” စိတ်သာ ရှင်စော”

“ စိတ်သာ ရှင်စော”

IMG_0378 [1600x1200]

နေ့နေ့ ညည

ပြေးပြေး လွှားလွှား

ရှာရှာ မောမော

အတောမသတ်

မရပ်မနား

တသွားထဲ သွား

စိတ်တွေမအားလေသောအခါ

“ဗလာ နတ္ထိ

ဘာမျှ မရှိခြင်းသည်လည်း

ကောင်းလေစွ တကား”

စိတ်မှတ်ထားသည်

ထန်းရေ အမူးမပြေခင်ထိ။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

1-5-2016

4 comments

  • ဦးဦးပါလေရာ

    May 3, 2016 at 10:39 am

    မောတဲ့အခါ နားချင်တာ သဘာဝပေါ့ ကိုပေါက်ရေ..
    နားတာကြာတော့လဲ
    ပျင်းသလိုလို ညောင်းသလိုလိုနဲ့
    မရိုးမရွဖြစ်လာတတ်ပြန်ရော..

  • ယမကာကျော်စွာ အူးမြောက်မြောက်

    May 3, 2016 at 12:49 pm

    ပွင့်လင်း မြင်သာဒယ်ဆိုဒါ ဒါဂိုပေါဒါ အူးလေးရ

  • Yae Myae Tha Ninn

    May 3, 2016 at 5:07 pm

    အဲကြောင့် တားလဲ ညတိုင်း ခေတ္တခဏ မေ့အောင် လုပ်လုပ်နေတာ… ဒွတ်… အားပေး၏…

  • သျှားသက်မာန်

    May 24, 2017 at 1:16 pm

    နားလည်သလိုလို နားမလည်သလိုလို

Leave a Reply