ဒီမိုဘွားဒေါ်သို့ မြေစ်တာ ရပ်ခံချက် Request

နိုင်ငံဒေါ်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အမိန့်နဲ့ ပြန်လွတ်လာတဲ့ ဒီမိုကရေစီပညာရေးသပိတ် ကေ ျာင်းသားမ ျားအပေါ် လာဘ်တလော အွန်လိုင်းဝေဖန်မှုများနဲ့ ပတ်သက်လို့ ဒီချုပ်နဲ့ ဘွားဒေါ်ကို နိုင်ငံရေးရှေ့ဖြစ်အတတ်ဟော သုခမိန်ပညာရှိကြောင်ကြီးမှ မေစ်တာရပ်ခံ ပန်ကြားလိုတာက ကိုယ့်လူကိုယ် ထိန်းပေးပါ၊ ဒေါ်စုမှ ကြေငြာချက်ထုတ် ထိန်းသိမ်းသင့်ပါတယ်။ ခုဖြစ်နေဘုံက အမှိုက်ကစ ပြသာဒ်မီးလောင်..ဖြစ်လိမ့်မည်။ က ျာင်းသား သပိတ်က ၁၁ချက်တာင်းတယ်၊ ဒီခ ျ ုပ်မှာ အပြည့်အဝ သဘာမတူ။ က ျာင်းသားက ရှ့ဆက်တိုးမည်… ဒီကြားထဲ ပညာရးဝန်ကြီး ခန့်လိုက်သူက သပိတ်မှာက် က ျာင်းသားနှင့် အဆင်မပြခဲ့..။ ပြန်လွတ်လာတာ့ ကေ ျးဇူးတင် စကားမဆိုလို ဒီခ ျုပ်ထောက်ခံသူများ မကေ ျနပ်.. ။ အဲဒီမှာ စစ်အုပ်စု၏ သပ်လ ျှှ ိုသွေးခွဲမှု ဝင်လာသည်။ ဒီခ ျုပ်နောက်လိုက်များ အွန်လိုင်းမှနေ ရန်သူနှင့် သိသိဖြစ်စေ မသိခြင်ထောင်ဆောင် ဖြစ်စေ.. ရိုးရိုးသားသား ဖြစ်စေ ပူးပေါင်းတိုက်ခိုက်ကြသည်။ 

အင်အားတောင့်တင်း ခိုင်မာတဲ့ အဖွဲ့၊ နိုင်ငံတွေ ပြိုကွဲတာ ပြင်ပသွေးခွဲမှု အရင်းခံ ကိုယ့်လူများ မလိမ်မာလို့ ဖြစ်တာများတယ်။ ဦးနုပါလီမန် ဒီမိုကရေစီခေတ် က ျဆုံးတာ နိုင်ငံရေးအကွဲအပြဲကြောင့် မဟုတ်လား။ လူထုထောက်ခံမှု တခဲနက်ရတဲ့ ဖဆပလ ဒီမိုကရေစီခရီး အတူချီတက်နေတဲ့ အတိုက်အခံတွေကို မထီမဲ့မြင်လို့ အလေးဂရုမပြုတော့ စစ်တပ်အာဏာသိမ်းတဲ့အခါ လာဘ်ခုပ်လာဘ်ဝါတီးသူ၊ ကြိတ်ရယ်မောထောက်ခံသူ၊ မျက်ကွယ်ပြု လာဘ်ပိုက်ကြည့်သူ၊ တို့မီးရှို့မီး အလံရှူ းလုပ်သူကြောင့် ပြန်လှန်ခုခံစွမ်း မဲ့ရတယ်။ ရက်သားအစိုးရသာ ရှိသေးတဲ့ ဒီချုပ်အနေနဲ့ ကိုယ့်အချင်းချင်း ပမာမခန့်ပြုတယ် မဆိုနိုင်သေးဘူး ဒါပေမဲ့ အွန်လိုင်းကနေ ဒီချုပ်ကို ထောက်ခံသူများ ပြုနေဘုံ စိုးရိမ်စရာ ကောင်းပြီ။ ဘာလို့ ဒီလို သတ်ထုချ ပြောနိုင်သလဲ…

ကိုယ့်အသိထဲမှာတင် ဒီချုပ်ကို တစိုက်မက်မက် ထောက်ခံလာသူ၊ ပရိုဖိုင်းအစစ် သုံးသူများရဲ့ လာဘ်လွတ်စပယ် စွတ်စွဲတိုက်ခိုက်မှု၊ ဟုတ်မဟုတ် မစဉ်းစားဘဲ ခံစားမှုသက်သက်နဲ့ ပြောဆိုနေမှုများ တွေ့နေလို့ ဖြစ်ပါတယ်။ လာဘ်ပံတန်း သပိတ်အဖြိုခွဲ မခံရခင်မှာလည်း သပိတ်ကို မထောက်ခံသူ ဒီချုပ်နောက်လိုက်များကပဲ အွန်လိုင်းမှာ မဟုတ်မမှန် စွဲချက်တွေတင်၊ ထောက်လှမ်းရေးနဲ့ အလံရှူ းများရဲ့ ရေးသားခ ျက်ကို မစီစစ်ဘဲ ဝေငှဖြန့်ဖြူ း ကိုယ့်လူအခြင်းခြင်း ရက်ရက်စက်စက် ချနင်းပစ်ခဲ့ကြတယ်။ ဒီရွာထဲမှာကို အဲလိုမျိုး သာဓက များစွာရှိတယ်။ ထောက်လှမ်းရေးနဲ့ အလံရှူ းများရဲ့ ပို့စ်များကို ဝေမ ျှ ရုံတင်မက ထွက်ပြေးတိမ်းရှောင်နေတဲ့ ဗကသဥကဌ ကေ ျာ်ကိုကို ကိုတောင် သတ်တိမရှိသူ၊ လူငယ်များကို မြှောက်ပေးပြီး ကိုယ်လွတ်ရုန်းသူ အထိ မညှာမတာ ရန်သူအားပေး လုပ်ခဲ့ကြပြီ။ ခုလည်း သိန်းထောင်ဂဏန်း အထောက်အပံ့ ယူထားကြောင်း …..

စွတ်စွတ်စွဲစွဲ သောက်တလွဲ
စွတ်စွတ်စွဲစွဲ သောက်တလွဲ

ဘာလို့လုပ်သလဲ.. ဆန်းစစ်ကြည့်ရင် ကိုယ့်လူထိလို့ ပြန်လုပ်တယ်လို့ တွေ့နိုင်တယ်။ စစ်အုပ်စုရဲ့ တဖက်သက် ပြုက ျင့်မှု ခံရတာ ယဉ်ပါးသွားတဲ့အခါ ကိုယ်ကလည်း အဲလိုပြန်လည် ပြုမူမိကြခြင်းပါပဲ။ ပါးရိုက်လို့ နားပြန်ရိုက် ရင်းကနေ သူများကိုပါ ပါးသွားရိုက်ကုန်တော့တယ်။ ငယ်စဉ်က အနိုင်က ျင့်ခံရတဲ့ခလေး ကြီးလာတဲ့အခါ သူများကို ပြန်အနိုင်က ျင့်မိ သလိုပေါ့။ ဒီချုပ် နောက်လိုက်များ အနိုင်က ျင့်နေသူက ဒီမိုကရေစီရေး တိုက်ပွဲ ရှေ့တန်းတပ်မှူ းများ ဖြစ်လာမည့် ကေ ျာင်းသားခေါင်းဆောင်များ ဖြစ်နေတယ်။ ဒီမိုကရေစီရေးအတွက် အလားအလာ မကောင်း… အာဏာမောင်ပိုင်စီးထားတဲ့ စစ်တပ်ကို မနိုင်လို့ ကိုယ်တတ်နိုင်တာ ပြန်လုပ်တာနဲ့ သွားမနှိုင်းယှဉ်သင့်ဘူး။

က ျာင်းသားဖက်ကလည်း ဒီမိုကရစီနဲ့ မအပ်စပ်တဲ့ အပြုအမူ သင်္ကတမ ျား သတိပြုသင့်တယ်၊ တဖက်ကဆွပေး သပ်လ ျှ ိုစရာကောင်းတဲ့ ကိစ်စများ ရပ်ဆိုင်းရမည်။ ဥပမာ အင်တာနေရှင်နယ်သီခ ျင်းဆိုတာ (အရေးကြီးပြီ သွေးနီးစို့၊ ကဘာမကြေ၊ ကေ ျာင်းသားသမဂ်ဂ အခြားသီချင်းများစွာ ရှိတယ်)၊ ကူမြူ နစ် တူတံစဉ် အမှတ်အသား (တမင်ဖြစ်စေ၊ ကြုံ လို့ဖြစ်စေ) အသုံးပြုတာ ရှောင်ကြဉ်ရမည်။ ပြည်သူကလည်း မထောက်ခံ၊ စစ်တပ်နဲ့လည်း ရန်သူဖြစ်တဲ သိပ်ထိလွယ်ခိုက်လွယ် ကိစ်စဖြစ်နေပါတယ်။ အဖွဲ့တွင်း ကူမြူ နစ် ရှိနေလ ျင် ထုတ်ပယ် အရေးယူရမည်။ (ပါတီစုံ ဒီမိုကရေစီစနစ် ယုံပြီး လာဘ်ဝဲဆန်တာနဲ့ အမည်ခံ ပါတီစုံစနစ် ကူမြူ နစ် မတူတာ သတိချပ်ပါ။)

ဒီမိုကရေစီပညာရေး ကေ ျာင်းသားများကို ပုတ်ခတ်တိုက်ခိုက်နေသူ အွန်လိုင်းသမား အမ ျားစုသည် ဒီချုပ်ပါတီဝင် (သို့မဟုတ်) ပါတီတာဝန်ယူထားသူများ မဟုတ်ခြင်းကြောင့် ပါတီအနေနဲ့ ထိန်းသိမ်းရန် ခက်ပါမည်။ အစိုးရနှင့်အတိုက်အခံ၊ လူကြီးနှင့်လူငယ် အငြင်းပွားမှုတွင် အားကြီးသူမှ တာဝန်ယူသည့် ထုံးတမ်း အစဉ်အလာကောင်း ပြသသည့်အနေဖြင့် ဒေါ်စုမှ ပါတီခေါင်းဆောင်တဦး အနေနှင့်လည်းကောင်း၊ နိုင်ငံဒေါ်အတိုင်ပင်ခံ အနေဖြင့်လည်းကောင်း မိမိအား ထောက်ခံနေသူများအား ယေဘူယ ျ ပြောဆိုဖြောင်းဖြခြင်းထက် ကေ ျာင်းသားအရေးနှင့် စပ်လ ျဉ်းပြီး တရားဝင် ကြေငြာချက်ထုတ် ထိန်းသိမ်းသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

 

ဦးကြောင်ကြီး (ငါကွ…….. )

7 comments

  • nicolus agral

    April 11, 2016 at 11:05 am

    $#@$@ing kyaw ko ko
    And big cat

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    April 11, 2016 at 12:43 pm

    ဘောမတွေကိုလဲ အီးပဲ
    ရုန်းကန်နေရတဲ့ အိုကြီးအိုမ မျက်နှာမှ မထောက်
    ဆိတ်ကြီးဝင်နေဒဲ့ သေခါနီးတွေကိုလဲ အီးပဲ
    မြင်ရကြားရတာ
    အကုသိုများတယ် အီးပဲ
    အီးပဲ ယီးဘဲ ဘီးကျဲ ထီးဖြဲ

  • မြစပဲရိုး

    April 11, 2016 at 2:39 pm

    ဟုတ်ပါ့ကွယ်။
    ဟိုလို ဒီလို စကားတွေ ကို ရှေ့နောက်မညီ ပြောသူ တွေ က တစ်စိုက်မတ်မတ် လူထုခေါင်းဆောင်နောက် လိုက်ပြီး နေသူများ ကို တစ်ပြန်စွပ်စွဲသော ခေတ်ကြီးပေတကား။
    တစ်ချို့ က ဒီမိုကရေစီအနိုင်ကျင့်ခံရသတဲ့။
    ဒီမှာတော့ တစ်မျိုး။

    ဆြာကြောင် ရေ
    ကျွန်မ ပြောမယ်ရှင့်။
    ရွေးကောက်ပွဲ မှာ ဒီချုပ်နိုင်ခဲ့ တာ ပုံမှန် လုပ်ကိုင် စားသောက်နေသူများ ရဲ့ အင်အား ကြောင့်ဆိုတာ မမေ့နဲ့။
    အဲဒီ ထဲ မှာ ဒီချုပ်အဖွဲ့ဝင်တွေလဲ ပါတယ်။
    ကြံ့ဖွံ့ လိုလို လူတွေလဲ ပါတယ်။
    ဘာ အဖွဲ့မှ မဟုတ်သူ တွေ ရဲ့ အင်အား ကအများဆုံး ဆိုရင် ပိုမှန်တယ်။
    ဒီတော့ ဒီချုပ်က အမှန်တရား နဲ့ ပြည်သူအများ ကို မျက်နှာပြုရင် သူတို့ သက်ဆိုးရှည်မယ်။
    အဲဒါကို သူတို့ လဲ သိပြီး မို့ ပြည်သူအများစု မျက်နှာဘဲ ကြည့်မှာ။
    ဒါကို ပြည်သူ နဲ့ ဒီချုပ်ကြား သွေးခွဲစကား ပြောရင် အင်မတန် အောက်တန်းကျတဲ့ နည်းဖြစ်မယ်။
    ပြည်သူ ဆိုသည်မှာ ကျောင်းသား(အစစ်) ပါတယ်။ ပညာရှင် တွေပါတယ်။ ဝန်ထမ်းတွေ ပါတယ်။ စစ်သားတွေ ပါတယ်။ လုပ်ငန်းရှင်တွေပါတယ်။ အဆုံး ခရိုနီ တွေ ပါတယ်။
    စိတ်မပူ နဲ့ ဒီချုပ် ကို ကျွန်မ တို့ အားလုံးကြိုးစားပြီးဖေး ခေါ်သွားမယ်။
    စစ်တပ် နဲ့ စိတ်ဝမ်းကွဲတာ တွေ ပျောက်ရစေမယ်။
    တစ်နိုင်ငံထဲ က သားချင်း တွေ တစ်စု ထဲ ဖြစ်အောင် ကြိုးပမ်းမယ်။
    ဝင်ပြီး အတူပါ ချင်ပါ။
    မပါချင်လဲ အဝေး က နေ လှမ်းပြီး နိုင်ငံပျက်အောင် မလုပ်စေလို။

    စွပ်စွဲတာမဟုတ်။
    အခု ကျောင်းသား ကိစ္စမှာ ဒီမဟုတ်တာ လုပ်နေတဲ့ ကျောင်းသားများ အတွက် ဝင်ပြီး ဖာ နေသူ လူ အများစု က ရှင်တို့ ဆီ က နိုင်ငံရေးခိုလှုံခွင့် ရနေသူတွေ ချည်း ကျွန်မတော့ မြင်ရတယ်။
    ထပ်ပြောပါတယ်။
    မူကြို ကလေး တွေ ကစား တဲ့ ကစားကွက် တွေသာသာ ဖြစ်နေတဲ့ အဲဒီ “၁၁ ချက်” ထက် သာတဲ့ ပညာရေး ကို လက်ရှိ အစိုးရ လုပ်နေပါတယ်။
    မနာလို မရှုစိမ့်ကြရင်လဲ မတတ်နိုင်။
    ကျွန်မ တို့ က တော့ အခု ကျောင်းသားအမည်ခံ သမ္မဂ္ဂ ကို လုံးဝ(လုံးဝ) မထောက်ခံပါ။
    လက်ရှိ အေးအေးချမ်းချမ်း ပညာသင်နေသော ကျောင်းသားအများစု ကလဲ လုံးဝ(လုံးဝ) မထောက်ခံပါ။

    ကိုယ့်ရွာသား ချင်းမို့ စေတနာ နဲ့ ပြောလိုသည်မှာ
    ဦးသိန်းစိန် တို့ အစိုးရအဖွဲ့ ကို သင်ခန်းစာယူပါ။
    ဘေးကနေ၊ နောက်ကနေ ငါစွဲ နဲ့ ဆင်ခြင်ဉာဏ်မပါတဲ့ မြှောက်ပင့် မှု တွေ နောက်မှာ အသိမဲ့ပြီး အကျနာခဲ့ပါတယ်။
    ရှင်လဲ ဒီကျောင်းသား တွေ ကို တကယ် အောင်မြင်တိုးတက်စေလိုချင်ရင် ဒီလို ပေါက်ကရ တွန်းအား တွေ ရပ်ပါတော့။

    ပုံ
    ခိုနီ အောက်ဆွဲ မြ
    &
    ၈၈ ကျောင်းသူဟောင်း + လက်ရှိ ပညာသင် ကျောင်းသူ စစ်စစ်

  • မြစပဲရိုး

    April 11, 2016 at 2:53 pm

    BTW
    ဒီ ကျောင်းသား ဆိုတာတွေ ရဲ့ အကြံပေး NNER ဆိုလား။ အသံပျောက်နေပါလား။
    အဝေး က ကြောင်သံ ဘဲ ကြားနေရတယ်။ lol:-)))))

    ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူကြီး တွေ ပီပီ တာဝန်ခံ/ တာဝန်ယူရမှာမဟုတ်လား။
    အခုတော့ ဟိုကလေး လိုလို ဒီကလေးလိုလို လွှဲချပြီး အရူးဇာတ်ခင်းနေကြတယ်။

  • Thint Aye Yeik

    April 11, 2016 at 10:39 pm

    ထစ်ခနဲရှိ ဒီဘွားဒေါ်ကိုပဲ လာ လာ ထိခိုက်နေကြ
    ကွကိုယ် ထိန်းထိန်းသိမ်းသိမ်း နေတတ် စားတတ် ပြောတတ်တဲ့အဆင့်ထိကို ရောက်မလာကြဘူး
    ွိခွီးးးးးခလွီးးးးး

  • မြစပဲရိုး

    April 13, 2016 at 12:20 am

    ဟိုလေ ကြောင်ကြောင်
    သူများ တွေ ပြောနေလို့။
    ဟုတ် မဟုတ် ကွန်ဖမ်း အူး။
    နီ အပြေးချန်ပီယံ က မာမီဝိုင်း ရဲ့ အွန်လိုင်း ဆိုရှယ်သင်တန်း ကို တက်နေတယ် ဆို။
    တော်လကြာ နီ နောက်ကောက်ကျန်ခဲ့ အူးမယ်။ :-)))))

  • Wow

    April 14, 2016 at 11:17 am

    မိုးသီးကြောင်ကလဲကိုယ့်လူကိုထိန်းလေ ကျောင်းသားဆိုတဲ့သူတွေက ဆုံးသွားတဲ့အဖေ့ထက်တောင် အသက်ကြီးနေသေး

Leave a Reply