ခိုင်ထူး နဲ့ စကားပြောခြင်း…(၃)…။

black chawMay 12, 20161min24857

(ဘလက်ချော – မေး)

ပြီးခဲ့တဲ့ ၂ လလောက်က ခိုင်ထူးချစ်သူတွေကြားမှာ
အငြင်းပွားမှု တွေရှိခဲ့ပါတယ်။
စစ်ကိုင်းလမ်း နဲ့ ပတ်သက်လို့ပေါ့။
ကိုနေဝင်း ကြီးက စစ်ကိုင်းလမ်း ၂ ဆိုပြီးတော့
ကိုရန်ပိုင်ကို ရေးပေးလိုက်ပါတယ်။
အဲဒီသီချင်းထဲမှာ
စစ်ကိုင်း မန္တလေး နောက်ဆုံး ကားတော့ မှီကောင်းမယ် ထင်ရဲ့
ဆိုတဲ့ စာသားပါခဲ့ပါတယ်။
အဲဒီမှာမှ စစ်ကိုင်းလမ်းဆိုတာ
ရန်ကုန်တက္ကသိုလ်ထဲက စစ်ကိုင်းလမ်းမဟုတ်ဘူး။
မန္တလေး ဘက်က စစ်ကိုင်းလမ်း…၊
တချို့ကလည်း ကြည့်မြင်တိုင်ဘက် က စစ်ကိုင်းလမ်း
ဘာညာပေါ့ဗျာ။
ငြင်းကြပြုု ကြတာတွေ ရှိခဲ့ပါတယ်။

(ခိုင်ထူး – ဖြေ)

ကျွန်တော် သိသလောက်ကတော့
တချို့က ရထားသံ မကြားရဘူးတဲ့။
ကြားရတယ်လို့။
ညဘက်မှာ လူခြေတိတ်တဲ့အချိန် ၁၁ နာရီလောက်ဆိုရင်…၊
လှည်းတန်းဘက်က ဆွဲတဲ့ ဥဩသံ…၊
ရေနွေးငွေ့ စက်ခေါင်းတွေလေ…။
အဲ့ဒါကြောင့် သူက ကြားရတာ…။
နောက်တစ်ခုက သည်းမြေပင်အိုရိပ် ဆီ ဆိုတဲ့ စာသား…၊
မန္တလေး စစ်ကိုင်းလမ်း ပေါ်မှာ သည်းမြေပင်အို မရှိဘူးဗျ…။
ကျွန်တော်တို့ စစ်ကိုင်းလမ်းထဲမှာ ပဲ ရှိတယ်…
ခင်ဗျားသတိထားမိလား…။
ကန့်ကော်ပင်တွေအောက်မှာ…။
အဲဒါ ကျွန်တော့် အိမ်နောက်ဖေး
စစ်ကိုင်းလမ်းမှာ နေတဲ့ အချိန်မှာ ရေးတာ ဖြစ်နေတယ်…။
အရင်တုန်းကတော့ မန္တလေး စစ်ကိုင်း လမ်း ဖြစ်ရင်ဖြစ်နိုင်တာ ပေါ့။
ဒါပေမယ့် တကယ်တမ်း အဆုံးသတ်တာက
ကျွန်တော့်အိမ် စစ်ကိုင်းလမ်းထဲမှာ
အဆုံးသတ်တာ ဖြစ်နေတယ်…။

(ဘလက်ချော – မေး)

ကိုခိုင်ထူးကို ရေးပေးတယ်ဆိုတော့ လည်း…။

(ခိုင်ထူး – ဖြေ)

အဲဒီလိုလည်း ရေးပေးတာလည်း မဟုတ်ဘူးဗျ။
ကျွန်တော်က ကြိုက်လို့ ယူဆိုတာ။
ကျွန်တော်တို့က အဲဒီခေတ်က တစ်မျိုးဗျ။
တစ်ယောက်နဲ့ တစ်ယောက်က သူငယ်ချင်းတွေကိုးဗျ။
အသက်သာ ကွာကြပေမယ့်
ညီအစ်ကို သူငယ်ချင်းလိုနေကြတာ။
ဆဲစရာရှိ ဆဲကြ ဆိုစရာရှိဆိုကြ…နာလည်း မနာဘူး။
သိတ်ပြီးတော့ သူက သီချင်းရေးဆရာကြီးဆိုပြီးတော့
ရိုသေကိုင်းရှိုင်းစရာလည်း မလိုဘူး။
သူလုပ်ချင်တာလုပ်…ကျွန်တော်လည်း လုပ်ချင်တာလုပ်တာပဲ။
အခုခေတ်လို…
ဆရာတို့ကလေ ဘာညာ အဲလိုဟာတွေ မရှိဘူး။
ကိုနေဝင်း ပဲ ခေါ်တာပဲ။
ကျွန်တော်လိုချင်တဲ့ သီချင်းကျရင် တောင်းတယ်။
တောင်းတယ်ဆိုတာ…ကောင်းတော့ မကောင်းဘူးဗျ…
တော်တော်ဆိုးတာနော်…။
ဘယ်လောက်အထိ ဆိုးလဲ ဆို ကျွန်တော် ယူလိုက်ပြီ လို့…။
ပိုက်ဆံပေးဝယ်တာမဟုတ်ဘူး…။
ဒါပေမယ့် ကိုနေဝင်း တို့ နဲ့ ရင်းနှီးလို့သာ လုပ်ခွင့်ရတာပေါ့။

(ဘလက်ချော – မေး)

သူတို့ကလည်း ကိုခိုင်ထူး ကို လေးစားမှု ရှိလို့ ဖြစ်မယ်ထင်တယ်…။

(ခိုင်ထူး – ဖြေ)

မဟုတ်ဘူးလေ၊ တစ်ယောက်နဲ့ တစ်ယောက်က ဒီလိုလေ…၊
ကျွန်တော့် အိမ်နောက်ဖေး မှာ နေကြတာပဲဗျာ…။
အခန်းခ လည်း မရဘူး…၊ အဆောင်လခ လည်း မရဘူး…၊
အကုန်တင်ထားတာ…။
ဇိန်ဇမန် ရယ် ကိုသန်းမြင့် ဆိုတာ ယဉ်ကျေးမှုက တယောက တစ်ခန်း…၊
ကိုရဲ နဲ့ ကိုနေဝင်း က တစ်ခန်း…၊
အများကြီးပဲဗျ…၊ ၆ ခန်းရှိတာမှာ ၄ ခန်းက
သူတို့ကို အကုန်ပေးထားတာ…။
နောက်…ကျွန်တော့် အိမ်လေးက တစ်ခု ကောင်းတာက
ခြံဝန်း အသေ မဟုတ်ဘူး။
တချို့အိမ်တွေဆိုု ခြံဝန်းခတ်ထားတော့ ဝင်လို့မရဘူး။
ကျွန်တော့်အိမ်ကိုဖြတ်စရာမလိုပဲ
လွတ်လွတ်လပ်လပ် ဝင်လို့ထွက်လို့ ရတယ်။
ခေတ်ကြီးကလည်း ကောင်းတယ်ဗျ။
ကောင်းတယ်ဆိုတာ တခါတလေ ကျ လွမ်းလည်း လွမ်းတယ်။
အဲဒီ မတိုင်မှီ အဆောင်မှာ တီးခဲ့ကြတဲ့ အချိန်…ပိုပျော်ဖို့ကောင်းတယ်။
ကျွန်တော်တို့ တခါတလေ ပိုက်ဆံစုလိုက်လို့ရှိရင် ဘယ်လောက်ရလဲ။
သုံးကျပ်ခွဲတို့ နှစ်ကျပ်ခွဲတို့…။
လဖက်ရည်ဆိုင်ထိုင်ဖို့…ပြန်ရင် စားရပြီလေ။
အဲဒါကို လဖက်ရည်ဆိုင်ကို တစ်ခါတည်း မှာရတယ်…။
နှစ်ကျပ်ခွဲစာ…။
ပေါက်စီ ဆိုဘယ်နှလုံး…၊
ဝက်သားပေါင်း ဘယ်နှခု စသည်ဖြင့်ပေါ့။
ပဲမုန့်ဆို ပဲမုန့်။
ဒီအတိုင်း ဖြစ်အောင် ကြိုးစားပြီး စားပေါ့။
ဒါထက်ပိုပြီး ကျွန်တော်တို့ မစားဘူး။
အကြွေးလည်း မစားဘူး။ စာရင်းရှုတ်လို့ဗျာ။
အဲဒါ တကယ်ကိုလည်း အမှတ်တရပါ…။
ကျွန်တော်တို့ ဒီလိုပဲ ပိုက်ဆံပုံလိုက်တယ်။
ခင်ဗျား ငါးမူး၊ ကျွန်တော် တစ်ကျပ်၊
အကုန်ထည့်…ခင်ဗျား တစ်ကျုပ်ထည့်လို့လည်း
ပေါက်စီ စားရမယ် မစဉ်းစားနဲ့။
ခင်ဗျား ကြိုက်တာစား။

7 comments

  • ယမကာကျော်စွာ အူးမြောက်မြောက်

    May 12, 2016 at 9:53 am

    ပျော်စရာပဲနော် တပျော်တပါး ရှယ်ပြီး စားသောက်ကြတာ
    ငါ့စရာတို ့နဲ ့ လဲ အဲသလို စုပေါင်း စပ်ပေါင်း စုပြီး သောက်ကြရအောင်လားဗျာ
    ငါ့စရာ သုံးသောင်း ကျနော်က သုံးထောင် လိုရင် အကြွေး ငါ့စရာပေး အဟေး

    • black chaw

      May 12, 2016 at 5:24 pm

      @ ယမကာကျော်စွာ အူးမြောက်မြောက် ;
      လုပ်လိုက်လေ။
      မသောက်ရတာ တောင် အတော်ကြာနေပြီနော်။
      သောက်ကြဦးစို ့။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • ပျင်းတကာ့ ထိပ်ခေါင်တင်

    May 12, 2016 at 3:07 pm

    သူတို့ပြောပြောနေကြတဲ့ ကောင်းတယ်ဆိုတဲ့ခေတ်ကြီး အလည်သွားချင်မိ :k:

    • black chaw

      May 12, 2016 at 5:27 pm

      @ ပျင်းတကာ့ ထိပ်ခေါင်တင် ;
      ခေတ်ကောင်းတယ်ဆိုတာ
      ဟိုတုန်းက ပျော်စရာကောင်းခဲ့တာကို
      တင်စားတာထင်ပါရဲ ့ဗျာ။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • kai

    May 12, 2016 at 3:21 pm

    စစ်ကိုင်းလမ်းက.. တက္ကသိုလ်စစ်ကိုင်းလမ်းပေါ့..။
    Yay!

    • black chaw

      May 12, 2016 at 5:30 pm

      @ kai ;
      အဆိုတော် ရဲ ့အဖြေကတော့
      အဲ့လိုယူဆရမှာပဲ။
      ကိုနေဝင်း ကို မေးလိုက်မှ
      ပြည့်စုံသွားမှာဗျ။
      မကြာမီ
      လာမည်ပေါ့ သူကြီးရေ။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • စစ်ကိုင်းလမ်းမှာဇတ်လမ်းရှိခဲ့သူဆိုတော့….လွမ်းသဗျာ..တခါတခါကျနော်အိမ်ပြန်ရင်
    သီရိဆောင်ရှေ့ဆိုနေတဲ့ဝိုင်းတွေတောင်မသိမ်းကြသေး..ဟေးဟေး

Leave a Reply