦး။
    စိတ်ပျက်လှတယ်။ တကယ်။

  • ကထူးဆန်း

    April 9, 2016 at 9:15 am

    သည်းခံ ဒကာမကြီး သည်းခံ … မခံစားလေ နှင့် … 🙂 🙂
    ကျောင်းသား ဆိုတာလည်း ကျောင်းသား အတွေးဘဲ ရှိဦးမှာမို့ မြှောက်ပေး ရင် ကချင် ကြ ဦးမှာဘဲ ..

    • မြစပဲရိုး

      April 9, 2016 at 12:50 pm

      ကထူးဆန်း ရေ – အနောက်က မီးထိုးပြီး မြှောက်ပေးနေသူ တွေ ကို ပိုပြီး စိတ်ပျက်တာပါ။
      ကျောင်းသား ခေါင်းဆောင်အများဟာ အသက် မိုးထိုး နေပါပြီ။ ငယ်သူတွေ မဟုတ်ကြပါ။
      လက်ရှိ အခြေအနေ မဖြစ် လာဘဲ ပျက်အောင် အဖျက်လုပ်ရပ် တွေ သွေးထိုးစကား တွေ လုပ်သူ နှစ်ဖွဲ့ ကို အကြမ်းဖျင်း မြင်နိုင်ခဲ့ပါတယ်။
      (၁) အာဏာ ကို သုံးပြီး တိုင်းပြည်ဘဏ္ဍာ နဲ့ လုပ်စားသူတွေ (ဖွတ်တွေပေါ့)
      (၂) ဒေါ်အောင်ဆန်းစုကြည် ကို သုံးပြီး ပြင်ပ က ထောက်ပံ့မှု တွေ နဲ့ လုပ်စားသူတွေ (အယောင်ဆောင် ဒေါင်း တွေပေါ့)
      သူတို့ နှစ်စု လုံး က တောက်လျှောက် ဒေါ်အောင်ဆန်းစုကြည် ကို တိုက်ခိုက်လာတာပါ။
      စစ်တပ် နဲ့ ပြည်သူကို ခွဲ နေတာလဲ သူတို့ နှစ်စု ပါဘဲ။
      ဆဲဆို နေကြတာလဲ သူတို့ပါဘဲ။
      အရင်ကလို အားကောင်းမှာ မဟုတ်တော့ပေမဲ့ ဆက်ပြီး အဖျက်လုပ်ငန်း တွေ လုပ်နေကြဦးမှာပါဘဲ။
      သူတို့ နယ်ကျဉ်း လာတာ မသိဘဲ ဆက်လုပ် နေရင်တော့ အပယ်ခံ တွေ ဖြစ်သွားလိမ့်မယ်။
      ဟိုး အရင် သမိုင်းအကွေ့ တွေ တုန်းက နာမည် ကျန်တာ သူရဲကောင်း တွေ။
      ဒီ သမိုင်း အကွေ့မှာ လဲ တစ်ပြုံကြီး ကို နာမည်ကျန် ခဲ့ ကြတာပါဘဲ။
      ငါးမင်းဆွေ
      ဝီရသူ
      ရဲမိုး
      မောင်မောင်အောင်
      ခင်ဝိုင်းကြည်
      နေဇင်လတ်
      စသဖြင့် ချရေးရင် အတော်ရှည်မယ်။
      အဲဒီ နာမည်တွေ အောက်မှာ ဒီ ကလေးများ ကိုယ့်နာမည် မပါရလေအောင် အသိတရား ရှိစေလိုပါတယ်။
      ဆက် ပြီး အဆင်အခြင် မဲ့ နေကြမယ် ဆိုရင်တော့ စာရင်းပေါက်သွားမှာပါဘဲ။

      အခုတော့ ခေါင်းထဲ မှာ ကိုမင်းကိုနိုင် ရဲ့ ကဗျာလေး ကို (ဖျက်ပြီး) ရွတ် နေမိတယ်။
      ” အချိန်တန်တော့လဲ ဒေါင်းယောင်ဆောင် ထားတဲ့ “လဒ” တွေက
      အပုပ်နံ့ အတွက် အော်တော့ တာပါဘဲ အမေ ရယ်။”

  • kai

    April 13, 2016 at 4:47 pm

    Stephen Hawking FB


    Today, at the One World Observatory in New York City, Yuri Milner and I launched a mission to the stars. Mark Zuckerberg lent his support by joining the board of our new initiative, Breakthrough Starshot.

    Within the next generation, Breakthrough Starshot aims to develop a ‘nanocraft’ – a gram-scale robotic space probe – and use a light beam to push it to 20 percent of the speed of light. If we are successful, a flyby mission could reach Alpha Centauri about 20 years after launch, and send back images of any planets discovered in the system.

    Albert Einstein once imagined riding on a light beam, and his thought experiment led him to the theory of special relativity. A little over a century later, we have the chance to attain a significant fraction of that speed: 100 million miles an hour. Only by going that fast can we reach the stars on the time-scale of a human life.

    It is exciting to be involved in such an ambitious project, pushing the boundaries of ingenuity and engineering. – SH

  • kai

    April 16, 2016 at 5:32 am

    25 Rare Holland Rainbow Rose Flower Seeds

    $5.00 USD
    Quantity

    These are the easiest exotic plant or flower seed you will ever grow. Each package contains 25 seeds.

    Hurry, before it is gone! Limited time remaining!
    In-Stock – Ships in 24 hours
    99% reviewers recommend this product
    100% Money Back Guarantee.

    History:

    Fossil evidence shows that roses have existed since prehistoric times. The first cultivated roses appeared in Asian gardens more than 5,000 years ago. Roses were introduced to Europe during the Roman Empire, where they were mainly used for ornamental purposes. Cleopatra is said to have scattered rose petals before Mark Anthony’s feet; Nero released roses from the ceiling during extravagant feasts and banquets.

    Planting Instructions:

    Place rose seeds into warm water for 4 to 6 hours.
    Remove the seeds from the warm water and place them into the soil container
    After sowing the seeds, cover with plastic wrap to the top of the container
    Keep the container close to the sun
    After the seeds are germinated, transplant into the ground.

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      April 16, 2016 at 1:52 pm

      လှတယ်

      ငါးစိလောက် ပေးစမ်းဘာ
      စမ်းစိုက်ကျိချင်လို့

      • kai

        April 16, 2016 at 2:53 pm

        အဲဒီမျိုးစေ့တွေ.. တကယ်ဝယ်ပြီး… မြန်မာပြည်လာဖြစ်ရင်.. တကယ်စိုက်မယ့်သူတွေကို.. လက်ဆောင်ပေးချင်လို့…။
        လက်ဆောင်တွေထဲ.. သစ်စေ့.. မျိုးစေ့..တွေပေးချင်တာ…။
        နောင်.. ၅-၁၀-၁၀ဝ နှစ်တွေကြာတော့… ဤသစ်သီးဝလံ.. ပန်းမာန်ကို… ဤသူ မြန်မာပြည်သို့… တင်သွင်းခဲ့သည်ဖြစ်ချင်လို့..။ ပို့စ်သစ်တင်မှပဲ..။

  • kai

    April 16, 2016 at 3:05 pm

    [Pin It]

    မီဒီယာ
    အသံ

    မြန်မာ ဘာသာရေးလွတ်လပ်ခွင့် ကန်စိုးရိမ်
    နားဆင်ရန်
    Playlist

    VOA (မြန်မာပိုင်း)

    16.04.2016 05:21

    မြန်မာအပါအဝင် နိုင်ငံတချို့ကို IRF ခေါ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေနဲ့ငြိစွန်းတဲ့ စိုးရိမ်ဖွယ် နိုင်ငံတွေအဖြစ် ပြန်လည်သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကွန်ဂရက်လွှတ်တော်ကို အကြောင်းကြားလိုက်ပါတယ်။ မြန်မာ၊ တရုတ်၊ အီရစ်ထရီးယား (Iritria)၊ အီရန်၊ မြောက်ကိုရီးယား နဲ့ ဆူဒန်တို့ကို IRF ဥပဒေအရ သမ္မတ က အခုလိုသတ်မှတ်လိုက်တာပါ။

    အခုလို သတ်မှတ်ဖို့ဆုံးဖြတ်တာဟာ ကွန်ဂရက်လွှတ်တော်က နှစ်စဉ်တင်သွင်းရတဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာအပေါ် အခြေပြုဆုံးဖြတ်ခဲ့တာ ဖြစ်တယ် လို့ နိုင်ငံခြားရေးပြောခွင့်ရ John Kirby ကဆိုပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ အခုလက်ရှိ မြန်မာနိုင်ငံဒီမိုကရေစီဖြစ်ထွန်းမှု တနည်းနည်းနဲ့ ဆက်စပ်မှုရှိတယ်-မရှိဘူးဆိုတာ သူမသိဘူးလို့လဲ အခုလို ပြောသွားပါတယ်။

    “ဒီလိုသတ်မှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုအပေါ် ဘယ်လိုရိုက်ခတ်လာမလဲ ဆိုတာကို နောက်ရက်ပိုင်းအတွင်း ထုတ်ပြန်မယ်”လို့လဲ ပြောကြားသွားပါတယ်။

    ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုကော်မရှင် USCIRF ရဲ့ ဧပြီလ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာတော့ မြန်မာနိုင်ငံမှာ လူနည်းစုဘာသာဝင်တွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ချိုးဖေါက်ခံနေရတာတွေ ပပျောက်အောင် အရပ်သားအစိုးရ သစ်က လုပ်ဆောင်ဖို့လိုကြောင်း တိုက်တွန်း ထားပါတယ်။

    မြန်မာနိုင်ငံမှာ ၁၉၈၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေက အထူးသဖြင့် ရိုဟင်ဂျာ အပါအဝင် လူနည်းစု မူဆလင်တွေနဲ့ ခရစ်ယာန် ဘာသာဝင်တွေပေါ် ကန့်သတ်မှုတွေ ရှိတာကြောင့် ဒါတွေကို ပြန်လည် သုံးသပ်ဖို့ကိုလဲ USCIRF ရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။

  • kai

    April 16, 2016 at 3:22 pm

    ရေရှားပါးလွန်းသဖြင့် သင်္ကြန်ဆိုတာ ရွာနဲ့ မသက်ဆိုင်ဟု အညာရွာတချို့မှ ရွာခံများ ပြော
    ===========================
    မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးချိုကျေးရွာ အုပ်စု၊ မန်ကျီးစောက် ကျေးရွာတွင် နွေရာသီ ရေအခက်အခဲဖြစ်ခြင်းကြောင့် မဟာသင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
    အဆိုပါကျေးရွာတွင် ရေရှားပါးမှုကြောင့် အလှူရှင်များ လာရာက်မှသာ ရေကားတစ်စီးငွေ၆၀၀ဝ ကျပ်ဖြင့် တစ်အိမ်ထောင်လျင် ရေ၃ပုံး ခွဲတမ်းကျ ဝယ်ယူနိုင်သည်။
    “အဲဒီလို ဝယ်ခွင့်ရတာတောင် ဒီနှစ်ပဲရှိသေးတယ်။နွေရာသီရောက်လာရင်လက်ယက်တွင်းတွေကလည်းခမ်း ရေကရှားဆိုတော့
    သင်္ကြန်ဆိုတာ ကျွန်တော်တို့ ရွာလေးနဲ့ဘာမှမဆိုင်ပါဘူး။ရေကစားခွင့်မရပဲ အခုလိုနေလာရတာလည်း ကြာပါပြီ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
    သတင်း နှင့် ဓာတ်ပုံ- အောင်ဌေးလှိုင်/မြန်မာတိုင်းမ်

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    April 17, 2016 at 8:07 am

    မြန်မာ နှစ်ဆန်း တစ်ရက်နေ့ အကျဉ်းသား ၈၃ ယောက် လွှတ်မယ်တဲ့သဂျီး

    • kai

      April 17, 2016 at 10:18 am

      ယူနနီသတင်းသမားတွေနဲ့.. ဆရာထင်လင်းဦးပါလာသမို့.. ဝမ်းသာ..။

  • kai

    April 17, 2016 at 10:21 am

    မုန်းတီးတွန်းတိုက်စကားပြောသူ.. ထောင်ဒဏ်တသက်..။
    =
    Léon Mugesera given life sentence for hate speech during Rwandan genocide
    Longtime Quebec City resident extradited to Rwanda in 2012

    Thomson Reuters Posted: Apr 15, 2016 1:28 PM ET

    A Rwandan court handed a life sentence on Friday to a former senior politician for hate speech aimed at stirring up killings of minority Tutsis during the central African country’s genocide more than two decades ago.

    An estimated 800,000 Tutsis and moderate Hutus were killed by extremist forces in the regime, then dominated by Hutus, over a period of 100 days in 1994.

    The high court convicted Léon Mugesera, 64, who was then a regional vice-chairman in the ruling party, of genocide and crimes against humanity.

    During the trial, Mugesera was accused of having referred to the Tutsis as “cockroaches” who should be sent back to Ethiopia.

    “The court finds that Mugesera is guilty of … public incitement to commit genocide, persecution as crime against humanity and inciting ethnic-affiliated hatred,” Judge Antoine Muhima said.

    In 2012, Mugesera, was extradited to Rwanda from Quebec, where he had lived in exile for years, teaching for a time at Laval University and legally challenging Canada’s efforts to deport him to face trial on genocide charges.

    He said he would appeal the sentence because the court had not heard any of his witnesses or been “impartial and independent.”

    http://www.cbc.ca/news/canada/montreal/l%C3%A9on-mugesera-rwandan-genocide-life-sentence-1.3537607

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    April 17, 2016 at 12:22 pm

    အယ်လ်နီညို ၂၀၁၆
    အဆိုးဝါးဆုံးမိုးခေါင်မှုဒဏ်ခံနေရတဲ့ဗီယက်နမ်နိုင်ငံ
    ရေအားလျပ်စစ်ဆည်တွေဆောက်ရင် ဒါမျိုးဟာ တစ်နေ့ကြုံကိုကြုံလာလိမ့်မယ်
    ၁၇-၄-၂၀၁၆
    နံနက် (၁၂း၁၀)နာရီ

    ပူပြင်းခြောက်သွေကတဲ့ အယ်လ်နီညိုရာသီဥတုဖြစ်နေတဲ့အချိန်မှာ မဲခေါင်မြစ်အထက်ပိုင်း တရုတ်ပြည်မကြီးထဲမှာ ဆောက်လုပ်ထားတဲ့ ရေအားလျပ်စစ်ထုတ်လုပ်ရေးတာတမံ (၃၉)ခုက မဲခေါင်မြစ်ရေများကို ထိပ်မှပိတ်လှောင်ထားလိုက်တဲ့အတွက် ဗီက်နမ်နိုင်ငံဟာ နှစ်တစ်ရာအတွင်း အဆိုးဝါးဆုံးသော မိုးခေါင်မှုဒဏ်ကို အလူးအလဲခံစားနေကြရပါတယ်။ ဗီယက်နမ်လယ်သမားတွေဟာ စိုက်ပျိုးသီးနှံတွေ ဆုံးရှုံးရတဲ့အတွက် မိုးခေါင်မှု ဒုက္ခတွေတွေ့နေရတဲ့ ဗီယက်နမ် လာအို ထိုင်းက မဲခေါင်မြစ်ရေသောက် လယ်သမားတွေဟာ မိမိပိုင်လယ်ကွင်းတွေကို ရောင်းချပြီး အကြွေးတွေကို ဆပ်နေကြရပါတယ်။
    တရုတ်ပြည်ကိုလည်း ရေတွေလွှတ်ပေးဖို့ တောင်းဆိုနေကြရပါတယ်။

    မြစ်ဆုံဆည်သာဆောက်ခဲ့ရင် ကိုယ့်ပစ္စည်းနဲ့ ကိုယ့်ပိုင်နက်ထဲရောက်လာတဲ့ နိုင်ငံခြားသားကို ကျွန်တော်တို့ လယ်သမားတွေ အောက်ကျနောက်ကျ တောင်းပန်နေကြရမယ့် ဘဝကို မြင်ယောင်ဖို့လိုပါတယ်။

    အိမ်နီးချင်းကလေးတွေ အရိုက်ခံနေရတာမြင်ရရင် ကိုယ့်အိမ်က ကလေးတွေက လိမ္မာရတယ်လို့ ဒါကြောင့် အမေက ဆုံးမခဲ့တာကိုး။

    ဒေါက်တာထွန်းလွင်(မိုးလေဝသ)

Leave a Reply