ကျွန်မနှင့် ရပ်ကွက်ရုံးအလွဲများ -၁

Foolish GirlMay 27, 20161min1573

အိမ်အသစ်ကိုပြောင်းပြီး နောက်နေ့မှာဧည့်စာရင်းတိုင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ည၈နာရီလောက်မှထွက်ခဲ့ပါတယ်။

ရုံးကိုရောက်တဲ့အချိန်ဘယ်သူမှမတွေ့လို့ မေးကြည့်တော့ ရပ်ကွက်ရုံးက စနေတနင်္ဂနွေ ဆိုပိတ်တယ်တဲ့။ (အခုမှကြားဖူးတာ)

ဒါလိုနဲ့ပဲ တနလာင်္နေ့ရောက်တော့နောက်တစ်ခေါက်ထပ်ထွက်လာခဲ့ရပြန်တာပေါ့။

ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်ဖို့အတွက် ဘာတွေလိုမလဲတွေးတဲ့အချိန်မှာ နံရံမှာကပ်ထားတဲ့ “အိမ်ငှားများဧည့်စာရင်းတိုင်မည်ဆိုပါက အိမ်ငှားစာချုပ်ယူလာပါ ” လို့ရေးထားတဲ့စာကိုဖတ်ရပါတယ်။

ကျွန်မလည်းပါသွားတယ်ဆိုတော့အဆင်ပြေပြေပဲ ဧည့်စာရင်းတိုင်တဲ့စာရွက်ယူဖို့ရုံးစာရေးဆီအရောက်မှာ နံရံမှာကပ်ထားတဲ့စာရွက်တစ်ရွက်ကိုထပ်ပြီးမြင်မိပါတယ်။ အဲဒီစာရွက်မှာ “မည်သည့်ကိစ္စနှင့်မှအခကြေးငွေပေးရန်မလိုပါ” (စာလုံးအပြည့်အစုံမမှတ်မိတော့ပါ) တဲ့။ ရင်ထဲမှာ တွေးမိတယ် ပြောင်းလဲချိန်တန်တာတွေတကယ်ပြောင်းလဲနေပြီပေါ့ ။

ဒီလိုနဲ့ပဲ ဧည့်စာရင်းစာရွက်မှာ လိုအပ်တဲ့အချက်တွေဖြည့်ပြီး စာရေးကိုသွားပြတဲ့အချိန်မှာ စာရေးကစာရင်းသွင်းပြီး တဲ့အချိန် ကိုယ်လည်း ကိစ္စပြီးပြီဆိုပြီးလှည့်ထွက်မယ်အလုပ် စာရေးပြောလိုက်တဲ့စကားကြောင့် ကျွန်မ အပြုံးယဲ့ယဲ့လေးပြုံးပြပြီး တစ်ထောင်တန်လေးတစ်ရွက်ထုတ်ပေးပြီးအိမ်ပြန်ခဲ့ပါတော့တယ်။ စာရေးပြောတဲ့စကားက “စာရွက်စာတမ်းဖိုးအလှူငွေထည့်သွားဦးလေ…………

3 comments

  • Thint Aye Yeik

    May 28, 2016 at 2:51 pm

    ရပ်ကွက်ရုံးမှာ ညနေပိုင်း ဧည့်စာရင်းတို့ အလုပ်လျှောက်ထောက်ခံစာတို့ ရေးပေစဖို့ လာထိုင်ပေးရသူတွေဟာ အစိုးရလခစားဝန်ထမ်းလား ဘာလားတောင် ကျနော်တော့ သေချာမသိ။

    .ခေတ်အဆက်ဆက် ဧည့်စာရင်းတိုင်တာတို့ ထောက်ခံစာတို့ လုပ်တိုင်း ငွေပေးငွေယူ ရှိခဲ့တာဆိုတော့ မတောင်းရင် လက်နူမှာ ကြောက်တာများလား။ ရိုးရာမပျက်ချင်လို့များလား မသိ။

    ရဲစခန်းထောက်ခံစာယူရင် ပိုဆိုး။ အလုပ်လျှောက်ဖို့ အကျင့်စာရိတ္တကောင်းကြောင်းနဲ့ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ ရေးတာ။ အမှန်ဆို ငွေမလိုပါဘူး။ ရဲစခန်းမှတ်တမ်းအရ တကယ် ပြစ်မှုကင်းရင် ကင်းကြောင်းထောက်ခံစာလိုအပ်သူကို ရေးပေးရမှာ တာဝန်ပဲ မဟုတ်လား။ ပြည့်သူ့ရဲ ဆို။

    အခုတော့ ငါးရာတန် ထုတ်ပေးတဲ့သူကို အဲ့ငါးရာတန်ကြီး ပြန်ပစ်ပေးပြီး ငါးရာထဲနဲ့ ဘာလုပ်လို့ရမှာလဲတဲ့။ တစ်ထောက်ပေးတာတောင် မျက်နှာကို ချီလို့။
    သူလုပ်ကိုင်စားသောက်လို့ရအောင် ငါးသိန်းဆယ်သိန်းလောက်ပေးမှ ပြုံးလာမယ့် ပြည်သူ့ရဲကြီးတွေ။

    အရင်ခေတ်က ပြောပါတယ်။ အခုခေတ်မတော့ သားလည်း ရဲစခန်းထဲ ခြေမချမိသေး

    :k:

  • Tawwin Pan

    May 30, 2016 at 4:21 pm

    2012 လောက်တုန်းက ရဲစခန်းမှာထောက်ခံစာသွားတောင်းတာ…စခန်းမှူးလက်မှတ်ပဲပါတဲ့ ထောက်ခံစာ အလွတ်ကြီး ရဖူးတယ်။ အလုပ်လည်း အဲလောက်ရှုပ်တာမတွေ့မိပေမယ့် အဲဒီလိုရလာတော့လည်း ယူလာခဲ့တာပေ့ါ။ ပိုက်ပိုက်လည်း မပေးခဲ့ရဘူး အဲဒီနေ့က။

Leave a Reply