ခိုင်ထူး…နဲ ့…စကားပြောခြင်း…။

black chawMay 10, 20161min2236

 

 

(ဘလက်ချော မေး)

တူးတူး သီဆိုခဲ့တဲ့
အဆင်သင့်ပဲဟေ့ စီးရီးစ် ကိစ္စ နဲ့ စလိုက်ချင်ပါတယ်။
အဆင်သင့်ပဲဟေ့ ကို
ကိုခိုင်ထူး ဆိုဖို့ သေသေချာချာ ပြင်ဆင်ထားပြီးမှ
ဘာဖြစ်လို့ တူးတူး ကို ပေးဆိုလိုက်ရတာပါလဲ…။
အဲဒါ ကို ကျွန်တော် စိတ်ဝင်စားပါတယ်…။

(ခိုင်ထူး ဖြေ)

အရင်က Aces နဲ့ သီချင်း မလုပ်ဖူးသေးဘူးဗျ။
တစ်ယောက်နဲ့ တစ်ယောက် သိတ်စိမ်းနေတယ်။
တစ်ယောက်နဲ့ တစ်ယောက် သဘောမပေါက်နိုင်ဘူး ဖြစ်နေတယ်။
အဲဒီ အခွေကို ရင်းလိုက်တဲ့ သဘောပေါ့။
ဒါပေမယ့် ဒါတွေက အကျိုးတော့ မယုတ်ပါဘူး။
ကျွန်တော် မထုတ်ဘူးဆိုတာက                                                       ကိုယ့်ဟာကိုယ် စလုပ်ကတည်းကလည်း
ထုတ်ဖို့ရည်ရွယ်ချက် မထားဘူး။ သဘောပေါက်လား။

(ဘလက်ချော)

ရင်းနှီးမှုတည်ဆောက်တဲ့ သဘောပေါ့။

(ခိုင်ထူး)

အဲဒါ မရပဲနဲ့ တစ်ယောက်နဲ့ တစ်ယောက် မသိပဲနဲ့…၊
အဲဒီတုန်းက Aces ကလည်း သူ့ အရှိန်နဲ့ သူ နာမည်ကြီးနေတာကိုး။
တော်ရုံတန်ရုံ ပေါ့သေးသေး သွားလုပ်လို့မရဘူး။
ကျွန်တော်တို့ တလေးတစား တစ်ယောက်နဲ့ တစ်ယောက် Respect ပေါ့။
သူတို့နဲ့ ရောရောနှောနှောနေတယ်။
ကျွန်တော့် ပုံစံ ကျွန်တော့် သဘောထားကို သူတို့ သိလာတယ်ပေါ့။
အဲဒါအတွက် ကျွန်တော် ဒီအခွေကို လုပ်လိုက်တာပေါ့။
သူတို့ကို ပြောတော့ မပြောဘူးပေါ့ဗျာ။
အခုမှ ခင်ဗျားကို ဖွင့်ပြောတာပါ။

(ဘလက်ချော)

အဲဒါ ကျွန်တော် ရေးလို့ရလား ဗျ။

(ခိုင်ထူး)

ရပါတယ်။ ရေးပါ။

6 comments

  • ယမကာကျော်စွာ အူးမြောက်မြောက်

    May 10, 2016 at 2:10 pm

    နံမယ် ရဘို့ ဂလိုဘဲ ရင်းရဒါလား အာကို ့

    • black chaw

      May 11, 2016 at 12:45 pm

      @ ယမကာကျော်စွာ အူးမြောက်မြောက် ;
      နာမည်ရဖို့ တော့ ဟုတ်လောက်ဘူးဗျ။
      အဲဒီအချိန်က ခိုင်ထူးက နာမည်ရပြီးသားဖြစ်နေပြီလေ။
      တီးဝိုင်းအသစ်နဲ့ နားလည်မှု တည်ဆောက်တဲ့ သဘောပဲ
      ဖြစ်မှာပါဗျာ။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • uncle gyi

    May 10, 2016 at 2:30 pm

    အမြင့်တက်ဖို့တုံးတတုံးခုလိုက်တယ်ပြောပါစိုု့

    • black chaw

      May 11, 2016 at 12:49 pm

      @ uncle gyi ;
      အင်း…အန်ကယ်ကြီး ပြောတာ နည်းနည်း နီးစပ်မယ်ထင်ပါတယ်။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ အန်ကယ်ကြီးရေ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • kai

    May 10, 2016 at 4:54 pm

    မီဒီယာသမားပီသနေတယ်..။ အနှိုက်ဆရာကြီး..။ :k:

    • black chaw

      May 11, 2016 at 12:57 pm

      @ kai ;
      အင်တာဗျူး သမား မဟုတ်ပေမယ့်
      ကိုယ်စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့
      ကြိုးစားပြီး ဗျူးလိုက်တာပါပဲ သူကြီးရေ…။
      အတွေ့အကြုံသစ်အတွက် ကျေးဇူး ပါဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

Leave a Reply