” သင်္ကြန်နဲ့ရေ “

“   သင်္ကြန် နဲ့ ရေ   “

 

 

ငယ်ငယ်က တည်း က စိတ်ထဲမှာ သင်္ကြန်ဆိုတာ ပျော်စရာပွဲကြီးပါဘဲ။

စက်ဘီးနဲ့လည်မယ်

ကားနဲ့လည်မယ်

အရက်လေး ဘီယာလေးသောက်ပြီး မြူးမယ်

စတုဒီသာလိုက်စားမယ်

သူများကိုရေပက်ရမယ်

ကိုယ်ကလည်းရေပက်ခံရမယ်

ည ရောက်တဲ့အခါ  မဏ္ဍပ်တွေမှာအဆိုအကတွေလိုက်ကြည့်မယ်။

အရွယ်လေးရောက်လာတော့ ကောင်မလေးတွေနဲ့ အတူတူလည်မယ်

ဇာတ်လမ်းတွေရှာမယ်

နည်းနည်းလေးကြီးလာတော့ မလည်တော့ဘဲ မဏ္ဍပ်ထိုင်တယ်ပေါ့။

 

မြန်မာ့ရိုးရာ ရေသဘင်ပွဲ ဘာညာ ဘာညာ နာမယ်တွေတပ်ပေမယ့်

(သင်္ကြန်ပွဲဖြစ်ခဲ့တဲ့ ဇစ်မြစ်လိုက်ရင် တော့ ဘယ်လိုအဖြေထွက်လာမယ် မသိတာအမှန်ပါဘဲ)

လက်တွေ့ကျကျ ပြောရင် အခုနောက်ပိုင်းမှာ သင်္ကြန်က လူအများအတွက်

ရေပက်တဲ့ပွဲဖြစ်ပေမယ့် လူအချို့အတွက်တော့ ရေခပ်တဲ့ပွဲပါဘဲ။

မဏ္ဍပ်ဆောက်မယ်  (မဏ္ဍပ်ဆောက်ချင်တိုင်း ဆောက်လို့မရပါဘူး ရေလောင်းမှနေရာကောင်းရပါတယ်)

မဏ္ဍပ်မှာ တီးဝိုင်း မပါမဖြစ်ဆိုတော့ အဲဒီမှာ ရေကိစ္စက ပါလာပါပြီ။

(တီးဝိုင်းသမားတွေက တော့ ခပ်ပါးပါးလေးဘဲ ရကြတာပါ)

အဲဒီမှာ နာမည်ရတဲ့အဆိုတော်တွေ ရုပ်ရှင်မင်းသားမင်းသမီးတွေ ရေခပ်တဲ့ ပွဲပါဘဲ။

(ကိုယ့်အောင်မြင်မူ့အလိုက်ကြေးကောင်းကောင်းရကြသလို

အောက်ကြေးနဲ့ လိုက်ရသူတွေလဲ ရှိပါရဲ့)

ဒါပေမယ့် နာမယ်မရသေးတဲ့သူတွေကတော့ စင်ပေါ်မှာ သီချင်းဆိုဘို့အတွက်

ကိုယ့် အိတ်ထဲက ထုတ်ပြီး ရေလောင်းမှ တစ်ပုဒ်စ  နှစ်ပုဒ်စ ဆိုခွင့်ရပါတယ်။

မဏ္ဍပ်တစ်ခုဖြစ်အောင် တာဝန်ခံပြီး စီစဉ်ရသူကလဲ ကိုယ့် အိတ်ထဲ ရေဝင်အောင်

ဂွင်ဖန်ရသလို မဏ္ဍပ်ဖြစ်ခွင့်ပေးနိုင်တဲ့ သူက လဲ ရေလျှံ တဲ့ ကာလပါဘဲ။

မဏ္ဍပ်ဖွင့်ပွဲမှာ လူကြီးတွေဝတ်မယ့် ချိတ်လုံချည်တို့ဘာတို့မှာဈေး ပိုတင်တာတို့

တူညီဝတ်စုံတွေမှာ ကိုယ့် အတွက်ကျန်အောင်ချန်ရတာတို့

သင်္ကြန်ရက်တွေမှာ မဏ္ဍပ်မှာ ကျွေးမယ့်မွေးမယ့် စားရိတ်တွေကို ကိုယ့်အိတ်ထဲဝင်လဲ

ဝင်အောင် ဂွင်ရိုက်ရတာတွေဆိုတော့ သူလဲ ရေခပ်တဲ့လူစာရင်းထဲပါပြန်တာပါဘဲ။

သင်္ကြန်မဏ္ဍပ် လို့ဆိုလိုက်တာနဲ့ စင်ပေါ်မှာ ဟိုကိစ္စဒီကိစ္စလေးတွေကလဲ ပါလာတာပါဘဲ။

ကိုကို ကဲကဲ တို့  ပျိုပျို ကဲ ကဲ တို့ ဆုံကြတော့

အဲ့ဒီမှာ လဲ ရေလောင်းရေခံ ကိစ္စတွေ ဖြစ်လာတော့ တာပေါ့။

သကြ်န်မဏ္ဍပ်မှာ ဆေးကွဲ ပြီး မလုံတလုံ ဝတ်ပြီးကကြ ပြုကြတာတွေ

ရှိလာပါတယ်။

မြန်မာယဉ်ကျေးမူ့တော့ပျက်စီးပါပြီဆိုပြီး ဖွဘုတ်မှာ တင်သူက တင် ရှယ်သူက

ထပ်ရှယ်ကြတော့ မမြင်ဘူးသူ မရှိသလောက်ဖြစ်သွားပေသပေါ့။

(အများပြည်သူကြည့် လို့ မတင့် တယ်ဘူးလို့ သတ်မှတ်ရင်လဲ

စင်နားမရောက်တဲ့သူတွေမမြင်အောင်ဓါတ်ပုံရိုက် ုပြီး ဖွဘုတ် မှာမတင်ပါနဲ့လို့ပြောချင်ပါတယ်။)

အမျုးိသားရေးတို့ ယဉ်ကျေးမူ့ တို့ ဘာခေါင်းစဉ်ဘဲ တပ်တပ်

လက်တွေ့မှာတော့ သင်္ကြန် ဆိုတာ ပျော်ပွဲရွှင်ပွဲ သက်သက်ပါဘဲ။

သင်္ကြန်မှာရေတွေဖြုန်းတီးတယ်  ရေရှားတဲ့အရပ်တွေမှာဘာဖြစ်ညာဖြစ်ပြောကြပေမယ့်

သင်္ကြန်မှာ ရေ မပက်ဘူးဆိုရင်တောင်မှ ဒီရေတွေကို ရေရှားတဲ့ အရပ်ကို ရောက်အောင်

ပို့မပေးနိုင်တာက လဲ အသေအချာပါဘဲ။

 

သင်္ကြန်ဆိုတာနဲ့ အရက်တွေ ဘီယာတွေရောင်းကောင်းတာအမှန်ပါဘဲ။

(ကျနော်တို့ ကိုယ်တိုင်လဲ သောက်တာပါဘဲ)

အကြမ်းအားဖြင့်တော့ သင်္ကြန်ဆိုတာနဲ့အားလုံးပျော်ကြတာပါဘဲ။

သင်္ကြန်မှာမပျော်နိုင်တဲ့သူတွေလဲရှိပါတယ်။

မဏ္ဍပ်နားမှာ ဖွင့်တဲ့ ဆိုင်လေးတွေအရက်ဘီယာ ရောင်းလို့  အဖမ်းခံရရင်လဲမပျော်ပါဘူး။

မဏ္ဍပ်နား ဈေး ဆိုင်တွေမဖွင့်ရဆို မောင်းထုတ်ခံရပြန်ရင်လဲ အရင်းပြုတ်တာပါဘဲ

လုံခြုံရေးတာဝန်ကျတဲ့ အောက်ခြေက ရဲဝန်ထမ်းလေးတွေလဲမပျော်ပါဘူး။

တိုက်လို့ ရိုက်လို့ ကွဲပြဲ ကျိုးကန်းပြီး ရောက်လာမယ့် လူတွေကို ကုသပေးရမယ့်

ဆေးရုံက ဝန်ထမ်းတွေ လဲမပျော်ပါဘူး။

အဲလိုလူတွေထက် ပိုပြီးမပျော်နိုင်တဲ့ လူတန်းစားတစ်ရပ်လဲရှိပါသေးတယ်။

စက်ရုံအလုပ်ရုံတွေက နေ့ စား ဝန်ထမ်းတို့

ဈေးတွေပွဲရုံတွေက ပုတ်ပြတ် နေ့စား ကုန်အထမ်းသမားတွေ တို့

တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စား လူတွေ ကတော့

သင်္ကြန်ရက်ရှည်လေ ဒုက္ခ ရောက်လေပါဘဲ။

သူများတွေသင်္ကြန်ပျော်ပေမယ့် သူတို့ မှာတော့ သင်္ကြန်ဆိုတာနဲ့အကြွေးတင်တော့တာပါဘဲ။

ဒီနှစ် စီးပွားဖြစ် မဏ္ဍပ်မဆောက်ရဘူးဆိုတော့

ရေမခပ်ရလို့ ရင်ခံ တဲ့ လူတန်းစား တစ်ရပ်တို့းလာတယ်ဆိုရပေမပေါ့။

ရင်ခံမယ်ဆိုလဲ ခံထိုက်ပါတယ်

သူတို့ မှာသင်္ကြန်မတိုင်ခင်ကတည်း က ရေလောင်းရေဖျန်းလုပ်ထားတာတွေကလဲ

နှစ်စဉ်နှစ်တိုင်းရှိပေသကိုး။

လက်တွေ့ကျကျ ပြောကြေးဆိုရင်တော့

သင်္ကြန် မဟုတ်တဲ့အချိန်မှာလဲ အရက်ဘီယာ သောက်တာကတော့ အသေးအဖွဲ ကိစ္စဖြစ်နေပါပြီ။

မူးယစ်ဆေးဝါးဆိုတာကလဲ သူ့ အချိတ်အဆက်နဲ့သူ လွယ်လွယ်ကူကူ ရနေတာအားလုံးအသိပါဘဲ။

မာဆတ်တွေ စင်တင်တွေ ကေတီဗွီ တွေမှာကလဲ မပျက်တပျက်ကလေးတွေရော

ပျက်ပြီးသားလေးတွေကရော သူ့ လိုင်းနဲ့ သူ ပူး နေကြသလို

ဈေးအသင့်အတင့်နဲ့သွားလို့ ရတဲ့ နေရာတွေမိူလိုပေါက်နေသလို

သူ့အဆက်အသွယ်နဲ့သူ သွားမှသာရတဲ့

ကြေးကြီး ကြီးနေရာတွေက လဲ ထာဝရ ရှိနေပြီးသားပါ။

အဲ တော့ သင်္ကြန်ဆိုတာလေး ကိုဘဲ ကွက်ပြီး မီးမောင်းထိုးပြဘို့ထက်

ရေရှည်ပပျောက်ရေး ကိုသာ စီမံကိန်းဆွဲပြီး ဆောင်ရွက်သင့်တယ်လို့ဆိုချင်ပါတယ်။

 

ဘာဘဲပြောပြော မြန်မာသင်္ကြန်ဆိုတာ ရေလောင်း ရေခံ တဲ့ ပွဲ စစ်စစ်ကြီးပါဘဲ။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

7-4-2016

 

 

6 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    April 8, 2016 at 9:49 am

    စာရေးသူ ခင်ဗျား
    ( ရေလောင်း ရေခံ တဲ့ ပွဲ ) အစား
    ရေလောင်း ရေပက်ခံ ဆိုလျင် ပိုသင့်တော်မယ်ထင်ပါတယ်
    ပက် ပါမှ ပိုပြည့်စုံမယ်လို ့ အကျန်ပေးပါရစေခင်ဗျား…

      • kai

        April 9, 2016 at 2:39 pm

        peg က.. ကုလားသုံးပေါ့…။
        အမေရိကန်သုံးဖြစ်သွားအောင်.. Shot ရှော့လို့ပြောင်းသုံးလေ….။
        ဆိုတော့..
        ရေရှော့ခံ..။ :k:

  • ဝင့်ပြုံးမြင့်

    April 14, 2016 at 11:54 am

    လေးပေါက်ပြောသလို ရေလောင်း ရေခပ်တဲ့ပွဲပါပဲ။ နာမည်ကြီးအနုပညာရှင်တွေ ရေခပ်မယ်။

  • Thint Aye Yeik

    April 14, 2016 at 1:37 pm

    .ရေလောင်း ရေပက် ခံလာတယ်
    တုနှယ် တုနှယ် ဒန်

    အဲအဲ ကျနော်ဖြင့် သင်္ကြန်ဆိုရင်
    အဲ့လို လမ်းပေါ် မထွက်ဖြစ်တာတောင် လေးနှစ်လောက် ရှိပြီထင့်

Leave a Reply