“၂၀၁၆ ကာတာနိုင်ငံ ဒိုဟာမြို့ မြန်မာတို့ရဲ့ ပျော်စရာသင်္ကြန်”

Swal Taw YwetApril 17, 20166min19910

င်္ဂလာပါခင်ဗျာ

အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွေ ရဲ့ အလုပ်ပိတ်ရက် က သောကြာနေ့ ဖြစ်နေတဲ့ အတွက်

ဒီနှစ် ဒိုဟာ သင်္ကြန်ကို ၁၅ ဧပြီ ၂၀၁၆ သောကြာနေ့ မှာ စုစည်း ကျင်းပ ခဲ့ကြပါတယ်။

ကျနော့် ဆီ ဖုန်းဆက်သတင်းပေးသူ ကတော့ စက်မှုဇုန်အဖွဲ့က လူအားနည်းသွားလို့ အတင်း တိုက်တွန်း စည်းရုံးပြီးကိုယ်တိုင်ပါ သွားချက်ကူညီခဲ့တဲ့ ကိုစိုးမိုးဖြစ်ပါတယ်။

ကျနော်လည်း နီးစပ်သူ စက်မှုဇုန်အဖွဲ့နဲ့ဘဲ ချိတ်ဆက်ပြီး မုန့် ဟင်းငါးချက်ဘို့အလှူငွေ ပါဝင်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် သောကြာနေ့ က အလုပ်ဆင်းရမယ့် ဖြစ်နေလို့ တရားဝင်နားခွင့်ရဘို့ Email ပေးပို့ ရက်ရွှေ့ခိုင်းရပါသေးတယ်။

လူမမြင်ဘူးသေးဘဲ FB Friend ဖြစ်နေတဲ့ ကျနော့် ဘော်ဒါရဲ့ ဘော်ဒါကိုပါလှမ်း လက်တို့ မိပါတယ်။

အားရစရာကောင်းတာက သူတို့ Wakara ဆိုက်မှာ မြန်မာတွေ အများကြီး ရှိနေပြီး အဲဒီနေ့ ကို ၃၁ယောက် ကုမ်ပဏီ ဘတ်စ်ကားနဲ့ချီတက်လာခဲ့မယ်။ အချိုရည်နဲ့ ရေသန့် တွေအလှူပါဝင်မယ်လို့ အကြောင်းပြန်လာတာဘဲ။

သောကြာနေ့ မနက်စောစောထ Day Shift တွေ အလုပ်သွားတဲ့ ကားနဲ့ ဆိုက်ထဲကိုလိုက်သွား။

ညဂျူတီကထွက်လာမဲ့ အခန်းဖေါ် မြန်မာတယောက်ကို ဝင်ခေါ်။ ဆိုက်ထဲက တမာပန်းတွေ ခိုးချိုး ပြီး စုရပ်ကို တက္ကစီနဲ့ သွားဖြစ်ပါတယ်။ မီတာတက္ကစီဖြစ်လို့ သိပ်စကားပြောစရာမလိုပါ။

ရောက်သွားတော့ နဲနဲ စောနေသေး ၈း၄၅ မို့လို့ နီးရာဆိုင်သွားပြီး လက်ဖက်ရည်နဲ့ ဆင်းဒဝစ် ဆွဲလိုက်ကြသေးး ( T အိကို သတိရလို့ ထည့် ရေးလိုက်သာ ရယ် )။

ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ ကိုစိုးမိုးး ရောက်နေပြီ ဖြစ်ကြောင်းနဲ့ လာမလာမေးတာမို့ အနားရောက်နေပြီလို့ ပြန်ဖြေ။ အမြန်လက်စသတ်ပြီး ပြေးသွားဖြစ်တယ်။ အခန်းအနားပြင်ဘို့ အရေးကြီး ပစ္စည်းတွေ က ကိုယ့်လက်ထဲမှာလေ။ သိတယ်ဟုတ်

ပိတောက်ပန်း နဲ့ တမာပန်းးး အမိမြေ အလွမ်းပြေလေးတွေပ။

ဆက်ရှုစား  ကြည့် ရှု ရင်းနဲ့ စား သောက်ကြပါလေကုန်။

1-1
၁။ ရောက်နေနှင့်သူတွေက နေရာလုထားကြရတယ်၊ နီပေါတွေ စုနေကြတာမို့လို့ပေါ့။
၂။ ပိတောက်ပန်းလေးတွေ ပွင့်ခိုင်းလိုက်ပြီ၊ အတာသင်္ကြန်အခါကေျပပေါ့။
၂။ ပိတောက်ပန်းလေးတွေ ပွင့်ခိုင်းလိုက်ပြီ၊ အတာသင်္ကြန်အခါကေျပပေါ့။
၃။ကျောက်ကျောနဲ့ ခေါက်ဆွဲကြော် ၊ ရောက်နေပေမယ့် မုန့်ဟင်းငါးကိုမျှော်။
၃။ကျောက်ကျောနဲ့ ခေါက်ဆွဲကြော် ၊ ရောက်နေပေမယ့် မုန့်ဟင်းငါးကိုမျှော်။
၄။ မျှော်တုန်းမျှော်ဆဲ မုန့်ဟင်းငါး ပုံးတွေ ရောက်လာပဟေ့။ ပို ချက်လာခဲ့တာတဲ့နော။
၄။ မျှော်တုန်းမျှော်ဆဲ မုန့်ဟင်းငါး ပုံးတွေ ရောက်လာပဟေ့။ ပို ချက်လာခဲ့တာတဲ့နော။
၅။စီပါဟ စဉ်ပါခဗျ။ အနံ့လေးက ဗိုက်ကိုဆွ။
၅။စီပါဟ စဉ်ပါခဗျ။ အနံ့လေးက ဗိုက်ကိုဆွ။
၆။ မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့လာ၊ ကားပေါ်ကဖွင့်ပေးနေတာ။
၆။ မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့လာ၊ ကားပေါ်ကဖွင့်ပေးနေတာ။
၇။ ပိတောက်ပန်းတွေ့တုံး ဆယ်ဖီဆွဲ ဖေ့စ်ဘုတ်ပေါ်ကို တင်တာဘဲ။
၇။ ပိတောက်ပန်းတွေ့တုံး ဆယ်ဖီဆွဲ ဖေ့စ်ဘုတ်ပေါ်ကို တင်တာဘဲ။
၈။ စိန်ဗေဒါ လက်စွမ်းပြ ကိုစိုးမိုး ဆိုတာ သူပါခင်ဗျ။
၈။ စိန်ဗေဒါ လက်စွမ်းပြ ကိုစိုးမိုး ဆိုတာ သူပါခင်ဗျ။
၉။ Wakara အုပ်စုအလှူ ရေသန့် အချိုရည် ယူကြပါခင်ဗျ။
၉။ Wakara အုပ်စုအလှူ ရေသန့် အချိုရည် ယူကြပါခင်ဗျ။
၁၀။ ပိတောက်ပန်းလေး ကို ပြတာပါ။ မြင်ချင်ရာသာ မြင်ကြည့် လိုက်ကြ။
၁၀။ ပိတောက်ပန်းလေး ကို ပြတာပါ။ မြင်ချင်ရာသာ မြင်ကြည့် လိုက်ကြ။
၁၂။ ဘော်ဒါရဲ့ ဘော်ဒါ တွေ စုံတွဲ၊ စက္ကူပျော့ဖတ်စက်ရုံမှာ လုပ်ခဲ့ဘူးတယ်ဆိုဘဲ။
၁၁။ ဘော်ဒါရဲ့ ဘော်ဒါ တွေ စုံတွဲ၊ စက္ကူပျော့ဖတ်စက်ရုံမှာ လုပ်ခဲ့ဘူးတယ်ဆိုဘဲ။
၁၃။ ဂီတာ၂လက်ကလက်စွမ်းပြ စုကာပေါင်းကာ ဟစ်ကြစို့လားး။
၁၂။ ဂီတာ၂လက်ကလက်စွမ်းပြ စုကာပေါင်းကာ ဟစ်ကြစို့လားး။
၁၃။ တီးပြီဆို ကပါမယ် ဝိုင်းလို့ ဆိုကြကွယ်။
၁၃။ တီးပြီဆို ကပါမယ် ဝိုင်းလို့ ဆိုကြကွယ်။
၁၄။ နှမငယ်တွေ အမောပြေစေ အကိုကြီးလည်း ကပါမယ်။
၁၄။ နှမငယ်တွေ အမောပြေစေ အကိုကြီးလည်း ကပါမယ်။
၁၅။ ဟေ့ဟေ့ နွေ ထီးး။ ဟေဟေ့ဟေ့ နွေထီးးး၊ နွေထီး ရဲ့ ကဟန်လေးက ချစ်စရာ ကွယ်။
၁၅။ ဟေ့ဟေ့ နွေ ထီးး။ ဟေဟေ့ဟေ့ နွေထီးးး၊ နွေထီး ရဲ့ ကဟန်လေးက ချစ်စရာ ကွယ်။
၁၆။လောင်းလောင်း လောင်းလိုက်ပါ မရွှဲအောင် လောင်းလိုက်ပါ။ ပက်ပက် ပက်လိုက်ပါ နီပေါတွေ ပြေးအောင်လို့ပါ။
၁၆။လောင်းလောင်း လောင်းလိုက်ပါ မရွှဲအောင် လောင်းလိုက်ပါ။
ပက်ပက် ပက်လိုက်ပါ နီပေါတွေ ပြေးအောင်လို့ပါ။
၁၇။ မြန်မာမြန်မာ ဒို့ မြန်မာ။ နှစ်သစ်ချိန်ခါ တို့ မြန်မာ။
၁၇။ မြန်မာမြန်မာ ဒို့ မြန်မာ။ နှစ်သစ်ချိန်ခါ တို့ မြန်မာ။
၁၈။ စည်းကမ်းရှိတယ်။ သန့်ရှင်းကြမယ်။ ဒိုဟာမှာ တို့ မြန်မာတွေ မျက်နှာ မငယ်။
၁၈။ စည်းကမ်းရှိတယ်။ သန့်ရှင်းကြမယ်။ ဒိုဟာမှာ တို့ မြန်မာတွေ မျက်နှာ မငယ်။
၁၉။ ပိတောက်ပန်းလေးတွေ ပန်ဆင်ထားသူမြန်မာ။ ပန်ပေးနေသူ နီပေါမလေး။
၁၉။ ပိတောက်ပန်းလေးတွေ ပန်ဆင်ထားသူမြန်မာ။ ပန်ပေးနေသူ နီပေါမလေး။
၂၀။ အများကြီးပါ ပိုသေးတာ၊ မလာနိုင်သူတွေအတွက် သယ်သွားပေးကြပါ။
၂၀။ အများကြီးပါ ပိုသေးတာ၊ မလာနိုင်သူတွေအတွက် သယ်သွားပေးကြပါ။

အတူသွားတဲ့သူက ညဂျူတီထွက်လာတာမို့ အားနာပြီး ၁၁း၃ဝ လောက် ပြန်ထွက်ခဲ့ပါတယ်။

ဒီနှစ် ပွဲမှာ ဘေးနားက အတင်းကပ်ကြည့် ကောင်မလေးတွေကို ဓါတ်ပုံရိုက် လုပ်နေကြတဲ့ နိုင်ငံခြားသားတွေကို မောင်းထုတ်နိုင်ဘို့ ရေ မကြာခဏ ပက်ဖြန်းပေးနေခဲ့ရပါတယ်။ ပိုပျော်စရာကောင်းသွားတာပေါ့ခင်ဗျာ။

နောက်ထပ်ဆက်ပါအုံးမယ်။

ခန့်မှန်းခြေ မြန်မာ ၁၅ဝ လောက် လာရောက် သင်္ကြန်ကျကြပါတယ်ခင်ဗျာ။

မနက် ၉ နာရီမထိုးခင်ကနေ တဖွဲဖွဲရောက်လာကြတာ ကျနော်တို့ မပြန်ခင်လေး ၁၁ နာရီကျော်မှာတောင် ၆ယောက်တဖွဲ့ သူတို့ တာဝန်တွေအပြီး အပြေးရောက်လာကြတာ တွေ့ခဲ့ရပါသေးတယ်။

အဝေးမြေရောက်

အမေ့ရဲ့သားသမီးတွေ

နွေးထွေးနေမယ့် အမေ့ရင်ခွင် မှာ

ပြန်ခိုလှုံခွင့် ရမယ့်ရက်တွေကို မျှော်မှန်းရင်းးးးးး

With respect,

Swal Taw Ywet.

10 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    April 17, 2016 at 7:01 am

    ပိတောက်ပန်းက ဒါဘဲလားဗျာ
    ကျိချင်သေးတယ် လို့…

  • kai

    April 17, 2016 at 2:49 pm

    မနှစ်က သတင်းနဲ့ပုံ.. သတင်းစာထဲထည့်ဖူးတယ်နော…။
    မှတ်တမ်းကျန်ရစ်တာပေါ့..။
    ဒီနှစ်လည်း… ပို့ပေးလိုက်ပါဗျာ..။ ပုံ.. ၁၄-၁၅ သုံးလို့ရမလား…။
    ဒါမှမဟုတ်.. ဦးဆောင်လုပ်သူတွေပါတဲ့ပုံရှိလား..။

    • Swal Taw Ywet

      April 18, 2016 at 2:17 am

      သူကြီးရေ။
      ကျေးဇူးပါခင်ဗျာ။
      မူရင်းပုံတွေ သီးသန့် G Mail ကနေ ပို့ပေးထားပါတယ်ခင်ဗျ။
      ဂရု ဖိုတိုတပုံပါထည့်ပေးထားပါတယ်။
      ( ဒီရွာထဲ နောက် ပို့ စ်ထဲမှာထည့်ပေးပါ့မယ်။)
      မြန်မာ စာတန်းနောက်ခံနဲ့ပုံ က ဦးဆောင်သူအများစုပါ။
      ဒီပို့စ်ထဲက ပုံမှာ အိန္ဒိယသားတယောက်ပါနေလို့ တခြားပိုကောင်းတဲ့ပုံတပုံ ထပ်ပို့ပေးထားပါတယ်။
      CJ အဖြစ်အသိအမှတ်ပြုပေးတဲ့အတွက် ပျော်နေရပါကြောင်းးး။
      ရွှင်လန်းချမ်းမြေ့ ကျန်းမာပါစေ။
      With respect,
      Swal Taw Ywet.

  • Thint Aye Yeik

    April 17, 2016 at 8:07 pm

    ဘာပဲဖြစ်ဖြစ် ပျော်တော့ ပျော်စရာ

  • ပျင်းတကာ့ ထိပ်ခေါင်တင်

    April 18, 2016 at 9:38 am

    ဒီနှစ်သင်္ကြန်ကို မကျေနပ်ဘူး :byee:
    ရေလဲမစို မုန့်လဲမစားရ :h:

  • Ma Ma

    April 18, 2016 at 3:19 pm

    မနှစ်တုန်းကအထိ မြန်မာပြည်က သင်္ကြန်ထက် နိုင်ငံတကာရောက်နေတဲ့ မြန်မာတွေရဲ့ သင်္ကြန်က ပိုယဉ်ကျေးပြီး ပိုမြန်မာဆန်နေသလိုပဲ။
    ဒီနှစ်တော့ မြန်မာသင်္ကြန်လည်း အများကြီးပြောင်းလဲပြီး စိတ်ကျေနပ်စရာကောင်းလာပြီ။ 🙂

    • တူတူပဲ အန်တီမမ… နိုင်ငံတကာက မြန်မာသင်္ကြန်ပုံတွေကို ကြည့်ပြီး ကျိတ်အားကျနေခဲ့မိတာ… အထူးသဖြင့် ဒီအူးလေး တင်သမျှပုံတွေပေါ့.. 🙂

  • ​ပျော်​စရာပုံရိပ်​​တွေ​နောက်​​နေ့ရုံး​ရောက်​မှကြည်​့ရမှာပဲဗျို့ ခု​တော့ဖုန်​းနဲ့ဝင်​ဖတ်​​နေ​ကြောင်​း​လေး
    အသိ​ပေးခဲ့ပါတယ်​
    နှစ်​သစ်​မှာ ကျန်​းမာချမ်​းသာြပြီး
    အစစအဆင်​​ပြေပါ​စေ​ကြောင်​း
    ဆုမွန်​​ကောင်​း​တောင်​းလိုက်​ပါရ​စေ

    • Swal Taw Ywet

      April 24, 2016 at 2:17 am

      ကျေးဇူးပါခင်ဗျာ။
      ရွှင်လန်းချမ်းမြေ့ ကျန်းမာကြပါစေ။
      လုပ်ငန်းခွင် စိန်ခေါ်မှုတွေ ကတော့ ထုံးစံအတိုင်း ရှိနေဆဲပါဘဲ။
      လုပ်စရာ ရှိတာလေးတွေ လုပ်ရင်းနဲ့ ဘဲ ဆက်ကြရမှာပေါ့။
      With respect,
      Swal Taw Ywet.

  • manawphyulay

    April 22, 2016 at 11:03 am

    ဦးဦးစွယ်တော်ရွက် နှစ်သစ်မှာ အလုပ်အကိုင် ဒီရေအလား တိုးတက်ကြီးပွားချမ်းသာပါစေနော်….
    မင်္ဂလာရှိသော နေ့ရက်လေးများ ဖြစ်ပါစေ..
    အားလုံးအဆင်ပြေလား… သတိရပါတယ်။

Leave a Reply