လူဆိုသည်မှာ

manawphyulayAugust 28, 20101min938


အမေ မွေးစဉ်က
ကလေးသာသာမို့
လူ့ပြည်မှာ ပထမ
သုညက စခဲ့ရာ
လူသားမှန် အရွယ်ရင့်ကာမှ
ကြာမြင့်ချိန် တာရှည်ခဲ့ပေါ့
ကြီးခဲ့ရပြန်
လူဟူသည် လူသားအတွက်ပေပေါ့
လူဟူသည် လူအများအတွက်ပေမို့
ကိုယ့်တွက်သာ ဘယ်မဟုတ်လေဟု
လူ့သရုပ်ပီပြင်စွာ
ထင်လာခဲ့ စိတ်အတွေး
လှုပ်ရှားရုန်းကန်
ဘဝလှိုင်းဒဏ်အကြား
ချော်လဲတစ်ခါ
ပြန်ထ တစ်လှည့်
ဖြတ်သန်းခဲ့ရ
ဒီလူ့ဘောင်တွင်
ရှုံးတစ်ခါ နိုင်တစ်လှည့်
သံသရာကို ရှည်စေခဲ့
ဆိုးကောင်း အတူမြဲပါလို့
ဒွန်တွဲလာ သင်္ခါရပေမို့
လူ့ရွာမှာ လူပီသအောင်
အားတင်းကာ ကြိုးစားနေဆဲ…..

8 comments

  • kopauk mandalay

    August 28, 2010 at 3:44 pm

    လူဆိုသည်မှာ ဒူဟူဟူလို့မောင်းမတီးဘဲ
    အူဝဲဆိုပြီးရောက်လာပါတယ်။
    ပျော်စရာတွေ့တော့ ရီပါတယ်
    စိတ်ညစ်စရာတွေ့တော့ ငိုပါတယ်။
    နောက်ဆုံး ပြန်ထွက်သွားတော့လည်းကျန်နေတဲ့သူတွေက
    တဟီးဟီးနဲ့ဝို်င်းငိုပြီးပြန်ပို့ပေးလိုက်ကြပါတယ်။
    အူဝဲနဲ့စ တဟီးဟီးနဲ့ဆုံး ဒါထက်လုံးလုံးဘာမှ ရမသွားတာ လူဘဝပါ။

  • manawphyulay

    September 9, 2011 at 10:36 am

    ဘာမှမရပဲနဲ့တော့ လူ့ဘဝမှာ မဖြတ်သန်းချင်ဘူး။

    • etone

      September 9, 2011 at 2:31 pm

      မယူပဲ ဘယ်ရပါ့မလဲ အစ်မ မနောရေ … ။
      (ယောကျာ်း 😛 ) ရအောင် ယူလိုက် … !!!

      • windtalker

        September 9, 2011 at 8:47 pm

        ဝုတ်ဒယ်
        မအီးတုံး ပြောတာ
        အခု ရန်ပုန် မှာ
        အုန်းတီး ယောက်ျားရှာဖွေရေး အေဂျင်စီ ဆိုတာ
        သိပ်ကောင်းဆိုပဲ
        ဟီဟီ
        🙂

  • etone

    September 9, 2011 at 2:03 pm

    လူဆိုသည်မှာ … တဦးတစ်ယောက်တည်း ခွဲထွက်မနေသာ .. တပင်ရိပ်တပင်ခိုက ာ.. စုပေါင်း ညီညာ … ရှိကြသောအခါ … ထာဝစဉ် စိမ်းလန်းစိုပြေစွာ .. အဲ .. ယောင်ကုန်ပြီ … ဘာရယ်မဟုတ်ဘူး အဲ့သီချင်းလေး သတိရမိလို့… ။ အရင်က တီဗွီက လာနေကျလေးလေ .. ။ 🙂

    • manawphyulay

      September 9, 2011 at 3:14 pm

      အင်း ဟုတ်တယ် အဲဒီသီချင်းလေး စကြားခါစက လေဒီယိုက နားထောင်ရတာလေ… လေတွေတိုက်ပြီး အပင်တွေယိမ်းထိုးနေတာလေ… နောက်ခံသီချင်းနဲ့ကို တီဗီမှာ ထပ်ပြီး မြင်ရတာပဲ။ ခုတော့လည်း မလာတာကြာပီနော်….

  • naywoonni

    September 9, 2011 at 6:10 pm

    မလာတာကြာလို့ လွမ်းနေတယ်ထင်ပါ့…။

  • မီးမီး သော်

    September 9, 2011 at 6:54 pm

    “”ဆိုးကောင်း အတူမြဲပါလို့
    ဒွန်တွဲလာ သင်္ခါရပေမို့
    လူ့ရွာမှာ လူပီသအောင်
    အားတင်းကာ ကြိုးစားနေဆဲ…..””ဒီနေရာလေးက ကြိ ုက်လို ့ပါနော်။လူသားပီသအောင် ကြိ ုးစားကြမယ်ဆိုရင် အနာဂတ်ကမ္ဘာက ပိုလှပလာမှာပါ။

Leave a Reply