သူ ဆယ်နှစ်ပြည့်တဲ့ မွေးနေ့မှာ နာရီလေး တစ်လုံးလက်ဆောင် ရတယ်။ ရိုးရိုး မီးခိုးရောင်

ပလတ်စတစ် ဒစ်ဂျစ်တယ် လက်ပတ် နာရီကလေး တစ်လုံးပါ။ တစ်ခုပဲ..သူက အချိန်တစ်ခု

ကို လျော့လျော့ပြီး ရေပြနေတာ။ count down ပေါ့။

 

“နာရီမှာ ပြနေတဲ့ အချိန်က မင်းဘဝ လက်ကျန်အချိန်ပဲ သား..ဉာဏ်ရှိရှိသုံးနော်။” တဲ့ ။
သူ့ အဖေက မှာခဲ့တယ်။

 

သူတကယ်ကို လိုက်နာခဲ့ပါတယ်။ နာရီက စက္ကန့်တွေ တဖြုတ်ဖြုတ်ကြွေ ၊ သူလည်း လူငယ်

လေးကနေ လူကြီးဖြစ်။ ဘဝကို ပြည့်ပြည့်ဝဝကြီး နေခဲ့သပေါ့။ တောင်တွေကို တက်ခဲ့။ ပင်

လယ်တွေ ကူးဖြတ်ခဲ့။ ပြောခဲ့ ဆိုခဲ့၊ ရယ်ခဲ့ မောခဲ့၊ ချစ်ခဲ့ ကြိုက်ခဲ့။ အဲ..သူဘယ်တော့မှ မ

ကြောက်ခဲ့၊ မလန့်ခဲ့။ ဘာလို့ဆို သူ့မှာ အချိန်ဘယ်လောက်ကျန်သေးလဲ ဆိုတာ သူသိလို့။

အဲဒီအချိန်မတိုင်မီ သူသေမှာ မဟုတ်လို့ ခိုင်ခိုင်ကြီး မှတ်ယူထားတယ်။

 

ဒီလိုနဲ့ နာရီလေးမှာ နောက်ဆုံး အချိန် နည်းနည်းလေးပဲ ကျန်တော့တယ်။ သူလည်း အဘိုးကြီး

ဖြစ်ပြီပေါ့လေ။ သူလုပ်ခဲ့သမျှ၊ တည်ဆောက်ခဲ့သမျှ သူပြန်ကြည့်တယ်။ သူ အယုံကြည်ရဆုံးသူ

လည်းဖြစ်၊ စီးပွားဖက်လည်းဖြစ်၊ သူငယ်ချင်းလည်း ဖြစ်တဲ့ လူ ကို လက်ဆွဲပြီး နှုတ်ဆက်တယ်။

အချစ်တော် ခွေးကလေးကလည်း သူ့လက်ကို လျှာကလေးနဲ့လာ လျက်တော့ ခေါင်းကလေးကို

ပွတ်ပေးရသေး။ သူ့ကို အဖော်လုပ်ပေးခဲ့တယ်လေ။ အချိန်က သိပ်မကျန်တော့ဘူး။ သူ့သားကို

ပွေ့ဖက်လိုက်တယ်။ သူ ဖခင်ကောင်း ပီသခဲ့ပါတယ် ဆိုတဲ့ အသိစိတ်ကလေးနဲ့ပေါ့။ သူ့ ဇနီးရဲ့

နဖူးကို နောက်ဆုံးအကြိမ်အနေနဲ့ ခပ်ဖွဖွနမ်း။ နောက်ဆုံး စက္ကန့်.. နှုတ်ခမ်းကပြုံးပြီး သူ့မျက်လုံး

တွေကို မှိတ်လိုက်သပေါ့။

 

နောက်တော့…နောက်တော့လား..ဘာမှ ဖြစ်မလာပါဘူး။ နာရီက တစ်ချက်မြည်ပြီး ပိတ်သွား

ပါရော။ သူကတော့ ဒီအတိုင်း။ အသက်နဲ့ကိုယ် မြဲလျက်သား။ တွေးကြမှာပေါ့..အဲဒီမှာ သူ

အပျော်လွန်သွားတယ်လို့တောင်။ ဟင့်အင်း..အဲဒီလို ဖြစ်မလာဘူး။ ဘဝမှာ ပထမဆုံးအနေ

နဲ့ ကြောက်ရွံ့ထိတ်လန့်မှုက စိမ့်ပျံ့လာတာပါ။

 

Timekeeper by Gridster2 ကို မှတ်မိသလို ပြန်ဆိုသည်။

About မောင်ဘလိုင်

has written 140 post in this Website..