ကျွန်မနှင့် ရပ်ကွက်ရုံးအလွဲများ – ၃

Foolish GirlMay 30, 20161min1477

အပိုင်း၃ မှာတော့ ကျွန်မ လမ်းမှူး နဲ့စတွေ့ပါပြီ

 

လမ်းမှူး ကို အကျိုးအကြောင်းပြောပြပြီး ထောက်ခံစာ စတောင်းပါတယ်။

အဲဒီအချိန်မှာ လမ်းမှူးက

လမ်းမှူး  – “ဘယ်အိမ်မှာငှားနေတာလဲ

ကျွန်မ – “နံပါတ် … ။…. လွှာ ကပါ

လမ်းမှူး – “အိမ်ရှင်ကဘယ်သူလဲ

ကျွန်မ  – “ဒေါ်…….. ပါ

အဲဒီတော့ လမ်းမှူးက

လမ်းအတွင်းနေထိုင်ကြောင်းထောက်ခံစာလိုချင်ရင် အိမ်ရှင်လက်မှတ်ယူခဲ့တဲ့

ဒါနဲ့စာချုပ်ပြလိုက်တယ်။ စာချုပ်မူရင်းကိုပြပေမယ့် သူက

သူ့ကိုမသိဘူး ပြီးတော့ နင်အိမ်ငှားတာလည်းငါတို့သိတာမဟုတ်ဘူး ဒီတော့ အိမ်ရှင်ကိုပါခေါ်ခဲ့ပါ”တဲ့

<အမှုကကြီးလာပြီ ဒချိဒချိ မသိရင်ကိုယ်ကပဲ အိမ်ငှားစာချုပ်အတုလုပ်ပြီး ထောက်ခံစာလာတောင်းသလိုလို အတုသာလုပ်ချင်လို့ကေ တာ့ ဧည့်စာရင်း တို့ ရပ်ကွက်ထောက်ခံစာအဲဒါတွေပဲလုပ်တော့မှာပေါ့လို့ ဦးဦး လမ်းမှူးကြီးရယ်….ပြီးတော့ ဒီလမ်းလေးထဲ လူသစ်ရောက်တာတောင် မသိဘူးလားဦးဦးရယ် လို့ စိတ်ထဲကပြောနေမိပါတယ်>

ဒီလိုနဲ့ကျွန်မလည်း အိမ်ရှင်ဆီ ထပ်သွားရပြန်ဦးမှာမို့ လမ်းမှူးအိမ်ကနေတပ်ဆုပ်ခဲ့ရပါတော့တယ်………….

လောလောဆယ်တော့ ကျွန်မနဲ့ ရပ်ကွက်ရုံး အလွဲကထပ်မရှိသေးပေမယ့် ကျွန်မသိချင်တာလေးတွေ ရွာထဲကလူတွေကိုမေးချင်ပါတယ်…

၁) မြန်မာနိုင်ငံသားတစ်ယောက် မြို့တစ်မြို့မှာ အိမ်ထောင်စုဇယားရှိ နေရက်နဲ့ ဧည့်စာရင်းတိုင်နေရတာ ဘာကြောင့်လည်း ?

၂) ထားပါဧည့်စာရင်းတိုင်ရပါပြီတဲ့ ဧည့်စာရင်းတိုင်ရင်လိုအပ်တဲ့ စာရွက်စာတမ်း တွေကဘာတွေလည်း၊ လမ်းစဉ်ကဘယ်လိုလဲ?

အိမ်ငှားနေပါတယ်ဆို တစ်ပတ်တစ်ခါဧည့်စာရင်းတိုင်ရမယ် ဆိုတာက နည်းနည်းတော့တစ်မျိုးပဲ နော်။ကျွန်မနားလည်ထားတဲ့ ဧည့်စာရင်းတိုင်တယ်ဆိုတာက ဒီရပ်ကွက်မှာ ဧည့်သည်အဖြစ်တစ်ည သို့မဟုတ် တစ်ပတ် လောက်လာနေတဲ့သူတွေအတွက်လို့ထင်ပါတယ်။ အိမ်ငှားတွေကိုတော့ ယာယီသန်းခေါင်စာရင်းမျိုး လုပ်ပေးသင့်တယ်ထင်တယ်။

ကျွန်မတကယ်ကို မသိလို့ပါ ရွာထဲကအစ်ကို၊ အစ်မ၊ ညီ၊ ညီမလေးများသိတဲ့သူရှိရှင်ရှင်းပြပေးကြပါ…..

7 comments

  • Thint Aye Yeik

    May 31, 2016 at 12:28 am

    တချို့ ရပ်ကွက်တွေမှာ အိမ်ငှားတွေအတွက် ယာယီသန်းခေါင်စာရင်း ဆိုတာကို
    ထုတ်ပေးထားပါတယ်။ တွေ့ဖူးတယ်။

    အဲ့သန်းခေါင်စာရင်းဟာ အိမ် ယာ မြေ ပိုင်ဆိုင်မှု အဆောက်အဦးပိုင်ဆိုင်မှုပြ စာရွက်အထောက်အထားနဲ့ ဘာမှ မသက်ဆိုင်ပါကြောင်းဆိုတဲ့ တံဆိပ်တုံး ပါတဲ့ ယာယီသန်းခေါင်စာရင်းပါ။

    မှတ်မှတ်ရရ ၂၀၀၈ တုန်းက တစ်ခါ။ ၂၀၁၄ တုန်းကလည်း စာရင်းကောက်ပြီး ထုတ်ပေးဖူးသလားလို့

    • Foolish Girl

      June 1, 2016 at 4:08 pm

      ယာယီသန်းခေါင်းစာရင်းဆိုတာ မျိုး ရလားမေးလိုက်တယ် ဒါပေမယ့်အိမ်ငှားတွေကိုထုတ်မပေးဘူးလို့ပြောတယ် တပတ်တခါ ဧည့်စာရင်းတိုင်ရမှာတဲ့

  • uncle gyi

    June 3, 2016 at 4:42 pm

    တပါတ်တခါတိုင်တော့
    တပါတ်တခါရတာပေါ့ဗ ျာ
    အဲလိုမထင်ပါနဲ့လို့
    လမ်းထဲကလူတွေနဲ့အမြဲထိတွေ့နေအောင်လို့ပါလို့

    • Foolish Girl

      June 6, 2016 at 4:32 pm

      သူကအမြဲထိတွေ့ချင်ပေမယ့် ရန်ကုန်မြို့ရဲ့ နေထိုင်မှုပုံစံအရ မနေနိုင်ပေးဘူးလေဗျာ
      ကိုယ့်မှာ တစ်နေ့တစ်နေ့ အလုပ်သွား လူမှုရေးတွေလုပ်နေရတာ ကားစီးရတာနဲ့ အိမ်ပြန်ရောက်ရင် လူက ဖလက်ပြနေပြီလေ………အိမ်ရောက်ရင်လည်း ထမင်းဝိုင်းကအဆင်သင့်မရှိတော့ ဗိုက်ဆာရင်တောင် ရောက်တဲ့အချိန်ကျမှ ပြင်ဆင်စားသောက် နဲ့အချိန်ကိုမလောက်နိုင်တော့ ရပ်ကွက်ရုံးသွားရတာက နီးရင်တော်သေး မနီးရင်သေရော

  • ခင်ခ

    June 6, 2016 at 5:02 pm

    မြို့ပြရဲ့ အာဏာပါဝါပြ လုပ်စားဟောက်စားတဲ့ လုပ်ရပ်တစ်ခုပေါ့ဗျာ။
    နယ်တွေမှာတော့ရှင်းတယ် ဒါမျိုးတွေမရှိသလောက်ပါဘဲ ဘယ်သူအိမ်မှာ ဧည့်သည်ရောက်တယ်ဆိုလိုက်တာနဲ့ ဧည့်သည်ဧည့်ခံဖို့ ခြံထွက်လေးတွေတောင် လာပေးကြသေးတယ်ဗျ။

  • အောင် မိုးသူ

    June 10, 2016 at 10:26 am

    ကျွန်တော်သိတာတော့ ရပ်ကွက်ထောက်ခံစာဆိုတာ သန်းခေါင်စာရင်းရှိမှရတာ။ အိမ်ငှားဆိုရင်တော့ ယာယီသန်းခေါင်စာရင်းပေါ့။

  • အဲဒါ ဘယ်မြို့နယ်လဲဟင်.. ကမာရွတ်မှာတော့ လွယ်တယ်.. မှတ်ပုံတင်ပါရင် ရပြီ.. စာချုပ်တောင် မလိုဘူးထင်တာပဲ..ပြောင်းလာခဲ့ပါလားဟင်င်..

Leave a Reply