“တစ်ခန်းရပ် “


“တစ်ခန်းရပ် ”

 

မင်းက ငါ့ဆီ

မလာ။

ငါက မင်းဆီ

မရောက်။

 

မင်းလာတော့

ငါမရှိ။

ငါရောက်တော့

မင်းမလာ။

 

ဒီလိုသာအခါခါလွဲ

နှစ်ယောက်ဆုံနိုင့်ခွင့်

မွဲနေမှတော့

ညောင်ညိုပင်စခန်းမှာ

လမ်းခွဲ

လိုက်ကြရအောင်အေ။

 

ကိုပေါက်လက်ဆောင် အတွေးစဉ်

၂၅၅၁၆

 

8 comments

  • ဂျစ်စူ

    May 25, 2016 at 11:30 pm

    ကောင်းပါဘီတော်

    • Foolish Girl

      May 27, 2016 at 1:27 pm

      လက်ကိုင်ဖုန်းရှိနေပေမယ့်လွဲချင်ရင်လွဲကိုလွဲနိုင်လွန်းပါပေတယ်

  • uncle gyi

    May 27, 2016 at 4:36 pm

    ပေါက်ကွဲနေပြီ
    ဝေးဝေးရှောင်
    ဝေါင်ဝေါင်ရှေး

  • Thint Aye Yeik

    May 28, 2016 at 2:30 pm

    ဟွှာလေ
    သားငယ်ငယ်က လူပျိုပေါက်ဘွမှာ
    ချာတိတ်မလေးတစ်ကောင်နဲ့ လမ်းခွဲဖူးတယ်။ ရန်ကုန်မြို့လည်ခေါင် လူရှုပ်ရှုပ်ထဲမှာ လမ်းခွဲကြတာ။

    အမှန်တော့ အဲ့အကြောင်း စာတောင် မဖွဲ့ခဲ့မိဘူး။
    ဘယ်ဖွဲ့မလဲ။ ညောင်ညိုပင်အောက်မှာ လမ်းခွဲတာလောက်မှ ကဗျာမဆန်တာကြီး

    :k:

  • “ဘီလူးကြီး”ogre

    June 3, 2016 at 3:08 pm

    ဘာ!!!!!!! …..!!
    လမ်းခွဲမယ် …. ဟတ်လား
    ရှောပင်းစင်တာကလို အမှုဖြစ်သွားဂျင်လား…..ဟမ်!!!!!!

Leave a Reply