”မှားပြီးမှ ပညာဖြစ်လျှင်…မမှားလို့ ဘာမှမဖြစ်သူထက် ပိုကောင်း၏”

alinsettApril 17, 20162min25219

 

”မှားမှာကြောက်၍ ဘာမျှ ထ,မလုပ်ခြင်းကမှ ကြီးစွာသောအမှား”

————————

 

အမှားတစ်ခုခု လုပ်မိတယ် ဆိုပါစို့။ 

ဒါက အမှားဆိုပေမဲ့ တစ်နည်းအားဖြင့် သင်ခန်းစာပါ။

မှားရာကနေ မှန်ရာကို ရှေ့ရှု သွားဖို့ . . . လမ်းစ ရှိပါတယ်။

 

ဘာအမှားမှ မလုပ်မိဘူးဆိုတဲ့သူတွေကတော့ 

ဘာမှလည်း အပြောင်းအလဲမရှိ/

ဘာအတွေ့အကြုံမှလည်း မရဘူးဆိုတဲ့ စွဲချက်နဲ့ ”ညံ့တယ်”လို့ တံဆိပ်နှိပ် ခံရမယ့် ခေတ်ပါ။

 

ဆိုလိုတာက ”ဘာအမှားမှ မလုပ်မိတာကိုက ကြီးမားတဲ့ အမှား ကျူ းလွန်တာ” လို့ စွပ်စွဲခံရမယ့် ကိန်း။

 

ဆရာနေဇင်လတ်ရဲ့ စာအုပ်တစ်အုပ်ကတော့

”မှားပြီးမှ ပညာဖြစ်လျှင် ဤခေတ်တွင် ညံ့၏”တဲ့။

သူကတော့. . .မမှားပဲ တန်းခနဲ မှန်ရာရောက်အောင် လုပ်နိုင်မှ ညံ့ရာမရောက်ဘူးလို့ ယူဆတာပေါ့။

ကောင်းပါတယ်။

 

ဒါပေမဲ့ ချွင်းချက်ကလေးတော့ ထားရပါမယ်။ ထားလည်း ထားသင့်ပါတယ်။

—————————–

ကျနော်ကတော့ . . .

မှားပြီးမှ ပညာဖြစ်လျှင် ဤခေတ်တွင် သင့်တော်၏ လို့ ဆိုချင်ပါတယ်။ (မှားဖူးပြီးမှ အသုံးတည့်တဲ့လမ်းကို ရောက်သွားတဲ့အခါ မှားဖူးတဲ့အမှားရဲ့ ဒဏ်ကို ပြန် ခံရစရာ အကြောင်း မရှိ။ )

 

”မှားနေဖို့ အချိန် မရှိဘူးကွ။

ဒီခေတ်က အရွေ့တွေ အလျဉ်တွေက သိပ်မြန်နေတာ။ မှားနေရင်း ပြင်နေရင်းနဲ့ ကြာညောင်းနေရင် ပြတ်ကျန်ခဲ့မှာပေါ့” လို့ ပြောရင်တော့လည်း 

ဟုတ်ကဲ့။ ကျနော် မငြင်းချင်ပါဘူး။

 

ကျနော်က ”မှားမှာကြောက်ပြီး ဘာအပြောင်းအလဲမှ 

ထ မလုပ်ရဲတဲ့သူ” ဖြစ်မှာပဲ စိုးရိမ်တာပါ။ 

 

”မှားမှာ ကြောက်လို့  ဘာအပြောင်းအလဲမှ မလုပ်တာကိုက အကြီးမားဆုံး မှားယွင်းမှု” လို့ ဆိုလိုတာပါ။ 

 

 

ဆိုတော့ ဘာပဲ ဖြစ်ဖြစ်. . .

မှားသွားသည်ဖြစ်စေ မှန်သွားသည်ဖြစ်စေ 

ကောင်းသော အပြောင်းအလဲကို ဦးတည်ပြီး မရပ်မနား သွားပါမယ်။ 

 

ဒါက မြန်မာ့နှစ်ဆန်း တစ်ရက်နေ့မှာ ချမိတဲ့ ဆုံးဖြတ်ချက်ပါ။ 

(ဒါဟာ အယူအဆမှား ဆိုဦးတော့. . .

ဘာအယူအဆမှ ယူဆစရာ မလိုပါဘူးဆိုပြီး ဘာမှ မယူဆတာကိုက အကြီးမားဆုံး အယူအဆမှား)

 

မနက်ဖြန်က စပြီး 

ကျနော့် လုပ်ရပ်တွေ မှားချင် မှားပါလိမ့်မယ်။ 

ဘာမှ မမှား ဘာမှ မလုပ်သူတွေထက်တော့ တဆင့် မြင့်တယ်လို့ ခံယူပြီး ပျော်ပျော်ကြီး မှားပါမယ်။

 

မှားလိုက်ရင်း/ပြင်လိုက်ရင်းနဲ့ပဲ 

အမှန်သိမှုဆီ ဆိုက်ရောက်သွားပြီး . . .

မှန်ကန် ပြည့်စုံ လုံခြုံရာကို (အကြောင်းအကျိုး ညီညွတ်တဲ့အချိန်မှာ)ရောက်သွားမှာပဲလို့ . . .

ကျနော် ယုံကြည်ပါတယ်။

 

——————————

သင့်အေးရိပ်

ဧပြီလ ၁ရ /၂၀၁၆

 

 

 

 

 

19 comments

  • ခင်ဇော်

    April 17, 2016 at 8:31 pm

    မှားနေလားး
    မှားးမှာလားး
    မှားးခဲ့လားး လို့ မတွေးပဲ မှန်တယ်ထင်တာတွေသာ လုပ်ပါ..
    အမှားး ဆိုတာ သူ့ အကြောင်း တွေးးနေရင်း လုပ်တဲ့ အရာတွေမှာ ပိုမှားးတတ်တယ်.
    နောင်တရတတ်တယ်…
    🙂
    .

    • Thint Aye Yeik

      April 17, 2016 at 9:34 pm

      ဟုတ်တယ်။ မှန်တယ်ထင်ရာလေးတွေကို
      မှားမှာ ကြောက်တဲ့စိတ် မပေါ်စေရဘဲ လုပ်တော့မယ်

      😆

  • မြစပဲရိုး

    April 17, 2016 at 8:50 pm

    မှားရင် ပြင်ဖို့ စိတ် ရှိနေရင်ဘဲ မှားပျော်ပါတယ် ဆက်ဆက် ရယ်။
    အမှား နဲ့ ရင်း မှ (အမှား ဖြစ်မှ) ပိုပြီး ပြည့်စုံ တဲ့ အဖြေ ကို ရတာလဲ ရှိပါတယ်။
    အမှား ကို အမှားမှန်းသိပြီး အဲဒါကို လက်ခံရဲပြီး ပြင်လိုက်ဖို့ သတ္တိကလဲ လူတိုင်းမှာ မရှိနိုင်လောက်ဘူး။ :-)))

    • Thint Aye Yeik

      April 17, 2016 at 9:39 pm

      ဒီသင်္ကြန်တွင်းထဲမှာ
      ကျနော့်အမှားတစ်ခုကို မှားမှန်း ကောင်းကောင်း သိသွားပြီး
      ဒီနေ့က စ ပြင်လိုက်နိုင်ပြီ အရီးရေ
      အမှားကို မှားမှန်းသိလိုက်တာရယ်
      သိလိုက်တာနဲ့ တပြိုင်နက် ပြင်လိုက်နိုင်တာရယ်
      (ပြင်ရတာ နည်းနည်းတော့ခက်တယ်။ အကျင့်ဖြစ်နေတဲ့အရာတစ်ခုကို ဆန့်ကျင်လိုက်ရတာမို့ ခက်ခဲတယ်)
      ဒါပေမဲ့ နောက်ဆုံးမှာ သိစိတ်က အနိုင်ယူပြီး ပြင်လိုက်နိုင်တာကို ပြန်တွေ့ရတော့
      ဖြစ်ပေါ်လာတဲ့ ပီတိက တော်တော် ကောင်းတာပဲ။

      မိမိအမှားကို မိမိ . . .ပြင်နိုင်သူဟာ မိမိကိုယ်ကို နိုင်နင်းပဲ့ကိုင်နိုင်သူ ပဲ။
      အဲ့ဒါလေးတွေ ထိုင် တွေးနေမိပြီး ဒါလေး ချ ရေးမိ

      😆

  • ပျင်းတကာ့ ထိပ်ခေါင်တင်

    April 18, 2016 at 9:33 am

    မှားမှန်းသိလို့ စောစောစီးစီးပြင်နိုင်ရင် အကောင်းဆုံးပေါ့
    ကိုယ်တော့ မှားမှန်းမသိ မှန်မှန်းမသိ ရှေ့ဆက်တိုးရင်း မသိနွံထဲနစ်တာ ကြာလှပေါ့ :'(

    • Thint Aye Yeik

      April 21, 2016 at 11:15 am

      ကျနော့်နားထဲမှာ စွဲနေတာကတော့….
      မမှားဖူးတဲ့သူ မရှိပါဘူး…အမှားတစ်ခုကို ထပ်ခါထပ်ခါ မမှားဖို့ပဲ လိုတာပါ… ဆိုတဲ့
      ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ပြောတဲ့ စကားလေး…

      😆

  • kai

    April 18, 2016 at 2:36 pm

    မှားတာကို.. မှားမှန်းသိရင်.. ပြင်ဖို့ရှေ့မှာလုပ်စရာတခုရှိသေးတယ်..
    confess လုပ်လိုက်ဖို့…။

    ဒီလို.. ဖွင့်ဟဝန်ခံနည်းကို.. ဗုဒ္ဓက.. လွန်ခဲ့တဲ့နှစ် ၂၆၀ဝ ကျော်ကတည်းကပြထားတယ်..။ ဝိနည်းချိုးဖောက်ရင်.. အာပါတ်ဖြေတယ်ဆိုတာပဲ..။

    အခုအောင်မြင်နေတဲ့နိုင်ငံကြီးတွေ.. (ခရစ်ယန်အများစု နိုင်ငံတွေ) က.. ခရစ်ယန်တွေ…. ကျင့်သုံးတယ်..။

    • Thint Aye Yeik

      April 21, 2016 at 11:17 am

      ဆိုတော့…. ဘုန်းတော်ကြီးတွေမှ မဟုတ်…
      သာမန် အရပ်သားတွေလည်း… အဲ့ဒါမျိုးလေး လုပ်သင့်တယ် ဆိုပါတော့ …

      😆

      • kai

        April 21, 2016 at 1:04 pm

        မြန်မာတွေ.. ဗုဒ္ဓဘာသာဝင်စစ်စစ်ဆို.. လုပ်သင့်တယ်…။
        အောက်က ရဟန်းတွေအာပတ်ဖြေဟန်ကို.. လူအချင်းချင်းပြောဆိုတဲ့ သဘောဖြစ်အောင်ပြင်လိုက်ကြည့်ပေါ့..။

        =
        ရဟန်းကြီးက ရဟန်းငယ်ထံ ဒေသနာကြားပုံ
        ((အာပတ်)) အပြစ်သို့ရောက်ခြင်း

        အကြီး။ ။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
        ငါ့ရှင် တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။

        အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
        ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။

        အကြီး။ ။ အဟံ အာဝုသော သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုယှမူလေ ပတိဒေသေမိ။
        တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အားပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊ ထိုအာပတ်အားလုံးကို ငါ့ရှင်ထံ၌ ပြောကြားပါ၏။

        အငယ်။ ။ ပဿထ ဘန္တေ တာ အာပတ္တိယော။
        အရှင်ဘုရား ထိုအာပတ်အားလုံးကို အပြစ်ဟုုရှုပါ၏လော။

        အကြီး။ ။ အာမ အာဝုသော ပဿာမိ။
        မှန်ပါ၏ငါ့ရှင် အပြစ်ဟုရှုပါသည်။

        အငယ်။ ။ အာယတိံ ဘန္တေ သံဝရေယျာထ။
        အရှင်ဘုရား နောင်ကို စောင့်ထိန်းပါဘုရား။

        အကြီး။ ။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
        ကောင်းပါပြီငါ့ရှင် နောင်ကိုစောင့်ထိန်းပါမည်။

        အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
        ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။

  • Ma Ma

    April 18, 2016 at 3:23 pm

    (မှားလိုက်ရင်း/ပြင်လိုက်ရင်းနဲ့ပဲ
    အမှန်သိမှုဆီ ဆိုက်ရောက်သွားပြီး . . .
    မှန်ကန် ပြည့်စုံ လုံခြုံရာကို (အကြောင်းအကျိုး ညီညွတ်တဲ့အချိန်မှာ)ရောက်သွားမှာပဲလို့ . . .
    ကျနော် ယုံကြည်ပါတယ်။)
    ထောက်ခံပါတယ်။
    🙂

  • manawphyulay

    April 22, 2016 at 3:43 pm

    မှားလား မှန်လား မဝေခွဲငြား
    နှစ်သစ်ပြောင်းတော့
    ချစ်စရာ့သမီးလေး တစ်ယောက် လူလောကထဲ ရောက်ခဲ့ပြီ….. 😛

    • Thint Aye Yeik

      April 23, 2016 at 12:26 pm

      အဲ့ဒါလေးက အမြတ် အမြတ်
      ရတုန်း ယူထား အစ်မရေ။

      :k:

  • uncle gyi

    April 27, 2016 at 10:41 am

    အမှားကိုအမှားမှန်းသိဖို့
    သိရင်ခ ျက်ခ ျင်းပြင်ဖို့အရေးကြီးပါတယ်
    အမှားမှန်းသိသိကြိီးနဲ့မပြင်နိုင်သူတွေအမ ျားကြီးပါ

    • Thint Aye Yeik

      June 2, 2016 at 5:16 pm

      ဟုတ်တယ်နော်။
      မှားတာ အပြစ်မဟုတ်ဘူး
      မှားတာကို မပြင်နိုင်တာကမှအပြစ် တဲ့။

    • Thint Aye Yeik

      April 27, 2016 at 3:34 pm

      ဘာမှားနေသလဲ လို့.. သူများကို မေးရင်..အဲ့ဒါကိုက အမှား

      :k:

      အမှန်က ကိုယ် ဘယ်နေရာတွေမှာ မှားပြီး ဘယ်နေရာတွေမှာ မှန်နေတယ်ဆိုတာ ကိုယ့်ဘာသာ သိရမှာနော့်။
      ဘားးးမုန့်ဝူး…ကွကိုယ် ပြန် ဆုံးမတာနော်..

      :k:

  • Foolish Girl

    June 2, 2016 at 4:32 pm

    မှားတယ် မှန်တယ်ဆိုတာကလည်း ကိုယ်ကြည့်နေတဲ့ရူထောင့်ပေါ်မူတည်တယ်။
    လက်ဖမိုးဘက်ကကြည့်နေတဲ့သူ က လက်ဖဝါးဘက်မှာရှိနေတဲ့သူကို ဒါလက်ဖမိုးလက်ခံလိုက် ငါအမှန်လို့ အတင်းပြောလို့မရဘူး
    နှစ်ဖက်စလုံးကသူ့အမြင်ကိုယ့်အမြင်ဝင်ပြီးခံစားကြည့် အဲလိုဆိုရင် နှစ်ဖက်ကြားကကွာဟတာကို နှစ်ဖက်စလုံးသိရင် နှစ်ဖက်စလုံးကမှန်ရာကိုဦးတည်သွားမှာပါ။
    ဒါတော့ ကျွန်မအမြင်သတ်သတ်ပါ။

    • Thint Aye Yeik

      June 2, 2016 at 5:27 pm

      လက်ဖဝါး လက်ဖမိုး အယူအဆကလည်း ပစ်ပယ်ထားလို့ မရ ရေးချ မရ

Leave a Reply