မမေ့နဲ့နော်

Foolish GirlJune 1, 20161min1426

ရယ်စရာတွေပြော

ဟသတွေလုပ်

အတူတူစနောက်ရယ်မောခဲ့ကြတာတွေကို

မမေ့နဲ့နော်…..

 

Lecture ချိန်အိပ်

Break ပေးရင်လန်းတတ်တဲ့

တို့တွေရဲ့စာသင်ချိန်တွေကို

မမေ့နဲ့နော်….

 

ခူယားကောင်ကောက်

ဗူးထဲထည့်လို့

စနောက်ရယ်မောကြတာတွေကို

မမေ့နဲ့နော်…….

 

ရုံးခန်းနားသွား

ဇီးသီးပုတ်လို့

ပျားတုပ်ခံရတဲ့ရက်တွေကို

မမေ့နဲ့နော်…….

 

Ferry အလာ

နေရာရရေးစာအုပ်ပစ်လို့

ခုံဦးရတဲ့ရက်တွေကို

မမေ့နဲ့နော်…….

 

တော်လမ်းကိုနင်း

မြွေကိုမကြောက်

ခြုံတောတိုးလို့

ကျောင်းလစ်ခဲ့တဲ့ရက်တွေကို

မမေ့နဲ့နော်………

6 comments

  • ဂျစ်စူ

    June 2, 2016 at 10:15 am

    ဟတ်ကဲ့

  • Thint Aye Yeik

    June 2, 2016 at 3:07 pm

    တချို့အဖြစ်အပျက်တွေကို အမြဲတမ်း သတိရ နေပြီး..
    တချို့အဖြစ်အပျက်တွေကိုတော့…ဘဝရဲ့ အတိတ်ပုံရိပ်ထဲကနေ…အပြီးအပိုင်ဆွဲထုတ်ပစ်လိုက်ချင်တယ်။

    ကျနော်…ပြောပါတယ်။

    • Foolish Girl

      June 2, 2016 at 4:19 pm

      ပျော်စရာလေးတွေကို သတိရနေပြီး စိတ်ကိုပျော်ပျော်ရွှင်ရွှင်ထားပါ
      စိတ်ညစ်စရာတွေကို မေ့လိုက်ပါ ပြန်တွေးပြီးစိတ်ညစ်မခံပါနဲ့
      ကြုံတွေ့ဖြတ်ကျော်ခဲ့တဲ့ အခက်အခဲတွေနဲ့ပတ်သတ်ပြီး သင်ခန်းစာယူပါ တဲ့ လုူတစ်ယောက်ကပြောဘူးတယ်

  • ခင်ဇော်

    June 3, 2016 at 2:43 pm

    ဘယ်တော့မှ မမေ့ဘူးး
    ဟို အရင်တုန်းက အချိန်များ~~

    • Foolish Girl

      June 3, 2016 at 4:10 pm

      မေ့မရဘူး ….. ဘယ်တော့မှမေ့လို့မရတော့ဘူး……………….
      အိုးဟူးအိုးဟူးအိုးဟူး..ဟိုး…………(ဘယ်တော့မှမမေ့ဘူး)
      နှလုံးသားထဲကမထွက်တော့ဘူး……. 😉

  • အောင် မိုးသူ

    June 10, 2016 at 10:04 am

    ကိုယ်တွေက အဝေးသင်ဆိုတော့ အဝေးသင်ဆယ်ရက်တည်းကို ကျောင်းလစ်သေးတယ် ဟိဟိ

Leave a Reply