အရောင်ရင့်မှတ်တမ်း – မေလ ၂၀၁၆

kaiMay 3, 20162min107238

မြန်မာ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှု လုပ်ထုံးလုပ်နည်းလျော့ချ

3 May 2016

ရွှေပြည်သာမြို့နယ်တွင် နိုင်ငံခြား သတင်းထောက်တစ်ဦးမှ ၎င်း၏ မြန်မာဗီဇာကို လူဝင်မှု ကြီးကြပ်ရေးနှင့် အထူးရဲတပ်ဖွဲ့ဝင်များအား ပြသ အစစ်ဆေးခံနေစဉ်။ ဓါတ်ပုံ – (Zinlaut Aung/VOA News)

ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှုတွေမှာ လုပ်ထုံး လုပ်နည်းတွေ ကို လျှော့ချပေးပြီး နေထိုင်ခွင့် ကာလကိုလည်း တိုးမြှင့်ပေးဖို့ ဆောင်ရွက်နေတဲ့ အကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြောခွင့်ရ ပုဂိ္ဂုလ်က ပြောဆိုပါတယ်။ ဒါ့အပြင် အမည်မည်း စာရင်းသွင်းခံထားရသူ တချို့ကို ဖြေလျော့သက်သာခွင့်ပေးဖို့ အစိုးရကို တင်ပြသွားမှာ ဖြစ်သလို အသက် ၁ဝ နှစ်ပြည့်တဲ့ ကလေးငယ် တိုင်း နိုင်ငံသားစိစစ်ရေး ကတ်တွေ ထုတ်ပေးနိုင်ရေး အတွက်လည်း စီစဉ်နေတယ်လို့ ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြ ထားပါတယ်။

ဟုတ်ကဲ့ပါ။

မြန်မာနိုင်ငံတွင်း ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှုတွေမှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အညီ လုပ်ထုံးလုပ်နည်းတွေကို လျှော့ချပေးပြီး နေထိုင်ခွင့် ကာလကိုလည်း တိုးမြှင့်ပေးဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ်။ ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဗီဇာနဲ့ ပက်သက်ပြီး ဖြေလျော့မယ် ဆိုတာက တချို့ ဗီဇာ တွေမှာ၊ ပြည်ဝင်ဗီဇာတွေမှာ မြန်မာနိုင်ငံရဲ့ သံရုံးတွေမှာ သွားလျောက်တဲ့ အခါမှာ အထောက်အထားအနေနဲ့ အရင်တုန်းက တောင်းတာတွေ ရှိတာပေါ့။ ဥပမာ business visa ဆိုရင် သူ့ကုမ္ပဏီက အခွန်ဆောင်ပြီးကြောင်း ပြေစာတွေ ဘာတွေ တောင်းတာရှိတယ်။ ဒါပေမယ့် အချို့ ကုမဏီတွေက အသစ်ဖြစ်တဲ့ အတွက် အခွန်ဆောင်ရတာ ဘာညာတွေ မလုပ်ရသေးဘူး။ အဲတော့ သူတို့မှာ အဲဒါတွေ ပြဖို့ အခက်အခဲ ဖြစ်နေတယ်။  အဲဒါကြောင့် ကုမ္ပဏီ အသစ်တွေဆိုရင် အခွန်ဆောင်ရတဲ့ အခြေအနေ မရောက်သေးဘူးဆိုရင် အခွန်ဆောင်ရတဲ့ ပြေစာကို မတောင်းတော့ဘူးပေါ့။ တချို့ မြန်မာနိုင်ငံကို လာမယ် ဆိုလို့ရှိရင် ဘယ်နေရာမှာ တည်းမယ်။ တည်းမယ့် နေရာကို ဟိုတယ် ငှားရမ်းခတွေ ဘွတ်ကင် လုပ်ထားတဲ့ ပြေစာတွေ ဘာတွေ တောင်းတာရှိတယ်။ အဲဒါကို မတောင်းတော့ဘူး။ ဘယ်ဟိုတယ်မှာ တည်းမယ် ဆိုတာကို ဖြည့်ပေးလိုက်ရင် ရပြီ။ ပြောချင်တာကတော့ အထောက်အထား စာရွက် စာတမ်းတွေ တောင်းတာ မှန်သမျှကို သိပ် မလိုအပ်ဘူးလို့ ယူဆရင် မတောင်းတော့ပဲနဲ့ ဖြေလျော့ပေးမယ့် အနေအထားပေါ့။”

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးရဲ့ ရက် ၁၀ဝ စီမံကိန်း ဦးစားပေး လုပ်ငန်းတွေ အဖြစ် အလုပ်ရှင် အလုပ်သမား အရေး၊ နောက် ရွှေ့ပြောင်းနေထိုင်သူတွေ အတွက် မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းတွေ လုပ်ဆောင်ပေးဖို့လည်း စီမံကိန်းချ ဆောင်ရွက်နေတယ်လို့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

“နိုင်ငံသား မှတ်ပုံတင် လုပ်ပေးတဲ့ လုပ်ငန်းတွေပေါ့။ ဒါဆိုလို့ ရှိရင် ကလေးတွေကို ကျောင်းတွေမှာ လိုက်ပြီးတော့ အသက် ၁ဝနှစ်ပြည့်ရင် ၁ဝနှစ်ပြည့် နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးနိုင်အောင် ကျောင်းတွေ အရောက် နယ်မြေဆင်းပြီးတော့ စီမံချက်တွေနဲ့ လုပ်နေပါတယ်။ ရွေ့ပြောင်းတဲ့ သူတွေကိုလဲ ဒီလိုပဲ၊ ရွေ့ပြောင်းလူဦးရေတွေကို သက်ဆိုင်ရာ နယ်မြေတွေမှာ နေထိုင်တ ၆လနဲ့ အထက် ကြာသွားပြီ။ သက်ဆိုင်ရာ လက်ရှိနေတဲ့ နေရာက ရပ်ကွက် အုပ်ချုပ်ရေးမှုးတို့ ဘာတို့ ဒီလို သက်ဆိုင်ရာ အဆင့်ဆင့်ကလဲ ထောက်ခံတယ်။ ပတ်ဝန်းကျင်ကလည်း သူဟာ ရိုးရိုးသားသားနဲ့ ကောင်းကောင်းမွန်မွန်နေတယ် ဒီလို အထောက်အထားတွေ ပြည့်စုံတယ်ဆိုရင် သူတို့ကိုလည်း အိမ်ထောင်စု စာရင်းတို့ မှတ်ပုံတင်တွေ ထုတ်သွားပေးဖို့ ဒါတွေ ဆောင်ရွက်သွားဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။”

ဒါ့အပြင် နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol က သတ်မှတ်ထားတဲ့ အန္တရာယ် ရှိသူ စာရင်းမှာ မပါဝင်ဘဲ မြန်မာ အစိုးရ ဝန်ကြီးဌာနတွေက အမည်မည်း စာရင်း သွင်းထားသူတွေကိုလည်း အစိုးရအဖွဲ့ကို တင်ပြပြီး ဖြေလျှော့ ပေးသွားနိုင်အောင် လုပ်ဆောင်ဖို့လည်း စီစဉ်ထားပါတယ်။ လက်ရှိ အမည်မည်း စာရင်း Black List သွင်းထားတဲ့ အရေအတွက် ၈၀၀ဝ နီးပါး ရှိပြီး ၄၀၀ဝ လောက်ကတော့ လူတွေ မဟုတ်ဘဲ ခိုးယူခံရတဲ့ ဒါမှမဟုတ် လည်း ပျောက်ဆုံးသွားတဲ့ နိုင်ငံကူး လက်မှတ်တွေရဲ့ အချက်အလက်တွေ ဖြစ်ပြီး ကျန်တဲ့ ၄၀၀ဝ လောက်ကတော့ လူပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

မြန်မာ အစိုးရ ဝန်ကြီးဌာနတွေက ပြစ်မှုကျူးလွန်သူတွေ အဖြစ် အမည်မည်း စာရင်းသွင်း ထားသူကတော့ ရာဂဏန်းလောက်ဘဲ ရှိတယ်လို့လည်း ဝန်ကြီးဌာနက ပြောဆိုပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

=============

ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာနဲ့ မြန်မာနိုင်ငံ

3 May 2016

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်မှ ထုတ်ပြန်သော ၂၀၁၆ ခုနှစ်အတွက် ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ။

မြန်မာနိုင်ငံအပါအဝင် ကမာ္ဘတဝှမ်းမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘာသာရေးလွတ်လပ်ခွင့် အခြေအနေဟာ အကြီးအကျယ် လျော့ကျသွားခဲ့တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က တနလာင်္နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ် ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပသေးခင် အခြေအနေကို အစီရင်ခံစာက အဓိကထား ရေသားတာ ဖြစ်ပေမယ့် အစိုးရသစ်အနေနဲ့ ဘာသရေးလွတ်လပ်ခွင့် တိုးတက်အောင် ဘာတွေ ဆောင်ရွက်သင့်တယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းရေးသားထားပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။

ကမာ္ဘတဝှမ်း အာဏာရှင်ဆန်တဲ့ အစိုးရတွေလက်အောက်မှာ ဘာသာရေး ယုံကြည်ချက်ကြောင့် လူတွေ ဖမ်းဆီးထောင်ချ ခံနေရတဲ့အကြောင်း၊ အဲဒီအထဲမှာ မကြခဏဆိုသလို ဖမ်းဆီးခံရသူ အများစုဟာ ခရစ်ယာန်နဲ့ မူဆလင်တွေ ဖြစ်ကြတဲ့အကြောင်း ကော်မရှင်ရဲ့ အစီရင်ခံစာက ဖေါ်ပြပါတယ်။ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်စတဲ့ နိုင်ငံတွေက ဘာသာရေးဖိနှိပ်မှုတွေကို ထုတ်ဖေါ်ပြောဆိုတဲ့ တချိန်တည်းမှာ အမေရိကန် အစိုးရနဲ့ မဟာမိတ်အဖြစ် လက်တွဲနေတဲ့ ဗီယက်နမ်နဲ့ အီဂျစ်နိုင်ငံတွေက ဘာသာရေး ဖိနှိပ်မှုတွေကိုလည်း USCIRF အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာ မှာ ရေးသားထားပါတယ်။

နိုင်ငံပေါင်း ၃ဝ ကျော်က ဘာသာရေး ဖိနှိပ်မှုတွေကို အစီရင်ခံ တင်ပြထားတဲ့ တချိန်တည်းမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တရုတ်၊ စတဲ့ အာရှ သုံးနိုင်ငံ အပါအဝင် ၁ဝ နိုင်ငံကို အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေ စာရင်းမှာ ဆက်ပြီး ထည့်သွင်းဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဆီ အဆိုပြုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ဘင်္ဂလီလို့ခေါ်တဲ့ ရိုဟင်ဂျာတွေ အပေါ်မှာ ဘာသာရေး လူမျိုးရေး အကြောင်းပြ ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာကို အစီရင်ခံစာက ဖေါ်ပြပါတယ်။ အစီရင်ခံစာပါ အချက်တွေနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် အဖွဲ့ကြီးရဲ့ အရှေ့အာရှရေးရာ သုတေသနမှူ းTina Mufford က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ အမုန်းတရား ပျံ့ပွားအောင် ထုတ်ဖေါ်ပြောဆိုတာတွေ၊ အထူးသဖြင့် မူဆလင်တွေအပေါ်၊ ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူတွေအပေါ် အကြမ်းဖက်မှုတွေ ရှိနေတာကို ကျမတို့ တွေ့ခဲ့ရပါတယ်။ လူမျိုးရေး ဘာသာရေးအရ ခွဲခြားတဲ့ ဥပဒေလေးခုကို အတည်ပြုခဲ့တာလည်း ရှိပါတယ်။ မူဆလင်တွေ အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးပို်င်ခွင့် ဆုံးရှုံးခဲ့တာတွေ ရှိသလို၊ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိခဲ့တာတွေလည်း တွေ့ခဲ့ရပါတယ်။”

အစီရင်ခံစာမှာ တိုင်းရင်းသား လူမျိုးစုဒေသတွေက ခရစ်ယာန် ဘာသာရေး လူနည်းစုတွေကို ပစ်မှတ်ထားတဲ့ ခွဲခြား ဆက်ဆံမှုတွေအကြောင်းကိုလည်း ထည့်သွင်းထားပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်မှာ အနည်းဆုံး လူတစ်သိန်း လောက် ပြည်တွင်း အိုးမဲ့အိမ်မဲ့အဖြစ် ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီထဲက အများစုဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေး၊ နိုင်ငံရေး အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မယ့် နိုင်ငံတကာ သဘောတူညီချက်တွေမှာ ပိုပြီး ပါဝင်လာအောင် တွန်းအားပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာ ဘာသာရေးဆိုင်ရာ လူနည်းစု၊ တိုင်းရင်းသား လူမျိုးစုတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အာမခံနိုင်မယ့် ဥပဒေတွေ ပြဌာန်းပြီး ခိုင်ခိုင်မာမာ ကျင့်သုံးနိုင်အောင် တိုက်တွန်းဖို့လည်း အမေရိကန်ပြည်ထောင်စုကို အဆိုပြုထားပါတယ်။ အရှေ့အာရှရေးရာ သုတေသနမှူး Tina Mufford က အခုလို ဆက်ပြောပါတယ်။

“ကျမတို့ ဘက်က အဆိုပြုချက်တွေဟာ ယေဘူယျအားဖြင့် အမေရိကန် အစိုးရကို အဓိက တင်ပြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း နောင် အာနာဂတ် မှာ ရှေ့ဖြစ်လာဖို့ မျှော်လင့်တဲ့ အလားအလာတွေကို အဆိုပြုတာ ဖြစ်ပါတယ်။ လာမယ့်နှစ်တွေ အတွင်း မြန်မာအစိုးရက တိုးတက်အောင် ဆောင်ရွက်လာမယ်လို့ မျှော်လင့်တဲ့ မျှော်လင့်ချက်တွေကို ထင်ဟပ်နေတယ်လို့ ပြောရမှာပါ။ ဧပြီလ ၁၄ ရက်နေ့ကလည်း ဒီကိစ္စကို ကျမတို့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။”

ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ USCIRF ရဲ့ ကြေညာချက် က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ အစိုးရသစ်ကို အဓိက ဦးတည် ထုတ်ပြန်ခဲ့တာပါ။ မြန်မာ အစိုးရသစ် အနေနဲ့ ဘာသာရေး ဒါမှမဟုတ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးပြီးတော့ နှစ်သစ်ကို စတင်ပါလို့ ကော်မရှင်က တိုက်တွန်းခဲ့ပါတယ်။

နှစ်ပေါင်း ၅ဝ ကျော်အတွင်း ရွေးချယ်ခံ ပထမဆုံး အရပ်သား သမ္မတ ဦးဆောင်တဲ့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့် အပါအဝင် တရားဥပဒေ စိုးမိုးရေးတွေအပေါ် ခိုင်မာတဲ့သန္နိဋ္ဌာန် ရှိတယ် ဆိုတာကို သက်သေပြ ရမယ်လို့လည်း USCIRF ကပြောဆိုထားပါတယ်။
ဒီကော်မရှင်ဟာ ကမာ္ဘတဝှမ်း ဘာသာရေး လွတ်လပ်ခွင့် ဒါမှမဟုတ် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်တွေကို စောင့်ကြည့် လေ့လာတဲ့ သီးခြား လွတ်လပ်တဲ့ ကော်မရှင်တခု ဖြစ်ပါတယ် ခင်ဗျား။

ဦးသိန်းထိုက်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

38 comments

  • ယမကာကျော်စွာ အူးမြောက်မြောက်

    May 3, 2016 at 2:09 pm

    ■့မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် ဂျပန်နိုင်ငံက ဖွံ့ဖြိုးမှု မိတ်ဘက်အဖြစ် ဆက်လက်ဆောင်ရွက်မည် ■
    ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
    နေပြည်တော် မေ ၃
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမီအို ခီရှိဒ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ လက်ခံတွေ့ဆုံသည်။
    ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့ အစိုးရသစ် စတင် တာဝန်ယူချိန်တွင် ဂျပန်အစိုးရက ကြိုဆိုမှု၊ ဂုဏ်ပြုမှုတို့အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ ကူမာတိုမို ငလျင်ကိစ္စဖြစ်ပွားမှုအတွက် ဝမ်းနည်းပါကြောင်း၊ သံတမန်သက်တမ်း နှစ် (၆၀) ကျော် ကာလအတွင်း အကူအညီများစွာ ပေးအပ်ခဲ့ခြင်းအတွက် များစွာ ကျေးဇူး တင်ရှိသကဲ့သို့ ဆက်လက်ကူညီပေးသွားနိုင်ရန်လည်း မျှော်လင့်ပါကြောင်း၊ တစ်လ သက်တမ်းသာရှိသေးသည့် အစိုးရ၏ ဆောင်ရွက်မှုများကို အသိအမှတ်ပြုခြင်း အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူတို့၏ ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
    အလားတူ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ် ဆောင်ရွက်ချက်များအား ဆက်လက်စောင့်မျှော်လျက် ရှိပါကြောင်း၊ ဂျပန် နိုင်ငံအနေဖြင့် အာဆီယံနှင့်တကွ အာဆီယံနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်း များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကူမာမိုတို ငလျင်ဒဏ်သင့်ခဲ့မှုအပေါ် မြန်မာအစိုးရက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ခြင်းအတွက် ကျေးဇူးတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
    ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဧည့်သည်တော် ဝန်ကြီးတို့သည် –
    ■ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကူအညီပေးရေး၊
    ■ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုးမှု မိတ်ဘက်အဖြစ် ဆက်လက်ဆောင်ရွက်သွားရေး၊
    ■ မြန်မာနိုင်ငံ၏ ငွေကြေး ဈေးကွက်၊ ဘဏ္ဍာရေးဈေးကွက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်း လာစေရေး၊
    ■ သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်လုပ်ငန်းရှင်များ ဆက်လက် ရင်းနှီးမြှုပ်နှံရေး၊
    ■ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် အကူအညီပေးရေး၊
    ■ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ၏ အရိုးရှာဖွေ ကောက်ယူခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊
    ■ နှစ်နိုင်ငံ ပြည်သူများအကြား အကျိုးစီးပွား မြှင့်တင်နိုင်ရေးအတွက် Japan-Myanmar Joint Initiative ဖွဲ့စည်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။
    တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဧည့်သည်တော် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မစ္စတာ တာတဲရှိ ဟိဂုချိလည်း တက်ရောက်သည်။

    Myanmar President Office

  • မြစပဲရိုး

    May 4, 2016 at 4:32 am

    သူကြီး မင်း ရဲ့ သမိုင်းထဲ မှာ ကျန်စေချင်လွန်းလို့ ဒီလောက် သတင်းပို့ နေတာ သိပုံ မရဘူး။ lol:-)))

    http://www.bbc.co.uk/sport/football/35988673
    2 May 2016
    Leicester City have won the Premier League title in one of the greatest sporting stories of all time.

    Tottenham’s 2-2 draw at Chelsea on Monday confirmed a stunning achievement for Claudio Ranieri’s side.

    Leicester started the campaign as 5,000-1 outsiders for the title after almost being relegated last season.

    But they have lost just three league games in what has been described as a “fairytale” and the “most unlikely triumph in the history of team sport”.
    +++++++++++++++++++++++++
    http://www.dailymail.co.uk/sport/football/article-2765780/Leicester-players-blessed-Buddhist-monks-5-3-Manchester-United-win.html
    monks before beating Manchester United 5-3… manager Nigel Pearson says they can come every week!
    By Laurie Whitwell for the Daily Mail
    Published: 22:40, 22 September 2014 | Updated: 18:40, 23 September 2014

    Leicester City players were given a helping hand before their stunning victory over Manchester United by Buddhist monks, who blessed them at the King Power Stadium.

    Scorers David Nugent and Jamie Vardy wore necklaces featuring Buddha figures after their 5-3 win and manager Nigel Pearson greeted the men in orange warmly, saying: ‘You can come every week!’

    • kai

      May 4, 2016 at 5:52 am

      ထိုင်းလူမျိုးက ဗုဒ္ဓရှ်က ပိုင်တယ်..။ ခရစ်ယန်နဲ့ မွတ်စလင်တွေက.. ကန်ပေးတယ်..။
      အသင်းတသင်းလုံးအောင်မြင်တယ်..။ တကမ္ဘာလုံးက ဘော်လုံးဝါသနာရှင်တွေပျော်ကြတယ်..။
      အဲလိုမဟုတ်လား..။ :k:

      • ယမကာကျော်စွာ အူးမြောက်မြောက်

        May 4, 2016 at 9:31 am

        အဲတာထက် သဂျီးပြောဒဲ့ ငှက်နှစ်ကောင် ပကျိ ပကျိ အော်လို ့ ဖြစ်လာတဲ့ ဂယက်တွေကြောင့် လက်စတာ ချန်ပီယံဖြစ်တာ
        ဘာမှန်းလဲမသိ ရမ်းမတုတ်ကြနဲ ့

    • မြစပဲရိုး

      May 7, 2016 at 4:09 pm

      It represents that fact that the group are not considered Burmese citizens. Instead, they are referred to in the rest of the country as “Bengalis”, implying that they are largely illegal interlopers from neighbouring Bangladesh.

      It comes as a Burmese activist was arrested for claiming on Facebook that Min Aung Hliang, the country’s army chief, did not seize power because he wants to marry Ms Suu Kyi.
      +++++++++++++++++++++++

      အပေါ်က စာသား အဓိပ္ပါယ်က ဘာကို ပြောတာလဲ မသိ?
      Burmese activist ဆိုတာ နေမျိုးဝေ လား?
      သူ့ကို ဖမ်းတာ ဒါကြောင့်လား?
      ဒီလို ပြောခဲ့တာ ဆိုရင်တော့ လောလောဆယ် အစိုးရ ကို ဆန့်ကျင်စကားပြောသူ တွေ အတွက် အရိပ်မဲ ကြီးဘဲ။
      အတော်လေး အသိပညာ ဆင်ခြင်အားနည်း တာ ပေါ်လွင်သွားတာ ကမ္ဘာ သိရော။ ကောင်းတယ်လို့ဘဲ ပြောတော့မယ်။
      လက်ရှိအစိုးရ ကို အပုတ်ချ ဆန့်ကျင် ဆန္ဒပြ နေတာ ဒီလို လူ တွေ အများစု သာ ဖြစ်တော့လဲ ပြောရရင်တော့ သူများတွေ ကို နှိမ်ပြောတယ်ဖြစ်တော့မှာမို့ တော်ပါပြီ။

      လောလောဆယ် မတော့ ….
      ဒေါ်အောင်ဆန်းစုကြည် ရဲ့ Bodygurad ဖြစ်လိုက်ရင် ကောင်းမှာဘဲ လို့ တွေးပြီး အသက် ၂၅နှစ်လောက် ပြန်ငယ်ချင်တယ်။ 😀 😉 :-)))

      • kai

        May 7, 2016 at 5:26 pm

        ဟုတ်တယ်ဗျ..။ နေမျိုးဝေ..ဖဘမှာ “လင်ငယ်”ဆိုတဲ့စကားလုံးသုံးပြီးကို.. အဲလိုရေးထားတယ်..။
        စာနဲ့ရေးပြီး.. စော်ကားလို့ဆိုပြီး.. တရားရုံးတောင်မတင်သေးပဲ.. ဖမ်းပြီးထောင်ထဲထည့်တာကိုတော့.. လုံးဝမကြိုက်..။
        ဒီမိုကရေစီအစိုးရက.. ဒါမျိုးမလုပ်သင့်ဟုထင်ကြောင်း..။
        I do not agree with what you have to say, but I’ll defend to the death your right to say it. Evelyn Beatrice Hall
        Read more at: http://www.brainyquote.com/quotes/quotes/e/evelynbeat109645.html

    • မြစပဲရိုး

      May 7, 2016 at 5:01 pm

      ပြောရရင် ဒီလို လူတွေ ပြောတာ ကို အလုပ်ရှုပ်ခံပြီး ဖမ်း မနေသင့်ဘူး။
      ဘယ်လို လူ က ဘယ်လို အဆင့် နဲ့ ဘယ်လိုပြောတယ် ဆိုတာ သိလာကြပြီဘဲ။
      Freedom of expression ကို လေးစား သဖြင့် ကိုယ်ထိလက်ရောက် မဖြစ်သမျှ၊ Hate speech မပါသမျှ တော့ ပေလယျကံ ထားလိုက်ပြီးရော။
      အခု လူ ကတော့ ဘာတွေ ပြောနေတယ် မသိ။
      ဟိုး အရင် ကိုယ့်အသိုင်းအဝိုင်း ထဲ မကြားဘူး တဲ့ ဆဲ ဆို နေတတ်တဲ့ လူတန်းစားမျိုးတွေ၊ ကျား နဲ့ မ တွဲပြီးအလုပ်လုပ်တာ ကို အလကားနေရင်း ပေးစား နေတတ် တဲ့ လူတန်းစား တွေ FB ထဲ မှာ ရှိနေရော။
      Facebook ဆိုတာ လူတန်းစား ဘယ်သူမဆို တစ်ညီ တစ်ညာ ထဲ သုံးခွင့် ရှိနေ မှတော့ ကိုယ်က ဒီ လို အတန်းထဲ မကြည့်မိ၊ မဝင်မိအောင် ရှောင် နေဖို့ဘဲ ရှိတော့တယ်။

  • kai

    May 7, 2016 at 5:21 pm

    အရေးပါသော ကော်မတီလေးခုကို သမ္မတ လက်မှတ်ရေးထိုးဖွဲ့စည်း
    No.1081 Saturday, May 7, 2016

    သမ္မတဦးထင်ကျော်သည် စာရင်းအချက်အလက်များမှန် ကန်ရေးနှင့် အရည်အသွေးပြည့် ဝရေးကော်မတီ၊ မြန်မာနိုင်ငံအ မျိုးသားရှာဖွေကယ်ဆယ်ရေး ကော်မတီ၊ တည်ဆောက်ရေးလုပ် ငန်းစိစစ်ရေးကော်မတီနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်တို့ကို အမိန့်ကြော်ငြာစာအမှတ် (၇၊ ၈၊ ၉၊ ၁၀) တို့ဖြင့် အသီးသီးဖွဲ့စည်း ခြင်းဖြစ်သည်။

    http://www.7daydaily.com/story/64184

  • kai

    May 11, 2016 at 1:48 am

    ကျနော်တို့ ချဉ်းကပ်မှုက တကမ္ဘာလုံးမှာရှိတဲ့ ဘယ်နေရာက လူ့အဖွဲ့အစည်းမဆို သူတို့ကို ခေါ်စေချင်တယ်ဆိုတဲ့အတိုင်း ကျနော်တို့က ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ အဲဒါဟာလည်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ချဉ်းကပ်မှု ရပ်တည်မှု ဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့လည်း အရင်ကတည်းက အဲဒီအတိုင်းပဲ ရပ်တည်ခဲ့သလို ဆက်လက်ပြီးတော့လည်း ဒီအတိုင်းပဲ ရပ်တည်သွားမှာ ဖြစ်ပါတယ်။

    (သံအမတ်ကြီး Scot Marciel)

    အကျယ်ဖတ်လိုက http://www.rfa.org/…/ne…/us-use-rohingya-05102016073632.html
    =
    “Our position globally and our international practice is to recognize that communities anywhere have the ability to choose what they should be called… and we respect that,” said Marciel, in response to a question on whether he intended to continue using the term Rohingya.

    • မြစပဲရိုး

      May 11, 2016 at 11:03 am

      လောလောဆယ်မှာ ကိုယ့်နိုင်ငံ ထဲ မှာ အစွန်းထွက် သမ္မတ တစ်ယောက် သမိုင်းဝင်ပြီး နိုင် သွားမဲ့ အရေး ကို အရင် ကာကွယ်ပါဦး ဆရာသမား ရယ်။
      မဟုတ်ရင် ရှင်တို့ ပေါ်လစီ တွေ ရှေ့နှစ် မှာ ပြောင်းပြန်ဖြစ်ကုန်မယ်။
      တကယ်တော့ သိမှာပါလေ။
      တစ်ခါတစ်လေလဲ ဒီလို ဘဲ -င်ပိတ်ငြင်းပြရတာ နိုင်ငံရေးဘဲလားမသိ။ 🙄

      • kai

        May 11, 2016 at 12:15 pm

        အခုသံအမတ်က.. လစ်ဘရယ်ပါတီကခန့်တာမို့.. သူကိုယ်တိုင်လည်း..လစ်ဘရယ်သမားဖြစ်ဖို့များပါတယ်..။
        ဒေါ်နယ်ထရမ့်သမ္မတမဖြစ်ဖို့.. ပိုတောင်အားစိုက်မယ်ဖြစ်သေး…။
        ဒါကတပိုင်း….။

        သာမန်အားဖြင့်တော့.. ဒီရိုဟင်ဂျာကိစ္စက… ပေါ်လစီလောက်အထိတောင်မသွားလောက်ပါဘူး..
        သာမန်အဆင့်လို့.. ထင်တာပါပဲ..။
        သူ့လူမျိုးသူပေးချင်တဲ့နာမယ်ပေးတာ.. ခေါ်ချင်သူက..ခေါ်ချင်ခေါ်မယ်ပေါ့…။

        လက်တွေ့မှာကတော့.. မြန်မာက.. ရိုဟင်ဂျာကိုလူမျိုးဖြုတ်နေပါတယ်ဆိုတာကို.. ယူအက်စ်က.. မထောက်ခံ..
        အဲဒါကြောင့်.. ယူအက်စ်တရားရုံးမှာ တရားစွဲထားတာတွေ.. လော့ဘီလုပ်ထားတာတွေ.. ဒေါ်လာမီလီယံပလုံ.. ပလုံ…။
        အဆစ်… အယ်လ်ဂျာဇီရာတီဗီသတင်းဌာနကြီးပါ.. ယူအက်စ်ကထွက်လိုက်ရ..။
        အနိစ္စ…။ :buu:

        Burma’s Treatment of the Rohingya Is Not Genocide, Says U.S.

        Simon Lewis @simondlewis

        March 22, 2016
        Stateless Rohingya in Sittwe IDP Camps
        Asanka Brendon Ratnayake—Anadolu Agency/Getty Images Rohingya refugees seek shelter from the monsoon rains inside a camp for internally displaced persons outside Sittwe, in Burma’s Rakhine state, on July 17, 2015
        “While it’s without question that they continue to face persecution, we did not determine that it was on the level of genocide”

        The Rohingya Muslim minority in western Burma face torture, unlawful detention and restrictions on their movement, among other abuses, the U.S. State Department says, but American officials believe the government’s treatment of the group does not constitute genocide.
        ==
        Al Jazeera America Signs Off with Three-Hour Retrospective | Variety
        variety.com/…/al-jazeera-america-signs-off-with-three-hour-retro…
        Variety
        Apr 12, 2016 – Al Jazeera America will close out its nearly three-year run with a three-hour … Al Jazeera America (@ajam) April 13, 2016 … its U.S. outpost in January with its decision to pull the plug on its American cable news channel.

        • မြစပဲရိုး

          May 12, 2016 at 1:57 am

          End of story. That is.
          ခုတော့ ကိုကို စကားတစ်မျိုး ပြောတယ်။ lol:-))) 😉

          From Thura U Shwe Mann Facebook Page
          အမေရိကန်သံအမတ်ကြီးအားလက်ခံတွေ့ဆုံ ★
          —————————————————
          ✔︎ သူရဦးရွှေမန်းမှ –
          ❖ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ဖြစ်ထွန်းမှုနှင့်အတူ မြန်မာနိုင်ငံရဲ့ တိုးတက်ရေးအတွက် အမေရိကန်နိုင်ငံဟာ အရေးကြီးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊
          ❖ အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးများ ပိုမိုတိုးတက်ကောင်းမွန်မှုရှိရန် လိုအပ်ပါကြောင်း၊
          ❖ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားများရဲ့ ယုံကြည်မှု၊ နားလည်မှုမျာလည်း လိုအပ်မှာဖြစ်ပါကြောင်း၊
          ❖ မကြာသေးခင်ရက်ပိုင်းအတွင်းက အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းသည် မြန်မာနိုင်ငံသားများ လက်ခံနိုင်ခြင်းမရှိသည့် စကားအသုံးအနှုန်း ပါဝင်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရပါကြောင်း၊
          ❖ ယင်းကိစ္စမျိုးအတွက် သံအမတ်ကြီးအနေဖြင့် သတိပြုရမည့် အချက်များဖြစ်ပါကြောင်း၊
          ❖ ဒီလိုသတိပြုဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးများ ပိုမိုတိုးတက်ကောင်းမွန်မည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပါသည်။

          ✔︎ အမေရိကန်သံအမတ်ကြီး H.E. Scot Marciel မှ
          ❖ မိမိသည် သံတမန်တစ်ဦးအနေဖြင့် ဆောင်ရွက်ရာတွင် မိမိတို့အစိုးရ၏ ရပ်တည်ချက်အပေါ် ဆောင်ရွက်နေရသည်ဖြစ်ပါကြောင်း၊
          ❖ မြန်မာနိုင်ငံသားများ လိုလားလက်ခံခြင်းမရှိသည့် စကားအသုံးအနှုန်းများအား သုံးစွဲခဲ့ရခြင်းမှာ မိမိအတွက် အခြားသော စကားရပ်မရှိသောကြောင့်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားများ၏ သဘောထားကို အလေးမထားခြင်း၊ ဆန့်ကျင်ခြင်းကြောင့် မဟုတ်ပါကြောင်း၊
          ❖ နောင်သောအခါ၌ မြန်မာနိုင်ငံသားများ လိုလားလက်ခံခြင်းမရှိသည့် စကားအသုံးအနှုန်းများအား သတိပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးသည်။

          (၂၀၁၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့၊ နံနက် ၁ဝ နာရီအချိန်တွင် ကော်မရှင်အဆောက်အဦ၌ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Scot Marciel တို့၏ တွေ့ဆုံဆွေးနွေးမှုမှ)

  • မြစပဲရိုး

    May 11, 2016 at 10:58 am

    Many Congratulations! ပါ ကိုမိုးသီးဇွန်။
    I wish you a wonderful life together as you head down the road to married happiness.
    လှပ တဲ့ ဇနီးချော လေး ကို လက်တွဲ ပြီး ရှေ့ဆက်မဲ့ ခရီးသစ် ဖြောင့်ဖြူး တိုးတက်ပါစေ။
    အမေ့ အတွက် အဖျက် “ကျား” မဟုတ်ဘဲ တကဲ့ “အား” အဖြစ် သုံးပြီး နိုင်ငံသစ် မှာ ဘဝသစ် ကို အောင်မြင်စွာ တည်ထောင်နိုင်ပါစေ။

    ခင်မင်စွာဖြင့် :-))))

    • ဦးကြောင်ကြီး

      May 16, 2016 at 2:45 am

      နောင်ငါးနှစ်မှာ နိုင်ငံဒေါ်သမတ ကိုမိုးသီးစွံ ဖြစ်မှာ။။။။။။ လော်ဘီမြအတွက် ဒုတိယလူသီခ ျင်း စည်သူလွင် စောင်းဆိုထားသလား မသိ…. အသနားဘူး။။။။

      • မြစပဲရိုး

        May 16, 2016 at 1:09 pm

        One and only အချစ်ဆုံးပါ ဆိုမှတော့ ကွယ်။ ဒုတိယတွေ၊ ပထမ တွေ ထင်သလို သတ်မှတ်နေတာ ဂရုစိုက်စရာတဲ့လား။
        မလိုနာ တွေကို သတိပြုပြီး လျှော့ကြ ငါ့ရှင်တို့။ 😉
        သနားဒယ်။ lol:-)))

  • kai

    May 11, 2016 at 11:03 am

    Budweiser beer will be renamed ‘America’ this summer

    There’s no trademark on America. Budweiser, now owned by Belgium’s AB Inbev, will rename its beer “America” this summer and alter its labels with images and phrases affiliated with the republic.

    The red, white and blue campaign is being launched in a very competitive market already foamy with craft beers, and upon a drinking public bracing itself for a presidential election likely to be unlike any before it.
    http://www.latimes.com/business/la-fi-budweiser-america-20160510-snap-story.html

    • မြစပဲရိုး

      May 12, 2016 at 2:47 am

      Donald Trump အတွက် ပါတဲ့။ 😉
      နိုဝင်ဘာ ရွေးကောက်ပွဲ အထိ ပြောင်းမှာပါတဲ့။
      အနီရောင် လွှမ်းအောင်လို့ တဲ့။
      အမေရိကန်များ …. ကြည့်လဲ လုပ်ကြဦး။
      တော်ကြာ တကယ် ဖြစ်သွားဦးမယ်။

      • kai

        May 12, 2016 at 4:07 am

        ဟီး.. တခါတလေကျတော့လည်း..
        ကျုပ်တောင်.. ဒေါ်နယ်ထရမ့်ကို ဟီလာရီထက်တောင်ကြိုက်လိုက်သေး…
        ဟိုမှာဖက်.. ဘန်နီစန်ဒါကလည်း.. အဲဒီအတိုင်း.. ။ သူတို့မိန့်ခွန်းများ.. သွားများနားမထောင်လိုက်နဲ့..
        ကြိုက်ချင်စရာ..။

  • ခင်ဇော်

    May 12, 2016 at 4:33 am

    ဘယ်မှာ ထားးရမှန်းး မသိတာနဲ့ အရင့်ရောင်ထဲ လာထားထားးပါရစေ..!!
    ???
    မြန်မာနိုင်ငံမှာ မြန်မာတွေဟာ မြန်မာ့ယဉ်ကျေးမူဆိုတာကြီးနဲ့နေကြသတဲ့ကွယ်။

    မြန်မာတွေ ယဉ်ကျေးပုံကိုပြောရရင်တော့…..

    တန်းမစီပဲ ကျော်တတ်တယ်။

    Bus ပေါ်မှာနေရာလုတယ် ။

    လူကြားထဲမှာ ပါစပ်ဖွင့်လျက်ချောင်းဆိုးတယ်။

    တံတွေး ကွမ်းတံတွေး လမ်းပေါ် ဗျစ်ခနဲထွေးတယ် ။

    လူကြားထဲ စကားအသံပြဲနဲ့ပြောတယ်။

    လော်စပီကာတွေ ရပ်ကွက်တစ်ခုလုံးကြားအောင်သီချင်တွေဖွင့်တယ် ။

    မိန်းကလေးတွေကို နှုတ်နဲ့ လိင်ပိုင်းဆိုင်ရာ အမြဲစော်ကာတယ် ။

    ကိုယ်ထိလက်ရောက်စော်ကားတယ် ။

    Social Media ပေါ် ခြိမ်းချောက်တယ် ၊ သိက္ခာချတယ် လိင်အမြတ်ထုတ်တယ် ငွေညှစ်တယ်။

    မိန်းမကို ယောကျာ်းအရင့်အမာကြီးတွေက လက်ညိုးထိုးထိုးပြီးရန်တွေတဲ့ ဇာတ်ဝင်ခန်းတွေ လက်ခုပ်တီးတယ် ။

    ခါးအောက်ပိုင်း ပျက်လုံးတွေ ကို လူကြိုက်များတယ် ။

    လမ်းလျှောက်သွားတဲ့ သူတွေကို ကျော်သွားတာနဲ့ကို အတင်းပြောတယ် ။

    ကျားမ လမ်းတွဲလျှောက်ရင် ပေးစားတုတ်တယ် ။

    ယောကျာ်းလေးသူငယ်ချင်းများတဲ့ မိန်းကလေးဆို အပျက်မလိုလို အယွမလိုလိုသမှုတ်တယ်။

    မိန်းကလေးသူငယ်ချင်းများတဲ့ ယောကျာ်းလေးဆို နှာဘူးလိုလို ၊ လူယုတ်မာလိုလို စွတ်စွဲတယ် ။

    ချစ်သူနဲ့ လမ်းလျောက်သွားတဲ့ မိန်းကလေးဆို အပျိုမဟုတ်တော့ပါဘူးကွာဆိုပြီး အပြောရဲသလို။

    ချစ်သူနဲ့ လမ်းလျောက်သွားတဲ့ ယောကျာ်းလေးဆို အဲ့ကောင်တော့ နွား ဘာညာနဲ့ ဆုံးဖြတ်ရဲတယ်။

    ကံမကောင်းလို့ အိမ်ထောင်ကွဲရင် တစ်သတ်လုံး ရာဇဝတ်သားလို အထင်သေးကြသလို ။

    ခင်ပွန်း ၊ ဇနီး ဆုံးပါးလို့ မုဆိုးဖို မုဆိုးမ ဖြစ်ရတာလည်း နောက်တစ်ကြိမ် ဘဝစဖို့ အမာရွတ်နဲ့ လူလို သတ်မှတ်ကြပြန်တယ် ။

    ပိုက်ဆံမရှိရင်အောက်တန်စားမို့ မယုံကြသလို

    ပိုက်ဆံရှိတော့ လူယုတ်မာလိုလို သမုတ်ကြပြန်တယ် ။

    မိန်းကလေးတွေကို ဘယ်လိုနေဘယ်လိုထိုင် judge လုပ်သလို တစ်ခါတစ်ရံ ပန်းကုံးစွပ်တယ် ။

    တစ်ခါတစ်ရံ အနင်းအနှိပ်ခံသလို တစ်ခါတစ်ရံ ပြန်နှိပ်ကြတယ် ။

    KTV မှာ မိန်းကလေးတစ်ယောက်ဘေးရှိမှ သီချင်းဆိုတတ်သလို ၊ တစ်ခါတစ်ရံ ပြည်တန်ဆာတွေကို နိမ်နင်းသင့်ကြောင်း ဆိုတယ် ။

    ဘုရားရှိခိုးတယ် ၊ အမျိုးဘာသာစောင့်ရှောက်တယ် ပြောတယ် ဘုရားပေါ် မိန်းမပေးမတတ်ဘူး ။

    ယဉ်ကျေးမှု့ထွန်းကားတယ် ၊ လူမျိုးဘာသာမတူသူကို ခွဲခြားရေးနာမ်စားတွေ နဲ့ခေါ်တယ် ။

    အသားမဲရင် ၊ ဗုဒ္ဓဘာသာမဟုတ်ရင် ကုလားလို့ခေါ်တယ် ။

    မျက်လုံးကွယ်သူကို အကန်းလို့ခေါ်သလို

    စကားမပြောနိုင်သူကို အ အ လို့ ခေါ်ပြန်တယ် ။

    ဉာဏ်ရေနိမ့်ပါသူကို ဂေါက် လို့ခေါ်ပြီး

    ဝက်ရူးပြန်တတ်သူကို ငတတ်လို့ခေါ်ပြန်တယ် ။

    AIDS ဝေဒနာရှင်တိုင်းကို နန့်လို့ဖြစ်တာဆိုပြီး လိင်ကိစ္စနဲ့တွဲမှတ်ထားတယ် ။

    အဝတ်အစားလုံခြုံတာနဲ့ ယဉ်ကျေးမှု့ ၊ ဖိုမ ခွဲခြားတာနဲ့သာယဉ်ကျေးမှုလို သတ်မှတ်ထားတဲ့ လူ့အဖွဲ့စည်းမှာ ယဉ်ကျေးမှု့ဆိုတာ

    လိင်တံနဲ့ယောနိ ပေါ်မှာသာ အခြေခံစဉ်စားထားတဲ့ စည်းမျဉ်းတွေဖြစ်လာတယ် ။

    နောက်ဆုံး ပြောလို့ရသလောက်သာပြောရင် ကျမ်းတစ်စောင်ဖွဲ့လို့ရတာမို့

    မြန်မာတွေ ယဉ်ကျေးကြောင်း ထပ်ဖြည့်သွား ပေး ။ ။

    Credit – ThetPaing Tun

    • kai

      May 12, 2016 at 4:53 am

      မြန်မာပြည်မယ်.. မိန်းမတွေ.. ခွဲခြားနှိမ်ချဆက်ဆံခံနေရပါတယ်.. မိန်းမအခွင့်အရေးတောင်းကြလို့.. ပြောတဲ့သူ(အမျိုးသား) ကို.. မဟုတ်ပါဘူး.. မှားနေပါတယ်… လို့.. မိန်းမတွေကပြန်ပြောတတ်တယ်..။

      • ခင်ဇော်

        May 12, 2016 at 7:30 am

        မသိကြလို့ဗျ။
        ခေတ်ပညာလေး တတ်ပြီး ခေတ်မှီတယ်လို့ ကိုယ် က ထင်မိတဲ့ အမျိုးသမီး တစ်ချို့တောင်
        မိန်းမကောင်း ဆိုသည်မှာ ဘာညာ ဆိုတဲ့ ချုပ် စာတွေ ရှယ်လို့ အံ့ဩဖူးသေးတယ်။

        :k:

      • မြစပဲရိုး

        May 12, 2016 at 1:36 pm

        အမယ်မင်း တူဝရီး နှစ်ယောက် အတိုင်အဖောက် ညီနေလိုက်ကြတာ။
        ဖျက်မျဉ်း လာပဟေ့။ 😉

        ကမ္ဘာ နဲ့ ယှဉ်ရင် မြန်မာပြည်က မြန်မာမိန်းမ တွေ ဟာ ခေတ်အဆက်ဆက် အနှိမ်မခံရပါဘူး။ (ဘာသာရေး မပါ၊ ပါလဲ I don’t care ဘုရားပေါ် မတက်ရတဲ့ အတွက်)
        အလုပ်အကိုင် အခွင့်အလမ်း၊ အိမ်ထောင် ကို ဦးဆောင်မှု၊ လူမှုရေးရာ စသည် တို့ ပြောပါတယ်။
        အခု လဲ မြန်မာပြည် ထဲ မှာ ကြည့်ပါ။
        ဘယ် နေရာ မှာ မိန်းမ တွေ မို့ မခန့်ဘူး ရှိလဲ။
        တော်ရင် နေရာ ပေးခံရတာ များပါတယ်။
        အင်မတန် လူအခွင့် အရေး ရှေ့တန်းတင်တဲ့ ယူကေလို မှာတောင် ကွန်ပျူတာ ပရိုဂရမ်မာ တို့ ၊ IT Admin တို့ မှာ အဖြူမိန်းကလေး ရှား ပါတယ်။
        မြန်မာ မိန်းကလေး ပရိုဂရမ်မာ တွေ၊ IT Admin တွေ အများကြီး က အဖြူ ကျား တွေ နဲ့ ယှဉ်ပြီး လုပ် နေကြတာပါ။
        ဒါတောင် ကိုယ်သိသလောက်နော်။
        အရှေ့အလယ်ပိုင်းမှာ မိန်းမ တစ်ယောက် ကားမောင်းဖို့ ဒီနေ့ ထိ တိုက်ပွဲ ဝင်နေရချိန်မှာ ကျွန်မတို့ ဆီမှာ ဟိုး နှစ်ပေါင်းများစွာထဲ က ကားမောင်း တဲ့ အမျိုးသမီးကြီး တွေ၊ နိုင်ငံခြားထွက်ပြီး ပညာသင် ရတဲ့ အမျိုးသမီးကြီး တွေ ပြည့်လို့။

        ကျွန်မ စိုးရိမ်တာ က မိန်းမ တွေ ဟာ ငါတို့ အနှိမ်ခံ ရလို့ နောက်မှာ နေနေ ရတာ ပါလို့ ပြောကြမှာကိုပါဘဲ။
        မပျင်းဖို့၊ မဖျင်းဖို့၊ မအ ဖို့၊ ကျား တွေ ရဲ့ နောက်မှာ ခို မနေဖို့ အတွက် တွန်း ရခြင်းပါ။

        အခွင့်အရေး ဆိုတာ တောင်းလို့ မရဘူး။
        လုပ်ပြ မှ ရ တယ် ဆိုတာကို သိကြစေချင်တယ်။

        ပြန် မပြောဘဲ ငြိမ် မသွားကြ နဲ့။ အချက် အလက် နဲ့ ပြန်ပြောကြပါလေ။ :-)))))

        PS – ကောင်လေး တစ်ယောက် ကို ပေးချင်သလို ပေးတုန်းက ပေးပြီး ပြီးရင် ငါ့ ကို ယူ ရ မယ် ဆိုတဲ့ စိတ်ဓာတ် တွေ ရှိနေသေးရင်တော့ အဲဒီ စိတ်ဓာတ် ရှိသူ မျာ ကိုမိန်းမကောင်း ဆိုတာ ဆိုတဲ့စကား နဲ့ ချုပ် ပြီး ထိန်းရတာ မမှား ဘူး ထင်ရဲ့။
        ဗိုက်ကြီး ခဲ့ရင် လင်ကောင်မပေါ်လဲ မွေးရဲ တဲ့ အနောက်တိုင်း က မိန်းကလေး တွေ လို သတ္တိ ရှိမှ မီး နဲ့ ကစားဖို့ ကောင်းတာ ပြောလိုတာပါ။
        နောက်မှ ထပ်ပြောဦးမယ်နော်။ လို့စ်။ :-))))))

        • ခင်ဇော်

          May 12, 2016 at 2:14 pm

          ဂစ်။
          ပြေးဘီ။
          အနော်ပြောချင်တာကလည်း ထိုင်နေပြီး အမျိုးသမီးအခွင့်အရေးတောင်းဖို့ အားမပေးပါဘူးး
          တန်းမတူလို့ တန်းတူ အခွင့်အရေးလည်း တောင်းဖို့ အားမပေးဘူးး
          ဒါမဲ့။
          ဟိုလေ။ ဘာလုပ်ခံရခံရ မိန်းမသားမို့ပါရှင်တို့။ (မိန်းခေးတွေဘက်က)
          မိန်းမ တစ်ယောက်ကို တောက်ဂရုစိုက်စရာလားတို့ (အမျိုးသားတွေဘက်က) စိတ်ဓာတ်မျိုးတွေ မပါလာစေချင်တာပါ။

          တညားက လောဘမကြီးပါဘူးး
          အာ့လောက်ပါပဲ။
          မိန်းမနဲ့ယောက်ကျား ကွာခြားချက်က ခန္ဒာဗေဒ ဘာသာရပ်မှာပဲရှိသင့်တာပါ။
          စိတ်ဓာတ်ရေးရာမှာ မရှိသင့်ဘူးလို့ ပဲ လိုရင်းကို ပြောလိုပါတယ်။
          ခွိ။
          :k:

          မိန်းမတွေနေရာရတယ်ဆိုတာ မပေးမဖြစ်လို့ပါ။
          လိုလိုလားလား နေရာပေးချင်တဲ့ အမျိုးသား အားဂျီးရှားပါတယ်။
          (ကဲ။ နောက်ဆုံးမှ ဒီလို အဓွန့်တက်တော့ နာ့ အရီး ဘာတတ်နိုင်သေးတုန်းး ခုခိ ခိခု)

          :mrgreenn:

        • မြစပဲရိုး

          May 14, 2016 at 3:35 am

          စိတ်ပုတ် တဲ့ ကျား ရှိသလို စိတ်ပုတ်တဲ့ မ တွေ လဲ ရှိ။
          စိတ်ကောင်း တဲ့ မ တွေ ရှိသလို စိတ်ကောင်း တဲ့ ကျား တွေ လဲရှိ။
          ဒီတော့ ကျား တွေ မ တွေ ထက် “လူ” ဆိုတာ ကို ဘဲ
          Case by case ခွဲ ကြည့်နိုင်ကြဖို့သာပါဘဲ။ :-)))

  • kai

    May 14, 2016 at 2:48 am

    သမ္မတဟောင်း ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ လုပ်သင့် လုပ်ထိုက်တာတွေ လုပ်နေတယ်လို့ မြင်တဲ့အကြောင်း မေလ ၁၂ ရက်က ပြောလိုက်ပါတယ်။

    နေပြည်တော်မှာ ဂျပန် Nippon Television နဲ့ တွေ့ဆုံခိုက် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

    “လက်ရှိ အစိုးရကနေ ဖြစ်လာတဲ့ ပြသနာတွေ သူဖြေရှင်း ဆောင်ရွက်သွားမှာပါ။ အစိုးရ တရပ်အနေနဲ့ သူ လုပ်သင့်လုပ်ထိုက်တာတွေ သူလုပ်နေတယ်ပဲ ဒီလိုပဲ မြင်ပါတယ်။ သူလည်း ဘာပဲဖြစ်ဖြစ် တိုင်းပြည်အတွက် လုပ်နေတာပဲ။”

    ဂျပန်တီဗီသတင်းထဲမှာ ဦးသိန်းစိန်ဟာ နေပြည်တော်က ကြံ့ခိုင်ရေးပါတီဌာနချုပ်ရုံးရှေကို ကားနဲ့ ရောက်လာပုံ၊ ပါတီဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးဌေးဦးနဲ့ ဦးတင်နိုင်သိန်းတို့က ကြိုဆိုနေပုံနဲ့ ဌာနချုပ် အပေါ်ထပ်ကို သူတို့ တက်ရောက်လာပုံတွေ ပြသပြီး တီဗီသတင်းဌာနရဲ့ အမေးကို ပါတီရုံး ဝင်ပေါက်နားမှာ ဖြေဆိုသွားခဲ့တာ ဖြစ်ပါတယ်။

    ဂျပန်သတင်း Nippon Television က ဒီသတင်းကို မေလ ၁၃ရက်မှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။

    သမ္မတဟောင်း ဦးသိန်းစိန်ဟာ ဧပြီလဆန်းပိုင်း သမတတာဝန်က အနားယူပြီးတဲ့နောက် ရဟန်းဝတ်ခဲ့ပါတယ်။

    အဲ့ဒီနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥကဌတာဝန်ကို ပြန်လည်ထမ်းဆောင်ပြီး သူ ပါတီလုပ်ငန်းတွေ ပြန်လုပ်တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ၁ရ ဦးကို ပါတီက ထုတ်ပယ်ခဲ့ပါတယ်။

    ရုပ်သံ – Nippon Television
    http://burmese.dvb.no/archives/149613

  • kai

    May 14, 2016 at 11:42 am

    ငါးနှစ်အတွင်း ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းပြီး တပ်မတော် ၂၅ရာခိုင်နှုန်း လွှတ်တော်မှ ထွက်ခွာမည်ဟု တပ်ချုပ်ပြော
    နေပြည်တော်(မေလ ၁၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ သမ္မတဦးထင်ကျော်၏ အစိုးရသက်တမ်းငါးနှစ်အတွင်း စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းမည်ဖြစ်ပြီး လွှတ်တော်တွင်း နေရာယူထားသော တပ်မတော်သားအမတ် ၂၅ရာခိုင်နှုန်းမှာလည်း ပြည်သူ့ဆန္ဒအတိုင်း ဖြစ်စေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

    “ကျွန်တော်တို့ ဒီဒုတိယငါးနှစ်မှာ တစ်ကယ်ငြိမ်းချမ်းရေးရအောင် လုပ်ချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်)ကိုလည်း ကျွန်တော်ပြောပါတယ်။ အစ်မရေ…ဒီကာလကတော့ ငြိမ်းချမ်းရေးရအောင် လုပ်ရလိမ့်မယ်။ သူလည်း ဒါကို လက်ခံပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

    ရွေးကောက်ခံ အရပ်သားအစိုးရသစ်တာဝန်ယူပြီးနောက် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် မေလ ၁၃ရက်က ပထမဆုံးအကြိမ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

    “နိုင်ငံရေးက အဓိက မဟုတ်ဘူး။ ငြိမ်းချမ်းရေးက အဓိကပါ။ နိုင်ငံရေးက သူ့အချိန်အခါနဲ့သူ လုပ်သွားလို့ရတယ်။ ငြိမ်းချမ်းရေးကျတော့ စောစောရလေ ကောင်းလေပဲ” ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

    ထို့ပြင် ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ ဦးဆောင်မှုအောက်တွင် လုပ်ဆောင်သွားမည်ဟု ခံယူထားသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

    “ကျွန်တော်က တပ်မတော်အကြီးအကဲဆိုပေမယ့် နိုင်ငံ့ခေါင်းဆောင်က သမ္မတ၊ ကျွန်တော်က သမ္မတအောက်မှာပဲ ရှိတယ်။ ကျွန်တော် ဒီလိုပဲ ခံယူထားတယ်” ဟု ဆိုသည်။

    လူထုထောက်ခံမှုဖြင့် မြန်မာနိုင်ငံကို ဦးဆောင်နေပြီဖြစ်သော သမ္မတဦးထင်ကျော်ဦးဆောင်သည့် အစိုးရသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ရက်(၁၀၀)စီမံချက်ဖြင့် စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။

    အဆိုပါ ရက်(၁၀၀)စီမံချက်တွင် အမျိုးသားရင်းကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်ရိုက်ခန့်အပ်ထားသည့် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

    “သမ္မတကြီး ဦးထင်ကျော် လမ်းညွှန်ထားတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ့လေ၊ ဒီလုပ်ငန်းစဉ်မှာ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်နှင့် ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောသည်
    – See more at: http://mizzimaburmese.com/article/14178#sthash.ujGhqw72.dpuf

  • မြစပဲရိုး

    May 14, 2016 at 1:34 pm

    From – Senior General Min Aung Hlaing Facebook Page

    တပ်မတော်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ၊ သတင်းမီဒီယာများတွေ့ဆုံမှုမှ ကောက်နှုတ်ချက်များ (၁)

    နေပြည်တော်၊ မေ ၁၃

    ဦးကျော်မျိုးမင်း(ပြည်မြန်မာ-သတင်းထောက်ချုပ်)က-
    လက်ရှိမြန်မာ့နိုင်ငံရေးတွင် တပ်မတော်က မဖြစ်မနေ ပါဝင်နေရသည်ကို နားလည်ပါကြောင်း၊ ထိုအနေအထားတွင် လက်ရှိအနိုင်ရပါတီ အစိုးရဖြစ်စေ၊ နိုင်ငံရေးပါတီများကဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကဖြစ်စေ တပ်မတော်ကို လက်ရှိနိုင်ငံရေး ပါဝင်ပတ်သက်မှု၏ အပြင်ဘက်ကို တွန်းထိုးနေသလိုဖြစ်နေကြောင်း၊ ယင်းသို့ဆိုပါက မြန်မာ့နိုင်ငံရေးတွင် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်ကို မေးမြန်းသည်။
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
    တပ်မတော်သည် နိုင်ငံတော်ကိုကာကွယ်နေကြောင်း၊ နိုင်ငံတော် ဆိုရာတွင် အုပ်ချုပ်ရေးအစိုးရ၊ ဥပဒေပြုရေးလွှတ်တော်နှင့် တရားစီရင်ရေးအဖွဲ့ အားလုံးကို အကာအကွယ် ပေးထားခြင်းပင်ဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်း တွေကြောင့်လည်း ကာကွယ်ရကြောင်း၊ အမှန်တကယ်မှာ တပ်မတော်၏ တာဝန်က ပြည်ပရန်ကိုကာကွယ်ရန် အဓိကဖြစ်ကြောင်း၊ ပြည်တွင်းရေးပြဿနာနှင့်ပတ်သက်ပြီး တပ်မတော်ကသာ အကာအကွယ်မပေးပါက အစိုးရအနေဖြင့် လုပ်ကိုင်ရသည်မှာ အကြပ်အတည်းရှိမည်ဖြစ်ကြောင်း၊ ပို၍ဆိုးသည်မှာ ပြည်သူများ မြေစာပင်အဖြစ် ဒုက္ခရောက်မည်ဖြစ်ကြောင်း၊ ယခုတွင်ပင် တရားဥပဒေစိုးမိုးမှု အားနည်းသည့် နေရာများတွင် များစွာဒုက္ခရောက်ကြောင်း၊ လက်ရှိအနေအထားအရ တပ်ကိုဖယ်မည်ဆိုလျှင် ဖယ်ရန်ကြိုးစားမည်ဆိုလျှင် မှားသွားမည်ဖြစ်ကြောင်း၊ ဆိုးကျိုးကိုသာခံစားရမည်ဖြစ်ကြောင်း၊ နောက်တစ်ချက်သတိထားရမည်မှာ ပွဲလန့်တုန်းဖျာခင်းလိုသည့် အဖွဲ့အစည်းများ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုပြီး လုပ်မည့်သူများရှိကြောင်း၊ များစွာအန္တရာယ်ရှိကြောင်း၊ တိုင်းပြည်အတွက် ပြည်သူကို အကာအကွယ် ပေးနိုင်သည့် အဖွဲ့အစည်းမရှိပါက များစွာအခက်အခဲရှိမည်ဟု ပြောလိုကြောင်းဖြင့် ပြောကြားသည်။

    ဦးစိုင်းလမင်း(Popular News-အကြီးတန်းသတင်းထောက်)က-
    ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံရာတွင် ကောင်းမွန်သည့် ဆွေးနွေးမှုများ ရှိခဲ့သည်ဟု မီဒီယာများကိုပြောကြားခဲ့သဖြင့် လက်ရှိနိုင်ငံရေး ဖြစ်စဉ်အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမြင်ကိုသိလိုကြောင်း ပြောကြားသည်။
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
    မိမိနှင့်ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံမှုနှင့် ပတ်သက်၍ ဒီဘက်ဒုတိယသက်တမ်းတွင် မိမိတို့လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များကိုကြည့်ပါက နှစ်ဦးနှစ်ဘက် ဆွေးနွေးမှု၏ ရလဒ်များဟုပြောလိုကြောင်း၊ တပ်မတော်အနေဖြင့် မှန်မှန်ကန်ကန်နှင့်လုပ်သည့် လုပ်ဆောင်ချက်မှန်သမျှကို ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်အတွက် ကောင်းအောင်လုပ်တာ မှန်သမျှကို မိမိတို့အားလုံး အကုန်လုံးဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တပ်မတော်က ဝန်းရံပေးမှာဖြစ်ကြောင်း၊ လုပ်ငန်းတစ်ခု အောင်မြင်နိုင်ရန် အတွက် ယခင်အစိုးရတုန်းကလည်း ယခုလိုပင် ဝန်းရံပေးခဲ့ကြောင်းပြောကြားသည်။

    ဦးမြတ်ခိုင်(လျှပ်တစ်ပြက်ဂျာနယ်-အယ်ဒီတာချုပ်)က-
    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘာတွေကို သဘောတူညီချက်ရခဲ့ပါသလဲ၊ ဘယ်လိုအချက်တွေကို ညှိလို့မရခဲ့ပါသလဲ၊ သိလိုကြောင်းမေးမြန်းပါသည်။
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
    မိမိနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူထားသည်မှာ နိုင်ငံတော်၏ အကျိုးအတွက် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အကျိုးအတွက် နှစ်ယောက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် သွားရမည်ဖြစ်ကြောင်း၊ လက်ရှိလည်း ညှိနှိုင်း၍မရတာ မရှိပါကြောင်း၊ သူ့အနေဖြင့်လည်း မိမိတို့နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လိုစိတ် အပြည့်ရှိသည်ကို တွေ့ရကြောင်း၊ ယင်းမှာ နိုင်ငံတော်အနေဖြင့် ကြည့်ပါကလည်း ဝမ်းသာစရာပင်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း မိမိတို့ညှိနှိုင်း ဆောင်ရွက်လုပ်ဆောင်နေကြောင်း ပြောကြားသည်။

  • မြစပဲရိုး

    May 14, 2016 at 1:35 pm

    တပ်မတော်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ၊ သတင်းမီဒီယာများတွေ့ဆုံမှုမှ ကောက်နှုတ်ချက်များ (၂)

    နေပြည်တော်၊ မေ ၁၃

    ဦးမင်းမင်း(မဇ္ဈိမ-အကြီးတန်းသတင်းထောက်)က-
    ယခုမြန်မာနိုင်ငံသည် ရွေးကောက်ခံ အရပ်သားအစိုးရ ခေါင်းဆောင်မှုအောက်တွင်ရှိနေပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း တစ်သီးတခြား မလုပ်ဆောင်ဘဲ အရပ်သားအစိုးရ၏ ခေါင်းဆောင်မှုအောက်တွင် လုပ်ကိုင်ဆောင်ရွက်ရန် လိုသည်ဆိုသည့် အချက်ကို တပ်မတော်လက်ခံပါလားဟု မေးမြန်းပါသည်။
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
    ဘာမှလက်မခံနိုင်စရာမရှိကြောင်း၊ မိမိတို့အခြေခံဥပဒေတွင် သတ်မှတ်ထားသည်များ အကုန်လုံးရှိကြောင်း၊ ယင်းအတိုင်းသွားရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ဥပဒေကို လိုက်နာသည့်အဖွဲ့အစည်း၊ စည်းကမ်းနှင့်နေရမည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ တပ်မတော်မှာလည်း ဥပဒေအရပေးထားသည့် လုပ်ပိုင်ခွင့်များရှိကြောင်း၊ မည်သို့လုပ်ဆောင်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်များ ရှိကြောင်း၊ တပ်မတော်အနေဖြင့် အစိုးရ၏ ဦးဆောင်မှုအောက်တွင် လိုက်ပါလုပ်ဆောင်နေကြောင်း၊ တပ်မတော်အား လုပ်ပိုင်ခွင့် ပေးထားသည့်ကိစ္စများတွင် တပ်မတော်ကသူ့ဟာနဲ့ သူလုပ်ဆောင်ရသည်များ ရှိကြောင်း၊ တင်ပြသင့်သည့်ကိစ္စအားလုံးကို တင်ပြပါကြောင်း၊ မိမိသည် တပ်မတော်အကြီးအကဲဖြစ် သော်လည်း Head of State က သမ္မတဖြစ်ကြောင်း၊ မိမိမှာသမ္မတ၏ အောက်တွင်သာရှိကြောင်း၊ ယင်းသို့ခံယူထားကြောင်း၊ သမ္မတ၏ ဦးဆောင်မှုနှင့်သွားရကြောင်း၊ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်မှုမျိုးလည်း ရှိကြောင်း၊ မိမိအနေဖြင့်မတင်ပြဘဲ ခွင့်ပြုချက်ယူပြီး လုပ်ရမည့်ကိစ္စများတွင် ခွင့်ပြုချက်မယူဘဲ လုပ်တာမျိုးမရှိကြောင်း ပြောကြားသည်။

    ဦးစိုင်းလမင်း (Popular News-အကြီးတန်းသတင်းထောက်)က-
    လက်ရှိအစိုးရလက်ထက်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အတိုက်အခံအနေနဲ့ရှိနေတယ်လို့ အများစုကသုံးသပ်နေတဲ့အပေါ် နောင်မှာလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဘယ်လိုပုံစံဖြင့် ဆက်ရှိနေမယ်ဆိုသည်ကို မေးမြန်းပါသည်။
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
    မိမိတို့အတိုက်အခံမဟုတ်ကြောင်း၊ ကိုယ့်ကိုကိုယ် အတိုက်အခံလို့ မယူဆကြောင်း၊ တပ်မတော်က အမျိုးသားနိုင်ငံရေးအနေဖြင့် ပါလာခြင်းဖြစ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ မဖြစ်သင့်မဖြစ်ထိုက်သည်များကိုသာ တင်ပြခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံနှင့်ပတ်သက်၍လည်း တရားဥပဒေနှင့် မကိုက်ညီသည်များကို ကိုက်ညီအောင် လုပ်ပေးရန်သာ တင်ပြခြင်းဖြစ်ကြောင်း၊ သဘောတူခြင်း၊ မတူခြင်းကို လွှတ်တော်ကဆုံးဖြတ်မှာဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ သဘောတရားအရ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိကြောင်း၊ ဒီမိုကရေစီ၏ Practice အရ ကောင်းကောင်းမွန်မွန် ဆွေးနွေးရန် အရေးကြီးကြောင်း၊ သို့ဖြစ်၍ အတိုက်အခံဟုလည်း မမြင်စေလိုကြောင်း၊ ကောင်းရင်လည်း ကောင်းသည့်အကြောင်း၊ ထောက်ခံလိုပါကလည်း ထောက်ခံမှာဖြစ်ကြောင်း၊ မထောက်ခံလိုပါကလည်း မဲပေးသည့်အခါ မထောက်ခံမဲပေးမှာဖြစ်ပြီး ရှေ့ဆက်၍လည်း ဒီအတိုင်းသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

    ဦးစိုးမင်းထိုက်(Daily Eleven-အကြီးတန်းသတင်းထောက်)က-
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် ၂၀၁၆ ခုနှစ်တွင် အသက် ၆ဝ ပြည့်ပြီး ကာကွယ်ရေးဦးစီးချုပ်၏ သက်တမ်းအရ အသက် ၆ဝ ဆိုပါက ပင်စင်ယူရန်ပြဋ္ဌာန်းထားကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်က သက်တမ်းတိုးထားသည်ဟု ကြားသိရသဖြင့် ယင်းအခြေအနေအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
    နံပါတ်တစ်အချက်အနေဖြင့် နိုင်ငံ့ဝန်ထမ်း ဖြစ်သော်လည်း တပ်မတော်သားများ၏ လုပ်ငန်းသဘာဝသည် ထူးခြားမှုရှိသည့်အလျောက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၁ တွင် တပ်မတော်သားများအတွက် တပ်မတော်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဟုပါရှိကြောင်း၊ နံပါတ် ၂ အချက်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀(ခ) တွင်တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟုပါရှိကြောင်း၊ ထို့ပြင် ဝန်ထမ်းရေးရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ၂(င) တွင်လည်း ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းဟုဆိုသည်။ ဤစကားရပ်သည် ဤဥပဒေပါ ကိစ္စအလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များ မပါဝင်ဟုဆိုထားကြောင်း၊ ယင်းအချက်များအရ အသက် ၆ဝ ဆိုသည့် နိုင်ငံ့ဝန်ထမ်းသတ်မှတ်ချက်သည် ထူးခြားသော ဝိသေသရှိသည့် တပ်မတော်နှင့် တိုက်ရိုက်မသက်ဆိုင်ကြောင်း၊ တပ်မတော်၏ဥပဒေလည်းရှိကြောင်း၊ ဥပဒေတစ်ရပ်ကဲ့သို့ အမိန့်ထုတ် ဆောင်ရွက်နိုင်သည့် ကာကွယ်ရေးဌာနကောင်စီမှ ၁၉၇၃ ခုနှစ်၌ ထုတ်ပြန်ခဲ့သည့် အမိန့်တစ်ရပ်အရ ပြန်တမ်းဝင်ခန့်အပ်ခြင်းခံရသည့် အရာရှိသည် မိမိအားစစ်ဘက်တွင် တာဝန်ထမ်းဆောင်ရန် လိုအပ်သည့်ကာလပတ်လုံး စစ်မှုထမ်းရမည်ဟုဆိုထားကြောင်း၊ သို့ဖြစ်၍ မိမိတို့တွင်ကန့်သတ်ချက်ဆိုတာ မရှိကြောင်း ပြန်လည်ဖြေကြားသည်။

  • မြစပဲရိုး

    May 14, 2016 at 1:36 pm

    တပ်မတော်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ၊ သတင်းမီဒီယာများတွေ့ဆုံမှုမှ ကောက်နှုတ်ချက်များ (၃)

    နေပြည်တော်၊ မေ ၁၃

    ဦးအောင်လှထွန်း(မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ)က-
    ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အထူးသဖြင့် ရခိုင်အရေးနှင့်ပတ်သက်၍ အမြန်ဆုံးမေတ္တာတရားရှေ့ထား၍ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သမှုပြောကြားသည်။
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က –
    မိမိကိုယ်တိုင် တိုင်းမှူးအဖြစ်ထမ်းဆာင်ခဲ့၍ Native ကဲ့သို့ သဘောထားသည့် နေရာဖြစ်သဖြင့် အများကြီးဖြစ်စေချင်ကြောင်း၊ အတတ်နိုင်ဆုံး လိုက်လျောလုပ်ဆောင် နေကြောင်း၊ အဓိကမှာ လိုချင်တာကိုလက်နက်ကိုင်ပြီး တောင်းမည်ဆိုသည့် သဘောထားကိုပြင်ရန်လိုကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကို သွားနေခြင်းအား အကုန်လုံးသိရှိနားလည်သည့် အနေအထားမျိုးဖြစ်၍ နိုင်ငံရေး တစ်ခုတည်းမဟုတ်ဘဲ နောက်ခံအကြောင်း အရာများရှိမည်ဟုတွက်ရကြောင်း၊ ယင်းကို စဉ်းစားပြီး စိတ်ရှည်လက်ရှည် လုပ်ဆောင်နေကြောင်း၊ လက်နက်ကိုင်၍တော့ အဖြေမထွက်နိုင်ဘဲ လက်နက်မကိုင်မှသာ အဖြေထွက်လာနိုင်ကြောင်း၊ ဒီဒေသမြန်မြန်ငြိမ်းချမ်းစေရန် ကြိုးစားလုပ်ဆောင်နေကြောင်း ရှင်းလင်းပြောကြားသည်။

    ဦးထွန်းလင်း(ပြည်ထောင်စုနေ့စဉ်-အကြီးတန်းသတင်းထောက်)က-
    ရခိုင်တွင် ရိုဟင်ဂျာကိစ္စဖြင့် မတည်ငြိမ်မှုများရှိနေကြောင်း၊ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်၏အခန်းကဏ္ဍအနေဖြင့် အမေရိကန်သံရုံး၏ ရိုဟင်ဂျာနှင့်ပတ်သက်၍ ပြောဆိုနေမှုအပေါ် သဘောထား မှတ်ချက်ပြောကြားပေးရန် မေးမြန်းသည်။
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
    အတိအလင်းပြောရရင် ရိုဟင်ဂျာဆိုသည်မှာ မိမိတို့ တိုင်းပြည်တွင် မရှိကြောင်း၊ ဘင်္ဂါလီတော့ရှိကြောင်း၊ ဘင်္ဂါလီဆိုသည်မှာ ဘင်္ဂလားဒေသက လူတွေကိုခေါ်ခြင်းဖြစ်ကြောင်း၊ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးနောက်ပိုင်း ရခိုင်ဒေသ အင်္ဂလိပ်ကိုလိုနီဖြစ်သွားချိန်တွင် အရှေ့ဘင်္ဂလားမှလူများကို အကြောင်းအမျိုးမျိုးဖြင့် ခေါ်လာကြောင်း၊ ယင်းတို့ကတဖြည်းဖြည်းနှင့်များလာကြပြီး သူတို့ကိုဘင်္ဂါလီဟု ခေါ်ကြကြောင်း၊ ၁၉၅၅ ခုနှစ်ခန့်က ဦးနုတို့ခေတ်မဲရရှိရန်အတွက် ရိုဟင်ဂျာဟုခေါ်ခြင်း ဖြစ်ကြောင်း၊ တကယ်တမ်းတရားမဝင်ကြောင်း၊ ရိုဟင်ဂျာကိုလက်မခံကြောင်း၊ ရှိလည်းမရှိပါဘူးဟု ပြောလိုကြောင်း ဖြေကြားသည်။

    ဦးညီထွေး(Hot News-သတင်းအယ်ဒီတာ)က-
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် ၂၁ ရာစု ပင်လုံညီလာခံနှင့်ပတ်သက်၍ တပ်မတော်၏သဘောထား ထုတ်ပြန်ပေးနိုင်ခြင်း ရှိ/မရှိအားမေးမြန်းပါသည်။
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
    ပင်လုံဆိုသည်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက် လုပ်ခဲ့သည့် အထိမ်းအမှတ်ဖြစ်ကြောင်း၊ ယင်းကိုအခြေပြုပြီး ၂၁ ရာစု ပင်လုံညီလာခံဟု သုံးနှုန်းခြင်း ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ အောင်မြင်စေလိုကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ အဆက်ပင်ဖြစ်ကြောင်း၊ ယင်းအတိုင်း ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပြီး ပြင်ဆင်ရန် လိုအပ်သည်များလည်း ဖြစ်ပေါ်လာ နိုင်ကြောင်း၊ အားလုံးပါဝင်ရမှာဖြစ်သော်လည်း လူများပြီးပွဲမစည်ဆိုတာမျိုး ဖြစ်လို့မရကြောင်း၊ တကယ်တိုင်းပြည်၏ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးနိုင်မည့် ညီလာခံမျိုးဖြစ်ရန်လိုကြောင်း၊ ပါမည့်သူများကလည်း တကယ်ကို စိတ်ထားစေတနာ ကောင်းကောင်းနှင့် လုပ်မည့်သူဖြစ်ရန်လိုကြောင်း၊ နိုင်ငံရေးအမြတ်ထုတ်ခြင်း မဖြစ်စေလိုကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာပါကလည်း လက်မခံနိုင်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

    ဦးမင်းမင်း(မဇ္ဈိမ-အကြီးတန်းသတင်းထောက်)က-
    နိုင်ငံအတွက်တကယ့်ကို လိုအပ်နေသည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ရန် တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတိုက်ခိုက်တော့ဘဲရမလား၊ ရှေ့ငြိမ်းချမ်းရေး အလားအလာအတွက် ဘာတွေ ပူးပေါင်းဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းပါသည်။
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
    ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် သတ်မှတ်ထားသည့် နေရာများတွင်နေပါက မည်သည့်ပြဿနာမျှမရှိကြောင်း၊ မိမိနေရာနှင့်မိမိမနေသည့် အတွက်ကြောင့်သာ ဖြစ်နေရကြောင်း၊ တပ်မတော်၏တာဝန်မှာ နိုင်ငံတော် ကာကွယ်ရေးဖြစ်ကြောင်း၊ နိုင်ငံတော်ဆိုရာ၌ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးအဖွဲ့အစည်း၊ နိုင်ငံတော်ကိုုယ်စားပြုနေသော အဖွဲ့အစည်းများပါကြောင်း၊ ပြည်သူလူထုလည်းပါဝင်ကြောင်း၊ တပ်မတော်သာ အကာအကွယ်မပေးပါက အစိုးရယန္တရားတွင် များစွာဒုက္ခရောက်နိုင်ကြောင်း၊ ဥပမာအားဖြင့် ပြည်နယ်နှင့် တိုင်းတစ်ခုရှိ လက်နက်ကိုင် ပဋိပက္ခရှိသောနေရာတွင် တပ်မတော်မှစိုးမိုးမထားနိုင်ပါက ယင်းဒေသရှိ အစိုးရအာဏာပိုင်များအနေဖြင့် ဒုက္ခ၊ သုက္ခ၊ အခက်အခဲများနှင့် တွေ့ကြုံရမှာဖြစ်ကြောင်း၊ နောက်တစ်ချက်အနေဖြင့် တပ်မတော်က ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ထားကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုလည်း ကာကွယ်ပေးထားကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် အစိုးရ၏ယန္တရားတစ်ခုကိုထိခိုက်လာပါက တပ်မတော်အနေဖြင့် ဒီအတိုင်းကြည့်မနေနိုင်ကြောင်း၊ မည်သူကိုမဆို မိမိတို့တိုက်မှာ ဖြစ်ကြောင်း၊ အကြောင်းမှာ တပ်မတော်၏တာဝန်မှာကိုက ပြည်တွင်းပြည်ပ အန္တရာယ်ကို ကာကွယ်ရမှာဖြစ်ကြောင်း၊ ပြည်တွင်းအန္တရာယ်များကိုလည်း တိုက်ထုတ်ရန်တာဝန်ရှိကြောင်း၊ လတ်တလောဖြစ်ပွားခဲ့သည့် ဖားကန့်နယ်မြေအတွင်း တိုက်ပွဲဖြစ်စဉ်ကိုကြည့်ပါက စဘော့မှော် ကျေးရွာသို့ လာလည်သည့်သူ ၅ဦးနှင့်အိမ်ရှင်၂ ဦး၊ ပေါင်း ရ ဦးကို KIA အဖွဲ့မှ အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း၊ ယင်းဖြစ်စဉ်အား နန့်ယားရှိတပ်မတော်စစ်ကြောင်းသို့ လာရောက်သတင်းပို့သဖြင့် ပြန်လည်စေလွှတ်ပေးရန် သက်ဆိုင်ရာမှတစ်ဆင့် ပြောခဲ့သော်လည်း မရသောကြောင့် လိုက်လံရှင်းလင်းရခြင်းဖြစ်ကြောင်း၊ နောက်ဆုံးတိုက်ပွဲမှာ ကံဆီးရွာ၏ မြောက်ဘက် မီတာ ၁၀၀၀ဝ ပတ်ဝန်းကျင်တွင်ဖြစ်ပြီး ယင်းနေရာမှာ KIA များ မည်သို့မှ လာစရာအကြောင်းမရှိကြောင်း၊ ယင်းတို့ကိုသတ်မှတ်ပေးထားသည့် နေရာကိုတော့ မိမိတို့ ဘာမှသွားမလုပ်ကြောင်း၊ ၎င်းတို့သတ်မှတ်ထားသည့် နေရာမဟုတ်ဘဲ ဝင်လာပါက တားဆီးရန် တာဝန်ရှိကြောင်း၊ တစ်ဘက်နှင့်တစ်ဘက် ကိုယ့်အချင်းချင်းနားလည်ရန် လိုအပ်သည်ဟုပြောလိုကြောင်း၊ အခြေအနေကိုနားမလည်ဘဲ ကိုယ်လိုချင်တဲ့ဆန္ဒတစ်ခုကို ရှေ့တန်းတင်ပြီးလုပ်မည်ဆိုပါက ပြဿနာ ရှိနေမှာဖြစ်ကြောင်း မိမိတို့ဘက်မှထိန်းလို့ရသော်လည်း တစ်ဘက်အနေဖြင့် ယင်းပြဿနာလေးများ မထိန်းနိုင်သေးဟု မြင်ပါကြောင်း၊ ၎င်းတို့ဘက်မှ ထိန်းသိမ်းနိုင်ပါက လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲများစွာ ပျောက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိစ္စတွင်လည်း များစွာ အထောက်အကူရမှာဖြစ်ကြောင်း ပြောကြားသည်။

  • မြစပဲရိုး

    May 14, 2016 at 1:40 pm

    – နိုင်ငံတော် အတိုင်ပင်ခံ ခန့်အပ်တာ အခြေခံဥပဒေနဲ့ မညီဘူးလို့ ကာချုပ် က ပြောတယ်လို့ ဒီနေ့ The Voice သတင်းစာ ခေါင်းစည်းမှာ ရေးထားပါတယ်။ အပေါ်မှာ ပြောထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါလို့ လား။

    The Voice တော့ အရင် က ကိုယ်ဘာလဲ ဆိုတာ ကို မဖုံးနိုင် မဖိနိုင်လောက် အောင် ကို အခြေအနေပျက် နေပြီ ထင်ရဲ့။
    စပွန်စာ နဲ့ စား နေရတာမို့ တိုင်းပြည်အေးချမ်းတိုးတက် ရေး ကို တောင် မမြင်လို ကြ တော့တာလား မသိတော့။ 🙄

    • kai

      May 14, 2016 at 2:10 pm

      ဟုတ်ပုံရပါတယ်..။ ကာချုပ်ဆက်ပြောသွားတာက.. သူတို့က အဲလိုထင်လို့ထောက်ပြတယ်..။
      မဲခွဲတော့ မဲရှုံးတယ်..။

  • မြစပဲရိုး

    May 14, 2016 at 9:02 pm

    ဒီနေ့ ဆွီဒင် နိုင်ငံ စတော့ခ်ဟုမ်း မှာ Eurovision Song Contest 2016 ရှိပါတယ်။
    အတော်လေး ပေါ်ပြူလာ ဖြစ်နေတဲ့၊ ကိုယ်လဲ ကြိုက်တဲ့ ရုရှား နိုင်ငံ က ပြိုင်ပွဲဝင် သီချင်း ကို မှတ်တမ်းတင်ပါတယ်။
    Stage ပေါ်မှာ လုပ်ထားတဲ့ ကွန်ပြူတာ mix CGI special effects တွေ က နိုင်ငံတကာ က အတော်ဆုံး တွေ ကို ကြေးကြီးပေး လို့ လုပ်ထားတာ လို့ ဆိုပါတယ်။
    ရှုစားကြပါ။ အတော်လေးကို ကောင်းတယ် ထင်တာပါဘဲ။
    နိုင်မနိုင် ကတော့ စောင့်ကြည့်ကြတာပါ့။

    Eurovision Song Contest 2016 First Semi-Final
    Flag of Russia Russia (RTR)
    Performer: Sergey Lazarev း Song title: You Are The Only One
    Music by: Dimitris Kontopoulos, Philip Kirkorov
    Lyrics by: John Ballard, Ralph Charlie

    YOU ARE THE ONLY ONE
    Verse 1
    We can never let the word be unspoken၊ We will never let our loving go come undone
    Everything we had is staying unbroken, now ၊ you will always be the only one, you’re the only one

    Bridge
    Wont ever give up cause you’re၊ Still somewhere out there၊ nothin’ or no-one’s gonna keep us apart
    Breakin’ it down but i’m still gettin’ nowhere၊ wont stop – hold on၊

    Chorus
    Thunder ‘n’ lightning it’s gettin’excitin’၊ Lights up the skyline to show where u are၊ My love is rising the story’s unwindin’
    Together we’ll make it ‘n’ reach for the stars၊ You’re the only one you’re my only one၊ You’re my life every breath that i take
    Unforgettable so unbelievable၊ You’re the only one – my only one

    Verse 2
    I could have told you to slow down ‘n’ stay down၊ I could have told you a secret wont u keep it now
    Thinking of making a showdown when love is found၊ Thinking of waiting till you’re around

    Bridge
    Wont ever give up cause you’re၊ Still somewhere out there၊ nothin’ or no-one’s gonna keep us apart
    Breakin’ it down but i’m still gettin’ nowhere၊ Wont stop – hold on၊

    Chorus
    Thunder ‘n’ lightning it’s gettin’excitin’၊ Lights up the skyline to show where u are
    My love is rising the story’s unwindin’၊ Together we’ll make it ‘n’ reach for the stars
    You’re the only one you’re my only one၊ You’re my life every breath that i take
    Unforgettable so unbelievable၊ You’re the only one – my only one

    https://www.youtube.com/watch?v=RZkXb_IGS1g

  • မြစပဲရိုး

    May 15, 2016 at 5:44 am

    Ukraine’s Jamala has won this year’s Eurovision Song Contest, held in Stockholm, Sweden.
    The country scored 534 points with its song 1944, about Stalin, Crimea and claims of ethnic cleansing.
    Australia finished second with 511 points, while Russia – which was the favourite going into the competition – was third with 491 points.

    ကိုယ်တိုင်ရေး ကိုယ်တိုင် ဆို နိုင်ငံရေးသီချင်း နဲ့ အနိုင်ရသွား တဲ့ ယူကရိန်း အမျိုးသမီး အတွက် ဂုဏ်ယူပါတယ်။
    သူ့ သီချင်း က ဒိုင် အမှတ်မှာ ဒုတိယ၊ ပရိတ်သတ် အမှတ်မှာ ဒုတိယ နဲ့ ပေါင်းလိုက်တော့ ပထမ ရပါတယ်။
    ဩစတြေးလျား က ဒိုင် အမှတ်မှာ ပထမ၊ ပရိတ်သတ် အမှတ်မှာ စတ္ထုထ နဲ့ ပေါင်းလိုက်တော့ ဒုတိယ ရပါတယ်။
    ရုရှား က ဒိုင် အမှတ်မှာ ပဉ္စမ၊ ပရိတ်သတ် အမှတ်မှာ ပထမ နဲ့ ပေါင်းလိုက်တော့ တတိယ ရပါတယ်။

    Eurovision Song Contest 2016 Second Semi-Final
    Flag of Ukraine Ukraine (NTU)
    Performer: Jamala; Song title: 1944
    Music by: Jamala ; Lyrics by: Jamala

    When strangers are coming… They come to your house,
    They kill you all and say, We’re not guilty not guilty.

    Where is your mind? Humanity cries. You think you are gods.
    But everyone dies. Don’t swallow my soul. Our souls

    We could build a future, Where people are free, to live and love.
    The happiest time.

    Where is your heart? Humanity rise. You think you are gods
    But everyone dies. Don’t swallow my soul. Our souls.

    စစ်၊ မတရားမှု တွေ နဲ့ ငြိမ်းချမ်းရေး အတွက် ရသင့် တယ်လို့ ဘဲ ဆိုပါစို့။ တန်ပါတယ်။

    https://www.youtube.com/watch?v=iExW72v0BSw

  • မြစပဲရိုး

    May 18, 2016 at 11:04 pm

    ခေါင်းဆောင် တွေမှာ အနားတောင် မယူဘဲ ရှိသမျှအားသုံး ကြိုးစားပြီး တိုင်းပြည် ကို ဆွဲတင်နေချိန်မှာ
    ဒီ အရှုပ်ထုပ် တွေ က လဲ မပြီးနိုင် မစီးနိုင် နောက်က သွေးထိုး လို့ မဆုံး။
    တကယ်တော့ သူတို့ မှာ လူ လဲ မရှိ။
    ဒီနေရာ လဲ ဒီ လူ၊ ဟို နေရာလဲ ဒီ လူ။ ထပ်နေပြီလားတောင် မသိ။
    အရေးထဲ မ ဘ သ တွေ က တစ်မျိုး၊ ဒီ ဗ က ပ တွေ က တစ်ဖုံ။
    တူ နဲ့ တံစဉ် ကို ပူးထားတဲ့ သင်္ကေတ က ကွန်မြူနစ် အလံ တွေ မှာ ရှိတယ် ဆိုတာ ကို အဲဒီ ပုံ တီရှပ် ဝတ်ထားတဲ့ ဆန္ဒပြသူများ သိမှ သိကြပါ့မလား။
    ဟိုတစ်လောက ကြောင်သားတွေ ဆူပူတာ နဲ့ အခု ဆူပူမှု ကို နောက် က ထောက်ပံ့ကြိုးကိုင် နေသူ ဟာ တစ်စု တစ်ဖွဲ့တည်း ပါဘဲ လို့ ထင်ပါတယ်။
    လှုပ်လေ ပိုပြီး အကောင်ထင်လေ ဖြစ်နေတော့တာမို့ နောက်ကွယ်က အဲဒီ ဖြုတ်ဦးဏှောက် ဆဆရာကြီး များ ကိုယ့် အကြောင်းသာ ကိုယ်သိကြပါတော့။
    ပြည်သူ့ ချဉ်ပတ် တွေ ထီးထီးကြီး ပေါ်ပေါ်လာတာ စိတ်ပျက်ဖွယ်။

    https://www.facebook.com/IrrawaddyBurmese/photos/ms.c.eJw9z8sNwDAIA9CNKvOH~;RcrpCVSTi8mMcQqSGOzEHPWhw4opOCFqAXWSQTbD6IxkOAFjxkhuomgMxK5kCeBsvtLsaJPLHSR6VEXfK65aSG~_YrjFuvwkhBYK5w3bhFGTZ~;n2MK5vW7yDkTM~;.bps.a.1243083162402500.1073744401.121507374560090/1243084245735725/?type=3&theater

  • မြစပဲရိုး

    May 18, 2016 at 11:14 pm

    အစိုးရခေတ်အဆက်ဆက်က ကြွေးကြော်ခဲ့တဲ့ မြန်မာနိုင်ငံကို စင်ကာပူလို ပုံစံမျိုးနဲ့ လုပ်ဆောင်သွားမှာမဟုတ်ဘဲ ကိုယ့်နိုင်ငံရဲ့ ပုံစံအတိုင်းပဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန်တို့ မေလ ၁၈ ရက်နေ့ မနက်ပိုင်းက နေပြည်တော် နိုင်ငံခြားရေးရုံးမှာ တွေ့ဆုံခဲ့ကြအပြီး ပြုလုပ်တဲ့ နှစ်ဘက်သတင်းစာရှင်းလင်းပွဲမှာ ဒေါ်စုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    စင်ကာပူနိုင်ငံ ဖွံ့ဖြိုးတိုးတက်တာကို အတုယူပြီး လိုက်လုပ်မှာ မဟုတ်ပေမယ့် စင်ကာပူနိုင်ငံကို မိတ်ဆွေကောင်းနိုင်ငံ အဖြစ်သတ်မှတ်ပြီး ကိုယ်နိုင်ငံ ပုံစံနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုမျိုးကိုပဲ ဆေင်ရွက်သွားမယ်လို ့ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။

    “စင်ကာပူ နိုင်ငံလိုတော့ ပုံစံတော့ ဖြစ်အောင်မလုပ်ပါဘူး။ ဒီနိုင်ငံက ဒီနိုင်ငံရဲ့ ပုံစံနဲ့ပဲ ဖွံ့ဖြိုးတိုးတက်ရမှာပါ။ ဒါပေမယ့် စင်ကာပူရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မှီအောင်လုပ်မယ်ဆိုတာက ဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု စင်ကာပူရဲ့ ဖွံ့ဖြိုးတိုးတက်မှုလောက်ကို ကြီးမားနိုင်တယ်။ ကျမတို့နိုင်ငံသူနိုင်ငံသားတွေကို အကျိုးပြုနိုင်တယ်ဆိုတဲ့ သဘောပါ။ ဒီလို ကြိုးစားတဲ့နေရာမှာ စင်ကာပူဟာ မိတ်ဆွေကောင်းတစ်ယောက်ကို ရပ်တည်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာတွေနဲ့တွေ့ဆုံ မေးမြန်းမှုမှာဖြေကြားခဲ့တာပါ။

    ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ကိစ္စ၊ မြန်မာ- စင်ကာပူ အသက်မွေးမှုသင်တန်းကျောင်း ကိစ္စရပ်များ စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    Source: DVB

  • Thint Aye Yeik

    May 19, 2016 at 1:26 pm

    ဒီသတင်းနဲ့ ဒီဓါတ်ပုံကို ကြည့်ပြီး..တွေးနေမိတာ…
    ဆူးလေစေတီတော်ပေါ်က ဗုဒ္ဓဘာသာဆိုတဲ့ လူသားတွေအတွက်ကတော့… ဒီဝတ်စုံဟာ…
    ဘာသာရေးကို စော်ကားတဲ့ ဝတ်စုံ…။
    ဒီဝတ်စုံကို ဝတ်လာသူဟာ …ဒီဘာသာရေးကို မထီမဲ့မြင် ပြုသူ…

    ဝတ်စုံကို ဝတ်ထားသူကတော့… ဒီဝတ်စုံဟာ…သူမရဲ့ရှက်ရှက်ကို ဖုံးထားပေးတဲ့ဝတ်စုံ…
    သူမဟာ… ရှက်ရှက်ကို ဖုံးတဲ့အဝတ်အစားနဲ့…ဘာသာရေးနယ်မြေတစ်ခုအတွင်း ဝင်ရောက်လေ့လာသူ…

    (သူကြီးတို့… အမေရိကားမှာ… ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘုရားကျောင်းတစ်ခုထဲ…
    ဘုရားပုံ ပါတဲ့ စကပ်ဝတ်ပြီး… ဝင်လာရင်….
    ဒီမှာလိုမျိုး..ထွက်သွားပေးလို့..တောင်းဆိုကြမှာလား…ဆိုတာလည်း စဉ်းစားနေမိ)

    https://1.bp.blogspot.com/-ltWd7CZqC38/Vz0H0IJnfvI/AAAAAAAAiR8/IHrpMuibC8kq_O84YM-bMXcm0nEILBmlwCLcB/s400/4.jpg

    ဆူးလေစေတီသို့ ဗုဒ္ဓရုပ်ပွားတော်ပုံ ထမိန်စကပ်ဖြင့် တက်ရောက်ခြင်းအား ဘုရားဖူးပြည်သူများမှ တားမြစ်ခဲ့
    19 May 2016 06:55(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

    ယနေ့ မေ ၁၈ ရက် မနက်ပိုင်းက ဆူးလေစေတီတော်ပေါ်သို့ ဗုဒ္ဓရုပ်ပွားတော်ပုံအား ရိုက်နှိပ်ထားသည့် ထမိန်စကပ်ဖြင့် တက်ရောက်သည့် နိုင်ငံခြားသူ ၂ ဦးအား ဘုရားဖူးပြည်သူများမှ တားမြစ်ကာ ဘုရားပေါ်မှဆင်းခိုင်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်။

    အဆိုပါနိုင်ငံခြားသူ ၂ ဦးသည် စကားပြန်ပါလာခြင်းမရှိဘဲ ဘုရားပေါ်သို့ တက်လာပြီးဘုရားဖူးပြည်သူများက ရှင်းပြရာ မသိ၍ ဝတ်ဆင်ခဲ့ခြင်းဖြစ်ပြီး Sorry ဟု တောင်းပန်သွားကာ ဘုရားပေါ်မှ ပြန်လည်ဆင်းသွားကြောင်း တားမြစ်ခဲ့သူတစ်ဦးက MCNA ကိုပြောပြသည်။

    ဘုရားပေါ်တွင် ဂေါပကအား ပြောပြရန်ရှာသော်လည်း မတွေ့ရှိသည့်အတွက် ယခုလိုတာဝန်သိပြည်သူများက တားမြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

    ဓာတ်ပုံ – ခင်မျိုးလှ
    Myanmar Citizen News Agency
    http://www.thithtoolwin.com/2016/05/blog-post_885.html
    ———————-

  • မြစပဲရိုး

    May 26, 2016 at 1:33 am

    “ ဒီ ခရီး ”
    ▬-▬-▬
    “ ငပိချက်ကောင်းတယ် ” ညွှန်းရင်း
    ပုဇွန်ထုပ်ဇွန်းမှာပဲ လက်ဆုံနေတဲ့ အလှူ
    .
    ပရိက္ခရာ ဖိုးထက်
    မဏ္ဍပ်ထိုးခ,က ပိုများနေကျ
    ဟောပြော သူထက်
    အခမ်းအနားမှူး းမိုက်ခွက်က ပိုကောင်းနေကျ။
    .
    ပွဲမဖြစ်မှာ စိုးလို့
    ဂိုးဝင်ဖမ်းသူ ခမျာ
    ပြိုင်ဘက်တိုက်စစ်မှူးးထက်
    ကိုယ့်နောက်တန်းကို ပြန်ကြောက်နေရ။
    .
    ဗိုက်က လမစေ့သေး
    စနေမွေးရင် ခွကျော်မလို့တဲ့
    ဓားထမ်းစောင့်သူ တချို့ရှိ
    .

    သတိ …!
    အဆန်လှေဖြစ်သည်…
    ဝေစုတောင်းလျှင်
    လှော်တက် တချောင်းစီရမည် ။….။

    .
    – ‪#‎မင်းကိုနိုင်‬
    [ ၂၅/မေ/၂၀၁၆ ]

Leave a Reply