သချင်္ာ

ko sixApril 8, 20161min2236

ငါ
တစ်ယောက်တည်း အနော်ရထာကို တွက်တယ်။
ငါ
ကျန်စစ်မင်းရဲ့ပုံသေနည်းကို မှတ်တယ်။
ငါ
ဗိုလ်ချုပ်အောင်ဆန်းရဲ့သီအိုရီကို မြှောက်တယ်။
ငါ
ငါ
ငါ
တွက်တယ်။
နာရီထဲမှာပုန်းနေတဲ့
သမိုင်းကွင်းဆက်တွေက
၆၀%လောက်တောင် မပျော်ဝင်ဘူး။
ကဲ
မနေ့ထဲက
ဒီနေ့ကို နုတ်လိုက်ရင်
မနက်ဖြန်ကျန် မကျန်
တွက်တတ်တဲ့သူတွေ
ဖွင့်ထားတဲ့ တံခါးကနေ
ပြန်ထွက်သွားပါတော့။ ။
ကိုစစ်

6 comments

  • kai

    April 10, 2016 at 2:50 am

    သာမာန်အားဖြင့်တော့.. မနေ့ကနေ ဒီနေ့တွေပေါင်းပဲပေါင်းတတ်တယ်..
    အဲဒီကနေ.. မနက်ဖြန်ဖန်တီးယူရတာလေ..။

    • ko six

      April 27, 2016 at 10:56 pm

      ပေါင်းတတ်ရင်ဖြစ်စေ စားတတ်ရင်ဖြစ်စေ၊
      သချင်္ာသဘောကို စောကြောတာပဲလေ

  • Thint Aye Yeik

    April 15, 2016 at 2:42 pm

    သချင်္ာ ဆိုတာ…
    ကိုယ့်အတွက်တော့ ….
    သင်လေ…ချာ လေ…ဘာသာရပ်…

    😆

  • ဝင့်ပြုံးမြင့်

    April 15, 2016 at 8:12 pm

    ယေဘုယျအားဖြင့် ယောက်ျားလေးတွေက သချင်္ာတော်တတ်တယ်။ ဒါပေမယ့် မိန်းကလေးတွေက အတွက် တော်တတ်တယ်။ အဲဒါ ဘာကွာလဲ ပြော။

    • Thint Aye Yeik

      April 15, 2016 at 10:08 pm

      .ယောကျာ်းတွေက သချင်္ာ တော်တယ်။ ဒါမယ့် တွက်ချက်ရမှာ ပျင်းတယ်။

      .မိန်းမတွေက သချင်္ာ မတော်ဘူး။ ဒါပေမဲ့ အနုစိတ်ရတာ တွက်ချက်ရတာ
      ပုကျိပုကျိလုပ်ရတာတွေကို စိတ်ပါလက်ပါ ရှိတယ်။
      (အဲ့လိုမှ မလုပ်ရင်လည်း ရှိသမျှ ကုန်မှာ ကိုးးးး)
      :mrgreen:

      (ယောကျာ်းလေးတွေကျတော့ ကုန်လည်း သိပ်မသိသာဘူးကိုးးး)

      :k:

    • ko six

      April 27, 2016 at 10:53 pm

      သချင်္ာတော်တယ်ဆိုတာက သင်သမျှချာတာ။
      အတွက်တော်တယ်ဆိုတာက အဟီး

Leave a Reply