သန္ဓေ​တားဆေးများက​အ​ မျိုး​သ​မီး​များ​အား​ဉာဏ်ရည်​ထက်မြက်​စေ​နိုင် ၊

manawphyulayAugust 28, 201010min480

1. အမေရိကန်ဆယ်ကျော်သက်များ အကြားအာရုံချွတ်ယွင်းမှုများလာ၊
2. တစ်ဦးတည်းသော သားသမီးများ ပေါင်းသင်း ဆက်ဆံရေး အားနည်းချက်ရှိဆိုမှု သုတေသီများ ပယ်ချ ၊
3. သန္ဓေ​တားဆေးများက​အ​ မျိုး​သ​မီး​များ​အား​ဉာဏ်ရည်​ထက်မြက်​စေ​နိုင် ၊
4. ငွေစက္ကူအဟောင်းအနွမ်းများတွင်လူကိုသေစေနိုင်လောက်သောရောဂါများဖြစ်သည်.တီဘီရောဂါကဲ.သို.ရောဂါပိုးမွှားများပါဝင်သည် ၊


    အမေရိကန်ဆယ်ကျော်သက်များ အကြားအာရုံချွတ်ယွင်းမှုများလာ

    ဒီဂျစ်တယ် Media Playerများ ခေတ်စားလာခြင်းနှင့်အတူ အကြားအာရုံ ပြဿနာ ထူပြောလာခြင်းကြောင့် အချို့သော သုတေသီများက မြီးကောင်ပေါက် လူငယ်များအနေနှင့် ၎င်းတို့အသုံးပြုနေသည့် Player များမှ အသံ Volume ကို လျှော့ချရန် အကြံပြုထား
    အမေရိကန်ဆယ်ကျော်သက်များ အကြားအာရုံချွတ်ယွင်းမှုများလာ

    ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိကန် ဆယ်ကျော်သက် လူငယ်များတွင် အကြားအာရုံ ချွတ်ယွင်းမှု သိသိသာသာ မြင့်တက်လာကြောင်း စစ်တမ်းများက ဖော်ပြခဲ့သည်။ ဒီဂျစ်တယ် Media Playerများ ခေတ်စားလာခြင်းနှင့်အတူ အကြားအာရုံ ပြဿနာ ထူပြောလာခြင်းကြောင့် အချို့သော သုတေသီများက မြီးကောင်ပေါက် လူငယ်များအနေနှင့် ၎င်းတို့အသုံးပြုနေသည့် Player များမှ အသံ Volume ကို လျှော့ချရန် အကြံပြုထားရသည်။ ယခုအခါ အမေရိကန်ရှိ မြီးကောင်ပေါက် (၅)ဦးတိုင်းတွင် (၁)ဦးမျှသည် နားနှင့်ပတ်သက်သော ချွတ်ယွင်းချက်များ ရှိနေကြောင်း ဘော်စတွန် အမျိုးသမီးဆေးရုံမှ ဒေါက်တာဂယ်ရီကာဟန်က ပြောကြားခဲ့သည်။ သုတေသီများသည် ဆယ်ကျော်သက်များ၏ ကျန်းမာရေး သုတေသန ရလဒ်များကို နှိုင်းယှဉ်လေ့လာမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် (၁၉၈၈)မှ (၁၉၉၄)ခုနှစ်ကြားတွင် အသက်(၁၂)နှင့် (၁၉)နှစ်ကြား အမေရိကန်လူငယ် (၃၀၀၀)တို့၏ ကျန်းမာရေးစစ်တမ်းနှင့် (၂၀၀၅)မှ (၂၀၀၆)ထိ အမေရိကန် လူငယ် (၁၈၀၀)တို့၏ ကျန်းမာရေး စစ်တမ်းတို့ကို ချိန်ထိုးကြည့်ခဲ့ကြသည်။ ထိုအခါ ဒီဂျစ်တယ် Media Playerများ ခေတ်စားလာသည့် ကာလများတွင် အကြားအာရုံ ချို့တဲ့မှုမှာ (၁၅)ရာခိုင်နှုန်းမှ (၁၉.၅)ရာခိုင်နှုန်းထိ မြင့်တက်လာသည်ကို တွေ့ရှိခဲ့ကြောင်း ဒေါက်တာကာဟန်က ပြောကြားခဲ့သည်။ ဒေါက်တာကာဟန်က အလွန်သိသာသော အခြေအနေမျိုး မရှိသည့်တိုင် ဆယ်ကျော်သက် အများစုသည် အတန်ငယ် နားထိုင်းနေပြီး နိုင်ငံတဝှမ်းရှိ မြီးကောင်ပေါက် (၆.၅)သန်းခန့်သည် အကြားအာရုံ အနည်းငယ် အားနည်းဆုတ်ယုတ်နေကြောင်း ရှင်းပြခဲ့သည်။ သုတေသီများက iPod ကဲ့သို့ Media Player များကို အပြစ်တင်ရန် ငြင်းဆန်ထားပြီး အဓိက ပြဿနာမှာ လူငယ်များက Player များကို အသံကျယ်လောင်စွာဖွင့်ပြီး နားကြပ်ဖြင့် နားထောင်နေခြင်းဟု ပြောကြားခဲ့သည်။ Apple ကမူ ၎င်း၏ iPod များကို မိဘများက ကလေးများ နားထောင်ရာတွင် မည်သည့်အတိုင်းအတာထိ အသံကျယ်လောင်ရန် ခွင့်ပြုသည်ကို ကန့်သတ်ပေးသည့် စနစ်မျိုး ထည့်ပေးထားကြောင်း ပြောကြားခဲ့သည်။ မက်ဆာချူးဆက်တွင် နေထိုင်သည့် အသက်(၁၇)နှ်အရွယ် လူငယ်တစ်ဦးက ၎င်းသည် Media Player ကို အလွန်ကျယ်လောင်စွာ နားထောင်လေ့ရှိပြီး နောက်ပိုင်းတွင် နားထိုင်းလာခဲ့ကြောင်း ဝန်ခံသွားသည်။ “သူငယ်ချင်းတွေ ရယ်တာတွေ့ရင် ကျွန်တော်ရယ်လိုက်တယ်။ ဘာမှသိပ်မကြားရတာကို ဟန်ဆောင်နေရတာပါ”ဟု ၎င်းက ပြောကြားသွားသည်။ ဒေါက်တာကာဟန်က နည်းပညာ ကုမ္ပဏီများအနေနှင့် ၎င်းတို့၏ ထုတ်ကုန် Media Player များကို ရောင်းချရာတွင် ကန့်သတ်ထားသည့် အတိုင်းအတာဖြင့်သာ အသံချဲ့ နားထောင်ရန် သတိပေးစာများ ထည့်သွင်းပေးသင့်ကြောင်း အကြံပြု ပြောဆိုသွားသည်။

    တစ်ဦးတည်းသော သားသမီးများ ပေါင်းသင်း ဆက်ဆံရေး အားနည်းချက်ရှိဆိုမှု သုတေသီများ ပယ်ချ

    altမိ​ခင်​ဖြစ်​သူ​ဖတ်​ပြနေ​သည်ကို​လိုက်​ဖတ်ကြည့်​နေ​သည့်​သ​မီး​ငယ်​© dailymail

    အများအားဖြင့် တစ်ဦး တည်းသော သား သမီးများ သည် ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် အားနည်းချက်များ ရှိတတ် သည်ဆိုသော ယူဆ ထားမှုမျိုးမှာ အခြေ အမြစ် တိတိ ကျကျ မရှိကြောင်း သုတေသီများက ပြောကြား လိုက်သည်။

    ဆယ်ကျော်သက် အရွယ်များတွင် တစ်ဦးတည်းသော သားသမီးများသည် အများ အားဖြင့် တစ်ကိုယ်ကောင်းဆန်မှု၊ ပေါင်းသင်း ဆက်ဆံရေး ညံ့ဖျင်းမှုများ ရှိတတ်သည် ဟူသော အယူအဆနှင့် ပတ်သက်ပြီး ဒေါက်တာ ဒွန်နာဘိုဘစ်ဇီဟာနှင့် လုပ်ဖော်ကိုင်ဖက် သုတေသီများက ဖော်ထုတ် နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ ပေါင်းသင်းဆက်ဆံရေး လေ့လာမှုအဖွဲ့မှ ဒေါက်တာဒွန်နာနှင့် အဖွဲ့သည် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားအရွယ်ရှိ တစ်ဦးတည်းသော၊ သားသမီးများနှင့် မိသားစု၊ ညီအစ်ကိုမောင်နှမ များပြားသူများ၏ အကျင့်စရိုက် အလေ့အထများနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့သည်။ အိုဟိုင်အို တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် လေ့လာချက် စစ်တမ်းများအရ တစ်ဦးတည်းသော သားသမီးများသည် ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွင် သိသိသာသာ အားနည်းနေမှုမျိုး မရှိခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့သည်။

    ဒေါက်တာဒွန်နာက ညီအစ်ကိုမောင်နှမ များပြားခြင်းသည် လူငယ်တစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပေါင်းသင်းဆက်ဆံရေး လက္ခဏာများအပေါ် သိသာထင်ရှားသော သက်ရောက်မှုမျိုး မရှိစေနိုင်ကြောင်း ပြောကြားခဲ့သည်။ ယခင်က အိုဟိုင်အို တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေါက်ဂလက်ဒေါင်နီက ၎င်း၏ လေ့လာမှုအရ တစ်ဦးတည်းသော သားသမီးများသည် မိတ်ဆွေဖွဲ့ရာတွင် သာမန်အားဖြင့် အခက်အခဲများ ပိုမိုရင်ဆိုင်ရတတ်ကြောင်း ဖော်ထုတ်ကြေညာခဲ့ဖူးသည်။

    သန္ဓေ​တားဆေးများက​အ​မျိုး​သ​မီး​များ​အား​ဉာဏ်ရည်​ထက်မြက်​စေ​နိုင်

    altသန္ဓေတားဆေးကို​ကြည့်​နေ​သည့်​အ​မျိုး​သ​မီး​တဦး​© dailychilli

    သန္ဓေ တားဆေးများသည် အမျိုးသမီးများအား ဉာဏ်ရည်​ထက်မြက်အောင် လှုံ့ဆော်ပေး နိုင်သည့် အာနိသင် ရှိကြောင်း သုတေသီများက ပြောကြား လိုက်သည်။

    သန္ဓေ တားဆေးများကြောင့် ဦးခွံ အတွင်းရှိ ဦးနှောက် အစိတ်အပိုင်း တစ်ခု ဖြစ်သော Grey Matter​များ ကြီးလာ လေ့ရှိပြီး အမျိုးသမီးများအား တွေးခေါ် မြော်မြင်မှု စွမ်းရည် မြင့်မား စေနိုင်ကြောင်း ဗြိတိန် အမျိုးသမီး ၃.၅ သန်းကျော်ကို လေ့လာခဲ့သည့် စစ်တမ်း အရ ဖော်ထုတ် နိုင်ခဲ့သည်။ ဦးနှောက်အား စွမ်းအင်မြင့် ပုံကြီးချဲ့ ကိရိယာများဖြင့် စောင့်ကြည့်ခဲ့ရာ သန္ဓေတားဆေး သုံးစွဲပြီးကာစ အခြေအနေတွင် အမျိုးသမီးများ၏ ဟိုမုန်း အပြောင်းအလဲ အခြေအနေကြောင့် Grey Matter ကို ၃ ရာခိုင်နှုန်းမျှ ကြီးထွား လာစေသည်ကို မြင်တွေ့ရကြောင်း ဆဲလဘက် တက္ကသိုလ်မှ ဒေါက်တာ ဘလင်ဒါပက်ဇာက ရှင်းပြခဲ့သည်။ အဆိုပါ အခြေအနေသည် အမျိုးသမီးများအား ပေါင်းသင်း ဆက်ဆံရေး ကဏ္ဍတွင် သွက်လက် ထူးချွန်စေသလို ဉာဏ်ရည် ဉာဏ်သွေးလည်း ထက်မြက် ကောင်းမွန်နေစေကြောင်း ဒေါက်တာပက်ဇာက ပြောကြားသွားသည်။

    Oestrogen သို့မဟုတ် Progesterone အမည်ရှိ သန္ဓေမရရန် ဟန့်တားသော ဓာတ်ပစ္စည်းများသည် အာရုံကြောများကိုလည်း သက်ရောက်လှုံ့ဆော်လေ့ရှိပြီး ယင်းက ဉာဏ်ရည်ထက်မြက်မှုကို ဖော်ဆောင်ပေးကြောင်း ဒေါက်တာပက်ဇာက ရှင်းလင်းပြောဆိုခဲ့သည်။

    ငွေစက္ကူအဟောင်းအနွမ်းများတွင်လူကိုသေစေနိုင်လောက်သောရောဂါများဖြစ်သည်.တီဘီရောဂါကဲ.သို.ရောဂါပိုးမွှားများပါဝင်သည်

    ငွေစက္ကူအဟောင်းအနွမ်းများတွင်လူကိုသေစေနိုင်လောက်သောရောဂါများဖြစ်သည်.တီဘီရောဂါကဲ.သို.ရောဂါပိုးမွှားများပါဝင်သည် ကိုတွေ.ရှိရကြောင်းအိန္ဒိယနိုင်ငံတက္ကသိုလ်တစ်ခုမှစူးစမ်းရှာဖွေလေ.လာသူသုတေသီပညာရှင်များကတွေ.ရှိခဲ့ကြောင်း သိရှိရ သည်.သတင်းလေးတစ်ခုပြန်တင်ပြချင်ပါတယ်….

    သူတို.ရဲ.ရှာဖွေလေ.လာတွေ.ရှိချက်အရဟောင်းနွမ်းနေတဲ.ငွေစက္ကူများဟာ ကိုင်တွယ်သုံးစွဲနေတဲ.လူတွေကိုကူးစက်နိုင်တဲ.ရောဂါပိုးမွှားများ ဖြစ်တည်ပွားများဖို.အတွက်အခြေအနေကောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီပိုးမွှားတွေကြောင်.ဖြစ်နိုင်တဲ.ရောဂါ
    တွေကတော.တီဘီရောဂါ၊အစာခြေလမ်းကြောင်းနာ၊နမိုးနီးယားလို.ခေါ်တဲ. အဆုတ်အအေးမိရောဂါ၊အစာအိမ်ယောင်ရောဂါစတဲ. လူကိုသေစေနိုင်လောက်တဲ.ရောဂါများဖြစ်ပါတယ်။
    ငွေစက္ကူတွေဆုတ်ပြဲတာ၊ဒါမှမဟုတ်ဟောင်းနွမ်းလုံးကြေနေတာတွေဟာ ငွေစက္ကူမှာပါတဲ.ဆယ်လူလွိုက်လို.ခေါ်တဲ. ဓါတ်တစ်မျိူးကိုဖေါ်ပြပြီးဘက်တီးရီးယားရောဂါပိုးမွှားတွေက ိုလက်ခံသယ်ဆောင်စေနိုင်တယ်လို. သုတေသီပညာရှင်ကဆိုပါတယ်…

    အခြေအနေကတော.အတော်.ကိုဆိုးရွားပါတယ်၊အထူးသဖြင်.လူတွေအများဆုံးသုံးနေကြတဲ.တန်ဖိုးနည်းငွေစက္ကူတွေမှာ ပိုပိုးရောဂါပိုးတွေတွေ.ရပါတယ်လို. လည်းအဲဒီပညာရှင်ကဆက်ပြောပါတယ်။ငွေစက္ကူအကြွေတွေရှားပါးလာလို.အဲဒီငွေ
    စက္ကူတွေပိုမိုဆုတ်ပြဲဟောင်းနွမ်းလာရတာဖြစ်ပြီးအနားတွေဖွာလာတာတို.ဆုတ်ပြဲလို.တိပ်နဲ.ကပ်ထားတာတို.ကလည်း ရောဂါပိုးမွှားတွေကိုပွားများစေဖို.ပိုဖြစ်စေတယ်လို.ဆိုပါတယ်။

    အထူးသဖြင်.ကုန်စိမ်းဈေးနဲ.သားငါးဈေးတွေမှာတွေ.ရတဲ.ငွေစက္ကူတွေမှာအထက်ပါရောဂါပိုးမွှားတွေကိုပိုပြီးတွေ.ရတယ်လို.ဆိုပါတယ်။လူအများပြုလုပ်နေကျဖြစ်တဲ. လက်ကိုတံတွေးဆွတ်ပြီးငွေစက္ကူတွေကိုရေတွက်တာကလည်း ရောဂါပိုးတွေ
    ကူးစေဖို.အကြောင်းတစ်ခုဖြစ်ပါတယ်။အဲဒီကမှတစ်ဆင်.ရေတွက်တဲ.သူတွေကိုလည်းကူးစက်နိုင်တာဖြစ်ပါတယ်။

    ဓါတ်ခွဲခန်းမှာစမ်းသတ်ခဲ.တဲ.ငွေစက္ကအဟောင်းအနွမ်းအဆုတ်အပြဲ အရွက်၇ဝ ရဲ. ၈ဝ ရာခိုင်နှုံးကျော်မှာတီဘီရောဂါဖြစ်စေတဲ.ပိုးမွှားတွေတွေ.ရပြီး ၆၅ ရာခိုင်နှုံးကတော.အဆုတ်အအေးမိရောဂါ၊လည်ချောင်းယောင်ရောဂါနဲ.အစာအိမ်ရောဂါတို.ဖြစ်ပွားစေတဲ.ပိုးမွှားတွေ တွေ.ရပါတယ်တဲ. …

    တန်ဖိုးနည်းငွေစက္ကူရွက်တွေမှာပိုးမွှားတွေပါတယ်ဆိုလို.တန်ဖိုးကြီးတဲ.ငွေစက္ကူတွေမှာတော.မပါနိုင်ဘူးလို.မဆိုလိုပါဘူးလို.လည်းပညာရှင်တွေကဆိုပါတယ်။ သူတို.ကငွေစက္ကူအဟောင်းအနွမ်းတွေကိုအချိန်ကြာမြင်.စွာ မကိုင်တွယ်ထားသင်.ပါဘူး၊ပြီးတော.
    လက်မှာပြည်တည်နေတဲ.အနာ၊ဒဏ်ရာရှိတဲ.သူတွေအနေနဲ.လည်းငွေစက္ကူတွေကိုမကိုင်တွယ်သင်.ပါဘူးလို.အကြံပြုခဲ.ကြပါတယ်။ အဲ့တာကြောင့် ငွေစက္ကူကိုင်ပြီး လက်ကိုသေချာဆေးကြောပါလို. အကြံပြူလိုက်ပါရစေ………….

    Can’t eat pork,
    Swine flu….


    Can’t eat chicken,
    Bird flu.


    Can’t eat Beef,
    Mad cow….

    Can’t eat eggs,
    Salmonella.

    Can’t eat fish,
    heavy metal poisons in their waters.

    Can’t eat fruits and veggies,
    insecticides and herbicides.

    Hmmmmmmmmm!!!!!!!!!!!!!
    M
    M
    M
    M
    M
    M
    M
    M
    M
    M
    M

    I believe that leaves Chocolate and ice cream!!!!!!!!
    Remember – – – ‘STRESSED’
    spelled backwards! is
    ‘DESSERTS

    Send this to four people and you will lose 2 pounds

    Delete it and you will gain 10 pounds immediately!

    That’s why I had to pass this on – –
    – – didn’t want to risk it – – –
    And I wanted to put a smile on your face.