ပြောပါ

ko sixApril 28, 20161min19612

လေတိုက်သလို
ကျည်ဆံတွေဟာ နားနဲ့မဆံ့
မှန်မလိုပါဘူး
မျက်လုံးတွေဖွင့်ထားပုံက
အလကားသက်သက် ရီကော်ဒါပါ
အသံဆိုတာ
နရံခြားထားလည်း ကြားရပါတယ်။
ဆိုတော့ကာ
အမှောင်ထဲမှာ
စကားလုံးတွေကို အရောင်ခွဲနိုင်နေမှတော့
ကောင်းတာတွေကို ရွေးကောက်ပေါ့
အသံကြောင့်
သေသွားတဲ့ ရာဇဝင်ရုပ်လေး
မျက်နှာချင်းဆိုင်က
မျက်လုံးမှာ တက်တူးအဖြစ်ထိုးထားပါတယ်။
ငါတို့
တိုးတိုးလေးသုံးဖို့
အသံသွင်းထားကြရအောင်
ကိုစစ်

12 comments

  • ယမကာကျော်စွာ အူးမြောက်မြောက်

    April 29, 2016 at 10:02 am

    ပြောပါ တောရွာ မောထာ ဇကောဖျာ

    • ko six

      May 1, 2016 at 8:10 am

      မောထှာ၊ ရောပါ ၊ ကလောနှာ ၊ အဲ ပေါချာ

    • ko six

      May 1, 2016 at 8:10 am

      ကီတိနော် ကီတိ

  • Thint Aye Yeik

    April 29, 2016 at 5:10 pm

    ဆရာစစ်
    ကဗျာစာအုပ် ထုတ်ဖို့ အစီအစဉ် ရှိလား…
    တစ်ကိုယ်တော် ဖြစ်ဖြစ်…
    နှစ်ကိုယ်တော်ဖြစ်ဖြစ်….(နှစ်ကိုယ်တော်ဆိုရင်..ကျနော့်ကိုရွေး..ကျနော့်ကိုရွေး… )

    :k:

    • ko six

      May 1, 2016 at 8:11 am

      ထုတ်နိုင်ငေးပါဘူးဗျာ

      • ဝင့်ပြုံးမြင့်

        May 9, 2016 at 4:24 am

        ၂ယောက်ပေါင်းထုတ်ရင် အတွဲညီမယ်ထင်တာပါပဲ။ နာမည်ကြီး ကဗျာဆရာ တစ်ယောက်ရဲ့ ကဗျာပေါင်းချုပ် က ဖတ်မကောင်းဘူး။ ဟုန်နေတယ်။ အစပ်အဟပ်ပေါ့။ ကိုသူရနဲ့ ကိုစစ် ဆိုရင် အစပ်အဟပ်တည့်မှာ။

        • ko six

          May 11, 2016 at 7:40 am

          ကဲ
          ဆာရာကိုသူရရေ
          ဖတ်တင်း ဟင်းဟင်း

    • ko six

      May 1, 2016 at 8:11 am

      ဆက်လက်ချီတက်ပါမည်။

  • Yae Myae Tha Ninn

    May 5, 2016 at 5:16 pm

    ဂွတ်ထ… ဂွတ်ထ…

    • ko six

      May 6, 2016 at 7:47 pm

      ဟုဟု
      ထဂွတ်ပါ

Leave a Reply