ချစ်သော ဖားလေး – Darren Espanto

ဇီဇီMay 10, 20161min342927

ကိုယ့် ရဲ့ ချစ်သော ဖားလေး အကြောင်း ပြောပြမယ်။ ဟို အော့ကြောလန် ဖားသက်ပြင်း ကို ပြောတာမဟုတ်ဘူးနော်။

ဖီလစ်ပီနို အဆိုတော်လေး ပေါ့။ ကိုယ်တွေက ဖီလစ်ပီနို လူမျိုးဆိုရင် ဖား လို့ခေါ်တာ။ အသက်က ၁၅ နှစ် ဆိုတော့ ဖားလေး ပေါ့။

ကိုယ်က ချစ်တော့ ကိုယ့်ရဲ့ ချစ်သော ဖားလေး ပေါ့။ ဟိ။

:chit:

အမှန်ကတော့ ဖီလစ်ပီနိုမှာ တီဗီရှိုး The Voice Kids Philippines က ဒိုင် ကို ကြိုက်လို့ ကြည့်ရင်း Darren ကို သတိထားမိပြီး တူး မိလို့ ရာဇဝင် ဥ ပေါ်လာတာပေါ့လေ။

အရည်အချင်းအရကို အရမ်းသဘောကျလို့ မျှဝေတာပေါ့။

အဖေရော အမေရော ဖိလစ်ပီနို ပါ။ ဒါပေမဲ့ ကနေဒါမှာ မွေးတာ။

  • ၃ နှစ် အရွယ်ကတည်းက သီချင်း စ ဆိုနိုင်ပြီး
  • ၁ဝ နှစ် အရွယ်မှာ Masters Finals of the Pinoy Singing Sensation competition မှာ ဆုရခဲ့တယ်။
  • အဲဒီ နှစ်မှာပဲ The Next Star in 2012 မှာ ကနေဒီးယမ်း လူငယ်တွေ ကြားထဲ အသက် အငယ်ဆုံး အဖြစ် Top 6 အတွင်း လက်ရွေးစင် ဝင်ခဲ့တယ်။
  • နောက်တော့ အသက် ၁၂ နှစ်မှာ The Voice Kids Philippines the first season (2013) မှာ ဝင်ပြိုင်ခဲ့တယ်။ လိုကယ် သီချင်းတွေချည်း ဆိုတဲ့ ၉ နှစ်သမီးက Vote ပိုရလို့ ဒုတိယ အနေနဲ့ပဲ ရခဲ့ပေမဲ့
  • ၁၃ နှစ်မှာ Major Solo Concert စင် ပေါ် ဖျော်ဖြေနိုင်တဲ့သူဖြစ်နေပြီ။
  1. The youngest artist who had 5 single records
  2. The youngest artist to have an all original solo album
  3. The youngest artist in the world whose two songs placed number 1 and 2 in the iTunes Chart Single category[6] less than 10 hours စတဲ့ အသိအမှတ်ပြုမှုတွေ ပုံအော ရထားပြီ။

၂၀၁၄ ဩဂတ်မှာ ABS-CBN’s Star Magic မှာ အရေးသူ တစ်ယောက်ဖြစ်နေခဲ့ပြီ။

Star Magic ဆိုတာ ဖိလစ်ပင်းက အရည်အချင်းရှိ ကလေးတွေ ကို ပြုစုပျိုးထောင် ကူညီတဲ့ နေရာတစ်ခုပေါ့။

ကိုရီးယားရဲ့ အနုပညာ ကျောင်းလိုပါပဲ။

အန်တာတိန်းနာကောင်း တစ်ယောက်ဖြစ်ဖို့ လိုတာ အကုန် သင်ယူနိုင်တဲ့ နေရာပါ။ (ဖီးလင်း- အားကျ)

:buu:

Darren အကြောင်းကို ပြန်သွားရအောင်။

အဖေအမေကိုယ်တိုင်ကို က သူတို့သားရဲ့ အရည်အချင်းကို သိတဲ့ အတွက် Darren Espano သီချင်းဆိုဖို့ ပံ့ပိုးနိုင်တာမှန်သမျှ အကုန်လုပ်ပေးခဲ့တယ်။

Pinoy Singing Sensation competition ဆုရခဲ့ပေမဲ့ …

သူ့ ရဲ့ အရည်အချင်းကို အရောင်တင်ပေးလိုက်နိုင်တာက YTV’s reality television The Next Star in 2012 ပြိုင်ပွဲဖြစ်လာတယ်။

၁ဝ နှစ် အရွယ် အကြမ်းထည် အရှေ့တိုင်းသားလေး ငြိမ်ငြိမ်တည်တည် ကောင်လေး တစ်ယောက် စင်ပေါ်မှာ ဘယ်လိုလှုပ်ရှားရမလဲ သိအောင်၊ အဝတ်အစားရွေးတတ်အောင်၊

သီချင်းရွေးတတ်အောင် စပြိုင်ကာစကနေ လက်ရွေးစင် ၆ ယောက်ထဲ ပါဖို့ အထိ တောက်လျှောက် သင်ယူစရာတွေအကုန်သင်ယူခဲ့ရတယ်။

ကျနော် သဘောကျတဲ့ အချက်တွေ လာပါ့မယ်။

သူ ၁ဝ နှစ်သား ကနေဒါမှ ပြိုင်ပွဲ စဝင်ကတည်းက “He is so mannerly”  လို့ ချီးကျူးခံရအောင် ယဉ်ကျေးတည်ငြိမ်ခဲ့တဲ့ ကလေးပါ။

အရှေ့တိုင်းသား သူတစ်ယောက်တဲ့ Top (6) ထဲ ပါပြီးနောက်မှာလည်း ကြွစောင်းစောင်းဖြစ်မလာပဲ ချစ်စရာငြိမ်ငြိမ်လေးမို့

– Vocal Trainer

– Stage-Entertaining Trainer

– Costume Designer ရော အမှတ်ပြည့်ပေးခဲ့ကြပါတယ်။

ဒီဇိုင်းနာဆီမှာ သွားတော့ ဟိုက အဝတ်အစားတွေးခိုင်းတဲ့ အချိန်မှာ တီရှပ်နဲ့ ဂျင်း ပဲ ဝတ်ချင်တယ်ဆိုပြီး ရွေးဝတ်ထွက်လာတဲ့ ၁ဝ နှစ်သားလေးကို ချစ်လိုက်တာ။

:chit:

အခုထိလည်း အဝတ်အစား အဆန်းတကျယ်နဲ့ စင်ပေါ်တက်ပြီး မျက်စိမနောက်စေတဲ့ ကလေးပါ။

သူ့ကို ဂိုက်လိုင်းလုပ်သမျှ ပြုံးပြုံးလေးနဲ့ လိုက်နာတတ်တာကလည်း အရွယ်နဲ့ မမျှတဲ့ အပြင် ကနေဒီယမ်တွေရဲ့ ကလေးတွေ အပေါ် စိတ်ရှည်မှု၊ သည်းခံမှု၊ စဉ်းစားပေးမှုကလည်း ကြည့်တဲ့သူအတွက် အမှတ်ပြည့်ပါ။

ပြိုင်ပွဲစဝင်တဲ့နေ့က အမျိုးသား ဒိုင်က “No” လို့ ပြောခဲ့တာ…

အကြောင်းပြချက်က အသံက ၁ဝ နှစ်သားနဲ့ မလိုက်အောင် ကောင်းပေမဲ့လည်း စတေ့(ချ) ပေါ် တက်ဖို့ရယ်၊ ထရိန်းဖို့ရယ်မှာ ရှက်ကြောက်တတ်ပုံရတဲ့ အရှေ့တိုင်းသား ၁ဝ နှစ်ကလေး တစ်ယောက် အတွက် စဉ်းစားလို့ပါ။

ဒါပေမဲ့ နောက်ပိုင်း စင်ပေါ်က ပါဖောမန့်(စ) တိုးတက်မှုကို ကျေနပ်လို့လည်း Top (6) ထဲ ရောက်လာတာပေါ့လေ။

ဖားကလေးကို ကြည့်ရင်း တစ်ဆက်တည်း စဉ်းစားမိတာက သူ့မိဘတွေ အကြောင်းပါပဲ။

သူတို့ သားရဲ့ တဲလန့်ကို အကဲဖြတ်တာ အချိန်ကိုက်တာရယ်၊

လမ်းကြောင်းပေါ်ကို တက်ဖို့ အားပေးနိုင်တာရယ်၊

စိတ်ရောလူရောအချိန်ရော ရင်းပြီး တွန်းတင်ပေးနိုင်ရယ်ကို မြင်ရတာ

လောကမှာ ဘယ်ပြောင်းလဲမှုမဆို စောတာ နောက်ကျတာ မရှိဘူးဆိုတာကို လက်ခံသွားပါပြီ။

ကနေဒါမှ ဆု ၂ ခါရပြီး ဖီလစ်ပင်းကို Darren ၁၂ နှစ်သားမှာ ပြန်ပြီး ပြိုင်ပွဲ ဝင်ဖို့ ဆက်ကြိုးစားခဲ့လို့ ကလေး တစ်ယောက် ဒီ အောင်မြင်မှုအထိ ရောက်လာတယ်လို့ ထင်တာပါပဲ။။

ခုချိန်ထိဆို ၁၅ နှစ်သားပေါ့။ ဟီးးးး

(ကြိုက်တာတွေက အသက်မပြည့်သေးတဲ့ ကလေးတွေ ထိ ရောက်လာပြီ)

:mrgreenn:

Cute, Humble, Steady & Talented Entertainer လို့ ပြောလို့ လွန်မယ်မထင်ဘူးး။ စင်ပေါ်ရောက်တဲ့ အချိန် သူ့ရဲ့ အာရုံစိုက်မှုနဲ့ ဖျော်ဖြေမှုက တစ်ခြား တစ်ယောက်လို ဖြစ်သွားတယ်။

ကျနော်က အနုပညာ သမား ကို ပင်ကို စိတ်ဓာတ် ပြည့်ဝ ပြီး ရင့်ကျက်မှ ကြိုက်တယ်။ Entertain လုပ်တဲ့ အချိန်မှာ ဘယ်လို ပြောင်းသွားသွားး……

:mrgreen:

ခုထိလည်း ယဉ်ကျေးတာ၊ နာမည်ပျက်မရှိတာတွေနဲ့ သူ့လမ်းကြောင်းလေးက မြင်ရတာဖြောင့်ပါတယ်။

အားကျတာ တဝက်၊ ချစ်တာ တဝက် နဲ့ ဗီဒီယို တွေ လိုက်ရှာပြီး ကြည့်လို့ ဒီလောက် ပြောနိုင်တာပါ။

ကျနော်က အဆိုတော် သိပ်ဖြစ်ချင်ခဲ့တာ။

အနုပညာ လောက ဆိုတာ ဘာညာ..

ပညာရေးထိခိုက်မှာ ဘာညာ…

အသိုင်းအဝိုင်းရှိတာမဟုတ်/မျိုးရိုးရှိတာမဟုတ် ဘာညာ…

ဒီလိုနဲ့ အဲ့ဒီ ဘာညာ ဆိုတဲ့ မှတ်ချက်တွေကြားမှာ ဒီလိုဖြစ်နေတာသာကြည့်တော့။

😥

အဲဒါကြောင့် ခုများ ကိုယ့်ထက် ငယ်တဲ့ကလေးတွေ ကောင်းတဲ့ ပြောင်းလဲခြင်း အိုင်ဒီယာ အသစ်အဆန်းတို့၊

အတွေးအခေါ် အသစ်တို့ မြင်ရကြားရရင် ပိတ်ပင်ဖို့ထက် ထောက်ခံဖို့ စဉ်းစားတယ်။

မထောက်ခံနိုင်တဲ့ ကိစ္စမျိုးတောင် ကိုယ့် ပါးစပ်က ကလေးတွေ အားလျော့သွားမဲ့စကားး၊

သူတို့ တက်လမ်း ပိတ်သွားမဲ့ စကား အဝေးကတောင် မပြောရက်ဘူးးး

နိုင်ငံတကာ ကလေးတွေကို ကြည့်ကြည့်ပါဦးး……

ကိုယ့်နိုင်ငံအပြင် တခြား နိုင်ငံရဲ့ ချစ်ခင်မှု၊ အထင်ကြီးမှုကို နေရာစုံက ရသလောက် ယူနေကြ ပံ့ပိုးနေကြတဲ့ အချိန်

ကျနော်တို့က လူငယ်တွေကို ဒီ နိုင်ငံသေးသေးလေးထဲမှာပဲ ရိုးရာတွေ ယဉ်ကျေးမှုတွေ ခေါင်းစဉ်တတ်ပြီး

ဘာမှ မလုပ်ရ ပိတ်ပင်ထားရမှာတော့ စိတ်မလုံလို့ မရေးဘူးထားထားတဲ့ ဒီပို့(စ) ကို ဆက်ရေးဖြစ်ပါတယ်။

 

27 comments

    • မြစပဲရိုး

      May 12, 2016 at 2:21 am

      Link ရဲ့ အောက်မှာ စာတွေ ရှိသွားရင် တန်းမပေါ်ဘူး ဇီ ကလေးရဲ့။

      • ခင်ဇော်

        May 12, 2016 at 4:34 am

        အဲ..!!
        ခုမှ သိတယ်…
        မှတ်ထားလိုက်ပြီ အရီးး
        :k:

    • ခင်ဇော်

      May 10, 2016 at 5:01 pm

      ကျနော့ လင့်ခ် က ဖွင့်မရဘူးးလားးး
      ???

      • kai

        May 11, 2016 at 1:17 am

        ရသားပဲ..
        တန်းမြင်ရအောင် ထပ်ကူးတင်ပေးလိုက်တာ…။

      • CharTooLan

        May 28, 2016 at 1:48 pm

        သဂျီးပါဝါနဲ့ ပညာခန်းပြတာလေ 😛

  • Tawwin Pan

    May 10, 2016 at 5:13 pm

    ဖားလေးဆိုလို့ ဖားသားဟင်းများ ချက်ပြမလားလို့ ဝင်ကြည့်မိပါတယ်……..
    မှန်းချက်နဲ့ နှမ်းထွက်မကိုက်
    လူကတော့ အဆိုတော်ဖြစ်ဖို့ နေနေသာ သီချင်းတောင် ကောင်းကောင်းနားမထောင်တတ်…..
    MTV ဆို သရုပ်တောင်တာရယ် ကတာရယ်ပဲ လိုက်ကြည့်ဖြစ်…….

    • ခင်ဇော်

      May 10, 2016 at 5:26 pm

      ဖား ချက်တာ က ပို့စ်တင်ပြီးပြီ

      • Tawwin Pan

        May 10, 2016 at 5:52 pm

        ဟင်းတွေလိုက်သာကြည့်တာ တကယ်တမ်း ချက်မစားဖြစ်ဘူးရယ်
        မျက်လုံးနဲ့ပဲ ကြည့်ပြီး သရေကျတာပေ့ါ……

  • ယမကာကျော်စွာ အူးမြောက်မြောက်

    May 11, 2016 at 9:05 am

    သိပါဝူးဂျာ
    ရွာထဲက ရဲဒိုက် (Police dive) နဲ ့ တူဒဲ့ အကိုကျီးကို ခြစ်စနိုးနဲ ့များ ခေါ်သလားလို ့:oops:

    • ခင်ဇော်

      May 11, 2016 at 9:42 am

      သူ့တော့ ချစ်လည်းချစ်
      တောက်ညင်လည်း ကပ်သအေ

      :k:

  • ချစ်စရာကောင်းတာလေးရယ်.. တည်ငြိမ်တာလေးရယ် ကြောင့် ကိုယ့်အချစ်စာရင်းထဲလည်း သွင်းခွင့်ပြုပါ.. :k:

    • ခင်ဇော်

      May 11, 2016 at 11:22 am

      ယူ ပါ
      ယူပါ ဟိ
      :k:

  • မြစပဲရိုး

    May 11, 2016 at 11:08 am

    အော … အော … ချစ်သော ဇီ ကလေး
    ရွှေပြည် ထဲ က နာမည် ကြီး ကာဗာ ဆိုတာ ကို ကာကွယ် ပေးနေတာ ကိုး။
    သိပါပြီ အေ။ 😉 :-)))))

    • ခင်ဇော်

      May 11, 2016 at 11:21 am

      ဒင်း ကို သတ်ချင်နေတာာာ အရီးးရဲ့…
      😥
      ကာဗာ လို့ ပြောလို့တောင်မရ တဲ့ ကူးချဂျီးး ကို
      လုပ်စာ ရှားး လို့ Enrique Iglesia (ဖား စပန်းနစ်) ရုပ်မှ ကူးးချရတယ်လို့..
      ရင်နာလပ်ထှာာာာ ဆိုဒါလေ….

      😥

      • မြစပဲရိုး

        May 12, 2016 at 2:19 am

        Enrique Iglesias သီချင်း တွေ နဲ့ Zumba က ကြတယ်။
        အဲဒီ သီချင်း နဲ့ က ကြတာလဲ အတော် ကြည့်ကောင်းတယ်။ :-)))

        https://www.youtube.com/watch?v=6puGUccszGg

        • ခင်ဇော်

          May 12, 2016 at 4:36 am

          နောက် တစ်ခါ ကော်ပီဖို့ ရှာပေးသလားးး အရီးးရေ..
          :mrgreen:

  • Wow

    May 20, 2016 at 2:17 pm

    ဖားဆို ကျော်စံကေးကို ငုပ်သီးစိမ်းမကျည်းရွက်နဲ့ ကျော်တာလောက်ပဲစိတ်ဝင်စားတာ :mrgreen:

  • Wow

    May 20, 2016 at 2:18 pm

    အုပဒေနဲ့မလွတ်တာတွေ မလုပ်ပါနဲ့အေ :mrgreen:

    • ခင်ဇော်

      May 20, 2016 at 2:23 pm

      အေးဆို။
      အဲ့ကလေး စလုံးလာတာ စောသွားလို့၊
      နို့မို့စင်ပေါ်တက် ဖက်နမ်းလို့ ဖားမတွေ ဝိုင်းရိုက်ခံရခြင်းဆိုပြီး သတင်းစာထဲ စာလုံးမဲကြီးတွေနဲ့ ပါလာမှဖြင့်။

      :k:

    • ခင်ဇော်

      May 20, 2016 at 3:12 pm

      ရွာထိန်းက ဖား နဲ့တော့ ကွာ ဘာ့

      :k:

  • uncle gyi

    May 23, 2016 at 4:26 pm

    နိုင်ငံခြားအသံတွေနဲ့ဝေးပါတယ်ဗ ျာ

    • ခင်ဇော်

      May 28, 2016 at 6:11 pm

      ဖိလစ်ပင်းး က သူတို့တွေ ငယ် ကတည်းးက ဂီတ နဲ့ မစိမ်းအောင် လုပ်ထားတာ..
      အဲဒီ အကျင့် ကို ကြိုက်လို့ပါ..
      အနုပညာစိတ် တစ်ခု ကိန်းအောင်းနိုင်တဲ့ နှလုံးသား က အရမ်းး အရိုင်းအစိုင်းဖြစ်မသွားဘူးးလို့ ယုံကြည်ထားးလို့ပါ..
      ???

  • Thint Aye Yeik

    May 28, 2016 at 3:00 pm

    ကျနော်ကတော့ ဒိတ်အောက်နေပါပြီ။
    နိုင်ငံခြားဂီတ ဆိုရင် ဝက်စ်လိုက်လောက်ပဲ မပြတ်တမ်း နားထောင်ဖြစ်တယ်။ ကျန်တာ မသိ။

    ကျနော်ကိုက ကြိုက်နှစ်သက်မိတဲ့တစ်ခုခုထဲမှာပဲ ပိတ်မိနေတတ်တာပါဆို။ ဖွေးဖွေးကို ကြိုက်မိချိန်ကတည်းက ဝတ်မှုန်ရွှေရည်အကြောင်း မတွေးမိတော့ သလိုမျိုးးးးဆိုပါတော့

    :k:

    • ခင်ဇော်

      May 28, 2016 at 6:09 pm

      နာ လည်းး မတော်တဆ ရှာဖွေတွေ့ရှိတာပါအေ..
      သူတို့ ရဲ့ ကလေးတွေ ကို မြေတောင်မြှောက်ပေးပုံ ကို ကြိုက်လို့ ရေးးဖြစ်တာပါ..
      ??

Leave a Reply