ကျွန်​​တော်​ Travel Planner

sorrowMay 20, 20161min42617

အခုခေတ်က လမ်းမှာပုခုံးချင်းတိုက်မိလို့

မေးကြည့် …သူလဲခရီးသွားကုန်ပဏီတခုခုက ဒါရိုက်တာ ….မန်နေဂျာစသဖြင့်

..ရာထူးကြီးတခုခုရထားတဲ့သူချည်း….

ငွေနည်းနည်းရှိရင် Travel ထောင်ပြီ…အသက်၂ဝလောက်နဲ့ ..

ဘယ်လိုအုပ်ချုပ်နေလဲတော့မသိ.

 

.ကိုယ်တွေမန်းနေ့မန့်အတွေ့အကြုံ ဆယ်နှစ်လောက်ရှိတာတောင် …ခုထိ နှစ်ယောက်တပိုင်းပဲရှိတဲ့ဝန်ထမ်းတွေနဲ့ရန်ဖြစ်ကောင်းတုန်း…

 

တချို့များမေးကြည့်..တိုးဈေးလဲမတွက်တတ်..ခရီးစဉ်လဲမဆွဲတတ်…Airline system လဲမခေါက်တတ်…ဘာဆိုဘာမှမတတ်…

မတတ်ပဲမတတ်လို့ Contact ရှိလားဆိုတော့ ဘာဆိုဘာမှမရှိ

ပြီးတော့ခရီးသည်နည်းနည်းလေးရှိတဲ့ဈေးကွက်ကို ဝံပုလွေလိုက်သလိုလိုက်နေရတာ..တခါတလေ.တစ်ကျပ်တလေ ပိုမိရင်တောင် ဖုန်းဆက်ပြန်အမ်းခိုင်းတာ..

 

အသွားတစ်ကြောင်း ငါးကျပ်တဆယ် စသဖြင့် tax တွေ fuel ဈေးတွေမပြောပဲ air fare ချည်းပဲပြောပြီး လိမ်ရောင်းတဲ့ အဲလိုင်းတွေကရှိသေး..တကယ်လျော့တာက လေးငါးခုံကို…

 

ကိုယ်တွေကတော့ ရှင်းရရော သေအောင်.

ကိုယ်တွေက.ငါးကျပ်နဲ့မရောင်းပေးရင်ပဲ လိမ်ရောင်းသလိုလို…တကယ်ဖြင့် ရတာလဲမဟုတ်..အဲ့ ငပေါအဲလိုင်းတွေ

 

ပြီးတော့ သဘေ်ာသားတွေအချိန်မှီတက်ရဖို့ တိုင်းတပါးကအဲလိုင်းတွေက…မန်နေဂျာမမတွေအချိန်မတော် သွသူအိပ်ပျော်လို့ သရေတွေတမြားမြားနဲ့ မော်တော်ဘုတ်လိုဟောက်ပြီးအိပ်နေတဲ့သူတွေကို ဖုန်းဆက် အညော်ကပ်ရတာ ဘယ်သူမှမသိ…

 

ပါတနာဘန်ကောက်ရုံးက မန်နေဂျာထိုင်းလေးတောင် ဖုန်းဆက်ရင် …hello တို့ hi တို့ပြန်မထူးတော့ဘူး..This is Sorrow ဆိုတာနဲ့.ဝေါ့ လို့ပြန်ထူးတယ်…အပြောင်းအလဲသိပ်များပြီး အချိန်မတော်ခိုင်းလို့..ဘယ်လောက်ချဉ်နေမှန်းမသိ..

 

ဖြတ်သွားဖြတ်လာ ခရီးသွားကုန်ပဏီတွေတွေ့လို့

ကိုယ်ချင်းစာစိတ်နဲ့…သူတို့ရော ရောင်းရရဲ့လားမသိ….လို့ ပြောမိရင် ချစ်သူလေးကရယ်တယ်…

 

ကျော့်မတော့..မင်းသား အဆိုတော်..ဖက်ရှင်ဒဇိုင်နာ..ဓာတ်ဆြာ..မော်ဒယ်.လေယဉ်မယ်..စသဖြင့်..ဆယ်လီဗရစ်တီအသိတွေ သေအောင်အားပေး…နိုင်ငံခြားကုန်ပဏီငါးခုလောက်နဲ့စာချုပ်ရ….အဲကမ်ဘောဇလေး..အေပက်လေး.MNAလေးတွေ.ရောင်းပြီး..တိုးလေးတွေဆွဲ…ကွက်ပျောက်ကားလေးတွေဌား….ဂွင်ကြောင်ဗီဇာလေးတွေလျောက်ပေးရင်းနဲ့တောင် ..တလတလရုံးစရိတ်အသည်းအသန်…

 

ရေးတာဘာပြောချင်မှန်းမသိဖြစ်နေတယ်မလား…တကယ်ကမိန်းမလိုချင်နေတာ…များများရောင်းရချင်လို့ ဇတ်နာအောင်ပြောပြီး  မားကတ်တင်းဆင်းတာ..

 

ဘာတခုမှမဝယ်ပဲ….အလိုက်မသိ…မိန်မ..မယူသေးဘူးလားမေးရဲမေးကြည့်…စပ်စုခဆိုပြီး တစ်သောင်းရုံးတံဆိပ်ရိုက် ..ဘောက်ချာဖွင့်ပြီးကောက်မယ် …

17 comments

  • Courage

    May 20, 2016 at 3:04 am

    ဟုတ်ပါ့ ကိုSorrowရေ။ တိုးအလုပ်ကုမ္ပဏီအလုပ်ဆိုတာက မန်းနေ့မန့်ကို နားမလည်ရင် ပေါင်းသင်းဆက်စံရေးမကောင်းရင် လုပ်လို့မရတဲ့ အလုပ်ပေါ့ဗျာ။
    ဒါနဲ့ ကျော် မိန်းမ မယူသေးဘူးလားလဲမမေးသလို ပတ်ကေ့လဲမဝယ်ဘူးနော်။

  • Thint Aye Yeik

    May 20, 2016 at 10:14 am

    ကွီးအနေအထားကြီးနဲ့…
    ချစ်ချစ်ကြီးကို ယူပီး သူကြီးတို့ US မှာ တစ်နှစ် ကိုးသီတင်း လည်လည် သွားနေလို့တောင်…
    ရနေတာကို…
    ဘာတွေ စောင့်နေမှန်းမသိ…

    :mrgreenn:

  • ခင်ဇော်

    May 20, 2016 at 11:13 am

    ဟွာလေ။
    မောင်လေး အတွက်
    မိန်းမ ယူဖို့ထက် ရုပ်ရှင်မင်းသားဖြစ်ဖို့က ပိုလွယ်မလားလို့။

    ဟိ

    :mrgreenn:

    • Wow

      May 20, 2016 at 2:24 pm

      စိတ်ကြီးထှာ ဒါမိုးဆို တန်း BC ပေးပစ်တယ်ကျန်း :mrgreen:

      • ခင်ဇော်

        May 20, 2016 at 2:33 pm

        ဟယ်။
        နာ က အမှန်ဒွေ ပြောတတ်တယ်ယေ။
        :mrgreenn:

    • sorrow

      May 20, 2016 at 10:28 pm

      .. ကျော့်မမပဲ ..အမြင်ရှိတယ်..ဆင်ဆာတွေဖြေလျော့တဲ့…ဒီမိုခောတ်မှာ မင်းသားလုပ်သင့်တယ်… နောက်နောင်…အပစ်အခတ်တွေထက်…အညှစ်အဖက် ဇတ်တွေပိုခောတ်စားလာဖို့မြင်တယ်….ဥပမာ…ဇေရဲထက်…ကွယ်..ဆောရိုးလေး အမြင်ရှိပုံများ…

  • .ခံစားချက်တွေပွင့်အံထွက်လာပီပေါ့..ကောင်းပါလေ့ကိုရင်ဆောရိုးရေ…
    .“ရေးတာဘာပြောချင်မှန်းမသိဖြစ်နေတယ်မလား…တကယ်ကမိန်းမလိုချင်နေတာ”
    .မိန်မတစ်ယောက်တော့ဖြင့်ယူဖြစ်အောင်ယူလိုက်စမ်းပါ
    .မိန်းမကောင်းတော့လည်းအိမ်ထောင်မှုသုခကိုခံစားရတာပေါ့..
    .မိန်းမ မကောင်းတော့လည်း..စာရေးဆြာဖြစ်တာပေါ့တဲ့…..ကိုယ်ပြောတာဟုတ်ဖူးနော်..
    .ဆရာကြီး ရာဘင်္ဒြာနတ်တဂိုး ပြောတာ :)) :)) :))

  • မြစပဲရိုး

    May 20, 2016 at 1:29 pm

    Kyats တစ်သိန်းတိတိ ပေးမတဲ့။ အဲဒါကို ရ အောင်မယူနိုင်လောက် အောင် ညံ့မယ်လား ကွယ်။ 😉

  • ဂျစ်စိန်

    May 20, 2016 at 11:34 pm

    အမြန်ယူကြနော်
    သဂျီးဆီက တသိန်းက ရဂဲတယ်

  • sorrow

    May 21, 2016 at 5:54 pm

    ..ဟင့်အင်း…တသိန်းမယူပါဘူး…. LA … 8279 Santa Monica Blvd က နိုရာ က ..အစားအသောက်သိပ်ကောင်းဆိုပဲ …အဟိဟိဟိ…

  • nozomi

    May 22, 2016 at 10:43 pm

    ရဲရဲသာ ယူလိုက်စမ်းပါ
    မိန်းမယူဘို့ဆိုတာ တခြားဘာမှ မလိုပါဘူး
    ယူရဲတဲ့စိတ်တစ်ခုသာလိုတာပါ

    • sorrow

      May 23, 2016 at 12:00 pm

      ..ကိုကြီးနှယ့်….ကတ်ပတိန်လစာကြီးနဲ့ဆိုရင်တော့ ..ဘယ်စဉ်းစားမလဲဗျ….တားတားကဖြင့်…ရတာတောင်သုံးမလောက်…အဟိဟိ

  • Tourism ခေတ်ကောင်းတယ်ပြောရင် ရယ်ချင်နေတာ…
    စမီးမယ်.. ခုန်ပြေးထွက်ချင်နေတာပါပဲ အူးလေးရယ်… ဒါမယ့် တစ်ခြားဘာမှလည်း မလုပ်တတ်ပုစ်လေ..

    • sorrow

      May 23, 2016 at 12:02 pm

      ..အဲ့တာပြောတာ.ဒီနယ်ပယ်ကိုရွေးမိတာကိုက မှားမှန်းမသိမှားနေတာ….ကွကိုယ်ရေသန့်ရောင်းနေတာအကောင်း…ကုန်ပဏီကောက်ထောင်လိုက်မှ ဟောင်ကောင်ဖြစ်တာ

  • uncle gyi

    May 23, 2016 at 4:21 pm

    ဟ ဟေ ရသန့်ရောင်းသူတွေကအငြိမ်နော်
    တခြားတော့မသိဖူး

  • Swal Taw Ywet

    May 30, 2016 at 4:23 pm

    အောက်တိုဘာ လကုန်ကနေ နိုဝင်ဘာတတိယပတ်ထိ Vacation ပြန်မလို့.။
    အဲဒါ ရန်ကုန် စင်္ကာပူ ဒူဗိုင်း ကာတာ အပြန်လမ်းကြောင်းလေးတွေ့မိလို့ဗျို့။
    ရန်ကုန်ကနေ စလုံးမှာ ၃ ရက်လောက် ဝင်လည်ပြီး ကာတာကိုများ ဆက်ထွက်လို့ ရမလား။
    လေယာဉ်လက်မှတ်တွေ ဘယ်လို ဝယ်ရမလည်းခင်ဗျ။
    အကြံပေးစေခလို။
    With respect,
    Swal Taw Ywet.

    • sorrow

      May 30, 2016 at 5:39 pm

      RGN SIN 1035 1510 SQ 997
      SIN DXB 1510 1825 SQ 494
      DXB DOH 0030 0040 QR1015

      …ကလိုလေးချိတ်ပေါ့ ကိုကိုရယ်..စင်ကာပူအဲလိုင်းနဲ့ ကာတာအဲလိုင်းနဲ့.ကွက်စတိပဲ ..အချိန်လဲကောင်းတယ်..ဈေးကတော့ ဘွတ်ကင်တင်တဲ့ရက် ..ပါးစပ်ထဲရှိတဲ့ဈေးပဲ…မိန်းမလိုချင်လို့ ပိုက်ဆံစုနေတယ်..အဟိဟိဟိ…ရွာစည်းရိုးထင်းခွေပစ်ဖို့ဝန်မလေးဘူး…

Leave a Reply