ယ်ငယ်တုံးက သီချင်းလေး တပုဒ်ကြားဖူးပါတယ်။
ဇော်မင်းလေးနဲ့ နွဲ့ယဉ်ဝင်း ထင်ပါရဲ့။
}ဟေ့ကောင်မလေး…. ကမ္ဘာပေါ်မှာ မြန်မာပြည်ဟာ….. အယဉ်ကျေးဆုံး တိုင်းပြည်တခုပါ} တဲ့။
အခုတော့ …ဟုတ်ပါ့မလားလို့ အခါခါ စဉ်းစားမိပါတယ်။
ကျမ အပါအ၀င် မြန်မာပြည်က လူတွေ ဖုန်းပြောရင် ပြောစရာရှိတာပြောပြီး အေးဒါဘဲနော် လို့ ဖုန်းချလိုက်တာပါပဲ။
ဈေးသွားဝယ်ရင် ဈေးသည်က သူရောင်းတဲ့ ပစ္စည်းပေး ၀ယ်သူက ပိုက်ဆံပေး၊ပြီးရင်တော့ ချာကနဲ လှည့်ထွက်လိုက်ကြပါတယ်။
ကိုယ့်ကို တစုံတယောက်က ကူညီတယ်ဆိုရင်လည်း အကူအညီလက်ခံပြီး ပြီးသွားတာပါပဲ။
လမ်းပေါ်မှာ မျဉ်းကျားမှာဖြစ်စေ လမ်းကူးဖို့ စောင့်နေလို့ ကားရပ်ပေးရင် နိုင်ငံခြားသားတွေက လက်ကလေးထောင်နှုတ်ဆက်တာနဲ့၊ ပြုံးပြသွားတာနဲ့ တုန့်ပြန်မှု ပေးသွားတတ်ကြပါတယ်။
ရွှေတွေကတော့ ခပ်တည်တည်ပဲ၊ လှုပ်လီလှုပ်လဲ့ သူ့လုပ်စာစားနေရသလိုအိပဲ့ပဲ့လျှောက်ပြီး အရေးမစိုက် ဖြတ်နေတဲ့ သူတွေ တောင်ရှိသေးတယ်။
လမ်းပေါ်မှာ မသိတဲ့သူ အသာထား မျက်မှန်းတမ်းမိသူချင်းတောင် ပြုံးပြ နှုတ်ဆက်ဖို့ ၀န်လေးကြပါတယ်။

ကိုယ့်မိသားစု မိတ်ဆွေရင်းတွေ ဆိုရင် ကျေးဇူးတင်တယ်လို့ ပြောရင်တောင် တစိမ်းဆန်တယ်လို့ ထင်ကြသေးတယ်။

ကျမ အလုပ်ထဲက ကလေးမလေးတွေကို Customer ကို ကျေးဇူးတင်ပါတယ် ပြောပါလို့ သင်တာ ကိုယ်သာ လက်လျှော့လိုက်ရတယ်၊သူတို့က ပြောတော်မမူ။

အဖြူ တိုင်းပြည်က ကလေးတွေဆို အခုမှ စမြင်တဲ့ မိတ်ဆွေကို မိတ်ဆက်ပေးရင် ဖက်လှဲတကင်း နှုတ်ဆက်ဖို့ သင်ထားပေးတာ တွေ့ဖူးပါတယ်။ ကိုယ့်လမ်းထဲမှာ တွေ့တဲ့ သူတွေကို ပြုံးပြပြီး Hi! လို့ နှုတ်ဆက်ဖို့ ၀န်မလေးကြပါဘူး။

Toll Gate တွေဆို တံတားဖြတ်ခ ပေးတိုင်း လက်မှတ်ဖြတ်သူဟာ Thank you လို့ ကားတိုင်းကို ပြုံးပြ နှုတ်ဆက်ရပါတယ်။

Shopping mall တွေဆိုလည်း Cashier တွေဟာ ၀ယ်သူတိုင်းကို Thank you လို့ ကျေးဇူးတင်ကြောင်း ပြောကြရပါတယ်။

မြေပဲကျွန်း ထိုင်ဝမ်မှာတော့ လူတိုင်း ဘာလုပ်လုပ် ရှဲ့ ရှဲ့ (ကျေးဇူးတင်ပါတယ်) ဆိုတာ ပြောကြပါတယ်။
ကျမတို့ တည်းအိမ်ရှင် ဒေါက်တာ စိုးအောင်က သူထိုင်ဝမ်ရောက်ခါစမှာ ရှဲ့ရှဲ့ ပြောကျင့်မရှိလို့ သူ့အမကို အတိုင်ခံရကြောင်း ရယ်စရာ ပြောပြပါတယ်။
ကိုယ့်ကို ဘာလေး လုပ်ပေးပေး ၊ယုတ်စွ အဆုံး ဘတ်စကားမောင်းသူကိုတောင် ဆင်းခါနီး ရှဲ့ရှဲ့ လို့ ပြောသွားကြပါတယ်။
မိသားစုချင်း ဖုန်းပြောရင်တောင် ဖုန်းချခါနီး ရှဲ့ရှဲ့ ဘိုင့်ဘိုင် လို့ ပြောကြပါတယ်။
ပြောကျင့်ရှိသွားရင် ကျေးဇူးတင်ပါတယ်/ရှဲ့ရှဲ့/ Thank you ဆိုတာ အင်မတန် နားဝင်ချိုတဲ့ စကားပါ။
တဖက်သားပေါ် မေတ္တာမထားရင် ဒီလိုစကား ပြောမထွက် နိုင်ပါဘူး။
ကျေးဇူးတင်တယ် ဆိုတာ ပါးစပ်က ၀စီကံအဖြစ် ပြောရုံသာမက ကိုယ်အမူအရာ နဲ့လည်း ကျေးဇူးတင်ကြောင်း ပြလို့ရပါတယ်။
ကားလမ်းတောင်းလို့ ကိုယ့်ကို ရပ်ပြီး လမ်းပေးတဲ့ ကားမောင်းသူကို လက်ကလေးထောင် ပြတာလည်း ကျေးဇူးတင်ကြောင်းပြတဲ့ ကာယ၀ိညတ် အမူအရာထုးပါပဲ။
ကျေးဇူးပြုသူကို ပြုံးပြတာလည်း တုံ့ပြန်မေတ္တာကို ပြတာပါပဲ။

ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို အေးချမ်းသာယာစေချင်တယ် ဆိုရင် ကိုယ်ကစလို့ ကျေးဇူးစကား နှုတ်မဆွံ့ဘဲ ပြောကြရအောင်။
သူများတွေလို ရှဲ့ရှဲ့ ဘိုင့်ဘိုင် ၊Thank you Bye Bye မပြောချင်လည်း ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါ ပြောလို့ရပါတယ်။
ခေတ်မီအောင် ကျေးကျေးပါ လို့ ပြောလည်း ရတာပါပဲ။
အခုက စလို့ တဦးနဲ့ တဦး အပြင်မှာ တွေ့တွေ့ ဖုန်းထဲက ပြောပြော ကျေးဇူးတင်ပါတယ် နဲ့ နှုတ်ဆက်ကြပါစို့။

(ကျမတို့ ငယ်ငယ်က ကြားဖူးနေကျ ရေဒီယို သီချင်းလေး ကူးပေးလိုက်ပါတယ်။ဆိုကြည့်ကြပါဦး။

ကျေးဇူးတင်ပါတယ်ရှင် တေးဆို သန်းသန်းလွင်
……………………………………………………….

(လောကဒီရွာကမ္ဘာသားများရဲ့လက်သုံးစကားထဲမှာပင်

ကျေးဇူးတင်ပါတယ်ရှင်xx

ကျေးဇူးတင်ပါတယ်ရှင်xx

ဆိုစကားတွင်xx
လူတိုင်းနှစ်သက်နိုင်တာအစဉ်.. ဖော်ရွေစွာဘဲxx

ပြောကြားတဲ့အခါတွင်… နှလုံးသားမှ ပီတိဖြာလို့ပင်..

ဒီစကားအရအသာ စိတ်မှာသာပေါ်လွင်……..။)2

တစ်ဦးကပင် တစ်ဦးအပေါ်တွင် ကူညီမှုလေးပေးတဲ့အခါတွင်

တုံ့ပြန်သောမေတ္တာစကားအလှ

ကျေးဇူးတင်ပါတယ်ရှင်xxx

ကျေးဇူးတင်ပါတယ်ရှင်xx

ဘာမဆိုအရာရာတွင် တစ်ဦးကတစ်ဦးအပေါ်တွင်ကူညီမူ့လေးပေးစမ်းစေချင်

ကျေးဇူးတင်ပါတယ်ရှင်xxx

ကျေးဇူးတင်ပါတယ်ရှင်xx

မြန်မာတွင်မက ကမ္ဘာတွင်လှတဲ့စကားအရာပေါ်လွင်

တစ်ဦးကတစ်ဦးအပေါ်တွင်ကူညီမူ့လေးပေးစမ်းပါရှင်

မေတ္တာစကား ချစ်စရာ များ မေတ္တာစကား နဲ့တုန့်ပြန်လျက်ပါရှင်

ကျေးဇူးတင်ပါတယ်ရှင်xxx

ကျေးဇူးတင်ပါတယ်ရှင်xx )
ထိုင်ဝမ်က သမီးလေး ဒေါက်တာ နှင်းဝတ်ကြည်ရဲ့ အမေသင်တဲ့ နှုတ်ဆက် ဖုန်းချနည်းလေးက ပိုကောင်းလို့ တပါတည်းရအောင် ကူးတင်ပေးလိုက်ပါတယ်။

Hnin Wut အမေ သင်ပေးတဲ.နူတ်ဆက်ဖုန်းချနည်းလေး

အမေကို သူ တရားထိုင်ရပ်လို.
သူ.အခန်းထဲ ဝင်နားတဲ.အချိန် တခါတလေ
တနေ.တခါ တခါတလေ ၂ ရက်တခါ
ဖုန်းဆက်ပေးတယ်…….
ဖုန်းချမယ်ဆိုရင်…..
? အမေရေ အမေ.ကို ကန်တော.လိုက်ပါတယ်
ဒါပဲနော် .ဟုတ်ကဲ. ဘိုင့်ဘိုင်?
ပြောနေကျ၊.
အမေဘက်ကကျတော.? အင်း..သမိးလေး
ကျန်းမာပါစေ တရားထူးတရားမြတ်ရပါစေ?
အမြဲဆုပေးနေကျ….
ဟိုတခေါက်က အမေက သင်ပေးတယ်…
သမိးဖုန်းချမယ်ဆိုရင် အမေရေ.ဒါပဲနော် ဘိုင့်ဘိုင်
မပြောနဲ.တဲ၊ ဘိုင့်ဘိုင် က ဘာမှန်းလဲမသိဘူး
ဘာမှလည်း မဟုတ်ဘူးတဲ၊
ဟိုဘက်က ပြောနေသူကို မေတ္တာ ပို.ပြိး ဖုန်းချတဲ.?

ဥပမာ အမေနဲ.ပြောလို.ဖုန်းချမယ်စိုရင်
?အမေ ကျန်းမာပါစေ စိတိချမ်းသာပါစေ?
မေတ္တာ လေးပို.မေတ္တာ လေးနဲ.နူတိဆက်ပြိး
ဖုန်းချလိုက်တဲ…
ဥပမာ သူငယ်ချင်း ခင်နီလာ နဲ.ပြောနေရင်းလဲ
?သူငယ်ချင်း ရေ…ဒါပဲနော်.. ငါ.သူငယ်ချင်း ကျန်းမာပါစေ စိတ်ချမ်းသာပါစေ တခွန်းပြော ?
မေတ္တာ ပို.ပြိး ဖုန်းချကြည်.တဲ……

အခုဆိုအမေပြောတဲ.နည်းကို သုံးတာ
ကောင်းနေတယ်..အမေနဲ.စကားပြောပြိး အမေကို
ို ?အမေကျန်းမာပါစေ ချမ်းသာပါစေ?
မေတ္တာ လေးနဲ.
အဆုံးသတ် စကားလေးနဲ. နူတ်ဆက်ဖြစ်….??
မေတ္တာ ပွားရင်း မေတ္တာ ရနိုင်ကြပါစေ..).

 

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)