Website အသုံးပြုနည်းလေး ဝိုင်းကူပေး………..။

mGAugust 29, 20101min793

ကျွန်တော် ဒီမှာပြောတာလေးကတော့ သတင်းလည်းမဟုတ်ဘူး၊ဟာသလည်းမဟုတ်ဘူး၊ထူးဆန်းတာလေးတွေလည်းမဟုတ်ဘူးဗျ။ဒီ Website ကိုရောက်လာထဲက ကျွန်တော် မေးချင်နေတာတွေ ရှိနေလို့ အခုလို Post  တခုအနေနဲ့တင်လိုက်တာပါခင်ဗျာ။

  • ဒီ Website ထဲမှာ Admin တွေကို Message ဘယ်လိုပို့လို့ရနိုင်မလည်း။
  • Post လေးတွေရေးပြီးတိုင်း လူတိုင်းအလွယ်တကူလုပ်လို့ရအောင် ဘယ်လိုမျိုးလုပ်ရလည်း။

ကျန်တာလေးတွေ သိချင်တာလေးတွေ ရှိနေအုန်းမယ်လို့ ထင်တယ်ဗျ။ကျွန်တော် အသေအချာကြည့်နေတုန်းမို့လို့ လိုလိုမယ်မယ် အသင်းသားတိုင်း သိတင့်တယ်လို့ ထင်တာလေးတွေကို ဝိုင်းကူပြောပေးကျပါအုန်းဗျာ။အားလုံးကို အလေးထားလျက် မေတ္တာအပြည့်နဲ့သစ္စာရှိသော စာရေးစရာများအတွက်………………။

3 comments

  • kopauk mandalay

    August 29, 2010 at 4:30 pm

    Admin တွေကို Message ပို့ချင်ရင်
    in&out အောက်က Site Adminကို ကလစ်နှိပ်ထဲ့လိုက်ပါ။
    ဘောက်စ်တခုကျလာမယ်။
    အဲဒီထဲရောက်ရင် စာအိတ်ပုံလေးကို တွေ့မယ်။
    အဲဒီထဲကိုကလစ်နှိပ်ဝင်လိုက်ရင် စာပို့လို့ရပြီ။
    တကယ်လို့ ပိုစ်ရေးချင်ရင် Site Adminထဲဝင်ပါ
    ရောက်သွားရင်အပေါ်ထောင့်မှာ newpost ကိုနှိပ်လိုက်ပါ။
    အပေါ်စာတန်းအသေးမှာခေါင်းစဉ်ရေး
    အောက်ကအကွက်အကျယ်ကြီးမှာစာတွေရေး.။
    post tag မှာအညွန်းထည့်။
    categories မှာကိုယ်ရေးမယ့်အကြောင်းအရာနဲ့ပါတ်သက်တာရွေး(စီးပွားရေးလား။ဟာသလား။သတင်းလားပေါ့)
    ရေးချင်တာမပြီးသေးလို့နောက်မှဆက်ရေးမယ်ဆိုရင် save နဲ့သိမ်းထား။
    ရေးလို့အားရပြီဆိုရင်တော့ publishကိုနှိပ်ထည့်လိုက်။
    ဒါဆိုရင်ရပြီ။

  • zawana

    August 30, 2010 at 3:42 am

    အသေးစိတ် သိချင်ရင် ဒီစာမျက်နှာမှာလည်း ဖတ်ကြည့်လို့ ရပါတယ်ခင်ဗျာ။
    http://myanmargazette.net/?p=45

  • mG

    August 30, 2010 at 1:31 pm

    ကျွန်တော့်ကို အခုလိုပြောပြပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျာ။ကျွန်တော် သိချင်နေတာတွေကို တဖြည်းဖြည်းနဲ့ သိလာမယ်လို့တော့ ထင်တာပဲဗျ။ဒီဆိုဒ်ကလူတွေ အားလုံးလည်း ကိုယ့်အရည်အချင်းနဲ့ကိုယ် ဖြစ်လာတယ်လို့ထင်တာပဲဗျ။ကျွန်တော်လည်း သူများတွေနဲ့မတူအောင်လို့ ကိုယ့်ကိုကိုယ် မရရအောင် လုပ်ကြည့်ရမယ်ဗျ။အခုလိုပြောပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။

Leave a Reply