သက်ငြိမ်ယဉ်ကျေးမှုဆီသို့ မျက်နှာမူခြင်း

alinsettApril 14, 20161min16214

သပြေခက်နဲ့ချည်း ရေပက်ကြမှလို့ မဆိုလိုပါဘူး။

. . .

. . .

မီးသတ်ပိုက်နဲ့ စူးရှနာကျင်အောင် မပက်ဘူး

ဆိုပါစို့. . .

ကျောကော့အောင် ခွက်စောင်းခုတ်တာတွေ မလုပ်ကြဘူးဆိုပါစို့. . .

ခေါင်းကနေရေလောင်းတာတို့ မျက်စိတွေ နားရွက်တွေထဲထိ ခံရခက်အောင် ပက်တာတို့ မလုပ်ဘူးဆိုပါစို့။

အမူးအရူးတွေရဲ့ ရိုင်းပြခက်ထန်တဲ့ လှုပ်ရှားမှုတွေ မရှိဘူး ဆိုပါစို့. . .

ယာဉ်မတော်တဆမှုတွေ. . .ရန်ပွဲတွေ. . . မရှိဘူးဆိုပါစို့။

အဲ့ဒါလေးတွေ မရှိဘူးသာ ဆိုရင်ပေါ့ဗျာာာာ

ကျနော် ဒီသင်္ကြန်မှာ လမ်းပေါ် ထွက်လာမှာ. . .

အခုတော့ . . .

ဟောဒီ ဟေးလားဝါးလားသင်္ကြန်တွင်းမှာ

လမ်းပေါ် ထွက်ရမှာကို စိတ် မပါရေးချ မပါဘဲ. . .

အိမ်ထဲမှာပဲ . .

စာအုပ်တွေ. . .

သီချင်းတွေ . . .

နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတွေ. . . တစ်ကိုယ်ရည်အတွေးတွေနဲ့ပဲ. . .

 

”သက်ငြိမ်ယဉ်ကျေးမှု” ဆိုလားးး

အဲ့ဒီ ယဉ်ကျေးမှုနဲ့ပဲ နေ နေမိတယ်ဆိုပါတော့။

”ကောင်းပါတယ်”

 

————————

 

သင့်အေးရိပ်

၂၀၁၆၊ ဧပြီ ၁၄

 

 

 

 

 

14 comments

  • kai

    April 14, 2016 at 2:42 pm

    ယဉ်ကျေးမှုဆိုတာ လူကလုပ်တာဖြစ်ပြီး.. စီးမျောနေရပါတယ်..။
    ဆိုတော့…
    ဖြစ်ချင်တာ..ဖြစ်ချင်သလို… ကိုယ်တိုင်အိမ်အပြင်ထွက်…ကလေး..လူငယ်တွေစည်းရုံး… စလုပ်ကြည့်လေ..။
    နောက် အနှစ်၂ဝအကြာမှာ ယဉ်ကျေးမှုဖြစ်ချင်ဖြစ်သွားမပေါ့..။

    သိပ်တော့လည်း..စိတ်မပူနေပါနဲ့..
    မြန်မာတွေရဲ့.. ဒီခြေလှမ်းတွေနဲ့..ဆက်သာသွား.. ပူနွေးလာတဲ့ကမ္ဘာမှာ.. ပင်လယ်ရေကမြင့်တက်..။ ဆည်မရှိတဲ့မြစ်တွေကသေနဲ့…
    ရန်ကုန်.. နှစ်၅ဝမခံ..။ :k:

    • Thint Aye Yeik

      April 14, 2016 at 5:39 pm

      ရန်ကုန် = နှစ်ငါးဆယ် မခံ

      တကယ်က အခုတောင်မှ ရန်ကုန်မြေကို ခွါချင်နေပြီရယ်
      အလကား မြို့ပြဇုတ်ကြီး

      :k:

  • uncle gyi

    April 14, 2016 at 4:01 pm

    ဟုတ်တယ်သင်္ကြန်ကရိုင်းနေတာကြာပြီ
    ယဉ်အောင်ပြင်သင့်ပြီ

    • Thint Aye Yeik

      April 14, 2016 at 5:41 pm

      .ကြည့်ရတာတော့
      အခု လမ်းပေါ် ထွက် ကဲနေသူတွေကတော့ ပြင်ပေးမယ့်ပုံ မပေါ်ဘူး
      ဆိုတော့ အခု အိမ်တွင်းပုန်းနေတဲ့သူတွေ အကုန် ထွက် ပြင်ရမယ်ထင့်
      ခက်တာက သင်္ကြန်ဆို အပြင်ကို မထွက်ချင်တော့တာပဲ

      😆

      • ခင်ဇော်

        April 15, 2016 at 9:10 am

        ဒီနှစ်တော့ ဟိုလို သရုပ်ပျက်တွေ အတွေ့ရနည်း သလားပဲ။

        🙂

        • Thint Aye Yeik

          April 15, 2016 at 1:27 pm

          ဟုတ်လား… သိတောင် မသိ…

          😆

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    April 14, 2016 at 9:16 pm

    ယဉ်ဖို့တွက် တစ်အူးချင်းစီမှာ တာဝန်စိတယ်
    နည်းပြကောင်းယုံနဲ့မပြီး တစ်ဦးချင်းစွမ်းရည်လဲ ကောင်းမှ
    ဇယားထိပ်ရောက်နိုင်သလိုပေါ့

    • Thint Aye Yeik

      April 15, 2016 at 1:32 pm

      အနော်နဲ့ ဖွေးဖွေး ကျတော့… နှစ်ယောက်တစ်တွဲကြီး..တာဝန် ရှိတယ်။
      အနော်နဲ့ ဖွေးဖွေး လက်ထပ်ပြီးတဲ့အခါ… သားသား မီးမီးလေးတွေ မွေးလာတဲ့အခါ…
      သပြေခက်နဲ့ ရေပက်ခိုင်းမယ်..
      လုံလုံခြုံခြုံ ဝတ်စားဆင်ယင်ခိုင်းမယ်..

      :mrgreenn:

  • မြစပဲရိုး

    April 15, 2016 at 3:12 am

    ငယ်တုန်းက လိပ်ခုံး ရှေ့က ပညာရေးမဏ္ဍပ် မှာ ထိုင်လေ့ရှိတယ်။ ပိုက်ကိုင် ရင်တော့ အလိုလို စိတ်ရိုင်းဝင်လာပြီး ဗျင်းချင်တာဘဲ သိတော့တယ်။
    တစ်ခါကပေါ့။ 🙂

    • Thint Aye Yeik

      April 15, 2016 at 1:36 pm

      ကျနော် ငယ်ငယ်က ကျတော့…
      မဏ္ဍပ် ထိုင်ရတာထက်… ကားနဲ့ လျှောက်လည်ရတာကို ပိုသဘောကျခဲ့ဖူးတယ်… အခုကျတော့…
      ဘယ်မှ မထွက်ရတာကို ပိုသဘောကျ သွားတယ်…

      😆

  • ဝင့်ပြုံးမြင့်

    April 15, 2016 at 8:08 pm

    ဟိုဘက်ပို့စ် က လေးပေါက် ပြောသလို သင်္ကြန်မှာ ရေ ဘယ်လိုခပ်မလဲ စဉ်းစားပါ ဦးလေး။ မဏ္ဍပ်နား ဘီယာ သွားရောင်းရင်တောင် သင်္ကြန်ရက်တွင်း ၃သိန်းလောက်မြတ်သွားတဲ့ လူရှိတယ်။

    • Thint Aye Yeik

      April 15, 2016 at 9:59 pm

      ဒါလည်း ဟုတ်သားးး
      အခုမှ တွေးမိတယ်။ မနက်ဖြန် တစ်ရက်ကျန်သေးတယ်။
      .ဟေဟေ့
      :k:

Leave a Reply