သင်္ကြန်၊ အတာ၊ အတာအိုး၊ တာစားနှင့် သိကြားမင်း ၂၀၁၆ (၁၃၇၈)

kaiApril 12, 20161min40119

NewYearအတာအိုး
အတာအိုးဆိုတာ သင်္ကြန်တွင်းမှာ သိကြားမင်းက လူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိတယ်။ အဲ့ဒီအချိန်မှာ သိကြားမင်းကို ကြိုတာပေါ့။ အဲ့ဒီအချိန်အတွင်းမှာ မကောင်းမှု တတ်နိုင်သမျှမလုပ်ဘဲ ကောင်းမှု ကုသိုလ်နဲ့ပဲမွေ့လျော် ကြပါတယ်။ ဒီလိုပါပဲ အတာအိုးနဲ့ အတူ အတာပန်းဆိုတာရှိတယ်။ အတာပန်းတွေကတော့

တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊ဩဇာရွက် ၊
တနင်္လာအတွက်ဆို … က -ခ-ဂ-ဃ-င ထဲက ကန့်ကော်ပန်း၊ခရေ …
အင်္ဂင်္ါဆို ဇီးရွက်၊
ဗုဒ္ဓဟူးဆို ရွက်လှ၊ရေတမာ၊
ကြာသပတေးဆို မြေဇာ၊မာလကာရွက်၊
သောကြာဆိုသပြေပန်း၊
စနေဆို တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့်ပေါ့။

စသည်ဖြင့် နေ့ ရ နေ့ကိုကိုယ်စားပြုတဲ့ ရ နေ့နံပန်းနဲ့ပါ။ တစ်ချို့ကလဲ ပတ်ဝန်းကျင်ကိုမူတည်ပီး ဒန်း၊ ဇီး၊ စသည်ဖြင့် ထည့်ကြတယ်။ သင်္ကြန် ၄ရက်လုံး အတာအိုးနဲ့ကြိုပီး နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ သဲဖြူ၊ ချည်ကြိုးတွေထပ်ဖြည့်ပီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ “အတာအိုး” နဲ့ “အတာပန်း” ကနေ “ပရိတ်အိုး” နဲ့ “ပရိတ်ပန်း” အဖြစ် အသွင်ကူးပြောင်းပီး မိမ်တို့အိမ် ပတ်ပတ်လည်မှာ “ပရိတ်ပန်း” “ပရိတ်သဲ” တွေနဲ့ ကာရံပီး အန္တရာယ်ကင်းအောင် လုပ်တယ်လို့ အယူရှိတယ်။
=
တနင်္ဂနွေ (အ၊ဥ) ဆိုရင် (၁)ဂဏန်း
တနင်္လာ (က၊ခ၊ဂ၊ဃ၊င) ဆိုရင် (၂)ဂဏန်း၊
အင်္ဂါ (စ၊ဆ၊ဇ၊ဈ၊ည)ဆိုရင် (၃)ဂဏန်း၊
ဗုဒ္ဓဟူး (ရ၊ယ၊လ၊ဝ)ဆိုရင် (၄)ဂဏန်း၊
ကြာသပတေး (ပ၊ဖ၊ဗ၊ဘ၊မ)ဆိုရင် (၅)ဂဏန်း၊
သောကြာ (သ၊ဟ)ဆိုရင် (၆)ဂဏန်း၊
စနေ (တ၊ထ၊ဒ၊ဓ၊န)ဆိုရင် (၇)ဂဏန်း
=
သင်္ကြန်ပုံပြင်

တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂-ယောက် စကားလက်ဆုံ ပြောကြရာ ‘ကဿပဘုရားရှင်လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပတ်လျှင် ၈-ရက် ရှိခဲ့ပြီး ယခုအခါ ၇-ရက်သို့ ပြောင်းသွားပြီဖြစ်ကြောင်း’ သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံကြပါသတဲ့။

ထို့နောက် ရှူံးတဲ့သူ ခေါင်းဖြတ်ခံကြေးဟု သတ်မှတ်ကာ လူ့ပြည်သို့ ဆင်းပြီး ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူကြပါသတဲ့။ အဘိဉာဏ်ရ ရသေ့က ယခုအခါတွင် လူ့ပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇-ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဋ္ဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ်။

ထိုဗြဟ္မာဦးခေါင်းပြတ်ကြီး သိကြားမင်းလက်ထဲသို့ ရောက်သည့်အခါ ဒီဗြဟ္မာဦးခေါင်းပြတ်ကြီးကို မြေပေါ်ချထားလျှင် ၇-နှစ် ကမ႓ာမီးလောင်ပြီး မိုးခေါင်လိမ့်မည်၊ ရေတွင် ထားပါကလည်း သမုဒ္ဒရာ ၇-စင်းမှ ရေများ ခန်းခြောက်သွားလိမ့်မည်လို့ သိကြားမင်းက စဉ်းစားမိသတဲ့။ ဒါနဲ့ မြေမှာလည်း မထား၊ ရေသို့လည်း မပို့တော့ဘဲ နတ်သမီး ၇-ယောက်ကို တစ်ဦးလျှင် တစ်နှစ်စီ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်ပေးလိုက်သတဲ့။

ထိုနတ်သမီးတွေရဲ့ တစ်ဦးမှ တစ်ဦးသို့ ဗြဟ္မာဦးခေါင်းကိုင်ရန် အလွှဲအပြောင်းကို သင်္ကန္တလို့ ခေါ်ပြီး ထိုမှ ရွေ့လျော ဆင်းသက်ကာ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့။ ဒါကတော့ သင်္ကြန်နဲ့ပတ်သက်လို့ ပြောတတ်တဲ့ ပုံပြင်ပါ။

မြန်မာပြည်မှာ တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။

ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့။

မြန်မာသင်္ကြန်ပွဲတော်များ အစ ပုဂံခေတ်က

ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်တွင်ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံကို စ,နောက်မိခဲ့ဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံသည်အထိ ဖြစ်ခဲ့ပါတယ်။ ဘုရင်က အချိန်မီ သိရှိသဖြင့် အသက်မသေခဲ့ဘဲ မိဖုရားစောလုံကို မီးကျီးခဲရဲရဲတွင် မီးကင်သတ်စေခဲ့ပါတယ်။ သင်္ကြန်အစ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ။

ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ

ရှေးပညာရှိကြီးတွေဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရမယ့် ဓလေ့တချို့ သတ်မှတ်ထားတာ မှတ်သား သတိပြု ဆင်ခြင်ဖွယ် တွေ့ရပါတယ်။

အဲဒါတွေက သင်္ကြန်အခါမှာ –

(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။

(၂) လိင်ဆက်ဆံခြင်း။

(၃) သူတပါးအသက် သတ်ဖြတ်ခြင်း။

(၄) အရက် မူးယစ်ဆေးဝါး သုံးစွဲခြင်း။

(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။

(၆) သွေးဖောက် သွေးထုတ်ခြင်း။

(၇) ဆီလိမ်း ဆေးလိမ်းခြင်း။

(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။

(၉) ကုန်ပစ္စည်း ဝယ်ယူသိုလှောင်ခြင်း။

(၁၀) ကုန်ပစ္စည်း ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း မပြုကြရဘူး ဆိုတာပါပဲ။

သူ့ခေတ် သူ့အခါ သူ့ဓလေ့ထုံးစံ သူ့အကြောင်းအကျိုးနဲ့သူ ရှိပါလိမ့်မယ်။

သင်္ကြန်တွင်းသာ မဟုတ်ဘဲ ဘယ်အချိန်အခါမဆို မကောင်းသော အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေကို ရှောင်ကြဉ်ရပါတယ်။

သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ

“မဟာသင်္ကြန်”နှင့် တွဲဖက်၍ “အတာ”၊ “အတာစား” ဟူသော ဝေါဟာရတို့ကို ပြောဆို သုံးစွဲကြတာကို တွေ့ရပါတယ်။

“အတာ”ဟူသည် လောကီအလို ‘ဒဏ်သင့်ခြင်း’ ဖြစ်သည်။ တနည်းအားဖြင့် ‘အန္တ-အဆုံး’ဟူသော ပါဠိပုဒ်မှ ‘အတာ’ဖြစ်လာသည်ဟုလည်း ကြံဆကြပါတယ်။

ယင်းအလိုအားဖြင့် “အတာ”ဟူသည် ‘နောက်ဆုံးကာလ၊ အကျပိုင်းကာလ’ကို ဆိုလိုပါတယ်။

အတာရက်ကို ဤသို့ဆို

“အတာရက်”မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ပင် ဖြစ်တယ်။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် “အတာသင့်”သူများ ဖြစ်လာပါတယ်။ ဒါကိုပင် အတာစားသည်ဟု ပြောဆို သုံးစွဲနေကြပါသေးတယ်။

အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက်မည့်အချိန် အတိအကျတွင် “အတာစား”ရပါတယ်။ အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန် သန့်ရှင်းစွာ ဝတ်စား ဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ ဖော်ပြထားတာတွေ တွေ့ရပါတယ်။

အတာစားခြင်းအကျိုး အမျိုးမျိုး

အတာစားခြင်း၏ အကျိုးကား … အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား အမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ”ဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည် … ဟု မှတ်သားရဖူးပါတယ်။

အတာအိုး အတာပန်း

အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည်။ (၇)ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုးဖြစ်စေ၊ အညွန့် ၇-မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထိုးလေ့ ထည့်ကြလေ့ရှိပါတယ်။

စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့်တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦး ဝင်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုတောင်းဆုယူ ပြုကြလေ့ရှိပါတယ်။
=

မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်အတွက် သင်္ကြန်စာ

လာမည့်နှစ်သစ် ၁၃၇၈အတွက် ပရောဟိတ်ဦးမင်းသိန်း ကြိုတင်ဟောကိန်းထုတ်ထားသော သင်္ကြန်စာဖြစ်ပါတယ်။

တနင်္ဂနွေသားသမီး ။ ။ ရိုးရိုးကျင့် မြင့်မြင့်ကြံပါက အောင်မြင်အံ့။အင်္ဂါနေ့၊ကြာသပတေးဖွားသူတို့နှင့် အကျိုးပေးလတ္တံ့။အချစ်ရေး၊လူမှုရေးအရှုပ်အထွေးများကို သတိဖြင့်ရှောင်ရှားပါ။အိမ်ထောင်ရေးတွင် အမျိုးသမီးတို့အဖို့ ကံကောင်းအံ့။ပညာရေး၊အိမ်ခြံမြေ၊ဆေးပစ္စည်းလုပ်ငန်းများ အကျိုးပေးမည်။အချစ်စစ် တွေ့ကြုံအံ့။

တနင်္လာသားသမီး ။ ။ အတိုက်အခံ၊အနှောင့်အယှက် များအံ့။အစာအိမ်ရောဂါ၊အူလမ်းကြောင်းရောဂါ၊မီးယပ်၊ဝမ်းဗိုက်ဝေဒနာ ဖြစ်အံ့။ရေလုပ်ငန်း၊ကျောက်မြတ်ရတနာ၊အလှကုန်လုပ်ငန်း အကျိုးပေးအံ့။မိသားစုသဘောမတူသူနှင့် အချစ်ရေးကြုံအံ့။

အင်္ဂါသားသမီး ။ ။ မာန်မာနခဝါချပြီး အိမ်ထောင်ရေးအရှုပ်အရှင်းကင်းကာ ကြိုးစားလျင် အောင်မြင်အံ့။ပညာရေးတွင် ထူးခြားစွာ အကျိုးပေးအံ့။စက်မှုအိုင်တီလုပ်ငန်းတွင် ကံကောင်းအံ့။ပြည်ပခရီးသွားရအံ့။သွေး၊အရိုးအကြောအဆစ်မြစ် ဝေဒနာခံစားရအံ့။တနင်္လာ၊အင်္ဂါ၊ကြာသပတေးဖွားသူများနှင့် ကံစပ်အံ့။
စာပေ စာနယ်ဇင်း၊ဆက်သွယ်ရေးလုပ်ငန်း၊ကန်ထရိုက်လုပ်ငန်း အကျိုးပေးအံ့။

ဗုဒ္ဓဟူးသားသမီး ။ ။ ဤနှစ်တွင် ထူးထူးခြားခြားကံကောင်းအံ့။ရည်မှန်းချက် ပေါက်မြောက်အံ့။သတ္ထုတူးဖော်ရေး၊အဝတ်အထည်၊မော်တော်ယာဉ်လုပ်ငန်း အကျိုးပေးအံ့။တနင်္လာနေ့၊စနေနေ့ဖွားသူများနှင့် ကံစပ်အံ့။နှလုံးသားနှင့်ဦးနှောက်လွန်ဆွဲရာတွင် နှလုံးသားက အနိုင်ယူအံ့။

ရာဟုသားသမီး ။ ။ ပတ်ဝန်းကျင်အသစ်တွင် မိတ်ဆွေအသစ်တို့နှင့် စီးပွားရေးအောင်မြင်အံ့။ကွဲကွာနေသာ မိတ်ဆွေများ ဆုံအံ့။စက်မှုလုပ်ငန်း၊ဆေးဝါးလုပ်ငန်း၊ကျောက်မြတ်ရတနာလုပ်ငန်းလုပ်ကိုင်လျင် အောင်မြင်အံ့။တနင်္လာဖွား၊သောကြာဖွားတို့နှင့် အထူးအောင်မြင်အံ့။စန်းပွင့်သောနှစ်ဖြစ်၍ ဖူးစာရှင်တွေ့လတ္တံ့။

ကြာသပတေးသားသမီး ။ ။ စီးပွားသစ်များချဲ့ထွင်ခြင်းမှ အောင်မြင်အံ့။သီလ သမာဓိပြည့်စုံသူတို့၏ ကူညီစောင့်ရှောက်ခြင်းကို ခံရလတ္တံ့။အိမ်ခြံမြေလုပ်ငန်း၊ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊သမဏိလုပ်ငန်းများ အောင်မြင်အံ့။အကြောအဆစ်ဝေဒနာ ခံစားရအံ့။သောကြာဖွား၊တနင်္ဂနွေဖွား၊အင်္ဂါဖွားများနှင့် အကျိုးပေးအံ့။အချစ်ရေးတွင် မည်သို့ပင် အခက်အခဲရှိစေ ကျော်လွှားနိုင်အံ့။

သောကြာသားသမီး ။ ။ မိသားစုအတွင်း ပဋိပက္ခဖြစ်နိုင်အံ့။ငွေရေးကြေးရေး ပူပန်ရအံ့။မိန်းကလေးများအတွက် အယုံလွယ်ခြင်းကို ရှောင်ရမည်။အဆုတ်၊နှလုံးဝေဒနာ ခံစားရအံ့။ကြာသပတေး၊စနေ၊တနင်္လာဖွားသူများနှင့် ကံကောင်းအံ့။အိမ်ခြံမြေလုပ်ငန်း၊ရုပ်ရှင်နှင့်စတူဒီယိုလုပ်ငန်း၊စားသောက်ကုန်လုပ်ငန်း အောင်မြင်အံ့။စစ်မှန်သည့်ဖူးစာရှင် တွေ့နိုင်ရန် နှလုံးသားထက် ဦးနှောက်ဆုံးဖြတ်ချက်က ပိုမှန်အံ့။

စနေသားသမီး ။ ။ ဤနှစ်တွင် ပြိုင်ဘက်များကို ကျော်လွှားပြီး စီးပွာရေးအထူးအောင်မြင်အံ့။အပေါင်းအသင်းများအပေါ်ကောင်းသလောက် မိသားစုအပေါ် အကောင်းမမြင်အံ့။အိမ်ထောင်ရေး၊လူမှုရေး အရှုပ်အထွေးများကို ဖြေရှင်းရအံ့။ဗုဒ္ဓဟူး၊သောကြာဖွားတို့နှင့် အကျိုးပေးအံ့။ရေသန့်၊ရေနှင့်ဆက်စပ်လုပ်ငန်း၊အနုပညာလုပ်ငန်းတို့တွင် အကျိုးပေးအံ့။ပြည်ပခရီးသွားရအံ့။ဝမ်းဗိုက်၊ခါး၊တင်ပါးတို့တွင် ဝေဒနာခံစားရအံ့။မိဘသဘောမတူသူနှင့် ချစ်ကျွမ်းဝင်အံ့။

Credit . Sayar Nyein Aye Lu
=
ဘာနုရာဇာအမည်ရသည့် တနင်္ဂနွေဂြိုလ် မင်းသည် ပြည်ပန်းညိုပွင့်အဆင်းနှင့်တူသော အဝတ်တန်ဆာကိုဝတ်ဆင်လျှက် ကျွဲရဲကိုစီး၍ လက်တစ်ဖက်ကားပန်းခက်ကိုကိုင်၍၊ကျန်လက်တစ်ဖက်ကား ရေချမ်းအိုးကိုပွေ့ပိုက်ကာ အရှေ့အရပ်မှ တောင်အရပ်သို့ ထက်ဝယ်ဖွဲ့ကာဝင်လေဧ၊် ဃောရဿဒေဝီနတ်သမီးသည် အလှည့်စေ၍ ပရမီသွာနတ်မင်းဧ၊်သား၊အာသီအမည်ရှိသော ဗြဟ္မာမင်းဧ၊် ဦးခေါင်းကို ကမ်းသည်ရှိသော် မဟောရကာဒေဝီနတ်သမီးသည် ငိုယိုကာ လှမ်းလင့်ဧ၊်၊ပြောက္ကာဒေဝီနတ်သမီးကား အဝါ အပြာ အနီအဖြူအစိမ်း၊အဆင်းငါးပါးပြည့်စုံသော အဝတ်တန်ဆာကို ဝတ်ဆင်လျှက်၊သင်္ကြန်မင်းကိုစောင့်လင့်ဧ၊်၊

မိုးဦးမိုးလယ်ကောင်းပြီး မိုးနှောင်းမိုးနည်းမည်။ မိုးရွာလျှင်ကွက်ကြားမဟုပ်မူ၍ မိုးထက်ရပ်ဝန်းကျင် အညီ ရွာမည်။မိုးရွာရက်ရှည်ကြာမည်။လေပြင်းမုန်တိုင်းမကြာခန ဖြစ်မည်။ကောက်ပဲသီးနှံဈေးကောင်းမည်။သစ်သီးပန်းမာန် အောင်မြင်ဖြစ်ထွန်းမည်။လူတို့ဝပြောချမ်းသာမည်ဖြစ်သော်လည်း သူဋ္ဌေး သူကြွယ်များ ပျက်စီးမည်။တိုင်းပြည်အနှ့ဆူပူ ပုန်ကန်မှု့များမည်။ကဆုန်လ သီတင်းကျွတ်လ တပို့တွဲလ တ ပေါင်းလတို့တွင် လူတို့ရောဂါဘေးကျရောက်မည် အနာအဖျား များမည်။ယခုနှစ်မွေးဖွားသူတို့ လူချစ်လူခင်များမည်။အိမ် ထောင်ဆက်များမည်။အသက်ရှည်မည်။ကြီးပွားချမ်းသာလိမ့် မည်။ဇိမ်ခံခေတ်ပေါ်ပစ္စည်းဥစ္စာများနှင့်ပြည့်စုံလိမ့်မည်။ (ဤသည်တို့မှာ အတာစက္ခုအလိုတည်း) အခြေလေးချောင်းသတ္တဝါများ ဘေးအန္တ ရာယ်ကျရောက်ခြင်းများမည်၊အသေအပျောက်များမည်။ မြန်မာပြည်တောက်ဘက်အရပ်ဒေသများ အနောက်အရပ်သေမျာ်းခိုက်ရန်အဖြစ်များမည်။အဝတ်အထည်ဈေးတက်မည်၊ဝါဂွမ်း ချည်မျှင်စသဖြင့် ဈေးကြးီမည်။မိုးနှောင်းကာလ မိုးကောင်းမည်။ရာသီပေါ်သစ်သီးဝလံ အပျက်အဆီး များမည်။ သဘာဝဘေး၊လေဘေး မီးဘေး အဖြစ်များမည်။ရပ်ရွာသူကြီး မူးကြီး မတ်ရာဟူသမျှမကောင်း၊မင်းဆွေ မင်းမျိုးများ၊ရဟန်း လူ ပညာရှိများ မင်းစသည်တို့ ဘေးသင့်မည်။စပါး အသီးနှံ မကောင်း၊ဆား ရှားမည်။(ဤသည်တို့သည် မဟာသင်္ကြန် အလိုတည်း)။

မြန်မာသက္ကရာဇ်၁၃၇၈ခုနှစ်အား စိုးမိုးသောဂြို်လ်အုပ်စုတွင နှစ်ဧ၊် အရှင် ဂြိုလ်များမှာမင်းဂြိုလ်သည် ကြာသာပတေးဂြိုလ်၊(စစ်မက်ရေးရာ(ကာကွယ်ရေးစသည်)ဂြိုလ်မှာ ဗုဒ္ဓဟူးဂြို်လ်၊လယ်ယာစိက်ပျိုးရေးဂြိုလ် စနေဂြိုလ် ရာင်းဝယ် ကုန်စည် ဂြိုလ် တနင်္လာဂြိုလ်၊ကျောက်မျက် ဓာတ်သတ္တု စနေဂြိုလ်၊များဖြစ်ပြီး ပါဂြိုလ်၂လုးံ သောမဂြို်လ် ၃လုးံ တိုဖြစ်လေသည်။ တောင်သူများလာဘ်လာဘပေါများမည်။ကုလားပဲ နှမ်း၊ပဲနောက်များဈေးကောင်းမည်။ထန်းလျှက်၊နှမ်းဖတ်၊ဂျုံ ဆန်၊မြေပဲ၊သကြား၊စသည်တို့ ဈေးကောင်းမည် အထွက်တိုး မည်။အိမ်ဆောက်ပစ္စည်းများသံထည်များ ဈေးမှန်နေမည်။ စီးပွားရေးဈေးကွက်၊ငွေကြေးဖောင်းပွ ငွေကြေးဈေးကွက်အတက်အကျမကြာမကြာရုတ်တရက်ဖြစ်မည်။ ဌာနဆိုင်ရာအကြီးအကဲများ ၊ပညာရှိ ပညာရှင်များ ဘွဲ့ထူးဂုဏ်ထူးရရှိထင်ပေါ်သူများ အကြပ်အတည်းအခက်ခဲများဖြစ်ပေါ်မည်။ကမ္ဘာတောင်ဘက်ခြမ်း အေးချမ်းသာယာမည်။ကမ္ဘာအနောက်တောင်အရပ်များ လူမျိုး ရေးပဋိပက္ခ ၊သဘာဝဘေး၊စစ်ပွဲများ၊မီးဘေး ပေါက်ကွဲစေတတ်သောလက်နက်ဘေးများဖြစ်မည်။ ကမ္ဘာအရှေ့ တောင်ဒေသများ တိုးတက်ကြီးပွားမည်။ နိုင်ငံတကာခေါင်းဆောင်များ ကတိပျက် နာမည်ပျက်ကြိမ့်မည် ကျော်ဇောထင်ရှားသော ပုဂ္ဂိုလ်များ ဘေးတွေ့မည်။ မြန်မာပြည်ကျေးလက်ဒေသများ ပညရေး ကျမ်းမာရေးများတိုးတက်မည်၊အမျိုးသမီးများ အရေးပါအရာရောက်သော လုပ်ငန်းဋ္ဌာနများတွင် ဝင်ရောက်လုပ်ကိုင်ခွင့်နှင့် တာဝန်ကြီးများအောင်မြင်စွာထမ်းဆောင်ကြလိမ့်မည်။တိုင်းသူ ပြည်သားအများဆ္န္ဒများကိုတရားမျှတစွာ ဆောင်ရွက်ပေးနိုင်မည်။တောင်သူကြီးများ စီးပွားရေး လူနေမှု့စသဖြင့်အထူးတိုး တက်မည်။ရာဇဝတ်မှု့များ အထူးသဖြင့် ညှင်းပမ်းနှိတ်စက်မတရားဖမ်းဆီးစသည့်ရာဇဝတ်မှု့များ အရေးယူနိုင်လိမ့်မည် တိုင်းပြည်အတွင်းဆူပူမှု့ သဘောထားကွဲလွဲ မှု့ စသည်တို့ကြိုကြားပေါ်ပေါက်ပြီး ညိမ်းချမ်းစွာ စေ့စပ်ပြေလည်မှု့များ ရရှိမည်။စာနယ်ဇင်း သတင်းမီဒီယာလုပ်ငန်းများ တိုးတက် အဆင်ပြေမည်။ (မြန်မာပြည်၁၃၅ဆွေမျိုးများကောင်းကျိုးလိုရာပြည့်ပါစေ) (ကောင်းကျိုးလိုရာပြည့်မည့် နှစ် ဖြစ်လေတော့သည်)
=

19 comments

  • Thint Aye Yeik

    April 12, 2016 at 3:59 pm

    သင်္ကြန်ပုံပြင်ထဲမှာ. . . ရာဟု ဆိုတဲ့ နေ့နံအတွက် ဘာလို့များ ထည့်မတွက်ကြသလဲမသိ။
    သိကြားမင်း မသိတဲ့နေ့နံမို့ ထင်တယ်။ ဒါနဲ့များ ရာဟုထောင့်တို့ ဘာတို့ အကျယ်တဝင့်လုပ်နေကြသေးးး

    .ပြီးတော့ ဩဇာရွက် ဆိုလို့. . .
    သ ရယ် ရရစ်(ြ ) ရယ် ပေါင်းထားတာကြီးကို ဘယ်လိုက ဘယ်လို တနင်္ဂနွေနံ အော(ဩ)သံ ထွက်ပြီး ထည့်လိုက်ကြတယ်မသိ။
    ဥဖေမောင်တင်နဲ့ အခြေအတင် ငြင်းချင်လိုက်တာ။

    .သင်္ကြန် ဆိုတာ
    .ရေတွေကုန်
    .ငွေတွေကုန်(အလုပ်တွေအကုန် နားထားလို့ ဝင်ငွေမရှိ ထွက်ငွေ တတိတိ)
    အချိန်တွေကုန် (အလုပ်ပြန်ဆင်းတဲ့ရက်ဆို လူက သောက်ပျင်းပါ ထူသွားရော)
    ရက်ထပ်နှစ်မို့တဲ့ သင်္ကြန် ကမြင်းကြောထဖို့ တစ်ရက်တောင် တိုးထားလိုက်သေးးး

    အတော် သောက်လုပ်ရှုပ်တဲ့ ဗမာတွေ
    ခွီးးးးး ခလွီးးးးးး

    (စာကြွင်း။ ။အိုက် သင်္ကြန်စာ ဟောစတမ်းဆိုတာတွေကလည်း တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ ဒဲ့ မမှန်ဖူးသေးတော့ သောက်ရေး မလုပ်ရေးချ မလုပ်ပဲဟေ့။)

    :mrgreen:

  • kai

    April 12, 2016 at 4:07 pm

    အားနေတယ်ဆိုတော့.. အလုပ်ပေးထားမှနဲ့တူတယ်..။ အင်တာနက်ဆိုင်တွေဖွင့်လား.. :k:

    • Thint Aye Yeik

      April 12, 2016 at 5:11 pm

      အင်တာနက်ဆိုင်တွေ မရှိ/မဖွင့်
      ဘာလို့မရှိ /မဖွင့်သတုန်း ဆိုတော့ လူတိုင်း ဖုန်း အင်တာနက် သုံးနိုင်ပြီ(သို့သော် လူတိုင်း ဖုန်းထဲက ဂဇက်ကဲ့သို့ အကျိုးရှိရာ ဝဘ်ဆိုက်ဆို မဝင် အင်တင်တင်)

      ရပ်ကွက်မန်သမျှမှ အင်တာနက်ဆိုင်များ ပြုတ်ပြုတ်ဗြုန်းကုန်လေပြီ။

      မိုဘိုင်းဖုန်း အင်တာလိုင်းသည်ကား ဂျီမေးလ်ပင် ဖွင့်မရ

      .fb အဝိုင်းလည်ပေးရုံမျှ တတ်စွမ်းသည်မို့ မြန်မာပြည်သူ အများ(အများး)ထို အင်တာနက် အဝိုင်းထဲမှာပင် တဝဲမက
      လည်လည်ရေးချ လည်

      ဆိုတော့ အကျနုပ် အခု သုံးနေတဲ့ အူရီဒူးးးးး နက် ဝန်ဆာင်မှု ကောင်းသလား မေးအံ့

      .ကောင်းလိုက်တာမှ နက်ဝက်က်တိုင် မပေါ်
      .no services နဲ့သာ ၂ပါးသွားနေရသည်မှာ နှစ်ရက်မက ရှိပေပြီတမုံ့။

      ဆိုတော့ သင့်ထံ ရောက်ချိန်တန် မရောက်သော ၁၅ ရက်နေ့ထိ သတင်းလွှာများ ရောက်မလာသည် ရှိသော်
      မျက်တော် မမူစေလိုကြောင်း ကြိုတင် ဆုတောင်းမနော်. . .

      :k:

      အိုဘယ့် မြန်မာပြည်သားးးးး
      ဟားဟားဟား

      တကယ်အတည်

      • ဂျက်စပဲရိုး

        April 14, 2016 at 1:15 pm

        အင်တာနက် ဆိုင်တွေ ပိတ်ကုန်တာ တခြား ဘာပြဿနာ မှ မရှိပေတည့်
        အင်တာနက်ကနေ ပရင့်ထုတ်ချင်ရင် အတော် ဒုက္ခ ရောက်သွားတယ်။
        တခါတလေ အလုပ် အီးမေးလ်လေး လိမ်ပျံလက်မှတ်လေး စာရွက်စာတမ်းလေးတွေ လိုလို့ ပရင့်ထုတ်ချင်
        ဘယ်နား သွားလို့ သွားရမှန်းကို မသိတော့ဘူး။

  • လောလောဆယ်တော့ ရှိသမျှ စောင်တွေ ခြင်ထောင်တွေ ဒိုဘီအပ်ထားခဲ့ပြီ.. သင်္ကြန်ဆို အဲဒါတွေ လျှော်ရမယ်ဆိုတာလောက်တော့ သတိထားမိတယ်.. ကျန်တာတော့ ဘာအယူမှမရှိ… သင်္ကြန်တွင် အလုပ်တွေခေါင်းထဲမထည့်ဘဲ နားမည်…

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    April 12, 2016 at 10:11 pm

    အူးမြောက်တို့ကတော့ ပိုက်ဆံရရင် ဘာအလုပ်မဆို လုပ်သဟေ့
    ဆံပင်ဖြူနုတ်ပေးရမလား နှုတ်ခမ်းမွှေးနုတ်ပေးရမား
    ချေသလုံးမွှေး နုတ်ပေးရမား ပြောကျိကျိ
    ဇဂါးမဆက်
    ရ ရက်ဗေဒင် ကျနော့်အတွက်မှန်နေတယ်
    ယတြာချေဖို့ ရွှေတတုံးလောက် ချီးစမ်းပါ
    ၃နှစ်ကြာရင်ပြန်ပေးမယ် ဘောက်ချာ

  • ဝင့်ပြုံးမြင့်

    April 12, 2016 at 11:43 pm

    သင်္ကြန်ရေထိမှ တစ်နှစ်လုံးကျန်းမာတာတဲ့။

  • ဦးဦးပါလေရာ

    April 13, 2016 at 7:48 am

    ဟုတ်တာ မဟုတ်တာအပထားလို့ … ပေါ့ လေ
    -သင်္ကြန်စာ အပါအဝင် – ဟိန္ဒူ အယူမှာရှိတဲ့ ဗြဟ္မာ ဆိုတာ ဗုဒ္ဓဘာသာဝင်တွေသိတဲ့ ဗြဟ္မာ နဲ့ လုံးဝ မတူပါဘူး။
    နဲနဲလေးတောင် မဆင်ပါဘူး… လို့..

    -သင်္ကြန်စာ အပါအဝင် – ဟိန္ဒူ အယူမှာရှိတဲ့ အိန္န (ကကြီးအသေးနှစ်လုံးဆင့်အက္ခရာ) ဆိုတဲ့ သိကြားမင်းဟာ
    ဗုဒ္ဓဘာသာဝင်တွေသိတဲ့ သက္ကဆိုတဲ့ သိကြားမင်းနဲ့ မတူပါဘူး..

    -သင်္ကြန်စာ အပါအဝင် – ဟိန္ဒူ အယူမှာရှိတဲ့ နတ်တွေ ဟာ ပြင်ပက သဘာဝအခြင်းအရာတွေကို ကိုယ်စားပြုတဲ့ နိမိတ်တွေလို့ ယူဆရတယ်.. အပြင်က သက်ရှိအကောင်တွေဟုတ်ပုံ မရပါဘူး..
    ……
    ….
    ..
    ဆိုတော့ ရှေးဟောင်းကုလားသင်္ကြန်ကတော့ ဘယ်သို့ဆိုစေ လက်ရှိတော့
    မြန်မာသင်္ကြန်ကတော့ ဝါးထား ဖါထီ ဖြစ်ကြောင်း
    ချင်းမိုင်သင်္ကြန်ကတော့ ဘိယား ဖါထီ ဖြစ်ကြောင်း
    ဝန်ထမ်းတွေအတွက်တော့ လာဘ်စား ဖါထီဖြစ်ကြောင်း
    ဦးပါလေရာအတွက်တော့ အိမ်တွင်းပုန်း ကော်ဖီမစ် ဖါထီဖြစ်ကြောင်း..

    • kai

      April 13, 2016 at 12:03 pm

      အဲဒီသင်္ကြန်စာက.. ကျွဲပြဲစီးလားတဲ့.. တနင်္ဂနွေဂြိုလ်မင်းကလည်း.. သိကြားမင်းမဟုတ်ပါဘူး..။
      ဒါပေမယ့်..။
      ဟိန္ဒူအယူဝါဒက.. မြန်မာပြည်ကို.. ဗုဒ္ဓဘာသာထက်စောရောက်ခဲ့တာတော့… သေချာသလို… အသောကမင်းမြေးလက်ထက်မှာ.. မြန်မာကိုကျော်ပြီး.. အခုအန်ကောဝပ်ရှိတဲ့.. ကမော္ဘဒီယားအထိ.. ဟိန္ဒူအာဏာသာသနာစက်ပြန့်ခဲ့တယ်ဆိုတာကလည်း… သမိုင်းမှန်ဖြစ်ပါတယ်…။
      နှစ် ၂၀၀ဝကျော်ခရီး.. အဆင်ပြေသလို.. မြန်မာမှုလုပ်လိုက်တယ်လို့.. ထင်မိပါကြောင်း…။ :k:

  • ဦးကြောင်ကြီး

    April 14, 2016 at 9:23 am

    အူးမာမွတ်သာမီး သန်ဆင်ခိုင်မ်ကို ခြစ်တယ်.. သင်္ကြန်ရေလာလောင်းလို့ရမား

  • Wow

    April 14, 2016 at 11:13 am

    လော့အင်ကျလိ သင်္ကြန်ကော

    • kai

      April 14, 2016 at 1:42 pm

      လော့ကျတဲ့ကျလိကျလိအိမ်မှာက.. ၁ရရက်နေ့..မှ သင်္ကြန်ကျမယ်..။
      ရေပက်ဖို့.. ဒီနှစ်က.. တခါစာပဲဝယ်ထားသတဲ့..။ ပက်ကြလို့ရေကုန်ရင်..ထပ်မဖြည့်…။
      ကယ်လီဖိုးနီးယား.. ရေရှားနေတယ်လေ…။ ရေဈေးတွေတက်နေ…။

      သင်္ကြန်ပွဲမှာ.. သောက်ရေလှူမလို့ဟာ.. ကြားထဲ… ဒေါ်စုဘေးက.. ဒေါက်တာတင်မာအောင်ပွဲက.. သောကြာနေ့ည ရှိသမို့.. အဲဒီအတွက်ပဲ.. သောက်ရေဗူးတွေလှူလိုက်တယ်..။

      • Wow

        April 14, 2016 at 2:05 pm

        ရေဈေးတက်တော့ ရေအစားဘီယာလှူရင်ကော :mrgreen:

        • kai

          April 14, 2016 at 2:52 pm

          မိုင်နာတွေရှိတုံး.. ဘီယာဘူးလေးတွေ မြင်သာတာနဲ့ဆို.. ရဲကတစ်ကက်ပေးမှာ..။
          အဲ.. ဘီယာသောက်ပြီး.. မှောက်ရက်လဲ.. အနာတရ.. တယောက်လောက်.. ဖြစ်သွားရင်တော့.. လှူသူ.. လျှော်ပေတော့…။
          ပွဲတပွဲလုံးအတွက်.. အာမခံတွေ.. သန်းဂဏန်းဝယ်ထားရတာမှာ.. (အရက်)ဘီယာသောက်တာမပါ..။ လိုင်စင်မရှိ…။
          သနားပါ၏..။ :k:

          ဆိုတော့…
          ဖွက်ပြီး.. ကိုယ်ဖာကိုယ်ပဲ…သောက်မှနဲ့တူတယ်..။

  • htet way

    April 18, 2016 at 10:55 pm

    ဒီသင်္ကြန်စာကို ခက်ခက်ခဲခဲလိုက်ရှာရတယ်။ မရဘူး။
    ကိုယ်ကတောမှာနေတာကိုး။
    ရချင်တော့ အိမ်ရှေ့မှာ အော်ရောင်းတာနဲ့ကြုံတယ်။ထမင်းစားနေရင်း
    ဝှီးကနဲပြေးဆင်း မိန်းမကနောက်ကဘာမှန်းမသိလို့လိုက်ဆင်း။သင်္ကြန်စာ
    ရောင်းတဲ့သူက လန့်ပြီးကြည့်၊လူတွေက ဝိုင်းကြည့် …ဟာဟ
    သင်္ကြန်စာကို ရတယ် ။
    သင်္ကြန်စာ ..တခါမှကိုမဖတ်တဲ့စာ။
    ခုတော့ ဖင်ပြန်ခေါင်းပြန်ဖတ်မိရော။
    ကိုယ်ကစနေသားဆိုတော့ အတာသင့်တာတွေ ဘာညာတွေ တွေးမိ။
    ပေါက်ကရတော့ မလုပ်နဲ့နော် သူကြီး။

    • kai

      April 19, 2016 at 5:31 am

      အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက်မည့်အချိန် အတိအကျတွင် “အတာစား”ရပါတယ်။ အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန် သန့်ရှင်းစွာ ဝတ်စား ဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ ဖော်ပြထားတာတွေ တွေ့ရပါတယ်။

      အတာစားခြင်းအကျိုး အမျိုးမျိုး

      အတာစားခြင်း၏ အကျိုးကား … အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား အမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ”ဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည် … ဟု မှတ်သားရဖူးပါတယ်။

      တာစားတယ်လို့.. ပြောတာကြားကြားဖူးနေတာ…။
      မကောင်းတဲ့လက္ခဏာလို့ ထင်နေတာ…

      ခုသင်္ကြန်စာဘာသာပြန်တွေ လိုက်ဖတ်ကြည့်တော့မှ.. ကောင်းတဲ့သဘောဖြစ်နေတာဗျ..။
      ရတနာသုံးပါး ဆိုတော့.. ဗုဒ္ဓဘာသာဝင်မဟုတ်သူများက…
      ဟိန္ဒူဆို.. ဗြဟ္မာ၊ ဝေဒ၊ပူရာဏ်ကျမ်းတွေနဲ့.. ယောဂဆရာ၊ပုဏ္ဏား စတဲ့သူတော်စင်တွေကို လှူဒါန်းပူဇော်ပါလေ..။
      ခရစ်ယန်ဆို.. God, gospel နဲ့.. ဖာသာ၊ပါစတာဘုန်းကြီး.. စတဲ့သူတော်စင်တွေကို ပူဇော်လှူဒါန်းပါလေ..။
      အစ္စလမ်ဆို.. Allah, Quran နဲ့.. ဗလီဆရာ၊ဘုန်းကြီး စတဲ့ သူတော်စင်တွေကို ပူဇော်လှူဒါန်းပါလေ..။

      စာရေးသူဘုန်းဘုန်းပဲ. ပညာပြလိုက်တာလားတော့မသိ…
      ကောင်းပါ၏..။ ကောင်းသည်များသာ လာသင့်သည်ဖြစ်ပါ၏..။

  • တနင်္ဂနွေသားသမီး ။ ။ ရိုးရိုးကျင့် မြင့်မြင့်ကြံပါက အောင်မြင်အံ့။အင်္ဂါနေ့၊ကြာသပတေးဖွားသူတို့နှင့် အကျိုးပေးလတ္တံ့။အချစ်ရေး၊လူမှုရေးအရှုပ်အထွေးများကို သတိဖြင့်ရှောင်ရှားပါ။အိမ်ထောင်ရေးတွင် အမျိုးသမီးတို့အဖို့ ကံကောင်းအံ့။ပညာရေး၊အိမ်ခြံမြေ၊ဆေးပစ္စည်းလုပ်ငန်းများ အကျိုးပေးမည်။အချစ်စစ် တွေ့ကြုံအံ့။

    အင်္ဂါသားသမီး ။ ။ မာန်မာနခဝါချပြီး အိမ်ထောင်ရေးအရှုပ်အရှင်းကင်းကာ ကြိုးစားလျင် အောင်မြင်အံ့။ပညာရေးတွင် ထူးခြားစွာ အကျိုးပေးအံ့။စက်မှုအိုင်တီလုပ်ငန်းတွင် ကံကောင်းအံ့။ပြည်ပခရီးသွားရအံ့။သွေး၊အရိုးအကြောအဆစ်မြစ် ဝေဒနာခံစားရအံ့။တနင်္လာ၊အင်္ဂါ၊ကြာသပတေးဖွားသူများနှင့် ကံစပ်အံ့။
    စာပေ စာနယ်ဇင်း၊ဆက်သွယ်ရေးလုပ်ငန်း၊ကန်ထရိုက်လုပ်ငန်း အကျိုးပေးအံ့။

    လောလောဆယ်.. ဒါလေးတွေဖတ်ပြီး သဘောခွေ့နေပါကြောင်း… 🙂

  • အောင် မိုးသူ

    April 27, 2016 at 2:51 pm

    အမေက ထားဝယ်ဘက်က သူ့အယူကတော့ စနေအတာစားတယ်ဆို။ စနေသားသမီးက ကံမကောင်းဘူးပေါ့။ အိမ်မှာ စနေ ၃ယောက်ရှိရင် အတာအိုး ၃အိုးထားရတယ်။ သိကြားမင်းအတွက် တစ်အိုး ပေါင်း လေးအိုးပေါ့။ အကယ်၍ တစ်ယောက်မှ မရှိရင် သိကြားမင်းအတွက် တစ်အိုးပဲထိုးရတယ်တဲ့။ ဒီနှစ် စနေအတာစားတော့ အိမ်မှာ စနေနှစ်ယောက်မို့ နှစ်အိုး သိကြားမင်းအတွက်တစ်အိုး သုံးအိုး။ 🙂

    • kai

      April 27, 2016 at 2:54 pm

      ဗမာတွေတော်တော်များများ.. တာစားတယ်ဆိုတာမကောင်းတယ်လို့ထင်ကြပုံရတယ်..။
      အဲဒါမှားတယ်လို့.. ဘုန်းကြီးတွေကပြောပါတယ်..။
      တာစားတယ်ဆိုတာ. ကောင်းတဲ့သဘောတဲ့..။ :dan:

Leave a Reply