အားပေးကြပါဦး

မဝင်ဖြစ်တာကြာလို့ မေ့များမသွားပါနဲ့ဦး။ ရိုက်ကူးရေးတွေ အလုပ်များနေတာနဲ့ ရွာထဲမလာဖြစ်ဘူး ဖြစ်နေတယ်။ သူကြီး မျိုးစေ့

ပေးမယ့် ပို့စ်ကြီးတွေ့မှ ဝင်ဖြစ်တော့တာရယ်။ ဒါနဲ့ ကျတော့်ရဲ့ Movie Crazy ဆိုတဲ့ ပရိုဂရမ်လေး Episode 4 ခု တိုင်ခဲ့ပါပြီ။

 

ဒီတစ်ပတ်မှာ အထူးအစီအစဉ်လေးလည်း ပါတာကြောင့် ပြောပြပါရစေဦး။ ဒီတစ်ပတ်တော့ Parasyte ဆိုတဲ့ ဂျပန်ကားက

စိတ်ထဲရောက်နေလို့ အဲ့ရုပ်ရှင်အကြောင်းပြောဖြစ်တယ်။ ရှာရွှတ်ခန် FAN ကားကလည်း ကောင်းဆိုတော့ အဲ့သည်ကားရယ် ပြောဖြစ်တယ်။

 

အထူးအစီအစဉ်ကတော့ အစီအစဉ်အပြီး ရုပ်ရှင်နဲ့ ပတ်သက်တဲ့ မေးခွန်းလေးနှစ်ခုမေးတာပါ။ အဖြေမှန်ကို အစီအစဉ်ပြီးပြီးချင်း

မှာ ဖုန်းနံပါတ်တစ်ခုကို မက်ဆေ့ရိုက်ပို့ရတာပေါ့။ အမှန်ကန်ဆုံးနဲ့ အဖြေမှန်တဲ့ အစောဆုံး ငါးယောက်ကို ဆုလက်ဆောင်တွေပေး

တာပါ။ ပထမဆုံးအစီအစဉ်မှာ အဲ့လို စီစဉ်လိုက်တာ။ ပရိုဂရမ်က တော်တော်ပေါက်ပါတယ်။ အခု လေးပတ်မြောက်မှာ နောက်တစ်ခုပေါ့။

 

အစီအစဉ်ကတော့ DVB Channel မှာ ပဲလာတာပါ။

 

ဗုဒ္ဓဟူးနေ့ ည (၇)နာရီ (၃၀)မိနစ် မှာ အစီအစဉ် အပိုင်းအသစ်လာမှာပါ

ပြန်လည်ထုတ်လွှင့်မယ်ရက်တွေ့က ဒီမှာပါ။

ကြာသပတေး ည (၉)နာရီ (၁၅)မိနစ်

စနေနေ့ နေ့လည် (၁၂)နာရီ (၃၀)မိနစ်

တနင်္ဂနွေ နေ့ နံနက် (၉)နာရီ (၃၀)မိနစ်

 

ဘာပဲဖြစ်ဖြစ် အားပေးဝေဖန်ပေးပါဦး။

သူကြီးရေ မျိုးစေ့လေးတွေပေးရင် ကျတော်ကိုလည်း မမေ့နဲ့နော် 😛

 

sc01 sc02 sc03  33333 44444222

 

လေးစားစွာဖြင့်

အောင်မိုးသူ

12 comments

  • Thint Aye Yeik

    April 27, 2016 at 4:14 pm

    link ကို ကလစ်ပြီး ကြည့်လို့ရရင် ကောင်းမယ်။
    နာ့မှာ တယ်လီဗေးရှင်း မရှိလို့

  • Ma Ma

    April 27, 2016 at 9:09 pm

    DVB ဆို အားပေးဖြစ်တယ်။
    အဲဒီမှာမိုးသူကို တွေ့လိုက်တော့တောင် အဲဒါတို့ရွာသားလို့ ပြောမိသေးတယ်။
    ဒီနေ့တော့ နောက်ကျသွားပြီ။
    နောက်ဆို DVB မှာ Movie Crazy ကို စောင့်ကြည့်ရအုံးမှာပေ့ါ။
    🙂

    • အောင် မိုးသူ

      April 28, 2016 at 8:42 am

      ဒီနေ့ ညကိုးနာရီခွဲနော် အမေးအဖြေအစီအစဉ် မီသေးတယ် မလွတ်စေနဲ့ 🙂

  • ko six

    April 27, 2016 at 10:43 pm

    ဟုတ်ကဲ့
    စောင့်ကြည့်လိုက်ပါ့မယ်

  • ဝင့်ပြုံးမြင့်

    April 28, 2016 at 12:11 pm

    သွားတက်လေး အရမ်းတော်တယ်။ တကယ့်ရွာသား။

  • ခင်ဇော်

    May 1, 2016 at 5:17 pm

    မမဂျီးး လာရင်
    ပါမှာ ပါမှာနော်..
    တီဗီ အစီအစဉ်မှာ ပါမှာ ပြောဒါ
    ဟိဟိ
    :k:

  • Yae Myae Tha Ninn

    May 3, 2016 at 5:20 pm

    တီဗွီမကြည့်တာ ကြာပေါ့… ကလေးတယောက်နဲ့ လုံးလည်နေတာ… ဖေ့စ်ဘွတ်မှာတော့ တွေ့ပါ့… ဝင်တုန်း မန့်သွားတယ်… 🙂

  • Thint Aye Yeik

    May 10, 2016 at 1:11 pm

    ဖေ့ဘုတ်မှာ တွေ့တုန်း… သုံးလေးပိုင်းလောက် ကြည့်လိုက်ပြီးပြီ…
    Parasyte ဆိုတဲ့ ဇာတ်ကားကိုဆိုရင် မိုးသူ ညွှန်းထားတာ ကြည့်ပြီးမှ… ဒေါင်း ကြည့်တာ… ။ အစက..သိပ် စိတ်မဝင်စားခဲ့ဘဲ…မိုးသူ ညွှန်းတာ ကြည့်ပြီးတော့မှ…ဒေါင်း ကြည့်တာ။

    ဒါနဲ့… အဲအစီအစဉ်မှာ
    မိုးသူ စကားပြောတာ…နည်းနည်း အသက်မပါဘူးလားလို့….
    ဟန်ပန်မူယာက သိပ်မသွက်သလိုလို… ပြီးတော့… နည်းနည်း ရှက်နေ ကြောက်နေသလိုလိုများလား…
    သူငယ်ချင်း ချင်းမို့….ဝေဖန်ကြည့်တာနော်။

    ဒါမယ့်..ကျနော်ဆို…ကင်မရာရှေ့ရပ်ပြီး…အဲ့လောက်ကို ဖြစ်လာမှာမဟုတ်….
    .အားပေးနေပါကြောင်း…

Leave a Reply