အရောင်ရင့်မှတ်တမ်း – ဧပြီ ၂၀၁၆
စီးပွားဖြစ်ဆောက်လုပ်မယ့် သင်္ကြန်မဏ္ဍပ်တွေကို ခွင့်မပြု
2 April 2016 18:51(+0630)
သင်္ကြန်ကို ယဉ်ကျေးမှုနဲ့အညီ ကျင်းပနိုင်ဖို့အတွက် စီးပွားဖြစ်ဆောက်လုပ်မယ့် သင်္ကြန်မဏ္ဍပ်တွေကို ခွင့်ပြုမှာ မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလိုပြောတာဖြစ်ပါတယ်။
မဏ္ဍပ်တွေကို စိစစ်ကြပ်မတ်ထားတဲ့အတွက် ကမ္ဘာအေးဘုရားလမ်းမှာ ဆောက်လုပ်ခွင့် လျှောက်ထားတဲ့ မဏ္ဍပ် ၃၀၀ ကျော်ကို ခွင့်ပြုချက်မပေးထားကြောင်းလည်း ပြောပါတယ်။
သံချပ်စာသားတွေကို စိစစ်မှာမဟုတ်ဘဲ အမုန်းပွားစေတဲ့ စကားလုံးတွေပါခဲ့ရင် ဥပဒေကြောင်းအရ အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ပန်းသဉ္စာမျိုး က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လာမယ့် သင်္ကြန်ကာလမှာ မဏ္ဍာပ်ဆောက်လုပ်ခွင့် လျှောက်ထားသူတွေကို စည်းကမ်းချက် ၄၄ ချက်နဲ့ ကိုက်ညီမှသာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ခွင့်ပြုမှာ ဖြစ်ပြီး မဏ္ဍပ်တွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ မရှိဆိုတာတွေကို ၀င်ရောက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
သင်္ကြန်ကာလအတွင်း စည်းကမ်းကြီးကြပ်ရေး ကော်မတီ အဆင့်ဆင့်ကိုလည်း ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပါအဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ တခြား ကြီးကြပ်ရေး ကော်မတီတွေကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
မန္တလေး ရေကစားမဏ္ဍပ်များအား ရဲနှင့်မှုးယစ်တပ်ဖွဲ့ အပါအ၀င် အဖွဲ့ ၄ ဖွဲ့ဖြင့် နေ့စဉ် စစ်ဆေးမည်
2 April 2016 18:55(+0630)
မန္တလေး ဧပြီ ၂
ယခုနှစ်မန္တလေးသင်္ကြန်ပွဲဆင်နွှဲကြမည့် ရေကစားမဏ္ဍပ်များအား မန္တလေးမြို့ တော်စည်ပင်သာ ယာရေးကော်မတီက စည်းကမ်းတင်းကြပ်ထားရာ လိုက်နာမှုရှိမရှိကိုတော့ အဖွဲ့ ၄ ဖွဲ့ပူးပေါင်းပြီး နေ့စဉ်ဝင် ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
“စည်ပင်ပါမယ်ဗျာ၊ နောက်ပြီးတော့ နယ်စပ်ရေးရာကတာ ၀န်ရှိသူတွေပါမယ်၊ ရဲတပ်ဖွဲ့ပါမယ်၊ မူးယစ်(နှိမ်နှင်းရေး)အဖွဲ့ပါမယ်၊ အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး သင်္ကြန်ရက်ငါးရက်စလုံးလိုက်စစ်မယ်၊ စည်းကမ်းဖောက် တာတွေ့ရင် မဏ္ဍပ်ပိတ်သိမ်းမယ်” ဟု မြို့တော်စည်ပင် တာဝန်ရှိသူတစ်ဦးကပြောသည်။
အဖွဲ့ ၄ ဖွဲ့ပူးပေါင်းမှုဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးမှာဖြစ်ပြီး မဏ္ဍပ်ပရ၀ုဏ် အတွင်းအရက် သေစာရောင်းချခြင်း၊ မူးယစ်ဆေးဝါးသုံး စွဲခြင်း၊ ဒုတ်ဓားလက်နက်ကိုင်ဆောင်ခြင်း၊ ယဉ်ကျေးမှု နှင့်ဖီလာ ဆန့်ကျင်နေခြင်း၊ မဏ္ဍပ်တစ်ခု၏ကြံ့ခိုင်မှုအပါအ၀င်သတ်မှတ်စည်းကမ်းချက် ဖောက်ဖျက်ထားခြင်းအစရှိသဖြင့် မြို့တော်စည်ပင်ကထုတ်ပြန်ထားသည့်စည်းကမ်း ချက်များအား လိုက်နာခြင်းမရှိပါက သက်ဆိုင်ရာဌာနအသီးသီး၏ဥပဒေတစ်ခုချင်းဆီဖြင့် အရေးယူသွားမှာဖြစ်ကြောင်းလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဦးခင်မောင်တင့်ကပြောထားသည်။
ယခုနှစ်မန္တလေးသင်္ကြန်ပွဲတော်၌ မန္တလေးမြို့တော်မဏ္ဍပ်အပါအ၀င်ကျုံးတောင်ဘက်ခြမ်းတွင် ရေကစားမဏ္ဍပ် ၁၀ ခု၊ အရှေ့ဘက်ခြမ်းတွင် ၁၁ ခု၊ အနောက်ဘက်ခြမ်တွင် ၈ ခု၊ မြောက်ဘက်ခြမ်းတွင် ၄ ခု နှင့် မြို့တွင်း ၈ ခုရှိမှာဖြစ်ကြောင်းသိရသည်။
ကျော်ထွေး(china.com)
china.com Myanmar
http://myanmar.china.com
Moethee Zun
2 hrs ·
ရဲဘော်တို့…………………….၊
ငါတို့ ကလွတ်မြောက်ပြီးသား ၀ိဥာဉ်တွေဖြစ်တယ်…၊
ငါတို့ မှာလွတ်ငြိမ်းချမ်းသာခွင့်မလိုဘူး…………….။
ငါတို့မှာ ဖူးပွင့်စပန်းကလေးကို ငါတို့ သမီးလေးတွေရဲ့ ဆံနွယ်ကေသာမှာပန်ပေးဖို့ သာလိုတယ်….၊
ငါတို့ ရဲ့အမေအိုအတွက် …
သူ့ရဲ့မြည်တွန်တောက်တီးမှုတွေကိုပြုံးပြီး
သူသောက်ရမယ့်ဆေးကလေးတွေကို သေချာ
တိုက်ကျွေးဖို့ပဲလိုတယ်….။
ငါတို့ …………
ပြန်ကြမယ်………….။
ငါတို့ ပြည်…ငါတို့ ရေ…
ငါတို့ သွေးသားတွေရှိရာ…
လိုက်မှာလား………….။
အမေရေ…
ညီလေးရေ…
တူမရေ….
ငါတို့လမ်း
ခရောင်းလမ်းဖြစ်ပစေ…
ငါတို့ ချောမွေ့စေ့မယ်…
လကသာတယ်…
လေညှင်းက ပြေလို့..
ချစ်သူကိုဖက်…
အလံကို တ၀က်ထူလို့..
ငါတို့ လူလူ..သူသူ…..
ငါတို့ ရဲ့ မဟာမိခင်ရင်ခွင်ကိုပြန်လာမယ်…။
တနေ့ငါတို့ အလံအပြည့်ထူခွင့်ရှိစေမယ်…။ ။
ငါတို့ အာဏာမလိုဘူး………..။
ငါတို့ ဒေသနာငါတို့ ဟာငါတို့ရှိတယ်…။
ငါတို့ ပြည်ရွာ ငါတို့ ဇနပုဒ်တွေအတွက်…
ငါတို့ ပြန်လာမယ်…………..။
ကြိုက်တဲ့သူတား…
ငါတို့ မှာမှားခဲ့တာ တခုပဲရှိတယ်….
တိုင်းပြည်ကို အသက်ထက်ချစ်ခဲ့တာ…
ဟောဒီမှာ …ငါဟာမိုးသီးဇွန်….
နွေပန်းတွေတောင်ပွင့်ပြီလေ………..။ ။
Was this answer helpful?
LikeDislikeအဟွတ် ၊ အဟွတ်၊ အဟွတ် ။ ရေတောင် သီး တယ် ကိုမိုးသီး ရယ်။
ရဲဘော်တို့ က ပါးစပ် က မချ သေးပါလား ကွယ်။
ပြန်ပါလေ။
တိုင်းပြည်ထဲ က ဒီနေ့ခေတ် လူထုဟာ နလပိန်းတုံး တွေ လို့ မထင်စေလိုပါ။
သို့သော်
ကိုယ့်ကိုယ်ကို ဘဝင် လေမရိုက် ဘဲ အမှန်မြင်အောင် ကြိုးစားပြီး မှ ပြန်ဝင် စေလိုပါတယ်။ စေတနာစကားပါ။
မဟုတ်ရင် တော့
လှလှပပ က ဖို့ ပြင်နေတဲ့ “ကဒေါင်း” တွေ ကြား “မျောက်က” က ပြသလို ရီစရာ အကွက်ဆန်း ဖြစ်နေလိမ့်မယ်။
စိတ်သစ် လူသစ် နဲ့ တိုင်းပြည်အပေါ် စေတနာမှန် ဖြစ်ပါစေ ဆုတောင်းပါတယ်။ :-)))
Was this answer helpful?
LikeDislikeနှစ်တွေပြောင်း၊ အခြေအနေတွေပြောင်း၊ နည်းပညာတွေပြောင်း၊ စနစ်တွေ ပြောင်းလဲ မပြောင်းနိုင်ကြဘဲ
ရှိပြီး အတွေးအခေါ်ဟောင်း လေးတွေ ကို ဆုပ်ကိုင်ပြီး နိုင်ငံ ကို ဟန်လုပ်ချစ်ပြ နေတာ အနှောက်အယှက်ကြီး တစ်ခုပါ။
ဒေါ်အောင်ဆန်းစုကြည် ဟာ အာဏာရှင် လို့ စွပ်စွဲနေသူ တွေဟာ ဘယ်လို လူ တွေ ဆိုတာ သိလိုက်ပြီးနောက် သူတို့ လုပ်ရပ်တွေ ကို အထင်မကြီးတော့ပါ။
မြန်မာပြည် ဒီနေ့ နိုင်ငံရေးက ဘာနဲ့ တူလဲ ဆိုတော့
“စတုဒီတာ မဏ္ဍပ်ကြီး ထဲ
အများစားနိုင်ဖို့ ချက်ပြုတ်နေသူ တွေ ရှိတယ်။
အဲဒီထဲ စေတနာ နဲ့ အိတ်စိုက် အားကြိုးမာန်တက် လုပ်နေသူတွေ ရှိတယ်။
အစားအစာ တွေ ကို နောက်ပေါက် ကနေ ကိုယ့်အိမ်သယ်ဖို့ ချောင်းနေသူ တွေ ရှိတယ်။
အဲဒီလို အသယ်မှာ ဖိတ်ကျ ခဲ့ မဲ့ အစအန လေး တွေ အတွက် စောင့်နေတဲ့ ခွေးတွေ ရှိတယ်။
အလစ်မှာ အစာ ကို ဆွဲဖို့ ချောင်းနေတဲ့ အပြင် က ကျီးကန်း တွေ ရှိတယ်။ (တစ်ချို့ ကျီး တွေ က အထဲ ကို တောင် ရောက်နေပြီး ပေါ့)
အဲဒီကျီး တွေ၊ ခွေး တွေ ကို မောင်း ဖို့ စောင့်တဲ့ ကလေး တစ်သိုက် လဲ ရှိတယ်။”
ကျွန်မ ကတော့ ကိုယ်တိုင် ဝင်ချက်နိုင်အား မရှိသေးတာမို့ အပြင်က ခွေးမောင်း၊ ကျီးချောက်ပေါ့။
ဒါပါဘဲ။
Was this answer helpful?
LikeDislikeLos Angeles ThinGyan 4/17/16
https://www.facebook.com/gswarphotography/videos/10153976768989845/
Was this answer helpful?
LikeDislikeFidel Castro Gives Rare Speech Saying He Will Soon Die
Published at 4:53 PM CDT on Apr 19, 2016
“I’ll be 90 years old soon,” Castro said in his most extensive public appearance in years. “Soon I’ll be like all the others. The time will come for all of us, but the ideas of the Cuban Communists will remain as proof on this planet that if they are worked at with fervor and dignity, they can produce the material and cultural goods that human beings need, and we need to fight without a truce to obtain them.”
Source: http://www.nbcmiami.com/news/local/Fidel-Castro-Gives-Rare-Speech-Saying-He-Will-Soon-Die-376276041.html#ixzz46Ls9Fu1d
Follow us: @nbcchicago on Twitter | nbcchicago on Facebook
Was this answer helpful?
LikeDislike
The Irrawaddy (Burmese Version)
ပြည်သူအချင်းချင်းကြား ဆက်ဆံရေးသာ အဓွန့်ရှည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို
ဧရာဝတီ
ယနေ့ ဧပြီလ ၂၂ ရက် နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြား သံတမန် များ တွေ့ဆုံမှုတွင် ပြည်သူအချင်းချင်းကြား ဆက်ဆံရေး ကောင်းမွန်မှုသည်သာ အဓွန့်ရှည်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ အစိုးရသစ်၏ မူဝါဒမှာ ပြည်သူကို အခြေခံကြောင်းဆိုလိုက်ပြီး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုများသည် ပြည်သူလူထု မပါဝင်ဘဲ မဖြစ်နိုင်ဟုလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးရအပြီး မြန်မာနိုင်ငံ၏ လွတ်လပ်ပြီး တက်ကြွသော နိုင်ငံခြားရေး မူဝါဒ ရှိခဲ့ကြောင်း ပြောဆိုကာ ယခုလည်း အိမ်နီးနားချင်းများသာမက ကမ္ဘာတဝန်းရှိ အခြားနိုင်ငံများနှင့်ပါ ခင်မင်ရင်းနှီးလိုကြောင်း ပြောသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မိခင်ဒေါ်ခင်ကြည် အိန္ဒိယသံအမတ်အဖြစ် စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းက သံတမန်လောကနှင့် ရင်းနှီးကြီးပြင်းခဲ့သူဟု မိမိကိုယ်ကိုယ် မိတ်ဆက်သည်။
Was this answer helpful?
LikeDislikeChina’s Xi Jinping takes commander in chief military title
21 April 2016
From the section China
China’s President Xi Jinping has taken on a new military title, in his latest move to exert greater control over the armed forces.
Mr Xi is now commander in chief of the military’s Joint Operations Command Centre.
State media showed him visiting the centre wearing camouflage fatigues.
China’s foreign policy has become increasingly assertive in recent years, especially on its claims to disputed territories in the South China Sea.
Mr Xi is already General Secretary of the Communist Party, and chair of the Central Military Commission, which manages the People’s Liberation Army.
http://www.bbc.com/news/world-asia-china-36101140
Was this answer helpful?
LikeDislikeမြန်မာပြည်က.. တရုတ်ပြေးမင်းက.. မွန်ဂိုတာတာတွေပုဂံကိုဝင်တိုက်လို့.. ပြေးရတဲ့နရသီဟပတေ့မင်းကိုခေါ်တာ..။
အခု.. အင်တာနက်လိုက်မွေတာမှာ.. မွန်ဂိုတာတာရုတ် ဆိုပြီးခေါ်ထားတာတွေ့လို့..။
မြန်မာတွေက.. ချိုင်းနားကို.. စိန.. စိန့်ပြည်(ဂန္ဓလရာဇ်ပြည်) လို့ သမိုင်းအဆက်ဆက်.. ခေါ်ပြီး.. စိန့်တိုင်းသားက ဘယ်ကဘယ်လို.. ချိုင်းနီးက.. တရုတ်ဖြစ်သွားသလဲလိုက်ကြည့်နေတာ…
ကြည့်ရတာ.. တာတာရုတ်ကို.. တရုတ်လို့ခေါ်လိုက်သလား..။
မွန်ဂိုနဲ့တူတူပါလာပြီးစစ်တိုက်တက်သိမ်းလိုက်တဲ့.. တပ်ခ်.. တူရကီ.. မွတ်စလင်တွေကိုပဲ.. တရုတ်ခေါ်လိုက်သလားပဲ..။
ဒေါက်တာသန့်မြင့်ဦးကတော့.. ‘Turks’ (Taruk or Tarup) ကနေ.. တရုတ်တဲ့..။
ဘာပဲဖြစ်ဖြစ်.. သေချာနေတာက.. တရုတ်ဆိုတာက.. ကုလားကိုခေါ်တဲ့အမည်ပဲ..လို့စ်…။
=
Tatar-Mongol Yoke (1237 – 1480). History of Russia
http://www.advantour.com/russia/history/tataro-mongol-yoke.htm
Russian History – The Golden Horde Invasion. … In the late 1237 the union of Mongolian tribes, the Golden Horde, headed by Batu (1208 – 1255), the grandson of Genghis Khan, invaded Ryazan. … That period marked the beginning of Mongol Yoke.
=
Was Tatar Yoke Really All That Bad?
Apr. 19 2000 00:00
They came from the east to conquer, butcher and pillage. Led by Genghis Khan, the Mongols laid cities and civilization to waste, then ruled cruelly for the next 300 years.
That is how Russian textbooks describe life under one branch of the Mongol empire, the Golden Horde. Its armies were led by Mongols from present-day Mongolia and peopled with foot soldiers of Turkic origin known as Tatars.
That invasion was about 763 years ago, but it still grates on some nerves. The present-day Tatars – the Russian citizens of Tatarstan – aren’t happy about being represented in the nation’s schools as barbarians. Some are calling for a scholarly revision.
“The Tatar yoke is painted as the most horrible period,” said Rafael Khakimov, a historian at the Institute of History in Kazan. “We have our own opinion … we want the Russian textbooks to be re-examined.”
http://www.themoscowtimes.com/sitemap/free/2000/4/article/was-tatar-yoke-really-all-that-bad/264037.html
Was this answer helpful?
LikeDislikeWira Thu added 17 new photos to the album: “အမျိုးသားပညာရေးကျောင်းတော်ကြီး”.
Yesterday at 7:29am ·
“အမျိုးသားပညာရေးကျောင်းတော်ကြီး”
======================
1.4.2016 ရက်နေ့မှာ သွားရောက်လေ့လာခဲ့ပါတယ်။
မဟော်သဓာ အထက်တန်းကျောင်းတော်ကြီးလို့ ခေါ်ပါတယ်။
မဘသ(ဗဟို)က ဦးစီးတာပါ။
ဒီနှစ် အဋ္ဌမတန်းများကို စတင်လက်ခံမှာပါ။
အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ မျိုးဆက်သစ်တွေ မွေးထုတ်ပေးဖို့ ရည်ရွယ်တာပါ။
အားလုံးပြီးမြောက်သွားရင် အဋ္ဌမတန်း၊ နဝမတန်း၊ ဒသမတန်း- ဦးရေ (၁၅၀၀)ခန့် စားရေး နေရေး ကျန်းမာရေး ပညာရေး ဘာသာရေး သာသနာရေး အမျိုးသားရေး စတာတွေအတွက် အရည်အချင်းကောင်းတွေနဲ့ ပြည့်စုံတဲ့ အနာဂတ် နိုင်ငံ့သားကောင်းလေးများ ပေါ်ပေါက်လာအောင် အထူးတလည် ပြုစုပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်မှာ တည်ရှိပါတယ်။ အကျယ်အဝန်းက (၅)ဧကဖြစ်ပြီး (၅)ထပ်ကျောင်းဆောင်ကြီး ဖြစ်ပါတယ်။
နေ့စဉ်ဘုရားဝတ်တက်ရပါမယ်။ တရားရှုမှတ်ရပါမယ်။ အတန်းတက် မှန်ရပါမယ်။ စာကျက် မှန်ရပါမယ်။ လေ့ကျင့်ခန်း မှန်ရပါမယ်။ အိမ်စာ မှန်ရပါမယ်။ စာမေးပွဲ မှန်ရပါမယ်။ စာစီစာကုံး မှန်ရပါမယ်။
မိမိတို့ သားသမီးများကို ဒေါင်ဒေါင်မြည် မျိုးချစ်ဇာနည်လေးတွေ ဖြစ်စေချင်တယ်ဆိုရင် မဘသ(ဗဟို)နှင့် ဆက်သွယ်လိုက်ပါ။
ဆက်သွယ်ရန်
09250044612
Was this answer helpful?
LikeDislikeဒီထက်ဆိုးတာတွေလာလိမ့်မယ်..။
အစကတည်းက.. ဘကပညာသင်ကျောင်း ခွင့်မပြုခဲ့သင့်တာပေါ့…။
ခုတော့.. အဲဒီကျောင်းထွက်တွေ.. ပညာပြတာ.. နောက်အနှစ်၅၀ ခံကြပေတော့ခံပေတော့…။ :h:
Was this answer helpful?
LikeDislikeထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၁ သိန်းကျော် ပြန်ပို့ရန် ပြင်ဆင်
By နန်းမြနဒီ
27 April 2016
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ ဒုက္ခသည်စခန်း ၃ ခုမှ ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို နေရင်းမြန်မာနိုင်ငံကို ပြန်ပို့ဖို့ ပြင်ဆင်နေတယ်လို့ တာ့ခ်ခရိုင်မှ ဒုခရိုင်ဝန်ရဲ့အပြောကို ကိုးကားပြီး INN အိုင်အန်အန်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဧပြီ ၂၇ ရက်က တာ့ခ်ခရိုင် မဲဆောက်မြို့နယ် အထူးစီးပွားရေးဇုန်ခန်းမမှာ ကျင်းပတဲ့ ဒုက္ခသည်များဆိုင်ရာ အစည်းအဝေးအပြီး တာ့ခ် ဒုခရိုင်ဝန် နိုင်းဆုထဒ် ဆိုင်းဝမ်းချိုင်းက သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးတဲ့နောက် နယ်စပ်က မြန်မာဒုက္ခသည်တွေကို ပြန်လည်ခေါ်ဆောင်ဖို့ ပြင်ဆင်ထားတာတွေရှိကြောင်း၊ များမကြာမီ ထိုင်းအစိုးရ၊ မြန်မာအစိုးရနဲ့ ယူအန်အိပ်ခ်ျစီအာတို့ သုံးပွင့်ဆိုင်အစည်းအဝေးလုပ်ပြီး ဒုက္ခသည်တွေပြန်ပို့ရေး လမ်းပြမြေပုံကို အတူတကွ ရေးဆွဲကြမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်း ၃ ခုမှ ဒုက္ခသည်ပေါင်း ၁ သိန်းကျော်ကို အချိန် ၂ နှစ်၊ ၃ နှစ်အတွင်း အကုန်ပြန်ပို့နိုင်မယ်လို့ မျှော်လင့်ပြီး ဒုက္ခသည်တွေ မြန်မာပြည်ထဲပြန်ရောက်တဲ့အခါမှာလည်း ယူအန်အိပ်ခ်ျစီအာအနေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ကူညီထောက်ပံ့ပေးသွားမယ်လို့ ဒုခရိုင်ဝန်က ဖြည့်စွက် ပြောကြားပါတယ်။
တတိယနိုင်ငံကို ဆက်သွားဖို့ လျှောက်ထားတဲ့ ဒုက္ခသည်တွေထဲက ၈၅ ဦးကိုလည်း နောက်ဆုံးအသုတ်အဖြစ် ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ ယူအန်အိပ်ခ်ျစီအာ (ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) မှ ကိုယ်စားလှယ်နဲ့ ဖုတ်ဖရမြို့နယ် အုံးဖျံဒုက္ခသည်စခန်း၊ ထာ့ဆောင်ယန်းမြို့နယ် မယ်လဒုက္ခသည်စခန်း၊ အုံးဖန်မြို့နယ် နို့ဖိုးဒုက္ခသည်စခန်းမှာ စခန်းခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်စပ်ဒုက္ခသည်စခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောအောနက်ကတော့ သူ့အနေနဲ့ ဒီကနေ့ အစည်းအဝေးကို တက်ရောက်ခြင်းမရှိကြောင်း၊ မနေ့ညကတော့ ထိုင်းအာဏာပိုင် ၂ ဦး ရောက်ရှိလာပြီး စခန်းတာဝန်ခံ ၃ ဦးနဲ့ တွေ့ဆုံကာ လာမယ့် မေလ ၆ ရက်နေ့ကျရင် မြန်မာပြည်တွင်း ဒုက္ခသည်များ ပြန်လည်နေရာချထားမယ့် ဘားအံခရိုင် မော်ဖိုးကေနဲ့ ၀ါရှီးထဒေသကို အတူတကွ သွားရောက်စစ်ဆေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကစ မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ အစိုးရတပ်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့များအပေါ် ဖြတ် ၄ ဖြတ် စစ်ဆင်ရေးတွေကြောင့် မြန်မာပြည်သူ သိန်းနဲ့ချီ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေဆီ ၀င်ရောက်ခိုလှုံလာကြတာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ တာ့ခ်ခရိုင်၊ ကန်ကျနပူရီ၊ ရာ့ခ်ျပူရီနဲ့ မယ်ဟောင်ဆောင်ခရိုင်မှာ ဒုက္ခသည်စခန်း စုစုပေါင်း ၉ ခုရှိပေမယ့် ဒီကနေ့အစည်းအဝေးမှာတော့ တာ့ခ်ခရိုင်ရှိ စခန်းတွေအကြောင်းပဲ ဆွေးနွေးသွားပါတယ်။
Was this answer helpful?
LikeDislike