“ရန်ကုန်မြို့ ပိတောက်ပွင့်တဲ့နေ့ “

“ရန်ကုန်မြို့ပိတောက်ပွင့်တဲ့နေ့”

 

မိုး ဆိုတာ

ရွာချင်ရင်ရွာမယ်

မရွာချင်လဲမရွာဘူး။

ဘယ်သူတွေဘယ်လိုမျှော်မျှော်

သူပေါ်ချင်မှာပေါ်လာတတ်ပါတယ်။

 

တစ်နှစ်မှာ တလ

တစ်လမှာတစ်ရက်ထဲ

ဆိုရိုးစွဲစကားနဲ့

မာန်ထည်သူ

မရွှေပိတောက်ကတော့

ပွင့်ချိန်ဘယ်လိုရောက်ရောက်

ကိုရွှေမိုးရောက်မလာသေးသမျှ

ပွင့်လို့မရပြန်ဘူး။

 

ကဲ

ဒီကနေ့မတော့

မျှော်ရသူနဲ့ပေါ်တော်မူ

အဆင်ချောလေတော့

”  ဟော ပိတောက်တွေပွင့်ပြန်ပါပြီကွယ် ”

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

 

 

 

 

7 comments

  • Thint Aye Yeik

    May 25, 2016 at 9:12 am

    ပိတောက်တွေ တစ်ပင်လုံး ဝါထိန်နေအောင် ပွင့်တာမြင်ရင်….
    အပင်ပေါ်တက် အကောင်းဆုံး အခက်လေးတွေကို ချိုးပြီး… ကောင်မလေးတစ်ယောက်ယောက်ကို
    လက်ဆောင် ပေးချင်စိတ်က တားမရ….

    ဒါမယ့်… ဘယ်သူ့ကို သွား..ပေးရမှန်း မသိလေတော့ …
    :k:

  • ဂျစ်စူ

    May 25, 2016 at 11:05 pm

    အကြွေလွယ်တဲ့ ပန်းကို ကြိုက်ကြတာလဲ စဉ်းစားစရာဘဲနော့ အွီးပေါက်

  • Foolish Girl

    June 1, 2016 at 5:14 pm

    လူတွေကပိတောက်တွေသစ္စာမရှိဘူး မရှိဘူးပြောကြတယ်
    ပိတောက်ပန်းက ရာသီပေါ်မူတည်ပြီးပွင့်ကြတာ
    ရာသီဥတုဖောက်ပြန်အောင်လုပ်နေတဲ့ လူတွေကျတော့သစ္စာသမားတွေလိုလို ……

  • kai

    June 6, 2016 at 9:55 am

    ရန်ကုန်ရောက်တော့…
    ညကြီးမင်းကြီး. မိုးတွေရွာနေ…
    နောက်မနက်ကျ.. ပန်းပိတောက်တို့.. ရွှေဝါတောက်လို့..။

    • 22-5-2016 နေ့မိုးတွေရွာပြီး
      ရန်ကုန်တစ်မြို့လုံးပိတောက်ပွင့်တာပေါ့
      အဲ့ဒီနေ့ညနေဘဲကျနော်ရန်ကုန် ကနေမန်းလေးကိုပြန်ခဲ့ပါတယ်။

Leave a Reply