“ကျောင်းသားလေးတွေရဲ့ မနှစ်က ရေဘေးအလှူ လှုပ်ရှားမှု သမင်လည်ပြန်”

Swal Taw YwetApril 26, 20164min2375

မျက်နှာစာအုပ်မှာ မန့်ခဲ့ဘူးတာလေးတွေ ပြန်ဖတ်ရင်း

မျက်ရည် ဝဲရင်း Live ရေးခဲ့မိတဲ့ ကဗျာလေးတပုဒ် ပြန်တွေ့လို့

ခု ရွာထဲမှာ လာ ပြ လိုက်ပါတယ်ခင်ဗျာ။

သူကြီးရဲ့ အလှူ အတန်းနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ပို့ နဲ့ပါပေါင်းး

အနာဂါတ်အတွက် ပြင်ဆင်နိုင်ကြပါစေကြောင်းးးးးး။

ခေါင်းစဉ်မဲ့ ကဗျာလေး

ဖတ်ကြည့်ပေးပါအုံးးး။

 

 

ဒါ

အစဘဲရှိသေးရဲ့ ဘဝရဲ့လမ်း။

ကျောင်းသားဆိုတာ သေချာတာတခု မိဘနို့သက်ခံဘဝမျှသာ။

ခု

ရေဘေးကြုံနေတဲ့ ပြည်သူတွေအတွက်

ဥခွံထဲကတိုးထွက်

လမ်းဘေးမှာရပ်ရဲခဲ့ပြီ၊ ဒါ ငါတို့အတွက်လုပ်သာမဟုတ်

ဖြူစင်ရှင်းသန့်တဲ့ စေတနာရဲ့တွန်းအား

စာနာစွာ နာကျင်နေသယ့် နှလုံးသားရဲ့စေရာ

ကူကြရအောင်ပါဗျာ လှူကြရအောင်လားရှင်

အသံတွေပွင့်ထွက် မြို့မေတ္တာခံယူခဲ့ပြီ။

ဟိုးးးး မြို့ရန်ကုန်မှာ

လုပ်အားမှတပါး အခြားမရှိ နောင်တော် အမ လူငယ်တွေ

ကျနော်တို့ကိုခိုင်းပါ ရေဘေးလှူချင်လို့ပါ နဲ့ အိမ်မှုကိစ္စဝိုင်းလုပ်နေလေရဲ့။

ဟို  အိမ်ဖေါ်မလေးတယောက်

နှစ်လစာလုပ်ခ ငွေတစ်သိန်း ရေဘေးအလှူ ပါပါရစေသယ့်။

လက်ဖက်ရည်ဆိုင်စားပွဲထိုးလေး

မိမိရဲ့စုဘူးဖေါက်လှူသယ့် မူလတန်းကျောင်းသူလေး

အိမ်အပြန်ကားခချန် အပို ငါးရာတန်လေး ပစ်ချပေးခဲ့တဲ့အလုပ်သမားလေး

တယောက် တစု က စ

ကယ်နိုင်သယ့်အားတွေဖြစ်လာ ဒါ မြန်မာ။

ကျောင်းယူနီဖေါင်းနဲ့ ရင်ကော့နိုင်ခဲ့ကြပြီ။

ပေါင်းစုညီကြလို့ ရှေ့ဆက်ချီကြရမည်။

ဒါ

အစဘဲရှိသေးတဲ့ ကယ်ဆယ်ရေး

နောက် ရင်ဆိုင်ရအုံးမယ့် ပြန်လည်ထူထောင်ရေး

ရပ်လိုက်ဘို့မဟုတ်သယ့် တိုင်းပြည်အနာဂါတ်ထုဆစ်မှု

ကျောင်းသားတွေမှ လက်ဆင့်မကမ်းရင် ဘယ်ဖြစ်လာပါ့မလဲ။

ရောက်ရာကနေ ရှေ့ဆက်ဘို့

တွဲလက်တွေ ခိုင်ခိုင်ထား

မေတ္တာတရားတွေပွားများရင်း

ကျောင်းသားကျောင်းသူတွေအင်အား

ပြည်သူ့အတွက် စွမ်းအားဖြစ်ပါစေသား။ ။

တဲ့။

FB ကတဆင့် တောင်းယူထားခဲ့တဲ့ ပုံလေးတွေ ကြည့်ပါအုံးဗျာ။

Donation for flood victims 1Donation for flood victims 2Donation for flood victims 3Donation for flood victims 4Donation for flood victims 5Donation for flood victims 6Donation for flood victims 7Donation for flood victims 8Donation for flood victims 9Donation for flood victims 10Donation for flood victims 11Donation for Flood victim12Donation for Flood victim15Donation for Flood victim14မူရင်းပုံများကို ကူးယူတင်ပြခွင့် ပေးခဲ့သော FB Account – Wai Wai ( UCSM မှဆရာမ) နှင့်

ပို့စ်များအား Share ပေးခဲ့သော FB Account – Kaung Thant Lwin တို့ အား ခရက်ဒစ်ပေး မှတ်တမ်းတင်အပ်ပါသည်။

သူကြီး ပို့ စ်နဲ့ ဆက်စပ် တွေးလိုက်မိတာက ( အရင်တည်းကလည်း စိတ်ဝင်စားနေခဲ့တာက )

အခု

အဲ ဒီ ရွာလေးတွေ ဘာတွေ ဖြစ်နေကြပြီလည်း။

ပြန်လည်ထူထောင်ရေးတွေ ဘယ်လောက်ထိပေါက်ရောက်နေကြပြီလည်း။

ပုံထဲက လမ်းတွေ အခုကော ဘယ်လို လမ်းမျိုး ဖြစ်လာနေပြီလည်း။

ကောက်ရိုးမီးကြောင့်များ ကြပ်ခိုးတွေ စွဲ မဲကြုတ်များသွားကြပြီလားးး။

ဆက်ကြစေခလို။

With respect,

Swal Taw Ywet.

 

 

5 comments

  • ယမကာကျော်စွာ အူးမြောက်မြောက်

    April 26, 2016 at 9:07 am

    ဘီအီးဖိုးလေး ၂ပတ်ချန် ပြန်ထူထောင်ရန်ပေး
    အဟေးဟေး
    ဟုတ်သဟ

  • ခင်ဇော်

    April 26, 2016 at 5:10 pm

    ပြန်တူးမှပဲ
    သိတော့တယ်.. ဟီးးး
    ??

Leave a Reply