ကျွန်မနှင့် ရပ်ကွက်ရုံးအလွဲများ -၂

Foolish GirlMay 27, 20161min1857

ကျွန်မနှင့် ရပ်ကွက်ရုံးအလွဲများ – ၁ ကိုရွာသားတွေဖတ်ပြီးရင်တော့ Foolish Girl ဘယ်လိုတွေ ထပ်လွဲစရာရှိသေးလို့လဲ ၁ လို့တပ်ထားတာလဲ အဆက်တွေရှိဦးမယ်လို့ တွေးမိမယ်ထင်ပါတယ်

ဟုတ်ပါတယ် ကျွန်မမှာ လွဲလွဲလေးတွေရှိပါသေးတယ်….

အစပျိုးတာနဲနဲများရှည်သွားပြီလားမသိ 😛

အပိုင်း – ၁ တုန်းက ကျွန်မဧည့်စာရင်းတိုင်တဲ့အဖြစ်အပျက်လေးကို ပဲထပ်ပြီးဆက်ချင်ပါတယ်။

ဧည့်စာရင်းရဲ့သဘောတရားအရ တပတ်ပဲခွင့်ပြုတာဆိုတော့ကာ နောက်အပတ်တွေမှာထပ်တိုင် ဖို့ လိုလာပြန်တာပေါ့ ။ ဒီနေရာမှာဝန်ခံစရာလေးတော့ရှိပါတယ် ကျွန်မပထမတစ်ကြိမ်ဧည့်စာရင်းတိုင်ပြီးနောက်ပိုင်း တော်တော်နှင့်ထပ်ပြီးမတိုင်ဖြစ်ပဲ သင်္ကြန်ပြီးမှ ရပ်ကွက်ရုံးကိုထပ်ရောက်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့အရင်လိုမျိုး လိုအပ်တာတွေသေချာယူသွားတယ် ပြီးတော့ တစ်ထောင်တန်တစ်ရွက်ဆောင်လာပါတယ်။

ရက်ကွက်ရုံးရောက်တဲ့အချိန်မှာ ရုံးစာရေးဆီက ဧည့်စာရင်းတိုင်ဖို့စာရွက်တောင်းခဲ့ပါတယ်။

အဲဒီအချိန်မှာ ဒီဇာတ်လမ်းစတင်ပါတော့တယ်……..

သူတို့နံရံမှာ ကပ်ထားသလို အိမ်ငှားစာချုပ် ပါသွားပါတယ်။ ဒါပေမယ့် သူထပ်တောင်းတာက လမ်းမှူးထောက်ခံစာပါပါသလားတဲ့။ ကျွန်မကလည်း မပါပါဘူး အရင်တုန်းကလည်းတိုင်ဖူးပါတယ် ဆိုတော့ လမ်းမှူးထောက်ခံစာမပါဘဲ ဧည့်စာရင်းတိုင်လို့မရပါဘုူးတဲ့။ ကျွန်မလည်းဒီမှာလည်းစာကပ်ထားတယ်လေလို့ထပ်မေးလိုက်တဲ့အခါ လမ်းမှူးထောက်ခံစာသာယူလာခဲ့ပါ လို့အတွင်တွင်အခါခါထပ်ပြောပါတယ် ကျွန်မလည်းမတတ်နိုင်တဲ့အဆုံးအိမ်ပြန် အိမ်နားကလူတွေကို လမ်းမှူးးအိမ်ဘယ်မှာလဲမေးပြီး လမ်းမှူးးအိမ်ရောက်ခဲ့ပါတယ်။

လမ်းမှူးကိုမတွေ့ခဲ့ရဘဲ လမ်းမှူးသမီးဆိုသောသူနဲ့တွေ့ခဲ့ပါတယ်

အဲဒီအမျိုးသမီးက

ဘာကိစ္စလည်း

ကျွန်မတို့လမ်းမှူးထောက်ခံစာလိုချင်လို့ပါ

ဘာလုပ်ဖို့လည်း

ဧည့်စာရင်းတိုင်မလို့ပါ

ဧည့်စာရင်းတိုင်တာ ရပ်ကွက်ရုံးသွားလေ

ဟုတ်ရောက်ခဲ့ပြီးပါပြီ ရပ်ကွက်ရုံးက လမ်းမှူးထောက်ခံစာပါမှ ဧည့်စာရင်းထုတ်ပေးမယ်ဆိုလို့ပါ

လို့ပြန်ပြောရင်းစကားအခြေအတင်ပြောကြပါတယ်။

ဒါပေမယ့်သူဘက်က ရပ်ကွက်ရုံးကိုသွားပါဆိုပြီးပဲတွင်တွင်ခါ ခါ ထပ်ပြောပါတယ်။

ကျွန်မတို့မှာ သူတို့ရဲ့ ဘောလီဘောပုပ်တာခံနေရပါတယ် (မှတ်ချက် ။ ။ ရပ်ကွက်ရုံးနဲ့ ဆယ်အိမ်မှူး တို့အိမ်က တောင်ထိပ်မြောက်ထိပ် တစ်ဖက်တစ်ချက်ဆီပါ )

ဒီလိုနဲ့ဆယ်အိမ်မှူးနဲ့မတွေ့ခဲ့ရဘဲအိမ်သာပြန်ခဲ့ရပါတော့တယ်…….

7 comments

  • uncle gyi

    May 27, 2016 at 4:34 pm

    ပထမစာရွက်စာတမ်းကြေးကသူတ်ို့လဲအခက်အခဲရှိပါတယ်
    နားလည်ပေးလိုက်ပါ
    ဒုတိယဘောလုံးပုတ်တာကမဖြစ်သင့်ပါဖူး
    နားလည်မှုညွှန်ကြားမှုလွဲတာဖြစ်နိုင်ပါတယ်

    • Foolish Girl

      May 30, 2016 at 3:04 pm

      ဟုတ်ကဲ့ပါ ဒါ့ကြောင့်လည်း ခေါင်းစဉ်ကို ကျွန်မနှင့် ရပ်ကွက်ရုံးအလွဲများ လို့တပ်ထားပါတယ်
      လွဲတာကလည်းရယ်ရခက်ငိုရခက် စိတ်ဆိုးရခက်လေ

  • ဂျစ်စူ

    May 27, 2016 at 8:05 pm

    ဆယ် အိမ်မူး ယာအိမ်မူးတော့ သိတယ်
    လမ်းမူးတော့ ကြားဖူးဘူးရယ်
    ရှိခဲ့ရင်လဲ လမ်းသာယာရေးလို ကိစ္စကလွဲပြီး
    ဧည့်စရင်း ကိစ္စ သူနဲ့မဆိုင်လောက်ဘူး ထင်တာဘဲ

    ဘာညာ ရုံး ဇယားတွေ စောက်ဆင့် တော်တော်များပြီး
    အာရုံနောက်လွန်းလို့
    မပတ်ကို မပတ်သတ်ချင်တာပါ တော်ရေ့

  • Thint Aye Yeik

    May 28, 2016 at 3:06 pm

    ရပ်ကွက်ရုံးကို ပြန်သွားပြီး စာရေးနဲ့မပြောတော့ပဲ ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ ပြောသင့်ပြီဆိုပါတော့။
    .အုပ်ချုပ်ရေးမှုးလက်အောက်က လမ်းလူကြီးနဲ့ရုံးစာရေးတို့ အပြန်အလှန် တာဝန်ယူမှုမရှိပဲ ဘောလုံးပုတ်နေတဲ့အကြောင်းကို အုပ်ချုပ်ရေးမှုးသိဖို့လိုပြီလေ။

    ကျနော့်မှာ သင်ခန်းစာတစ်ခုရှိတယ်။
    တခါတခါမှာ အောက်ခြေဝန်ထမ်းတွေရဲ့ဉာဏ်တိမ်တိမ် ပြောစကားတွေနဲ့ပေရှည်နေမယ့်အစား သူတို့အဆင့်ကို ကျော်ပြီး သူတို့အထက်လူကြီးတစ်ယောက်ယောက်ဆီ တည့်တည့်တိုး ဖြေရှင်းတာက ပိုထိရောက်ပြီး အချိန်ကုန်သက်သာတယ် ဆိုတာပါပဲ။

    • Foolish Girl

      May 30, 2016 at 3:05 pm

      ဟုတ်ထပ်ကြိုးစားကြည့်ပါ့မယ်

  • အောင် မိုးသူ

    June 10, 2016 at 10:28 am

    ခုခေတ်မှာ ဧည့်စာရင်းတိုင်စရာမလိုတော့လို့ထင်တယ်။ အရင်တုန်းကလိုလည်း လိုက်မစစ်တော့ပါဘူး။ ကျတော်သိသလောက်ပေါ့။ အရင်တုန်းကသာ တစ်ခုခုဆို ဧည့်စာရင်းလိုက်စစ်နေတာ အခုဆို မစစ်ကြတော့ပါဘူး။ အဲ့တော့ မတိုင်နဲ့ အေးဆေးသာနေလိုက်။

  • ဟိ… ဧည့်စာရင်းဆိုတာ တစ်ခါမှ မတိုင်ဖူးဘူး.. တိုင်ရမယ်ဆိုရင်လည်း အိမ်ကသူတွေကို မှတ်ပုံတင်ပေးလိုက်တာပဲ… စာရွက်တောင် မမြင်ဖူးဘူး…. :k:

Leave a Reply