နေရာ

ko sixMay 11, 20161min1276

အရှေ့အနောက်မသိဘဲနဲ့
တိမ်တွေတက်မလာပါဘူး။
ဘဝဆိုတာ
အထက်မီးအောက်မီးနဲ့
ကျက်ရတဲ့မုန့် မဟုတ်လား။
အပြုံးချိုသည်ဖြစ်စေ
အပြောလှသည်ဖြစ်စေ
အမြီးအမောက်တည့်တည့်ရွတ်မှရတဲ့
ကိုယ့်ကျင့်တရားလေး
အရောင်မတင်တတ်ရင်
ရောင်းတန်းဝင်မုန့် ဘယ်တော့မှ မဖြစ်တော့ဘူး။
သားသတ်လွတ်စားသော်လည်း
အချိုမှုန့်မလွတ်တဲ့အခါ
အသက်တစ်ရာမနေရကို
အေးအေးလူလူလှည့်လည်ရင်း
လူပဲ
ပျံကာသန်းကာ သေဖို့
စဉ်းစားထားပါတယ်။
ကိုစစ်

6 comments

  • ယမကာကျော်စွာ အူးမြောက်မြောက်

    May 11, 2016 at 10:33 am

    ပျံကာသန်း ဂျပန်မှာ လန်း ဖအံမှာ ဂွမ်း

    • ko six

      May 13, 2016 at 11:26 pm

      ယမကာကျော်စွာ အူးမြောက်မြောက်
      အသပြာရော်ကာ လူးပြီးလျှောက်
      မသကာ လျှော်လာ မူးပြီးမှောက်
      သမန္တာ အော်ကာ ရူးပြီးကြောက်
      ဂန်ဂါဂေါ်ဂွာ ဂူးဂီးဂေါက်

  • uncle gyi

    May 11, 2016 at 2:51 pm

    နေရာကိုစွဲကိုယ့်ကိုယ်ထင်တလုံးမြင်နေသူတွေ
    နေရာဟာသညာပါဆိုတာမသိသေးလို့ပါလေ

    • ko six

      May 13, 2016 at 11:19 pm

      မှန်တာပေါ့ အန်ကယ်။
      နေရာဆိုတာ

  • Thint Aye Yeik

    May 13, 2016 at 11:53 am

    ကဗျာ ဟောင်းလေးလား…ဆရာစစ်…

    ဖတ်ဖူးခဲ့သလားလို့ပါ ။

    • ko six

      May 13, 2016 at 11:18 pm

      ဟုတ်လည်းဟုတ်တယ်။
      ဟုတ်လည်းဟုတ်ဘူး။
      ဆင့်ပွားခံစားနေတာ

Leave a Reply