အယ်ဒီတာ့သင်ပုန်း – မေလ ၂၀၁၆

kaiApril 21, 20161min19216

“လူ(၄)မျိုး”
(၁) ကိုယ်ကျိုးတစ်ခုတည်းကိုသာပြုလုပ်သူ၊ (အတ္တဟိတသမား)
(၂) အခြားသူ၏အကျိုးကိုသာပြုလုပ်သူ၊ (ပရဟိတသမား)
(၃) ကိုယ်ကျိုးလည်းမပြုလုပ်၊ အများအကျိုးလည်းမပြုသူ၊ (လူမိုက်)
(၄) ကိုယ်ကျိုးပြုလုပ်၍၊ အများအကျိုးလည်းပြုသူ၊ (လူလိမ္မာ)

ကမ္ဘာလောကတွင် လူ(၄)မျိုးရှိသည်ဟု “အတ္တဟိတသုတ်”တွင်ပြသည်၊၊
အတ္တဟိတကိုပြည့်စုံစေပြီး၊ပရဟိတကိုပြုသူသည် လူလေးမျိုးတွင် အသာဆုံးအမြတ်ဆုံးလူမျိုးဖြစ်သည်ဟု ဗုဒ္ဓဟောသည်။
ထိုထိုအဓိပ္ပါယ်အရ ပရဟိတ၊ အခြားသူ၏အကျိုးကိုသာ ပြုသောသူသည် ဘုရားကြိုက်သောအမြတ်ဆုံးမဟုတ်သည်မှာထင်ရှား၏။

အလှုဒါန ကိုယ့်အိမ်ကစ

But if any prouide not for his owne, & specially for those of his owne house, hee hath denied the faith, and is worse then an infidel. – 1 Timothy 5:8

အလှုဒါန ကိုယ့်အိမ်ကစ.. Charity begins at home ၏ မူလခရစ်ယန်ကျမ်းပါစာများဖြစ်ပါသည်။ ကိုယ်ကျိုးပြီးပြည့်စုံမှ သူတပါးအကျိုးလုပ်ကြရန်သာဖြစ်၏။

အခွန်မှအလှူဖြစ်

အမေရိကား၏ အမြတ်ခွန်စနစ်အရ အလုပ်လုပ်၍ဝင်ငွေရှိသူအမေရိကန်တိုင်း ဝင်ငွေခွန်ဆောင် ရပေသည်။ တက်လာသော အစိုးရအသီးသီးတို့၏ မူဝါဒအရ ဝင်ငွေခွန်ဆောင်ရမှုရာခိုင်နှုန်းအနည်းအများကွာသော်လည်း ဝင်ငွေများလျှင် အခွန်ငွေပမာဏလည်းများသွားသည်။ ထိုအခြေအနေတွင် ငွေပိုငွေလျှံရှိသူတို့အား အခွင့်အရေးတခုပိုပေးထားပါသည်။ မိမိ၏အပိုဝင်ငွေကို အစိုးရသို့ဝင်ငွေခွန်၊ အမြတ်ခွန်အဖြစ်ပေးဆောင်မည်လော၊ မိမိအမည်အားဖြင့် လှူဒါန်းပေးကမ်းပစ်မည်လောဟူ၍ဖြစ်၏။
ပရဟိတလုပ်ငန်းများ။ အကျိုးအမြတ်မယူ လူသားအကျိုးအတွက်ဆောင်ရွက်နေသော အဖွဲ့အစည်းများ စသဖြင့် အစိုးရမှ တိတိကျကျသတ်မှတ် လိုင်စင်ပေးထားသည် အဖွဲ့အစည်းများသို့ မိမိ၏ဝင်ငွေထဲမှလှူငွေ/ကူငွေဖဲ့ပေးလျှင် ထိုထိုအလှူငွေသည် အခွန်ဆောင်ရာ၌တွက်ချက်ခြင်းမှ ကင်းလွတ်ခွင့်ရသည်။ တနည်းအားဖြင့် ဝင်ငွေများစွာရှိနေသူတို့အား အလှူဒါနပြုနိုင်ပါရန် တွန်းအားပေးထားသော စနစ်ပင်ဖြစ်ပါသည်။ ထို့စနစ်ကြောင့် အမေရိကန်ဘီလီယံနာသူဌေးကြီးများ သူတို့အမည်ဖြင့်ဖောင်ဒေးရှင်းထောင်ကာလှူကြခြင်းဖြစ်သည်။ ထိုစနစ်ကြောင့် အလုပ်အကိုင်အခွင့်အလန်းများစွာနှင့်အတူနာမယ်ကျန်ရစ်သူများလည်းရှိလာသည်။
ထိုစနစ်အရ 501(c) အဖွဲ့အစည်းများသို့ အလှူရှင်များငွေလှူဒါန်းကြသည်။

Nonprofit 501(c) Organization

အစိုးရဆီတွင် လိုင်စင်လျှောက်စိစစ်ခံကာ တည်ထောင်နိုင်သည့် 501(c) ပါ အမျိုးအစား၂၉ခုရှိသောအဖွဲ့အစည်းတို့သည် ရရှိလာသောအလှူငွေ/ရံပုံငွေများကို ဆိုင်ရာသင့်လျှော်သည့်လူမှုကိစ္စရပ်များတွင်အသုံးပြုကြရသည်။ အသုံးပြုသည်ဆိုရာတွင် သုံးချင်သလောက် ကုန်အောင်သုံးကြခြင်းမဟုတ်ပါလေ။ စောင့်ကြည့်သူများအဖြစ် အစိုးရကိုယ်တိုင်နှင့် အလှူရှင်များကိုယ်တိုင်အပြင် ကြားထဲမှ စင်ပြိုင်အလှူငွေလိုချင်သော အဖွဲ့အစည်းများစွာလည်းရှိနေသောကြောင့်တည်း။
သို့ဆိုသော် ထိုထိုအဖွဲ့အစည်းများတွင်အလုပ်လုပ်နေသော ပရဟိတသမားတို့သည် အများအကျိုးအတွက်ဗိုက်မှောက်ခါ အိုးလှန်နေကြရမည်လော၊ သို့မဟုတ် မိမိထမင်းအိုးအတွက် ဝင်ငွေရအလုပ်တခုလုပ်ရင်း ပရဟိတအလုပ်လုပ်ရသည်လော။ စဉ်းစားကြည့်ရန်ရှိသည်။
အမေရိကား၏ စနစ်အရ 501(c)အဖွဲ့အစည်းကြီးဝန်ထမ်းများသည် ထိုက်သင့်သောလစာငွေယူက အချိန်ပြည့်လုပ်နိုင်သည်။
အလှူငွေသွားရာလမ်းတလျှောက်တွင် ရှိသော အထွေထွေကုန်ကျစရိပ်များအတွက် တိကျသောစည်းကြပ်မှုအောက်တွင် ကုန်ကျငွေထုတ်သုံးနိုင်သည်။ ဤသို့အားဖြင့် အလှူရှင်မှ အလှူလက်ခံမည်သူထံသို့ လက်ဝယ်အရောက်ပေးနိုင်သည့် ရာခိုင်နှုန်းမှာ ၆၅%ရှိပါလျှင် တရားမျှတသည်ဟု ဆိုသည်။ အဖွဲ့အစည်းသည် ရငွေ၏ ၃၅% နှင့်အောက်ကိုသာ သုံးစွဲပါလျှင်မျှတသည်ဆိုပါစို့၊ ထိုထိုဝင်ငွေထွက်ငွေရှင်းတမ်းကို Form 990 ဖြင့်လူထုသို့ နှစ်စဉ်ထုတ်ပြန်ကြရသည်။
American Red Cross သည် လှူဒါန်းရငွေတို့၏ 92.1% ကို ဆိုင်ရာပရော့ဂျက်တို့တွင်သုံးပြီး World Vision သည် ၈၅%မျှ သုံးပေးလေ့ရှိသည်ကိုတွေ့ကြရသည်။

ဇီးသီးဗန်းမှောက်

“ပွဲဈေးတန်းမှာ ဇီးသီးဗန်း မှောက်ကျသလိုပဲ။ မှောက်လည်း ကျရော ဟိုလူကတဆုပ်နှိုက်စား ဒီလူက တဆုပ်နှိုက်စား ဇီးသီးက တဝက်လောက်ပဲ ကျန်တယ်။ ဘက်ဂျက်က အဲဒီလိုဖြစ်နေတယ်။ ခွင့်ပြုပေးတဲ့ကြားထဲက ဟိုလူနှိုက်စားဒီလူနှိုက်စားနဲ့ တဝက်ပဲ ကျန်တယ်”ဟု မြန်မာပထမလွှတ်တော် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောဖူးသည်။

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများအတွက် ချပေးလိုက်သော ဘက်ဂျက်ငွေများကို ဝိုင်းဆွဲကြပြီး လုပ်ငန်းတကယ်လုပ်ရန်အတွက် မကျန်တော့သည်ကို ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ပရဟိတ အများအကျိုးဟုဆိုကာ မြန်မာပြည်သို့ နိုင်ငံတကာမှလှူဒါန်းလိုက်သော ပစ္စည်းငွေကြေးများတွင် ဇီးသီးဗန်းမှောက်သည့် သဘောတွေ့နိုင်မည်။ ဝိုင်းနှိုက်စားလိုက်ကြသည်မှာ မူလရည်ရွယ်လှူရာရောက်သော် ကျွန်စုတ်သည့်သရက်စေ့မျှလောက်တောင်မကျန်တော့သည့် အဖြစ်တည်း။
အလှူကိစ္စဖြစ်၍တရားသလော။ မတရားသလော။ ပြောရန်ခက်လှသည်။ အလှူရှင်ကမ္ဘာ့နိုင်ငံအသီးသီးမှ ချမ်းသာကြွယ်ဝသူတို့ကိုယ်တိုင် ကျေနပ်ကြည်ဖြူကြပါလျှင်၎င်း၊ ဆိုင်ရာ အမြတ်ခွန်ဌာနအဆင့်ဆင့်တို့က ဥပဒေကြောင်းအရ စစ်ဆေးအဆင်ပြေနေပါလျှင်၎င်း ကိစ္စပြီးသည်ဟုသာဆိုရမည်။ အနည်းဆုံးတော့ သရက်စေ့ပြောင် အချောင်ရလိုက်သည်မဟုတ်ပါလော။

ယူ၍ကူသူများ

အလှူဒါနပြုနေသူများ၏ ငွေကြေးအရင်းအမြစ်ကို ရအောင် ဆိုင်ရာပရဟိတအဖွဲ့အစည်းတို့မှ ငွေတောင်းခံမှု Project တို့ပြုစုတင်ပြကြရပါသည်။ ထိုထို Project အလိုက် အလှူရှင်က ဆန္ဒရှိပါလျှင် ငွေကြေးပေးပေလိမ့်မည်။ အလှူရှင်သည် အစိုးရလည်းဖြစ်နိုင်သည်။
(ထိုသို့ပြုကြရာ၌ နို်င်ငံရေး၊ စီးပွားရေး အကျိုးစီးပွားတစုံတရာ ရည်ရွယ်ကာပြုလုပ်သော ပရောဂျက်တို့မပါဝင်သည်ကိုသတိပြုရမည်။)
မိမိ၏ ကာယကံ၊ ဝစီကံ၊ မနောကံ ကိုယ်စိတ် နှလုံးသုံးပါးစလုံး ယဉ်ကျေးသိမ်မွေ့စွာဖြင့် အချိန်၊ ငွေ၊ လူ အားသုံးအား စိုက်ထုတ်ပေးဆပ်သူ ပရဟိတသမားများသည် မွန်မြတ်သူများလောမေးရန်ရှိသည်။ အာတွေ့ (ပါးစပ်ပြော)အားဖြင့်ဖြစ်ကောင်းဖြစ်ပါမည်။ သို့သော် ဗုဒ္ဓအလိုနှင့်၎င်း ခရစ်ယန်ကျမ်းစာအားဖြင့်၎င်း မကိုက်ညီ။

ပေး၍လှူသူများ

မြန်မာနိုင်ငံကို ပေးကမ်းစွန့်ကြဲမှု အများဆုံးပြုလုပ်သည့်နိုင်ငံ World Giving Index (WGI) Score (2014-15) အမြင့်ဆုံး နံပါတ်(၁) ဟု နိုင်ငံတကာ စစ်တမ်း Gallup တွင် ဖော်ပြထားသည်။ မြန်မာတို့၏ အလှူသည် မှန်ကန်သောအလှူများလော။ ဘုရား(တို့) ကြိုက်သော အလှူလော ပြန်ဆန်းစစ်ကြည့်သင့်လှသည်။
လက်တွေ့ကျကျပြောရလျှင် ဒါန အလှူများ မည်သို့မည်ပုံဖြစ်ပျက် အကျိုးဆက်သွားသည်ကို လိုက်၍ကြည့်ရမည်။ တွေး၍မြင်ကြည့်ရမည်။ မိမိပင်ပန်းကြီးစွာရှာထားရသော ငွေတပြားတချပ်သည် အလဟဿမဖြစ်စကောင်း။
မိမိ၏ငွေဖြင့်တပါးသူက မည်သို့မည်ပုံအသုံးချ၍ ကြီးပွား အကျိုးရှိသွားသည်ကို ကြည်ရမည်။ ကုသိုလ်ယူရာတွင် ကိုယ်ရခြင်းချည်းထက် သူဘယ်လောက်ရမလဲကိုကြည့်သင့်သည်။ လက်ငင်းထင်သာမြင်သာအကျိုးကို ရှာကြည့်ရမည်။
အမေရိကကဲ့သို့ တိုးတက်ပြီးနိုင်ငံများတွင် ဤအချက်ကို ဥပဒေလုပ်ထုံးတို့နှင့်ထိမ်းကြောင်းထားပါသည်။
ထိုထိုလှူလိုက်ငွေတို့အားငွေကြေးခဝါချမှုတွင်မသုံးနိုင်အောင်။ အခွန်မရှောင်နိုင်အောင် ၊ အကြမ်းဖက်အဖွဲ့အစည်းများထံမရောက်သွားအောင်အစိုးရ၏ကြီးကြပ်စောင့်ကြည့်ခြင်းပါနေသလို လက်ခံသည့်အဖွဲ့အစည်းများက မည်သို့သုံးစွဲနေသည်ကိုလည်း စနစ်တကျစောင့်ကြည့်ထိမ်းကြောင်းထားမှုများပါနေသည်။
စေတနာသုံးတန် ပြတ်သားစွာနဲ့ တွန့်တိုမှုမရှိ လှူသောအလှူတိုင်း မြတ်သောအလှူမဖြစ်နိုင်။ ရပ်တည်ချက်အမှားနှင့်ပေးလှူလိုက်သောအလှူသည် လွန်စွာအန္တရာယ်များရ၏။ မိမိ၏ဝင်ငွေသည် စစ်တိုက်လူသတ်အကြမ်းဖက်များဆီသို့ရောက်သွားသလော။ လူတဖက်သားအား ခွဲခြားအနိုင်ကျင့်နှိပ်စက်ရန် အဖွဲ့အစည်းအတွက် အကူငွေဖြစ်သွားသလော။ တဖက်သူ၏သီလကိုကျိုးပေါက်ပျက်စီးရန်အားပေးအလှူဖြစ်သွာသလော စိစစ်ကြည့်သင့်သည်။ နိုင်ငံရေး၊ ဘာသာရေး နှင့်ပါတ်သက်သောအလှူများသည် ဆိုင်ရာပါတီနှင့် ဆိုင်ရာဘာသာရေးအတွက် ကောင်းမြတ်ပါသည်ဟု ပြောကြနိုင်မည်ဖြစ်သော်ငြား လူသားအများစုကြီးအတွက်မူ အကျိုးရှိသွားသလော၊ ယုတ်သွားသလော ပြောရန်လွန်စွာခက်သည်ကို တွေ့ကြရမည်။

ဟင်းစားနှင့်ကွန်ချက်

မြန်မာပြည်ပွင့်လင်းလာပြီ။ အရပ်သားဒီမိုကရေစီအစိုးရဖြစ်နေပြီ။ သို့သော် ကမ္ဘာတန်းအနေနှင့်ကြည့်လျှင် ဆင်းရဲတွင်းနက်နေကာ အစိုးရအပါအဝင် လူထု၏ကိုယ်ကျင့်တရား၊ပညာရေး၊ကျမ်းမာရေး အစစ နိမ့်ကျလျှက်ရှိနေသေး၏။
ထိုထိုအခြေအနေတွင် ပြည်ပဖွံ့ဖြိုးပြီးနိုင်ငံတို့မှ အလှူငွေများ၊ ထောက်ပံ့ငွေများ ၊ ချေးငွေများ နှောင်ကြိုးပါ။ နှောင်ကြိုးမဲ့အလုံးအရင်းဝင်လာတော့မည်ဖြစ်သလို ပြည်တွင်းပြည်ပ ပရဟိတ၊ NPO, NGO အမျိုးစုံအောင်ပေါ်လာကြပါလိမ့်မည်။
အနေမတတ်ကြပါလျှင် ကမ္ဘောဒီးယားနိုင်ငံကဲ့သို့ donor-driven (အလှူရှင့်ငွေနှင့် မှီခုိုလည်ပတ်ရသော) နိုင်ငံမှသည် ဖောက်ထွက်အလုပ်လုပ်ချင်စိတ်မရှိဖြစ်ကြကာ တောင်းစားမှုနဲ့ လုံးလည်လိုက်ကြရသည့်ဘဝဖြစ်သွားနိုင်ပါသည်။

မြန်မာပြည်တွင်း ချမ်းသာကြွယ်ဝသူများထံမှလည်း အခက်အခဲတွေ့နေသူ ဒုက္ခရောက်နေသူများကို သနားသဖြင့် လှူရင်းပေးရင်း ဟိုမှာဖက်အလှူခံယူနေရသူများ၏ စိတ်ဓတ်တို့ကို ဖျက်စီးပစ်ရာရောက်သွားနိုင်သည်ကို သတိချပ်သင့်သည်။

ငါးပေးသည်ထက် ကွန်ချက်ပြသော အလှူမျိုးကိုသာအလိုရှိအပ်ပေသည်။ ဥပမာ။ ။ ရေလိုလျှင် ကားနှင့်ရေပို့ပေးခြင်းမျိုးအလှူထက် နောက်နောင်နှစ်များတွင်ပါ အသုံးတဲ့မည့် ရေတွင်းတူး၊ရေကန်ဖေါ် ဆည်ဆောက်မြောင်းသွယ်အလှူမျိုးသို့ ဦးတည်လှူသင့်သည်။
အနာဂတ်တနေ့တွင် လူတဦးချင်း တီထွင်ထုုတ်လုုပ်အားနဲ့ အဓိကလည်ပတ်မောင်းနှင်နိုင်သည့် တိုင်းပြည်လူ့ဘောင်ဖြစ်အောင် ရည်ရွယ်အားပေးလုပ်ကြရမည်။
အလှူလက်ခံသူ သနားစရာ့ပြည်သူများမဖြစ်ကြစေလင့်။ လူနံပါတ်နှစ်လည်း မဖြစ်စေလင့်…။  ။

16 comments

  • ယမကာကျော်စွာ အူးမြောက်မြောက်

    April 22, 2016 at 9:09 am

    ဦးကျော်သူကြီး ရေတွင်းလိုက်တူးနေတာ ကွက်တိပဲပေါ့ သဂျီး

  • Thint Aye Yeik

    April 22, 2016 at 9:30 am

    ဖတ်ပြီးပါကြောင်းးး

    ———-

    ဒါနဲ့ စကားမစပ်. . .
    အခုရက်ပိုင်းထဲ ဒေါ်စုတို့ (အစိုးရထိပ်သီးခေါင်းဆောင်များ)ငြိမ်နေကြသလားလို့။
    ရုံးပိတ်ရက်မို့လား ?
    မကြာခင် မုန်တိုင်း ထန်ပြမလို့လား ?
    မသိ။
    ခွိ ခလွိ
    :mrgreenn:

  • ဒီလိုဗျ… ဘုန်းကြီးတွေ တရားနာရတဲ့အထဲ… အပယ်မလားချင်ရင်… နောင်ဘုရားကို ဖူးချင်ရင်… ကျွတ်တန်းဝင်ချင်ရင်… ဘုရား..သိမ်..ကျောင်း..ဇရပ် ဆောက်ရမယ်ဆိုတာတွေ .. နောက်.. အလှူခံပုဂ္ဂိုလ်မြင့်မြတ်ရင် လှူရကျိုးက ပိုမြတ်မယ် ဆိုတာတွေ… နာထားရလေတော့…. လူအချင်းချင်း လှူဖို့ထက်… သာသနာကို လှူဖို့ပဲ အားသန်လာကြတယ်… အကျိုးကိုမျှော်ပြီး လှူတဲ့အလှူ..လောဘနဲ့ယှဉ်ထားတဲ့အလှူတွေ များလာတယ်…

    ထင်တာပဲ.. ဟိ :k:

    • kai

      April 22, 2016 at 11:21 am

      အခုပို့စ်တင်လိုက်တယ်..။
      အဂ င်္ါဲဂြိုလ်မှာ မြေဝယ်နိုင်ပြီဆိုပြီး..

      ဆိုတော့…
      ဘာသာရေးကပြောတဲ့.. “အပယ်မလားချင်ရင်… နောင်ဘုရားကို ဖူးချင်ရင်… ကျွတ်တန်းဝင်ချင်ရင်…” ဆိုတာတွေက… အဲဒီအဂ င်္ါြဲဂိုလ်မှာ မြေဝယ်တာလောက်တောင် စိတ်မချရဘူး.. လို့..။ :k:

        • kai

          April 22, 2016 at 12:17 pm

          ထပ်တော့မှာလား… ဝယ်ပေးမယ်လေ..။
          မြန်မြန်ပြော…။ တော်ကြာနေ.. တဧက ၃၅ဒေါ်လာဖြစ်မှာ..။ ( သူလည်းဈေးတက်တတ်တယ်..)

          .. အဆစ် .. ကမ္ဘာ့အစပ်ဆုံးငရုပ်သီးမျိုးစေ့ပါလက်ဆောင်ပေးမယ်..။ :k:

        • ကြိုဝယ်ထားလိုက်လေ.. ထပ်တော့ပေးပေါ့…
          စကားအတင်းစပ်.. ယနေ့ ၂ နှစ်နဲ့ ၉ လ ပြည့်သွားပြီဖြစ်ပါကြောင်း 😛

        • kai

          April 22, 2016 at 12:54 pm

          ဒီလောက်အကြာကြီး ဘာတွေစဉ်းစားနေကြတာလဲ..။
          အဘွားတွေခေတ်စံချိန်တောင် ၃နှစ်.. (၃မိုး)ပဲနော…။

        • manawphyulay

          April 22, 2016 at 3:14 pm

          ညီမလေး တဂျီးပြောတာ နားမယောင်နဲ့ဦးနော်…
          မ မနောတုန်းကတောင် ၈ နှစ် စောင့်ကြည့်ခဲ့တာ… 🙂

  • ဝင့်ပြုံးမြင့်

    April 22, 2016 at 11:56 pm

    အလှူကတော့ သဂျီးရေးပြတဲ့အတိုင်း တွေးကြည့်လေ နက်ရှိုင်းလေ။ မြန်မာပြည်ရဲ့ အတွေးအခေါ်ဆိုင်ရာ ဧရာမပြဿနာထဲမှာ အဲအလှူကိစ္စလည်း ထိပ်ဆုံးရှိနေမှာပါပဲ။ အင်းလေ အလှူဒါနတွေနဲ့ ဝေးဝေးရှောင်နေဦးမှ။ သူများ အမျှဝေတဲ့အခါ သာဓုခေါ်လိုက်ရင် ကုသိုလ်ရတာပဲဟာ။ ပြီးတော့ လှူတတ်ရင် တစ်ပဲလှူလည်း ကုသိုလ်အများကြီးရမယ်လေ။ ဒီတော့ အသာချိုထားပြီး မလှူတော့ဘူး သာဓုပဲခေါ်တော့မယ်။ 🙂

  • .ကျနော်ကတော့ 100% ထောက်ခံတယ်။
    _____________

    ဒါကတော့ ဆရာတော်ဦးသုမင်္ဂလရဲ့ အယူဆ တစ်ခုပဲ ။ ကြိုက်ရင်ယူ မကြိုက်လည်းပယ်လိုက်။

    ယနေ့ မြန်မာပြည်မှာ စေတီထပ်တည်ဖို့ လုံးဝ မလိုအပ်တော့ဘူး။ ရှိတဲ့ စေတီပုထိုးတောင် ရွှေသင်္ကန်းအသာထားလို့ ထုံးသင်္ကန်းတောင်နိုင်အောင်မကပ်နိုင်ဘူး။
    သာသနာပြုချင်ရင် ဟိုမှာ ဆင်းရဲ ချို ့တဲ့စွာ သင်ကြားနေရတဲ့ ပရိယတ် ပဋိပတ် စာသင်ကျောင်းတွေမှ အများကြီး အဲဒါတွေကိုထောက်ပံ့မှ ဒါသာသနာ ပြု လုပ်ငန်းလို့ခေါ ်လို့ရမယ်။
    အဲတော့ မဆိုင်တဲ့နေရာမှာသွားပြီးသိန်းပေါင်းများစွာ အကုန်ကျ ခံပြီး ဘုရားဒကာ အမည်ခံတာဟာ ဒါသာသနာပြုလုပ်ငန်းနဲ့ မသက်ဆိုင်။
    ရှင်းလား။

    သုမင်္ဂလ အထက်မြန်မာပြည်ရောက်တော့ အဲဒီ မှာ ကမ္ဘာ့ အကြီးဆုံး ရုပ်တုကြီး လုပ်နေတာတဲ့ ။ သိန်းပေါင်းထောင်ချီ အကုန်ခံပြီးတော့ပေါ့။ အဲဒီ ဘုရားနားက သီလရှင်ကျောင်းတွေကျတော့ စားစရာဆွမ်းမရှိ ခြုံစရာစောင်မရှိနဲ့ အဲဒါ သုမင်္ဂလက အမြင်မတော်လို့ လှူခဲ့ရသေးတယ်။

    အဲဒါကြီးသိန်းပေါင်းထောင်ချီပြီး ဆောက်လို့ပြီးသွားပါပြီတဲ့။ အဲရုပ်တုကြီးက သာသနာအတွက် ဘယ်လောက်များ အကျိုးရှိသွားလဲ ။ သာသနာ့ဂုဏ်တော် ဘယ်လောက်များထွန်းလင်းတောက်ပြောင်သွားလို့လဲ။
    ဘုရားရိပ် တရားရိပ်ကအေးတယ်ဆိုပြီး သောက်ပျင်းတွေက ဘုရားပေါ ်မှာ အိပ်နေကြလေရဲ့။ ရုပ်တုကြီးတွေက သာသနာတော်အတွက် အသုံးဝင်တယ် သာသနာတည်တံ့ဖို့ အရေးပါတယ်ဆိုရင်
    ဟိုး အာဖဂန် အီဂျစ် စတဲ့ နိုင်ငံတွေမှာ အကြီးဆုံး ရုပ်ပွားတော်ကြီးတွေ ရှိနေတာပဲ။ အဲနေရာတွေ မှာ ခုသာသနာရှိသေးလား။
    သုမင်္ဂလရဲ့အမြင်မှာတော့ ဒါသာသနာ့ ဘဏ္ဏာ ကိုသက်သက်ဖြုန်းတီးတာ။
    မြတ်စွာဘုရားသာသက်တော်ထင်ရှားရှိရင် ဘုရားကသူ ့လာပြီး ရွှေတွေ လာကပ်နေတာနဲ့ စားစရာမရှိသူ စားစရာပေးတာ နေစရာမရှိသူနေစရာပေးတာ ဘုရားက ဘယ်ဟာကိုပိုအလိုကျမယ် ထင်သလဲ။
    သဘောပါလား
    မယောင်ရာ ဆီမလူးကြနဲ့။

    ဒါသုမင်္ဂလရဲ့ အမြင်နဲ့အယူဆ သက်သက်ပဲ
    ကြိုက်ရင်ယူ မကြိုက်ရင်ပယ်လိုက်။
    ဘာမှပြသနာမရှိဘူး။

    ??(ဒယ်အိုးဆရာတော်)??

  • ခင်ဇော်

    April 26, 2016 at 5:19 pm

    ပရဟိတ ဆိုတာ သိပ်ပင်ပန်းတာာာာ
    အတ္တဟိတ အသင်းး ဆိုရင်တော့ သတင်းပေးကြညော်…
    ???
    မြန်မာပြည်ထဲ ကျန်ခဲ့တာ
    လူအို
    လူမမယ်
    ကျောင်းသား
    ဘုန်းကြီး
    အလုပ်လက်မဲ့ မှီခို
    စစ်သား
    အာ့တွေက များတာပဲ..
    အလုပ်လုပ်နိုင်သူ ဦးရေနဲ့
    ထိုင်စားသူ ဦးရေ အချိုးချကြည့်လေ…
    :k:

  • Myanmar President Office
    10 hrs ·

    ■နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအင်္ဂါစဉ်သတ်မှတ်ချက် ထုတ်ပြန်■
    ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
    နေပြည်တော် ဧပြီ ၂၉

    နိုင်ငံတော်သမ္မတရုံးမှ ဧပြီ ၂ရ ရက်စွဲဖြင့် ပြည်ထောင်စုအင်္ဂါစဉ်သတ်မှတ်ချက်အား ထုတ်ပြန်ခဲ့သည်။

    ယင်းထုတ်ပြန်ခဲ့သော ပြည်ထောင်စုအင်္ဂါစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်-

    ပြည်ထောင်စုအင်္ဂါစဉ်
    ၁ နိုင်ငံတော်သမ္မတ
    ၂ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
    ၃ ဒုတိယသမ္မတ (၁)
    ၄ ဒုတိယသမ္မတ (၂)
    ၅ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
    ၆ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
    ရ ပြည်ထောင်စုတရားသူကြီးချုပ်
    ၈ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
    ၉ နို်င်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ
    ၁ဝ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
    ၁၁ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
    ၁၂ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ
    ၁၃ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ
    ၁၄ ပြည်ထောင်စုဝန်ကြီးများ
    ၁၅ ပြည်ထောင်စုရှေ့နေချုပ်
    ၁၆ ပြည်ထောင်စုစာရင်းစစ်ချုပ်
    ၁ရ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ
    ၁၈ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
    ၁၉ ဝန်ကြီးချုပ်များ
    ၂ဝ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ
    ၂၁ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
    ၂၂ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ
    ၂၃ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ
    ၂၄ နို်င်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ
    ၂၅ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ
    ၂၆ ဥပဒေကြမ်းကော်မတီ
    ၂ရ ပြည်သူ့ငွေစာရင်းကော်မတီ
    ၂၈ လွှတ်တော်အခွင့်အရေးကော်မတီ
    ၂၉ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ
    ၃ဝ တိုင်းမှူးများ
    ၃၁ ဒုတိယဝန်ကြီးများ
    ၃၂ ဒုတိယရှေ့နေချုပ်
    ၃၃ ဒုတိယစာရင်းစစ်ချုပ်
    ၃၄ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ
    ၃၅ နေပြည်တော်ကောင်စီဝင်များ
    ၃၆ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ
    ၃ရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌများ
    ၃၈ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ

  • မြစပဲရိုး

    May 1, 2016 at 4:27 pm

    ဒီနေ့ “Premier League” ရဲ့ သမိုင်းမှာ အပြောင်းအလဲ အကြီးကြီး ဖြစ်မလား မှန်းတာ မို့ ဒီ မှာ မှတ်တမ်း ကြိုပြီး တင်ထားပါတယ်။

    Man United vs Leicester City
    Premier League
    today, 14:05 @ Old Trafford

    (ဒီလ အတွက် အရောင် မရင့် သေးတာမို့ ရှိတာမှာ ဘဲ စာချ လိုက်ပါတယ်။) 😀 :-))))

    • မြစပဲရိုး

      May 1, 2016 at 9:42 pm

      ထိုင်း ဘုန်းဘုန်း တွေ ဒီလောက် လုပ်ပေးနေတာတောင် သရေ ဘဲ ကန်တယ်ကွယ်။ နောက်တစ်ပွဲ တော့ အနည်းဆုံး သရေ ပေါ့။

    • မြစပဲရိုး

      May 3, 2016 at 3:35 am

      They’ve done it! Sport’s greatest fairytale is complete as Leicester City overcome 5000/1 odds to be crowned Premier League champions after Spurs fail to beat Chelsea.
      +++++++
      Congratulations Leicester, one of the greatest achievements in football.
      I am pleased that they have won against all the odds!

Leave a Reply